ေျမပုံေဒသခံ ငါးဦးကို တပ္က ဖမ္းဆီး

ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ ေျမပုံကို ေတြ႕ရစဥ္ /Photo: Google Map
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္၊ ႐ြာသာယာေက်း႐ြာကို AA အဖြဲ႕နဲ႔ ဆက္စပ္တယ္ဆိုတဲ့ သံသယနဲ႔ တပ္မေတာ္က မေန႔ကစတင္ၿပီး ဝင္ေရာက္စစ္ေဆးေနရာမွာ ႐ြာသား ခုႏွစ္ဦး ဖမ္းဆီးခံခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

သုံးဦး ျပန္လြတ္လာၿပီး ငါးဦးကေတာ့ တပ္မေတာ္ရဲ႕ လက္ထဲမွာ ရွိေနဆဲျဖစ္တယ္လို႔ ႐ြာခံေတြက ေျပာၾက ပါတယ္။

မေန႔က ႐ြာသာ႐ြာ ေက်း႐ြာသား ငါးဦးကို တပ္မေတာ္က ဖမ္းဆီးခဲ့ၿပီး ညေနပိုင္းမွာ သုံးဦးကို ျပန္လႊတ္ေပးလိုက္တယ္၊ ဒီေန႔ မနက္မွာေတာ့ ေနာက္ထပ္ ႏွစ္ဦးကို ဖမ္းဆီးသြားၿပီး ညေနပိုင္းမွာ တစ္ဦး ထပ္မံအဖမ္းခံရတယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

တပ္မေတာ္က မေန႔က မနက္ပိုင္းက စတင္ၿပီး ႐ြာသာယာေက်း႐ြာကို အင္အား ၁၀၀ ေက်ာ္နဲ႔ ႐ြာတြင္း႐ြာအျပင္ ဝိုင္းထားၿပီး ေနအိမ္ေတြကို တစ္အိမ္တက္ တစ္အိမ္ဆင္း သန္းေခါင္စာရင္းနဲ႔ လူဦးေရ တိုက္ဆိုင္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနခဲ့တာလို႔ သိရပါတယ္။ AA အဖြဲ႕နဲ႔ ဆက္စပ္မယ္လို႔ ယူဆရတဲ့အတြက္ အခုလို စစ္ေဆးေနတာပါ။

လြတ္လာတဲ့ သုံးဦးလည္း ႐ိုက္ႏွက္စစ္ေဆးခံခဲ့ရတယ္လို႔ အမည္မေဖာ္ရဲတဲ့ ႐ြာသာ႐ြာေက်း႐ြာသား တစ္ဦးက RFA ကိုေျပာပါတယ္။

“အကုန္လုံးအဖမ္းခံရတာအခုဆိုရင္ ခုႏွစ္ေယာက္ အဖမ္းခံရတယ္ ႐ြာထဲကိုဝင္ၿပီးေတာ့ တစ္အိမ္ဝင္တစ္ အိမ္ထြက္လိုက္ရွာေနတယ္။ ခုႏွစ္ေယာက္မွာ လူမွားလို႔ဖမ္းတယ္ဆိုၿပီးေတာ့ သုံးေယာက္ေတာ့ျပန္လႊတ္ ေပးလိုက္တယ္။ လြတ္လာတဲ့သူေတြလည္း ေတာ္ေတာ္ႀကီး ႏွိပ္စက္ခံထားရတယ္။ မ်က္ႏွာေတြေရာင္ရမ္း၊ ေခါင္းေတြကြဲ၊ ေပါင္ေတြကို အပ္ေတြနဲ႔ထိုး အဲဒီလိုစစ္ေဆးတာေတြလုပ္တယ္။ ဖမ္းၿပီးေတာ့ သူတို႔ေနတဲ့ေနရာေပါ့ သူတို႔က ဒီဘက္ဘုန္းႀကီးေက်ာင္းမွာ ေနတယ္။ ေနာက္ ရယက႐ုံးမွာေနတယ္။ ေနာက္ေတာထဲမွာ ေနတယ္။ သူတို႔ကိုစစ္တဲ့အခ်ိန္မွာေတာ့ ေတာထဲမွာေခၚစစ္တယ္”

တပ္မေတာ္က လက္ရွိဖမ္းဆီးထားသူေတြဟာ ဦးတင္ျမင့္၊ ဦးေမာင္သန္းျမင့္၊ ဦးတင္ေမာင္ၫြန႔္၊ ဦးခင္ေမာင္ေလးတို႔  ျဖစ္ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ ႏွစ္ဦး၊  အသက္ ၄၇ ဝန္းက်င္ ႏွစ္ဦးျဖစ္ေၾကာင္း  ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ဒီေန႔ညေနပိုင္းမွာ အဖမ္းခံရသူက အသက္ ၄၆ ႏွစ္အ႐ြယ္ ဦးတင္ျမင့္ဆိုသူျဖစ္ပါတယ္။

ျပန္လြတ္လာသူေတြက ဦးေအာင္သိန္း၊ ဦးသိန္းဝင္းနဲ႔ ဦးေမာင္သန္းျမင့္ တို႔ ျဖစ္ပါတယ္။ အဲဒီထဲက ဦးေမာင္သန္းျမင့္က ႐ိုက္ႏွက္ခံရတာေၾကာင့္ ေခါင္းမွာ ဒဏ္ရာ ရလာတယ္လို႔ သိရပါတယ္။

ဒီ႐ြာဟာ ရကၡိဳင့္တပ္ေတာ္ AA ကို ေထာက္ပံ့ေပးေနသလို AA နဲ႔ ဆက္စပ္မႈေတြရွိေနတယ္ဆိုတဲ့ သတင္းေတြ ရထားတဲ့အတြက္ တပ္မေတာ္က႐ြာကို စစ္ေဆးတာရွိတယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

ဒီအနီးနားတဝိုက္မွာ မၾကာခဏ တပ္မေတာ္က မိုင္းဆြဲ တိုက္ခိုက္ခံရတာေတြ ရွိတယ္လို႔ ေျပာပါတယ္။

တပ္မေတာ္က ႐ြာအတြင္း စစ္ေဆးမႈေတြရွိေပမယ့္ ဖမ္းဆီးထားတာ မရွိေၾကာင္း ႐ိုက္ႏွက္တာေတြလည္း မရွိေၾကာင္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ဆိုပါတယ္။

“ဖမ္းဆီးစစ္ေဆးတာေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က႐ြာထဲကို ဝင္ၿပီးေတာ့ မသကၤာတဲ့သူေတြကို ေမးျမန္းၾကည့္တာ။ ႐ိုက္တာပုတ္တာေတာ့ ကြၽန္ေတာ္ေမးၾကည့္တာ မဟုတ္ဘူးလို႔ ေျပာတယ္။ ကြၽန္ေတာ္တို႔က ခဏတစ္ျဖဳတ္ပဲေခၚေမးတာ ၿပီးလို႔ရွိရင္ ျပန္လႊတ္မွာ။ ဒါေပမဲ့ AA နဲ႔စပ္ဆက္ေနတဲ့သူေတြ ရွိတယ္။ သူ႔ဆီက ခိုင္လုံတဲ့အေထာက္အထားေတြရတယ္ဆိုရင္ ဥပေဒေၾကာင္းအရေတာ့ ဆက္လုပ္မွာပဲေလ။ ဒီတိုင္းေတာ့ AA နဲ႔စပ္ဆက္ေနတာကိုသိရဲ႕သားနဲ႔ ကြၽန္ေတာ္တို႔က ဒီတိုင္းမထားဘူး။ AA လိုေတာ့သတ္မပစ္ဘူး ေသခ်ာတယ္”

တပ္မေတာ္က မေန႔ကစၿပီး ႐ြာသာယာေက်း႐ြာကို အျပင္လူ ေပးမဝင္သလို ႐ြာအတြင္းကေနလည္း ထြက္ခြင့္ မေပးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ေက်း႐ြာေတြအတြင္း တပ္မေတာ္က စစ္ေဆးေဆာင္႐ြက္ေနမႈေတြအေပၚ လႊတ္ေတာ္အတြင္း တင္ျပေဆြးေႏြး ႏိုင္ဖို႔ကလည္း အခက္အခဲေတြ ရွိေနတယ္လို႔  ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

“႐ြာသားေတြကို ဖမ္းဆီးမယ္၊ စစ္ေဆးမယ္။ ၾကာလာရင္ေတာ့ ေဒသခံေတြအေနနဲ႔ စားဝတ္ေနေရးကအစ ေၾကာက္႐ြံ႕တာေတြ ျဖစ္ေပၚေနတာေပါ့။ ဒီလိုအေျခအေနမ်ိဳး ဘယ္ေလာက္ထိ ဆက္ရွိမလဲစစ္ေရးကိစၥမို႔ ဒီဖက္မွာလုပ္ရတာက နဲနဲ မထိေရာက္ဘူးေပါ့။ ကြၽန္ေတာ္တို႔က ေစာင့္ၾကည့္ရတဲ့သေဘာပဲ။ အမွန္ကလႊတ္ေတာ္ထဲမွာ ဒီကိစၥက ၿငိမ္းခ်မ္းေရးရဖို႔အတြက္ အဆိုတင္ၿပီးေတာ့ ေဆြးေႏြးရမယ့္ သေဘာေတာ့ရွိတယ္။ ဒါေပမဲ့ ေလာေလာဆယ္ လႊတ္ေတာ္က ဒါမ်ိဳးေတြခြင့္ျပဳမွာ မဟုတ္ေသးဘူး”

မေန႔က မနက္ပိုင္းကလည္း ႐ြာသာယာေက်း႐ြာကို ငါးလာေရာင္းတဲ့ ဝက္႐ူးေက်း႐ြာက လင္မယားႏွစ္ဦး ေယာေခ်ာင္းအတြင္း စက္ေလွေမာင္းႏွင္သြားစဥ္မွာ ေသနတ္နဲ႔ ပစ္ခတ္ခံရတဲ့အတြက္ အမ်ိဳးသမီးရဲ႕ ဘယ္ဘက္ ရင္အုံ က်ည္သင့္ၿပီး ေသဆုံးသြားခဲ့ပါတယ္။

ေဒသခံေတြက တပ္မေတာ္ဘက္က ပစ္တာလို႔ ေျပာေနၾကၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက တပ္မေတာ္က ပစ္ခတ္တာ မျဖစ္ႏိုင္ဘူးလို႔ ဆိုပါတယ္။

အဲဒီျဖစ္စဥ္ဟာ မေန႔က မနက္ ၇ နာရီခန႔္မွာ ေပၚေပါက္ခဲ့တာျဖစ္ၿပီး တပ္မေတာ္က ႐ြာသာယာ႐ြာကို ေန႔လယ္မွ ေရာက္ရွိလာတာလို႔ သူက ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA က ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ အဲဒီအမ်ိဳးသမီးေသဆုံးမႈဟာ တပ္မေတာ္ရဲ႕ လုပ္ေဆာင္ခ်က္လို႔ ေျပာပါတယ္။

“ဗမာစစ္တပ္ကေနၿပီးေတာ့ ေသနတ္နဲ႔ပစ္လို႔ အမ်ိဳးသမီးေသသြားတာရွိတယ္ ကိုယ္ဝန္လည္း ေလးလ ရွိတာေပါ့။ အဲဒီဥစၥာ ဗမာစစ္တပ္က သူတို႔ကိုပစ္သတ္တာ။ မိသားစုက ယူဆတာမဟုတ္ဘူး။ သူတို႔စက္ေလွကို ျပန္သြားခိုင္းၿပီးေတာ့ ေနာက္ကကို လိုက္ပစ္သတ္တာ။ ႐ြာသားေတြက မ်က္ျမင္သက္ေသေတြ ျမင္ၾကတာျဖစ္တယ္”

ေသနတ္က်ည္မွန္လို႔ ေသဆုံးသြားတဲ့ ေဒၚဦးခင္သန္းရဲ႕ ႐ုပ္အေလာင္းကို မေန႔က ေျမပုံၿမိဳ႕  ျပည္သူ႔ေဆး႐ုံကို သယ္ေဆာင္ၿပီး ေဆးစစ္ခ်က္ ရယူခဲ့ၿပီးေနာက္ ဒီေန႔ ေန႔လယ္မွာ ဝက္႐ူးေက်း႐ြာမွာ သၿဂႋဳဟ္ခဲ့တယ္လို႔ သိရပါတယ္။

ေဆးစစ္ခ်က္ရယူထားတဲ့ အေျခအေနနဲ႔ အမႈဖြင့္ေဆာင္႐ြက္ထားမႈ အေျခအေနေတြကို သိႏိုင္ဖို႔ ေဒၚဦးခင္သန္း ရဲ႕ ခင္ပြန္းျဖစ္သူကို RFA က ေမးျမန္းဖို႔ ႀကိဳးပမ္းေနေပမယ့္ အဆက္အသြယ္မရရွိေသးပါဘူး။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ AA တို႔ၾကားျဖစ္ပြားေနတဲ့ တိုက္ပြားေတြေၾကာင့္ ေသဆုံးသူ ၉၀ ေက်ာ္ရွိၿပီး ထိခိုက္ဒဏ္ရာရရွိသူ ၁၄၀ နီးပါးရွိေၾကာင္း ေဒသအေျခစိုက္ အရပ္ဘက္အဖြဲ႕ေတြက ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
မြေပုံဒေသခံ ငါးဦးကို တပ်က ဖမ်းဆီး

ရခိုင်ပြည်နယ် မြေပုံမြို့နယ် မြေပုံကို တွေ့ရစဉ်
Photo: Google Map

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာကို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က မနေ့ကစတင်ပြီး ဝင်ရောက်စစ်ဆေးနေရာမှာ ရွာသား ခုနှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုံးဦး ပြန်လွတ်လာပြီး ငါးဦးကတော့ တပ်မတော်ရဲ့ လက်ထဲမှာ ရှိနေဆဲဖြစ်တယ်လို့ ရွာခံတွေက ပြောကြ ပါတယ်။

မနေ့က ရွာသာရွာ ကျေးရွာသား ငါးဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး ညနေပိုင်းမှာ သုံးဦးကို ပြန်လွှတ်ပေးလိုက်တယ်၊ ဒီနေ့ မနက်မှာတော့ နောက်ထပ် နှစ်ဦးကို ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ တစ်ဦး ထပ်မံအဖမ်းခံရတယ်လို့ ရွာသားတွေက ပြောပါတယ်။

တပ်မတော်က မနေ့က မနက်ပိုင်းက စတင်ပြီး ရွာသာယာကျေးရွာကို အင်အား ၁၀၀ ကျော်နဲ့ ရွာတွင်းရွာအပြင် ဝိုင်းထားပြီး နေအိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း သန်းခေါင်စာရင်းနဲ့ လူဦးရေ တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့တာလို့ သိရပါတယ်။ AA အဖွဲ့နဲ့ ဆက်စပ်မယ်လို့ ယူဆရတဲ့အတွက် အခုလို စစ်ဆေးနေတာပါ။

လွတ်လာတဲ့ သုံးဦးလည်း ရိုက်နှက်စစ်ဆေးခံခဲ့ရတယ်လို့ အမည်မဖော်ရဲတဲ့ ရွာသာရွာကျေးရွာသား တစ်ဦးက RFA ကိုပြောပါတယ်။

“အကုန်လုံးအဖမ်းခံရတာအခုဆိုရင် ခုနှစ်ယောက် အဖမ်းခံရတယ် ရွာထဲကိုဝင်ပြီးတော့ တစ်အိမ်ဝင်တစ် အိမ်ထွက်လိုက်ရှာနေတယ်။ ခုနှစ်ယောက်မှာ လူမှားလို့ဖမ်းတယ်ဆိုပြီးတော့ သုံးယောက်တော့ပြန်လွှတ် ပေးလိုက်တယ်။ လွတ်လာတဲ့သူတွေလည်း တော်တော်ကြီး နှိပ်စက်ခံထားရတယ်။ မျက်နှာတွေရောင်ရမ်း၊ ခေါင်းတွေကွဲ၊ ပေါင်တွေကို အပ်တွေနဲ့ထိုး အဲဒီလိုစစ်ဆေးတာတွေလုပ်တယ်။ ဖမ်းပြီးတော့ သူတို့နေတဲ့နေရာပေါ့ သူတို့က ဒီဘက်ဘုန်းကြီးကျောင်းမှာ နေတယ်။ နောက် ရယကရုံးမှာနေတယ်။ နောက်တောထဲမှာ နေတယ်။ သူတို့ကိုစစ်တဲ့အချိန်မှာတော့ တောထဲမှာခေါ်စစ်တယ်”

တပ်မတော်က လက်ရှိဖမ်းဆီးထားသူတွေဟာ ဦးတင်မြင့်၊ ဦးမောင်သန်းမြင့်၊ ဦးတင်မောင်ညွန့်၊ ဦးခင်မောင်လေးတို့  ဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် နှစ်ဦး၊  အသက် ၄၇ ဝန်းကျင် နှစ်ဦးဖြစ်ကြောင်း  ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ညနေပိုင်းမှာ အဖမ်းခံရသူက အသက် ၄၆ နှစ်အရွယ် ဦးတင်မြင့်ဆိုသူဖြစ်ပါတယ်။

ပြန်လွတ်လာသူတွေက ဦးအောင်သိန်း၊ ဦးသိန်းဝင်းနဲ့ ဦးမောင်သန်းမြင့် တို့ ဖြစ်ပါတယ်။ အဲဒီထဲက ဦးမောင်သန်းမြင့်က ရိုက်နှက်ခံရတာကြောင့် ခေါင်းမှာ ဒဏ်ရာ ရလာတယ်လို့ သိရပါတယ်။

ဒီရွာဟာ ရက္ခိုင့်တပ်တော် AA ကို ထောက်ပံ့ပေးနေသလို AA နဲ့ ဆက်စပ်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ရထားတဲ့အတွက် တပ်မတော်ကရွာကို စစ်ဆေးတာရှိတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဒီအနီးနားတဝိုက်မှာ မကြာခဏ တပ်မတော်က မိုင်းဆွဲ တိုက်ခိုက်ခံရတာတွေ ရှိတယ်လို့ ပြောပါတယ်။

တပ်မတော်က ရွာအတွင်း စစ်ဆေးမှုတွေရှိပေမယ့် ဖမ်းဆီးထားတာ မရှိကြောင်း ရိုက်နှက်တာတွေလည်း မရှိကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။

“ဖမ်းဆီးစစ်ဆေးတာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ကရွာထဲကို ဝင်ပြီးတော့ မသင်္ကာတဲ့သူတွေကို မေးမြန်းကြည့်တာ။ ရိုက်တာပုတ်တာတော့ ကျွန်တော်မေးကြည့်တာ မဟုတ်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့က ခဏတစ်ဖြုတ်ပဲခေါ်မေးတာ ပြီးလို့ရှိရင် ပြန်လွှတ်မှာ။ ဒါပေမဲ့ AA နဲ့စပ်ဆက်နေတဲ့သူတွေ ရှိတယ်။ သူ့ဆီက ခိုင်လုံတဲ့အထောက်အထားတွေရတယ်ဆိုရင် ဥပဒေကြောင်းအရတော့ ဆက်လုပ်မှာပဲလေ။ ဒီတိုင်းတော့ AA နဲ့စပ်ဆက်နေတာကိုသိရဲ့သားနဲ့ ကျွန်တော်တို့က ဒီတိုင်းမထားဘူး။ AA လိုတော့သတ်မပစ်ဘူး သေချာတယ်”

တပ်မတော်က မနေ့ကစပြီး ရွာသာယာကျေးရွာကို အပြင်လူ ပေးမဝင်သလို ရွာအတွင်းကနေလည်း ထွက်ခွင့် မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွေအတွင်း တပ်မတော်က စစ်ဆေးဆောင်ရွက်နေမှုတွေအပေါ် လွှတ်တော်အတွင်း တင်ပြဆွေးနွေး နိုင်ဖို့ကလည်း အခက်အခဲတွေ ရှိနေတယ်လို့  မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ရွာသားတွေကို ဖမ်းဆီးမယ်၊ စစ်ဆေးမယ်။ ကြာလာရင်တော့ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးကအစ ကြောက်ရွံ့တာတွေ ဖြစ်ပေါ်နေတာပေါ့။ ဒီလိုအခြေအနေမျိုး ဘယ်လောက်ထိ ဆက်ရှိမလဲစစ်ရေးကိစ္စမို့ ဒီဖက်မှာလုပ်ရတာက နဲနဲ မထိရောက်ဘူးပေါ့။ ကျွန်တော်တို့က စောင့်ကြည့်ရတဲ့သဘောပဲ။ အမှန်ကလွှတ်တော်ထဲမှာ ဒီကိစ္စက ငြိမ်းချမ်းရေးရဖို့အတွက် အဆိုတင်ပြီးတော့ ဆွေးနွေးရမယ့် သဘောတော့ရှိတယ်။ ဒါပေမဲ့ လောလောဆယ် လွှတ်တော်က ဒါမျိုးတွေခွင့်ပြုမှာ မဟုတ်သေးဘူး”

မနေ့က မနက်ပိုင်းကလည်း ရွာသာယာကျေးရွာကို ငါးလာရောင်းတဲ့ ဝက်ရူးကျေးရွာက လင်မယားနှစ်ဦး ယောချောင်းအတွင်း စက်လှေမောင်းနှင်သွားစဉ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် အမျိုးသမီးရဲ့ ဘယ်ဘက် ရင်အုံ ကျည်သင့်ပြီး သေဆုံးသွားခဲ့ပါတယ်။

ဒေသခံတွေက တပ်မတော်ဘက်က ပစ်တာလို့ ပြောနေကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တပ်မတော်က ပစ်ခတ်တာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့က မနက် ၇ နာရီခန့်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး တပ်မတော်က ရွာသာယာရွာကို နေ့လယ်မှ ရောက်ရှိလာတာလို့ သူက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ အဲဒီအမျိုးသမီးသေဆုံးမှုဟာ တပ်မတော်ရဲ့ လုပ်ဆောင်ချက်လို့ ပြောပါတယ်။

“ဗမာစစ်တပ်ကနေပြီးတော့ သေနတ်နဲ့ပစ်လို့ အမျိုးသမီးသေသွားတာရှိတယ် ကိုယ်ဝန်လည်း လေးလ ရှိတာပေါ့။ အဲဒီဥစ္စာ ဗမာစစ်တပ်က သူတို့ကိုပစ်သတ်တာ။ မိသားစုက ယူဆတာမဟုတ်ဘူး။ သူတို့စက်လှေကို ပြန်သွားခိုင်းပြီးတော့ နောက်ကကို လိုက်ပစ်သတ်တာ။ ရွာသားတွေက မျက်မြင်သက်သေတွေ မြင်ကြတာဖြစ်တယ်”

သေနတ်ကျည်မှန်လို့ သေဆုံးသွားတဲ့ ဒေါ်ဦးခင်သန်းရဲ့ ရုပ်အလောင်းကို မနေ့က မြေပုံမြို့  ပြည်သူ့ဆေးရုံကို သယ်ဆောင်ပြီး ဆေးစစ်ချက် ရယူခဲ့ပြီးနောက် ဒီနေ့ နေ့လယ်မှာ ဝက်ရူးကျေးရွာမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ဆေးစစ်ချက်ရယူထားတဲ့ အခြေအနေနဲ့ အမှုဖွင့်ဆောင်ရွက်ထားမှု အခြေအနေတွေကို သိနိုင်ဖို့ ဒေါ်ဦးခင်သန်း ရဲ့ ခင်ပွန်းဖြစ်သူကို RFA က မေးမြန်းဖို့ ကြိုးပမ်းနေပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွားတွေကြောင့် သေဆုံးသူ ၉၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၄၀ နီးပါးရှိကြောင်း ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
ေျမပုံေဒသခံ ငါးဦးကို တပ္က ဖမ္းဆီး ေျမပုံေဒသခံ ငါးဦးကို တပ္က ဖမ္းဆီး Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.