ထင္ရွားတဲ့ ဗီယက္နမ္ဘေလာ္ဂါ အာဏာပိုင္မ်ား ဖမ္းဆီး

ထင္ရွားတဲ့ ဗီယက္နမ္ဘေလာ္ဂါ Pham Chi Dung (ဓါတ္ပံု- Facebook)

(Zawgyi/Unicode)

ဗီယက္နမ္အစိုးရကိုေ၀ဖန္ရာမွာ လူသိမ်ားတဲ့ ဘေလာ္ဂါ နဲ႔ အလြတ္သတင္းေထာက္လည္းျဖစ္၊ ဗြီအုိေအ ေဆာင္းပါးရွင္ တဦးလည္းျဖစ္တဲ့ Pham Chi Dung ကို ဗီယက္နမ္အာဏာပိုင္ေတြက ဟိုခ်ီမင္းၿမိဳ႕မွာ ၾကာသပေတးေန႔က ဖမ္းဆီးလိုက္ပါတယ္။

Dung ဟာ ဗီယက္နမ္ အစိုးရကိုဆန္႔က်င္တဲ့ သတင္းအခ်က္အလက္ေတြ လုပ္ၾကံဖန္တီး ေရးသားျပီး ျဖန္႔ေ၀ခဲ့တာအပါအ၀င္ အႏၱရာယ္ရွိတဲ့ အစိုးရဆန္႔က်င္ေရး လုပ္ရပ္ေတြကို က်ဴးလြန္ခဲ့တဲ့အေၾကာင္း ဗီယက္နမ္ ျပည္သူ႔လံုျခံဳေရးရာ ၀န္ႀကီးဌာနက စြပ္စြဲျပီး အြန္လုိင္းကေန ေၾကညာခ်က္ ထုတ္ျပန္ထား ပါတယ္။ Dung ဟာ ႏုိင္ငံျခားသတင္းဌာနေတြနဲ႔ ပူးေပါင္းၿပီး အစိုးရဆန္႔က်င္ေရး ေဆာင္းပါးေတြ ေရးသားခဲ့ေၾကာင္း အစိုးရပိုင္သတင္းက လည္း ေဖာ္ျပပါတယ္။

အစိုးရက တရားမ၀င္အသင္းအျဖစ္္ ေၾကညာထားတဲ့ ဗီယက္နမ္ အလြတ္သတင္းေထာက္မ်ားအဖြဲ႔ (IJAVN) ရဲ႕ ဥကၠ႒ ျဖစ္တဲ့ အသက္ ၅၃ ႏွစ္အရြယ္ Dung အေနနဲ႔ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားရင္ေတာ့ ေထာင္ဒဏ္ ၅ ႏွစ္ကေန ႏွစ္ ၂၀ အထိ ခ်မွတ္ ခံရႏုိင္ေၾကာင္း ေဒသသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ဗြီအိုေအ ဗီယက္နမ္ဌာန ဘေလာ့စာမ်က္ႏွာအတြက္ ပံုမွန္ေဆာင္းပါးေတြ ေရးသားေနတဲ့ Dung ဟာ ၂၀၁၂ ခုနွစ္တုန္းကလည္း အလားတူ စြပ္စြဲမႈနဲ႔ ၾကံဳခဲ့ရဖူးပါတယ္။ ခုလို Dung ဖမ္းဆီးခံရတာဟာ ဗီယက္နမ္ ႏုိင္ငံတြင္း လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ဖိႏွိပ္ျပီး အတုိက္အခံေတြကို ႏုတ္ပိတ္ေအာင္လုပ္တဲ့ စိုးရိမ္စရာေကာင္းတဲ့ လုပ္ရပ္ ျဖစ္တယ္လို႔ IJAVN အဖြဲ႔ရဲ႕ ဒုဥကၠ႒ Nguyen Tuong Thuy က ေျပာပါတယ္။

Dung ကို ဖမ္းဆီးျပီးတဲ့ေနာက္ IJAVN အဖြဲ႔ရဲ႕ ၀က္ဘ္ဆိုက္ကိုလည္း အာဏာပိုင္ေတြက ပိတ္ထားပါတယ္။ အဖြဲ႔ရဲ႕လုပ္ငန္းေတြကို အာဏာပိုင္ေတြက ဆက္လက္ စံုစမ္းေန တာေၾကာင့္ အဖြဲ႔၀င္ေတြနဲ႔ သူတို႔ရဲ႕လႈပ္ရွားမႈေတြအေပၚ ၾကီးၾကီးမားမား ထိခိုက္လာမွာကို စိုးရိမ္ေၾကာင္းလည္း အဖြဲ႔ ဒု ဥကၠ႒ Thuy က ေျပာပါတယ္။

..................

ထင်ရှားတဲ့ ဗီယက်နမ်ဘလော်ဂါ အာဏာပိုင်များ ဖမ်းဆီး

(Unicode)

ဗီယက်နမ်အစိုးရကိုဝေဖန်ရာမှာ လူသိများတဲ့ ဘလော်ဂါ နဲ့ အလွတ်သတင်းထောက်လည်းဖြစ်၊ ဗွီအိုအေ ဆောင်းပါးရှင် တဦးလည်းဖြစ်တဲ့ Pham Chi Dung ကို ဗီယက်နမ်အာဏာပိုင်တွေက ဟိုချီမင်းမြို့မှာ ကြာသပတေးနေ့က ဖမ်းဆီးလိုက်ပါတယ်။

Dung ဟာ ဗီယက်နမ် အစိုးရကိုဆန့်ကျင်တဲ့ သတင်းအချက်အလက်တွေ လုပ်ကြံဖန်တီး ရေးသားပြီး ဖြန့်ဝေခဲ့တာအပါအဝင် အန္တရာယ်ရှိတဲ့ အစိုးရဆန့်ကျင်ရေး လုပ်ရပ်တွေကို ကျူးလွန်ခဲ့တဲ့အကြောင်း ဗီယက်နမ် ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနက စွပ်စွဲပြီး အွန်လိုင်းကနေ ကြေညာချက် ထုတ်ပြန်ထား ပါတယ်။ Dung ဟာ နိုင်ငံခြားသတင်းဌာနတွေနဲ့ ပူးပေါင်းပြီး အစိုးရဆန့်ကျင်ရေး ဆောင်းပါးတွေ ရေးသားခဲ့ကြောင်း အစိုးရပိုင်သတင်းက လည်း ဖော်ပြပါတယ်။

အစိုးရက တရားမဝင်အသင်းအဖြစ် ကြေညာထားတဲ့ ဗီယက်နမ် အလွတ်သတင်းထောက်များအဖွဲ့ (IJAVN) ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် Dung အနေနဲ့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်တော့ ထောင်ဒဏ် ၅ နှစ်ကနေ နှစ် ၂၀ အထိ ချမှတ် ခံရနိုင်ကြောင်း ဒေသသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဗွီအိုအေ ဗီယက်နမ်ဌာန ဘလော့စာမျက်နှာအတွက် ပုံမှန်ဆောင်းပါးတွေ ရေးသားနေတဲ့ Dung ဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း အလားတူ စွပ်စွဲမှုနဲ့ ကြုံခဲ့ရဖူးပါတယ်။ ခုလို Dung ဖမ်းဆီးခံရတာဟာ ဗီယက်နမ် နိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ပြီး အတိုက်အခံတွေကို နုတ်ပိတ်အောင်လုပ်တဲ့ စိုးရိမ်စရာကောင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ IJAVN အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ Nguyen Tuong Thuy က ပြောပါတယ်။

Dung ကို ဖမ်းဆီးပြီးတဲ့နောက် IJAVN အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်ကိုလည်း အာဏာပိုင်တွေက ပိတ်ထားပါတယ်။ အဖွဲ့ရဲ့လုပ်ငန်းတွေကို အာဏာပိုင်တွေက ဆက်လက် စုံစမ်းနေ တာကြောင့် အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေအပေါ် ကြီးကြီးမားမား ထိခိုက်လာမှာကို စိုးရိမ်ကြောင်းလည်း အဖွဲ့ ဒု ဥက္ကဋ္ဌ Thuy က ပြောပါတယ်။

VOA Burmese
https://burmese.voanews.com
ထင္ရွားတဲ့ ဗီယက္နမ္ဘေလာ္ဂါ အာဏာပိုင္မ်ား ဖမ္းဆီး ထင္ရွားတဲ့ ဗီယက္နမ္ဘေလာ္ဂါ အာဏာပိုင္မ်ား ဖမ္းဆီး Reviewed by THITHTOOLWIN on 04:41 Rating: 5
Powered by Blogger.