ထိုင္းကို ထြက္ေျပးတဲ့ ဦးစိုးထြန္းရွိန္ကို ျမန္မာကို ျပန္လႊဲေပး

 ဦးစိုးထြန္းရွိန္ကို ရဲတပ္ဖြဲ႕အေစာင့္အေရွာက္နဲ႔အတူ မႏၲေလးကို ဆက္လက္ လႊဲေျပာင္းေပးခဲ့ပါတယ္။
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကေန တရားခံေျပးအျဖစ္ ေၾကညာထားတဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီ ပိုင္ရွင္ ဦးစိုးထြန္းရွိန္ကို ႏိုဝင္ဘာ ၆ ရက္ေန႔က ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ဘက္ကေန ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕ဘက္ကို လုံၿခဳံေရးအေစာင့္ အေရွာက္နဲ႔ လႊဲေျပာင္း ေပးပါတယ္။

ဦးစိုးထြန္းရွိန္ကို ထိုင္းႏိုင္ငံဘက္ကေန လႊဲေျပာင္းေပးခဲ့ၿပီး ရဲတပ္ဖြဲ႕အေစာင့္အေရွာက္နဲ႔အတူ မႏၲေလးကို ဆက္လက္ လႊဲေျပာင္းေပး ခဲ့တယ္လို႔ တာခ်ီလိတ္ၿမိဳ႕ ဒုရဲမႉးလွဦးက ဘီဘီစီကိုအတည္ျပဳ ေျပာဆိုပါတယ္။ ရဲတပ္ဖြဲ႕က ဘယ္လို ဆက္လက္လုပ္ေဆာင္မလဲဆိုတာကို သူက ေျပာဆိုခဲ့ျခင္း မရွိပါဘူး။

ႏွစ္ဖက္ ရဲတပ္ဖြဲ႕ေတြ ခ်ိတ္ဆက္ လႊဲေျပာင္းခဲ့တာ ျဖစ္တယ္လို႔ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉ ဦးခ်မ္းေျမ့ေစာက ဘီဘီစီကို ေျပာပါတယ္။

"ေလဆိပ္တန္းၿပီး ဆင္းသြားတယ္၊ ဒီဘက္ကလည္း ရဲအဖြဲ႕အေစာင့္အေရွာက္နဲ႔ေပါ့ေနာ္၊ သူ႔ကို တေယာက္တည္း သီးသန္႔လႊဲတာခင္ဗ်၊ တျခားလူေတြနဲ႔ ေရာေခၚလာတာမ်ိဳးေတာ့ မဟုတ္ဘူး၊ ဒီဘက္မွာ လက္ခံၿပီးေတာ့ တခါတည္း ေလဆိပ္တန္းဆင္းသြားတာ သူတေယာက္တည္းကို၊ ကားေပၚမွာ အလုံပိတ္နဲ႔ အထဲမွာ ဘာမွ မျမင္ရပါဘူး၊ ကားအလုံပိတ္နဲ႔ လႊဲသြားတာ" လို႔ သူက ေျပာပါတယ္။

ဦးစိုးထြန္းရွိန္ဟာ မႏၲေလးတိုင္းေဒသႀကီး ရမည္းသင္းၿမိဳ႕နယ္ထဲက ဧက ၆ဝဝဝ ေက်ာ္က်ယ္ဝန္းတဲ့ မိုးထိမိုးမိေ႐ႊလုပ္ကြက္ကို ႏိုင္ငံေတာ္နဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီး လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။

ဒီလို လုပ္ကိုင္ခဲ့ရမွာ ဦးစိုးထြန္းရွိန္ရဲ႕ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီဟာ အစိုးရကို ေပးေဆာင္စရာ ရွိတာကို မေပးေဆာင္ဘဲ ပ်က္ကြက္ခဲ့တဲ့ အျပင္ လုပ္ကြက္ကို ပိတ္ပင္ၿပီးေနာက္မွာလည္း ေ႐ႊတူးေဖာ္တာေတြကို တရားမဝင္ ဆက္လက္ လုပ္ကိုင္ခဲ့တဲ့အတြက္ သတၱဳတြင္း ဥပေဒပုဒ္မ ၃ဝ(က)၊ ျပည္သူပိုင္ပစၥည္း ဖ်က္ဆီးမႈ ပုဒ္မ ၆၁တို႔နဲ႔ အမႈဖြင့္ခံထားရတာ ျဖစ္ပါတယ္။

ဦးစိုးထြန္းရွိန္ကို စြဲဆိုထားတဲ့ ပုဒ္မေတြက ေထာင္ဒဏ္ ၁ဝႏွစ္အထိ အျမင့္ဆုံး ျပစ္ဒဏ္ က်ခံရႏိုင္တယ္လို႔ ဥပေဒပညာရွင္ေတြက ေထာက္ျပပါတယ္။

ဦးစိုးထြန္းရွိန္အပါအဝင္ေနာက္ထပ္ ၄ဦးကို ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က တရားခံေျပး အျဖစ္ ၂ဝ၁၉ ခုႏွစ္ မတ္လက ေၾကညာထားခဲ့တာ ျဖစ္ပါတယ္။

ဒီေနာက္မွာ ဦးစိုးထြန္းရွိန္ကို ထိုင္းႏိုင္ငံမွာေတြ႕ရတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့ၿပီး ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးမယ္ ဆိုၿပီး ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ အခု ထိုင္းရဲတပ္ဖြဲ႕က တရားခံေျပး အျဖစ္ ျပန္လည္လႊဲေျပာင္း ေပးရာမွာေတာ့ ဦးစိုးထြန္းရွိန္တဦး တည္းသာ ပါဝင္တယ္လို႔လည္း ဆိုပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ထိုင်းကို ထွက်ပြေးတဲ့ ဦးစိုးထွန်းရှိန်ကို မြန်မာကို ပြန်လွှဲပေး

Image caption ဦးစိုးထွန်းရှိန်ကို ရဲတပ်ဖွဲ့အစောင့်အရှောက်နဲ့အတူ မန္တလေးကို ဆက်လက် လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ တရားခံပြေးအဖြစ် ကြေညာထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်ကို နိုဝင်ဘာ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်ကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်ကို လုံခြုံရေးအစောင့် အရှောက်နဲ့ လွှဲပြောင်း ပေးပါတယ်။

ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံဘက်ကနေ လွှဲပြောင်းပေးခဲ့ပြီး ရဲတပ်ဖွဲ့အစောင့်အရှောက်နဲ့အတူ မန္တလေးကို ဆက်လက် လွှဲပြောင်းပေး ခဲ့တယ်လို့ တာချီလိတ်မြို့ ဒုရဲမှူးလှဦးက ဘီဘီစီကိုအတည်ပြု ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့က ဘယ်လို ဆက်လက်လုပ်ဆောင်မလဲဆိုတာကို သူက ပြောဆိုခဲ့ခြင်း မရှိပါဘူး။

နှစ်ဖက် ရဲတပ်ဖွဲ့တွေ ချိတ်ဆက် လွှဲပြောင်းခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူ ဦးချမ်းမြေ့စောက ဘီဘီစီကို ပြောပါတယ်။

"လေဆိပ်တန်းပြီး ဆင်းသွားတယ်၊ ဒီဘက်ကလည်း ရဲအဖွဲ့အစောင့်အရှောက်နဲ့ပေါ့နော်၊ သူ့ကို တယောက်တည်း သီးသန့်လွှဲတာခင်ဗျ၊ တခြားလူတွေနဲ့ ရောခေါ်လာတာမျိုးတော့ မဟုတ်ဘူး၊ ဒီဘက်မှာ လက်ခံပြီးတော့ တခါတည်း လေဆိပ်တန်းဆင်းသွားတာ သူတယောက်တည်းကို၊ ကားပေါ်မှာ အလုံပိတ်နဲ့ အထဲမှာ ဘာမှ မမြင်ရပါဘူး၊ ကားအလုံပိတ်နဲ့ လွှဲသွားတာ" လို့ သူက ပြောပါတယ်။

ဦးစိုးထွန်းရှိန်ဟာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ထဲက ဧက ၆ဝဝဝ ကျော်ကျယ်ဝန်းတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်ကို နိုင်ငံတော်နဲ့ စာချုပ်ချုပ်ပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒီလို လုပ်ကိုင်ခဲ့ရမှာ ဦးစိုးထွန်းရှိန်ရဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ အစိုးရကို ပေးဆောင်စရာ ရှိတာကို မပေးဆောင်ဘဲ ပျက်ကွက်ခဲ့တဲ့ အပြင် လုပ်ကွက်ကို ပိတ်ပင်ပြီးနောက်မှာလည်း ရွှေတူးဖော်တာတွေကို တရားမဝင် ဆက်လက် လုပ်ကိုင်ခဲ့တဲ့အတွက် သတ္တုတွင်း ဥပဒေပုဒ်မ ၃ဝ(က)၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆၁တို့နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

ဦးစိုးထွန်းရှိန်ကို စွဲဆိုထားတဲ့ ပုဒ်မတွေက ထောင်ဒဏ် ၁ဝနှစ်အထိ အမြင့်ဆုံး ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။

ဦးစိုးထွန်းရှိန်အပါအဝင်နောက်ထပ် ၄ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားခံပြေး အဖြစ် ၂ဝ၁၉ ခုနှစ် မတ်လက ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာ ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံမှာတွေ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးမယ် ဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခု ထိုင်းရဲတပ်ဖွဲ့က တရားခံပြေး အဖြစ် ပြန်လည်လွှဲပြောင်း ပေးရာမှာတော့ ဦးစိုးထွန်းရှိန်တဦး တည်းသာ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

BBC Burmese
https://www.bbc.com
ထိုင္းကို ထြက္ေျပးတဲ့ ဦးစိုးထြန္းရွိန္ကို ျမန္မာကို ျပန္လႊဲေပး ထိုင္းကို ထြက္ေျပးတဲ့ ဦးစိုးထြန္းရွိန္ကို ျမန္မာကို ျပန္လႊဲေပး Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.