ထိုင္း လူေမွာင္ခိုဂိုဏ္းဝင္မ်ား ႏွစ္ႀကီးေထာင္ဒဏ္ တိုးျမႇင့္ခ်မွတ္ခံရ

၂၀၁၅ ခုနွစ္၊ ဒီဇင္ဘာလ တရား႐ံုးထုတ္ခ်ိန္တြင္ေတြ႔ရသည့္ ေထာင္ဒဏ္တိုးျမႇင့္ခံရသူမ်ားထဲ တဦးျဖစ္သူ ဒုဗိုလ္ခ်ဳပ္ႀကီး ေဟာင္း Manas Kongpan (လယ္)။

(Zawgyi/Unicode)

လြန္ခဲ့တဲ့ ၄ ႏွစ္ေက်ာ္က ထိုင္းႏုိ္င္ငံတြင္း သစ္ေတာတခုမွာ ျမႇဳပ္ႏွံထားတဲ့ ႐ုပ္အေလာင္းေတြကို ေတြ႔ခဲ့ရာကေန လူေမွာင္ခိုဂိုဏ္းႀကီးတခုကို ေဖာ္ထုတ္ႏုိင္ခဲ့ၿပီး လူေမွာင္ခိုကူးမႈနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ ထိုင္းတာဝန္ရွိသူေတြကို ႏုိဝင္ဘာလ ၁ ရက္ေန႔က အျမင့္ဆံုးျပစ္ဒဏ္ေတြ ထပ္ၿပီး တိုးျမႇင့္ ခ်မွတ္လိုက္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

၂၀၁၅ ခုႏွစ္က ထိုင္း-မေလးနယ္စပ္၊ ထိုင္းႏုိင္ငံေတာင္ပိုင္း၊ ဆုန္ခလာခ႐ုိင္ သစ္ေတာအတြင္းမွာ ျမႇဳပ္ႏွံထားတဲ့ ႐ုိဟင္ဂ်ာေတြရဲ႕ ႐ုပ္အလာင္းေတြကို စေတြ႔ရာကေန ထိုင္းႏုိင္ငံမွာ အႀကီးမားဆံုး လူကုန္ကူးတဲ့ဂုိဏ္းကို ေဖာ္ထုတ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီသစ္ေတာတြင္းက လူကုန္ကူးသူေတြရဲ႕ ယာယီစခန္းကို ထိုင္းရဲတပ္ဖြဲ႔က ရွာေဖြေတြ႔ရွိသြားခဲ့ၿပီး စခန္းအတြင္းမွာ လူေသအေလာင္းေတြ ျမႇဳပ္ထားတာကိုပါ ေတြ႔ခဲ့တာပါ။ ဒီအမႈနဲ႔ပတ္သက္ၿပီး ထိုင္း စစ္ဘက္ အရပ္ဘက္ အရာရွိေတြနဲ ့လူေမွာင္ခိုပြဲစား စုစုေပါင္း ၁၀၀ ေက်ာ္ကို ဖမ္းဆီးခဲ့ရာက လူ ၄၀ ေက်ာ္ကုိေတာ့ သက္ေသမခိုင္လံုတာေၾကာင့္ တရား႐ံုးက လႊတ္ေပးခဲ့ပါတယ္။

ျမန္မာႏုိင္ငံသားေတြကို လူကုန္ကူးရာမွာ အဓိကပါ၀င္ခဲ့တဲ့ စစ္ဘက္ဆိုင္ရာအႀကံေပး အဆင့္ျမင့္အရာရွိ ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္း မာနတ္ ေခါင္ပန္ (Manas Kongpan) နဲ ့ရေနာင္းခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးဟာင္း နရထြန္ စံဖန္ (Narathon Samphan) တို႔ႏွစ္ဦးကို အရင္္ကခ်မွတ္ခဲ့တဲ့ ေထာင္ဒဏ္ ၂၇ ႏွစ္ကေန ၈၂ ႏွစ္အထိ တိုးျမႇင့္ခ်မွတ္လိုက္ပါတယ္။

ဒီအမႈကုိ စံုစမ္းစစ္ေဆးခဲ့တဲ့ စံုစမ္းစစ္ေဆးေရး ရဲအရာရွိ ႏိုင္စ၀ပ္က “ဒီအမူနဲ႔ပတ္သက္ၿပီး အခက္အခဲေတြ၊ ဖိအားေပးတာေတြ ႀကံဳခဲ့ရတာေတြကိုေတာ့ က်ေနာ္မေျပာလိုေတာ့ပါဘူး။ ဒီအမႈနဲ႔ ပတ္သက္တဲ့ နစ္နာသူေတြဘက္ကေန စံုစမ္းစစ္ေဆးေပးခဲ့ပါတယ္။ အမွန္အတိုင္းျဖစ္ေအာင္လို႔ စစ္ေဆး အေရးယူေပးခဲ့ပါတယ္” လို႔ ေျပာပါတယ္။

ဒီအမႈဟာ ထိုင္းအရာရွိေတြ ပါ၀င္ပတ္သက္ေနတဲ့ ထုိင္းႏိုင္ငံရဲ႕ အႀကီးမားဆံုး လူကုန္ကူးမူျဖစ္ျပီး ျမန္မာနဲ႔ ထိုင္း ၈၈ ေယာက္ကို အေရးယူခဲ့တာပါ။ ကနဦးျပစ္ဒဏ္ခ်မွတ္ၿပီး ၄ ႏွစ္ေက်ာ္အၾကာမွာ ဆုန္ခလာခ႐ိုင္ ပဒမ္ပါဆာၿမိဳ႕ပိုင္ကိုလည္း ေထာင္ဒဏ္ ၇၈ ႏွစ္အထိ တိုးျမႇင့္ခ်မွတ္ခ့ဲပါတယ္။

ထိုင္းအဆင့္ျမင့္အရာရွိေတြကို ေထာင္ဒဏ္ေတြ တိုးျမႇင့္ခ်မွတ္ခဲ့သလို ျမန္မာႏုိင္ငံသားတဦးျဖစ္တဲ့ စိုးႏုိင္ကိုလည္း ေထာင္ဒဏ္ ၉၄ ႏွစ္အထိ ႏွစ္ၾကီးျပစ္ဒဏ္ တိုးျမႇင့္ခ်မွတ္လိုက္ပါတယ္။

----------------------------------

(Unicode)

ထိုင်း လူမှောင်ခိုဂိုဏ်းဝင်များ နှစ်ကြီးထောင်ဒဏ် တိုးမြှင့်ချမှတ်ခံရ

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ထိုင်းနိုင်ငံတွင်း သစ်တောတခုမှာ မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရာကနေ လူမှောင်ခိုဂိုဏ်းကြီးတခုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူမှောင်ခိုကူးမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ထိုင်းတာဝန်ရှိသူတွေကို နိုဝင်ဘာလ ၁ ရက်နေ့က အမြင့်ဆုံးပြစ်ဒဏ်တွေ ထပ်ပြီး တိုးမြှင့် ချမှတ်လိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၂၀၁၅ ခုနှစ်က ထိုင်း-မလေးနယ်စပ်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင် သစ်တောအတွင်းမှာ မြှုပ်နှံထားတဲ့ ရိုဟင်ဂျာတွေရဲ့ ရုပ်အလာင်းတွေကို စတွေ့ရာကနေ ထိုင်းနိုင်ငံမှာ အကြီးမားဆုံး လူကုန်ကူးတဲ့ဂိုဏ်းကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီသစ်တောတွင်းက လူကုန်ကူးသူတွေရဲ့ ယာယီစခန်းကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိသွားခဲ့ပြီး စခန်းအတွင်းမှာ လူသေအလောင်းတွေ မြှုပ်ထားတာကိုပါ တွေ့ခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်း စစ်ဘက် အရပ်ဘက် အရာရှိတွေနဲ့လူမှောင်ခိုပွဲစား စုစုပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ရာက လူ ၄၀ ကျော်ကိုတော့ သက်သေမခိုင်လုံတာကြောင့် တရားရုံးက လွှတ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကို လူကုန်ကူးရာမှာ အဓိကပါဝင်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာအကြံပေး အဆင့်မြင့်အရာရှိ ဒုဗိုလ်ချုပ်ကြီးဟောင်း မာနတ် ခေါင်ပန် (Manas Kongpan) နဲ့ရနောင်းခရိုင် အုပ်ချုပ်ရေးမှူးဟာင်း နရထွန် စံဖန် (Narathon Samphan) တို့နှစ်ဦးကို အရင်ကချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၂၇ နှစ်ကနေ ၈၂ နှစ်အထိ တိုးမြှင့်ချမှတ်လိုက်ပါတယ်။

ဒီအမှုကို စုံစမ်းစစ်ဆေးခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ရဲအရာရှိ နိုင်စဝပ်က “ဒီအမူနဲ့ပတ်သက်ပြီး အခက်အခဲတွေ၊ ဖိအားပေးတာတွေ ကြုံခဲ့ရတာတွေကိုတော့ ကျနော်မပြောလိုတော့ပါဘူး။ ဒီအမှုနဲ့ ပတ်သက်တဲ့ နစ်နာသူတွေဘက်ကနေ စုံစမ်းစစ်ဆေးပေးခဲ့ပါတယ်။ အမှန်အတိုင်းဖြစ်အောင်လို့ စစ်ဆေး အရေးယူပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီအမှုဟာ ထိုင်းအရာရှိတွေ ပါဝင်ပတ်သက်နေတဲ့ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး လူကုန်ကူးမူဖြစ်ပြီး မြန်မာနဲ့ ထိုင်း ၈၈ ယောက်ကို အရေးယူခဲ့တာပါ။ ကနဦးပြစ်ဒဏ်ချမှတ်ပြီး ၄ နှစ်ကျော်အကြာမှာ ဆုန်ခလာခရိုင် ပဒမ်ပါဆာမြို့ပိုင်ကိုလည်း ထောင်ဒဏ် ၇၈ နှစ်အထိ တိုးမြှင့်ချမှတ်ခဲ့ပါတယ်။

ထိုင်းအဆင့်မြင့်အရာရှိတွေကို ထောင်ဒဏ်တွေ တိုးမြှင့်ချမှတ်ခဲ့သလို မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ စိုးနိုင်ကိုလည်း ထောင်ဒဏ် ၉၄ နှစ်အထိ နှစ်ကြီးပြစ်ဒဏ် တိုးမြှင့်ချမှတ်လိုက်ပါတယ်။

ေအးေအးမာ / VOA Burmese
https://burmese.voanews.com
ထိုင္း လူေမွာင္ခိုဂိုဏ္းဝင္မ်ား ႏွစ္ႀကီးေထာင္ဒဏ္ တိုးျမႇင့္ခ်မွတ္ခံရ ထိုင္း လူေမွာင္ခိုဂိုဏ္းဝင္မ်ား ႏွစ္ႀကီးေထာင္ဒဏ္ တိုးျမႇင့္ခ်မွတ္ခံရ Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.