ေလ့က်င့္ခန္းကို မနက္ခင္း ဒါမွမဟုတ္ ညေနဘက္မွာ လုပ္မလား

(Zawgyi)⤵⤵⤵
ေလ့က်င့္ခန္းလုပ္ျခင္းဟာ အလွအပအတြက္သာမက က်န္းမာေရးအတြက္လည္း ေကာင္းက်ိဳးမ်ားစြာ ျဖစ္ေစႏိုင္တယ္ဆိုတာ သိထားၿပီးျဖစ္မွာပါ။ ေန႔တိုင္းမွန္မွန္ ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ ခႏၶာကိုယ္ႂကြက္သားကို တည္ေဆာက္ေပးတယ္။ အေၾကာအခ်ဥ္ေတြ ေျပေလ်ာ့ေစတယ္။ အစာေျခစနစ္ကို ေကာင္းေစၿပီး ဇီဝကမၼျဖစ္စဥ္ေတြကို လ်င္ျမန္စြာ ျဖစ္ပ်က္ေျပာင္းလဲေစတယ္။ က်န္းမာအသက္ရွည္ေစၿပီး အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစတယ္။ ခႏၶာကိုယ္တြင္း မေကာင္းတဲ့ အဆီပိုေတြနဲ႔ ကယ္လိုရီေတြကို ေလာင္ကြၽမ္းေစလို႔ ကိုယ္အေလးခ်ိန္ကို က်ေစၿပီး အဝလြန္ျခင္း မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ အဲ့ေတာ့ ေလ့က်င့္ခန္းလုပ္ဖို႔ ဘယ္အခ်ိန္မွာစလုပ္သင့္လဲ၊ မနက္ခင္းက ပိုေကာင္းလား၊ ညေနဘက္က ပိုေကာင္းလား၊ ဒါမွမဟုတ္ ဘယ္အခ်ိန္ လုပ္လုပ္ ရလဒ္က အတူတူပဲလား အစရွိသျဖင့္ ေမးစရာေမးခြန္းေတြ မ်ားလာတယ္ေနာ္။

ဒါေၾကာင့္ ဒီေဆာင္းပါးမွာ မနက္ခင္းေလ့က်င့္ခန္းလုပ္ျခင္းနဲ႔ ညေနဘက္ေလ့က်င့္ခန္းလုပ္ျခင္းကေန ဘယ္လိုမတူညီတဲ့ အက်ိဳးထူးရႏိုင္လဲ၊ ဘာေတြသိထားသင့္လဲ၊ ကိုယ့္အတြက္ ဘယ္အခ်ိန္က အဆင္အေျပဆုံး ျဖစ္မလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

မနက္ခင္း ေလ့က်င့္ခန္းလုပ္ျခင္း

ညလုံးေပါက္ အိပ္စက္အနားယူၿပီးေနာက္ ခႏၶာကိုယ္ထဲက ကလီစာေတြက အိပ္ရာႏိုးႏိုးခ်င္းအခ်ိန္မွာ လ်င္ျမန္စြာ အလုပ္လုပ္ႏိုင္ျခင္းမရွိေသးပါဘူး။ ဒီေတာ့ မနက္ပိုင္းေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ တစ္ေန႔တာအတြက္ စိတ္အာ႐ုံႏိုးၾကားတက္ႂကြေစဖို႔၊ အားအင္ေတြ ျပည့္ဝေစဖို႔ ေကာင္းစြာကူညီေပး ႏိုင္ပါတယ္။

အက်ိဳးေက်းဇူး

အိပ္ခ်င္ေနတဲ့စိတ္ကို ေျပေလ်ာ့သြားေစၿပီး စိတ္ကို လန္းလန္းဆန္းဆန္းျဖစ္ေစတယ္။

အလုပ္ခြင္ထဲမွာ တက္ႂကြေစၿပီး စိတ္ကူးဉာဏ္အသစ္အဆန္းေတြ ဖန္တီးႏိုင္ေစတယ္။

အလုပ္ခြင္ထဲမွာ အိပ္ငိုက္မေနေအာင္ ကူညီေပးတယ္။

တစ္ေန႔တာလုံး အားအင္အျပည့္နဲ႔ လႈပ္ရွား႐ုန္းကန္ႏိုင္ေစတယ္။

အစာေျခစနစ္ကို ေကာင္းေစၿပီး တစ္ေန႔တာလုံး အစားပိုစားေစတယ္။

မနက္စာ မစားခင္ ေလ့က်င့္ခန္းလုပ္ေပးမယ္ဆိုရင္ ခႏၶာကိုယ္မွာရွိတဲ့ ကယ္လိုရီနဲ႔ အဆီပိုေတြကို ပိုၿပီး ေလာင္ကြၽမ္းေစတယ္။

ကိုယ္အေလးခ်ိန္က်လိုသူေတြအတြက္ ေလ့က်င့္ခန္းလုပ္ဖို႔ အသင့္ေလ်ာ္ဆုံးအခ်ိန္ျဖစ္ပါတယ္။

သတိထားသင့္တာေတြ

ညဘက္အိပ္ေရးမဝတဲ့အခါ မနက္ခင္းမွာ ေလ့က်င့္ခန္းလုပ္ဖို႔ ပိုၿပီးအားယူရႏိုင္တယ္။

အထူးသျဖင့္ မနက္ခင္း ေစာေစာထတဲ့အက်င့္မရွိသူေတြဆိုရင္ အိပ္ေရးပ်က္တာမ်ားၿပီး လူကိုပိုပင္ပန္း ေစတယ္။

မနက္ခင္းအိပ္ရာႏိုးႏိုးခ်င္းမွာ အ႐ိုးအဆစ္နဲ႔ ႂကြက္သားေတြဟာ ေတာင့္တင္းေနတဲ့အတြက္ အျပင္းအထန္ ေလ့က်င့္ခန္းလုပ္တဲ့အခါ ထိခိုက္မႈျဖစ္ဖို႔ ပိုမ်ားပါတယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္းစတင္မလုပ္ခင္ အေၾကာေလွ်ာ့ထားဖို႔နဲ႔ အသက္ရႉေလ့က်င့္ခန္းေတြ အရင္ဆုံးလုပ္ထားဖို႔ လိုအပ္ပါတယ္။

ေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္မွာ လူကအရမ္းပင္ပန္းေနၿပီး အဆီပိုေတြပိုၿပီး ေလာင္ကြၽမ္းသြားတာေၾကာင့္ ေရတစ္ခြက္ေသာက္ၿပီး မနက္စာကို ျမန္ျမန္စားဖို႔လိုအပ္ပါတယ္။

ညေနဘက္မွာ ေလ့က်င့္ခန္းလုပ္ျခင္း

မ်ားေသာအားျဖင့္ မနက္ပိုင္း႐ုံးအေစာသြားရသူေတြ၊ မနက္မထႏိုင္တဲ့သူေတြ၊ ႂကြက္သားတက္ေအာင္ ကစားေနတဲ့ အမ်ိဳးသားေတြအတြက္ေတာ့ ညေနပိုင္းအခ်ိန္က အေကာင္းဆုံးပါပဲ။ တစ္ေန႔လုံး အစားအစာေတြစားၿပီး၊ အလုပ္လုပ္ၿပီးတဲ့အခ်ိန္ျဖစ္တာေၾကာင့္ အားအင္ေတြလည္း ပိုရွိေနတဲ့အတြက္ ေလ့က်င့္ခန္းကို ပိုၿပီးအားစိုက္လုပ္လို႔ရပါတယ္။

အက်ိဳးေက်းဇူး

ညေနဘက္အခ်ိန္မွာ ႂကြက္သားနဲ႔ အ႐ိုးအဆစ္ေတြ ေျပေလ်ာ့ေနတဲ့အတြက္ ေလ့က်င့္ခန္းလုပ္ဖို႔ သိပ္ၿပီးအရွိန္ယူစရာမလိုပါဘူး။

မနက္ခင္းထက္စာရင္ အားအင္ပိုရွိေနတဲ့အတြက္ အေလးေတြမတဲ့အခါ ပိုၿပီးအားစိုက္ထုတ္ႏိုင္သလို ပိုေကာင္းတဲ့ရလဒ္ကိုလည္း ရႏိုင္ပါတယ္။

ညေန ၄ နာရီမွ ၇ နာရီအတြင္း ကာလဟာ ႂကြက္သားထုကို တည္ေဆာက္ဖို႔ အေကာင္းဆုံးျဖစ္တာေၾကာင့္ ခႏၶာကိုယ္က်စ္လ်စ္ေအာင္ ေဆာ့ခ်င္တဲ့ အမ်ိဳးသားေတြအတြက္ အဆင္ေျပပါတယ္။

အေလးမတဲ့သူေတြအတြက္ေရာ၊ ေပါ့ေပါ့ပါးပါး ေယာဂက်င့္တဲ့သူေတြအတြက္ေရာ ေလ့က်င့္ခန္းလုပ္ဖို႔ အေကာင္းဆုံးအခ်ိန္ ျဖစ္ပါတယ္။

သတိထားသင့္တာေတြ

တစ္ေန႔လုံး ပင္ပင္ပန္းပန္းနဲ႔ အလုပ္လုပ္ၿပီးေတာ့မွ ေလ့က်င့္ခန္းလုပ္တဲ့အခါ အနည္းငယ္ပင္ပန္းတာ၊ ေလ့က်င့္ခန္းလုပ္ဖို႔ စိတ္မပါတာမ်ိဳး ျဖစ္တတ္ပါတယ္။

ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္နဲ႔ အိပ္ခ်ိန္နဲ႔ အရမ္းနီးကပ္သြားတဲ့အခါ ကိုယ္ခႏၶာအပူခ်ိန္၊ ဇီဝကမၼေျပာင္းလဲ ျဖစ္ပ်က္ျခင္းနဲ႔ ႏွလုံးခုန္ႏႈန္းျမင့္တက္လာတာေၾကာင့္ ေကာင္းစြာအိပ္ေပ်ာ္ႏိုင္ဖို႔ အခ်ိန္ပိုၾကာတတ္ပါတယ္။

ညဘက္ေတြဆိုရင္ Gym မွာ လာကစားတဲ့သူပိုမ်ားတဲ့အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္တာ၊ လူရႈပ္တဲ့ဒဏ္မခံႏိုင္တာ၊ ေခြၽးနံ႔ပိုထြက္တဲ့ ဒုကၡေတာ့ အနည္းငယ္ရွိႏိုင္ပါတယ္။

အဲ့ေတာ့ အခ်ဳပ္အားျဖင့္ေျပာရမယ္ဆိုရင္ အလွအပထက္ က်န္းမာေရးကို ပိုအေလးထားတဲ့သူ၊ ကိုယ္အေလးခ်ိန္ က်လိုသူ၊ မနက္ေစာေစာထႏိုင္သူေတြအတြက္ မနက္ခင္းေလ့က်င့္ခန္းလုပ္ျခင္းဟာ ပိုအဆင္ေျပၿပီး ႂကြက္သားထုတည္ေဆာက္လိုတဲ့ အမ်ိဳးသားေတြ၊ ခႏၶာကိုယ္အလွအပကို ဦးစားေပးသူေတြအတြက္ေတာ့ ညေနပိုင္းအခ်ိန္က ပိုၿပီးသင့္ေလ်ာ္ပါတယ္။ ဘယ္လိုပဲျဖစ္ေနျဖစ္ေန ေလ့က်င့္ခန္းလုပ္ျခင္းဟာ လူတိုင္းရဲ႕ က်န္းမာေရးအတြက္ အက်ိဳးရွိတဲ့အေလ့အက်င့္ေကာင္း ျဖစ္တာေၾကာင့္ ဒီေန႔ကစၿပီး ကိုယ့္ရဲ႕ ေနထိုင္စားေသာက္မႈပုံစံေတြကို ေကာင္းေသာေျပာင္းလဲျခင္းမ်ိဳး ျဖစ္ေအာင္ စလိုက္ၾကရေအာင္လား။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------------
(Unicode)⤵⤵⤵
လေ့ကျင့်ခန်းကို မနက်ခင်း ဒါမှမဟုတ် ညနေဘက်မှာ လုပ်မလား

လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ နေ့တိုင်းမှန်မှန် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားကို တည်ဆောက်ပေးတယ်။ အကြောအချဉ်တွေ ပြေလျော့စေတယ်။ အစာခြေစနစ်ကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေတယ်။ ကျန်းမာအသက်ရှည်စေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်။ ခန္ဓာကိုယ်တွင်း မကောင်းတဲ့ အဆီပိုတွေနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကို ကျစေပြီး အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဲ့တော့ လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်အချိန်မှာစလုပ်သင့်လဲ၊ မနက်ခင်းက ပိုကောင်းလား၊ ညနေဘက်က ပိုကောင်းလား၊ ဒါမှမဟုတ် ဘယ်အချိန် လုပ်လုပ် ရလဒ်က အတူတူပဲလား အစရှိသဖြင့် မေးစရာမေးခွန်းတွေ များလာတယ်နော်။

ဒါကြောင့် ဒီဆောင်းပါးမှာ မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ညနေဘက်လေ့ကျင့်ခန်းလုပ်ခြင်းကနေ ဘယ်လိုမတူညီတဲ့ အကျိုးထူးရနိုင်လဲ၊ ဘာတွေသိထားသင့်လဲ၊ ကိုယ့်အတွက် ဘယ်အချိန်က အဆင်အပြေဆုံး ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

မနက်ခင်း လေ့ကျင့်ခန်းလုပ်ခြင်း

ညလုံးပေါက် အိပ်စက်အနားယူပြီးနောက် ခန္ဓာကိုယ်ထဲက ကလီစာတွေက အိပ်ရာနိုးနိုးချင်းအချိန်မှာ လျင်မြန်စွာ အလုပ်လုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဒီတော့ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်နေ့တာအတွက် စိတ်အာရုံနိုးကြားတက်ကြွစေဖို့၊ အားအင်တွေ ပြည့်ဝစေဖို့ ကောင်းစွာကူညီပေး နိုင်ပါတယ်။

အကျိုးကျေးဇူး

အိပ်ချင်နေတဲ့စိတ်ကို ပြေလျော့သွားစေပြီး စိတ်ကို လန်းလန်းဆန်းဆန်းဖြစ်စေတယ်။

အလုပ်ခွင်ထဲမှာ တက်ကြွစေပြီး စိတ်ကူးဉာဏ်အသစ်အဆန်းတွေ ဖန်တီးနိုင်စေတယ်။

အလုပ်ခွင်ထဲမှာ အိပ်ငိုက်မနေအောင် ကူညီပေးတယ်။

တစ်နေ့တာလုံး အားအင်အပြည့်နဲ့ လှုပ်ရှားရုန်းကန်နိုင်စေတယ်။

အစာခြေစနစ်ကို ကောင်းစေပြီး တစ်နေ့တာလုံး အစားပိုစားစေတယ်။

မနက်စာ မစားခင် လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီပိုတွေကို ပိုပြီး လောင်ကျွမ်းစေတယ်။

ကိုယ်အလေးချိန်ကျလိုသူတွေအတွက် လေ့ကျင့်ခန်းလုပ်ဖို့ အသင့်လျော်ဆုံးအချိန်ဖြစ်ပါတယ်။

သတိထားသင့်တာတွေ

ညဘက်အိပ်ရေးမဝတဲ့အခါ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ဖို့ ပိုပြီးအားယူရနိုင်တယ်။

အထူးသဖြင့် မနက်ခင်း စောစောထတဲ့အကျင့်မရှိသူတွေဆိုရင် အိပ်ရေးပျက်တာများပြီး လူကိုပိုပင်ပန်း စေတယ်။

မနက်ခင်းအိပ်ရာနိုးနိုးချင်းမှာ အရိုးအဆစ်နဲ့ ကြွက်သားတွေဟာ တောင့်တင်းနေတဲ့အတွက် အပြင်းအထန် လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်မှုဖြစ်ဖို့ ပိုများပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းစတင်မလုပ်ခင် အကြောလျှော့ထားဖို့နဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ အရင်ဆုံးလုပ်ထားဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ လူကအရမ်းပင်ပန်းနေပြီး အဆီပိုတွေပိုပြီး လောင်ကျွမ်းသွားတာကြောင့် ရေတစ်ခွက်သောက်ပြီး မနက်စာကို မြန်မြန်စားဖို့လိုအပ်ပါတယ်။

ညနေဘက်မှာ လေ့ကျင့်ခန်းလုပ်ခြင်း

များသောအားဖြင့် မနက်ပိုင်းရုံးအစောသွားရသူတွေ၊ မနက်မထနိုင်တဲ့သူတွေ၊ ကြွက်သားတက်အောင် ကစားနေတဲ့ အမျိုးသားတွေအတွက်တော့ ညနေပိုင်းအချိန်က အကောင်းဆုံးပါပဲ။ တစ်နေ့လုံး အစားအစာတွေစားပြီး၊ အလုပ်လုပ်ပြီးတဲ့အချိန်ဖြစ်တာကြောင့် အားအင်တွေလည်း ပိုရှိနေတဲ့အတွက် လေ့ကျင့်ခန်းကို ပိုပြီးအားစိုက်လုပ်လို့ရပါတယ်။

အကျိုးကျေးဇူး

ညနေဘက်အချိန်မှာ ကြွက်သားနဲ့ အရိုးအဆစ်တွေ ပြေလျော့နေတဲ့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ သိပ်ပြီးအရှိန်ယူစရာမလိုပါဘူး။

မနက်ခင်းထက်စာရင် အားအင်ပိုရှိနေတဲ့အတွက် အလေးတွေမတဲ့အခါ ပိုပြီးအားစိုက်ထုတ်နိုင်သလို ပိုကောင်းတဲ့ရလဒ်ကိုလည်း ရနိုင်ပါတယ်။

ညနေ ၄ နာရီမှ ၇ နာရီအတွင်း ကာလဟာ ကြွက်သားထုကို တည်ဆောက်ဖို့ အကောင်းဆုံးဖြစ်တာကြောင့် ခန္ဓာကိုယ်ကျစ်လျစ်အောင် ဆော့ချင်တဲ့ အမျိုးသားတွေအတွက် အဆင်ပြေပါတယ်။

အလေးမတဲ့သူတွေအတွက်ရော၊ ပေါ့ပေါ့ပါးပါး ယောဂကျင့်တဲ့သူတွေအတွက်ရော လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

သတိထားသင့်တာတွေ

တစ်နေ့လုံး ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ပြီးတော့မှ လေ့ကျင့်ခန်းလုပ်တဲ့အခါ အနည်းငယ်ပင်ပန်းတာ၊ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မပါတာမျိုး ဖြစ်တတ်ပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အချိန်နဲ့ အိပ်ချိန်နဲ့ အရမ်းနီးကပ်သွားတဲ့အခါ ကိုယ်ခန္ဓာအပူချိန်၊ ဇီဝကမ္မပြောင်းလဲ ဖြစ်ပျက်ခြင်းနဲ့ နှလုံးခုန်နှုန်းမြင့်တက်လာတာကြောင့် ကောင်းစွာအိပ်ပျော်နိုင်ဖို့ အချိန်ပိုကြာတတ်ပါတယ်။

ညဘက်တွေဆိုရင် Gym မှာ လာကစားတဲ့သူပိုများတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်တာ၊ လူရှုပ်တဲ့ဒဏ်မခံနိုင်တာ၊ ချွေးနံ့ပိုထွက်တဲ့ ဒုက္ခတော့ အနည်းငယ်ရှိနိုင်ပါတယ်။

အဲ့တော့ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် အလှအပထက် ကျန်းမာရေးကို ပိုအလေးထားတဲ့သူ၊ ကိုယ်အလေးချိန် ကျလိုသူ၊ မနက်စောစောထနိုင်သူတွေအတွက် မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းဟာ ပိုအဆင်ပြေပြီး ကြွက်သားထုတည်ဆောက်လိုတဲ့ အမျိုးသားတွေ၊ ခန္ဓာကိုယ်အလှအပကို ဦးစားပေးသူတွေအတွက်တော့ ညနေပိုင်းအချိန်က ပိုပြီးသင့်လျော်ပါတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းရဲ့ ကျန်းမာရေးအတွက် အကျိုးရှိတဲ့အလေ့အကျင့်ကောင်း ဖြစ်တာကြောင့် ဒီနေ့ကစပြီး ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ကောင်းသောပြောင်းလဲခြင်းမျိုး ဖြစ်အောင် စလိုက်ကြရအောင်လား။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေလ့က်င့္ခန္းကို မနက္ခင္း ဒါမွမဟုတ္ ညေနဘက္မွာ လုပ္မလား ေလ့က်င့္ခန္းကို မနက္ခင္း ဒါမွမဟုတ္ ညေနဘက္မွာ လုပ္မလား Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.