လြိဳင္ေကာ္ၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္တြင္ ကခုန္ရာမွ ဓါးထိုးမႈျဖစ္ပြားၿပီး လူတစ္ဦးေသဆုံး

(Zawgyi)⤵⤵⤵
လြိဳင္ေကာ္ ႏိုဝင္ဘာ ၁၁

လြိဳင္ေကာ္ၿမိဳ႕၊ သီရိမဂၤလာေတာင္ေတာ္ (ေတာင္ကြဲ)ေစတီရွိ တန္ေဆာင္တိုင္ပြဲေတာ္က်င္းပရာ ပင္လယ္ ဓားျပေလွေရွ႕တြင္ ႏိုဝင္ဘာ ၉ ရက္ ည ၉ နာရီခန္႔က ကခုန္ၾကရာမွ ခိုက္ရန္ျဖစ္ပြားၿပီး ဓါးထိုးမႈျဖစ္ပြားခဲ့ၿပီး လြိဳင္ေကာ္ၿမိဳ႕၊ ခ်ီကယ္ေက်း႐ြာအုပ္စု၊ ေဒါတျခား (ပအိုဝ့္)ေက်း႐ြာေန ခ်မ္းၿငိမ္း မွာ ဓါးဒဏ္ရာ ရရွိခဲ့သျဖင့္ လြိဳင္ေကာ္ ျပည္သူေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ရာ နံနက္ ၃နာရီ ၄၅ မိနစ္တြင္ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္ ႏွင့္စပ္လ်ဥ္း၍ စုံစမ္းေဖာ္ထုတ္ရန္ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ေဇာ္မိုးဦးႏွင့္ အဖြဲ႕သည္ ႏိုဝင္ဘာ ၁၀ ရက္နံနက္ ၆ နာရီခြဲအခ်ိန္တြင္ အခင္းျဖစ္ပြားရာသို႔ သြားေရာက္ စုံစမ္းခဲ့ရာ လြိဳင္ေကာ္ၿမိဳ႕ေဒါတမရပ္ကြက္ေန ကိုၿဖိဳး (ခ) ေက်ာ္သူစိုးႏွင့္ လူငယ္(၆)ဦးျဖစ္ေၾကာင္း စုံစမ္းသိရွိရသျဖင့္ တာဝန္ရွိသူမ်ားႏွင့္အတူ သြားေရာက္ဖမ္းဆီးရာ မိုးၿပဲေက်း႐ြာ ကင္းေဆာင္ဘုန္းႀကီးေက်ာင္းတြင္ ကိုၿဖိဳး(ခ)ေက်ာ္သူစိုးႏွင့္အတူ မွတ္ႀကီး (ခ) ရႈိင္းမင္းေထြး၊ ၿဖိဳးေက်ာ္ (ခ) မ်ိဳးျမင့္ျမတ္တို႔ကို ဖမ္းဆီးခဲ့ၿပီး ၎တို႔အားစစ္ေဆးခဲ့ရာ အမႈတြင္ပါဝင္သူ မ်ားမွာ တစ္ရပ္ကြက္တည္းေန သက္ခြန္ေနာင္၊ မင္းကိုကို ႏွင့္ ထြန္းထြန္းႏိုင္တို႔ျဖစ္ၿပီး ထြန္းထြန္းႏိုင္ဆိုသူမွာ ေသဆုံးသူ ခ်မ္းၿငိမ္းအား အသင့္ပါလာသည့္ အ႐ိုးအသြား ၉ လက္မခန႔္အရွည္ရွိ ခလုတ္ႏွိပ္ဓါးျဖင့္ ၃ ခ်က္ခန႔္ထိုးသြင္းခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သည္။

ဆက္လက္၍ ျပစ္မႈက်ဴးလြန္သူ သက္ခြန္ေနာင္၊ မင္းကိုကိုတို႔အား ၎တို႔ေနအိမ္တြင္ သြားေရာက္ဖမ္းဆီးရမိခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူ ထြန္းထြန္းႏိုင္အား မိုင္းလုံးရပ္ကြက္၌ ဖမ္းဆီးရမိခဲ့သည္။

လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းက ျပစ္မႈက်ဴးလြန္သူမ်ားအား အမႈဖြင့္ေဆာင္႐ြက္ထားရွိေၾကာင္း သိရသည္။

ကိုစိုင္း (လြိဳင္ေကာ္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
--------------
(Unicode)⤵⤵⤵
လွိုင်ကော်မြို့ တန်ဆောင်တိုင်ပွဲတော်တွင် ကခုန်ရာမှ ဓါးထိုးမှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

လွိုင်ကော် နိုဝင်ဘာ ၁၁

လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်တော် (တောင်ကွဲ)စေတီရှိ တန်ဆောင်တိုင်ပွဲတော်ကျင်းပရာ ပင်လယ် ဓားပြလှေရှေ့တွင် နိုဝင်ဘာ ၉ ရက် ည ၉ နာရီခန့်က ကခုန်ကြရာမှ ခိုက်ရန်ဖြစ်ပွားပြီး ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့၊ ချီကယ်ကျေးရွာအုပ်စု၊ ဒေါတခြား (ပအိုဝ့်)ကျေးရွာနေ ချမ်းငြိမ်း မှာ ဓါးဒဏ်ရာ ရရှိခဲ့သဖြင့် လွိုင်ကော် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ နံနက် ၃နာရီ ၄၅ မိနစ်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ် နှင့်စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ရန် လွိုင်ကော်မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မိုးဦးနှင့် အဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်နံနက် ၆ နာရီခွဲအချိန်တွင် အခင်းဖြစ်ပွားရာသို့ သွားရောက် စုံစမ်းခဲ့ရာ လွိုင်ကော်မြို့ဒေါတမရပ်ကွက်နေ ကိုဖြိုး (ခ) ကျော်သူစိုးနှင့် လူငယ်(၆)ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်ဖမ်းဆီးရာ မိုးပြဲကျေးရွာ ကင်းဆောင်ဘုန်းကြီးကျောင်းတွင် ကိုဖြိုး(ခ)ကျော်သူစိုးနှင့်အတူ မှတ်ကြီး (ခ) ရှိုင်းမင်းထွေး၊ ဖြိုးကျော် (ခ) မျိုးမြင့်မြတ်တို့ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အားစစ်ဆေးခဲ့ရာ အမှုတွင်ပါဝင်သူ များမှာ တစ်ရပ်ကွက်တည်းနေ သက်ခွန်နောင်၊ မင်းကိုကို နှင့် ထွန်းထွန်းနိုင်တို့ဖြစ်ပြီး ထွန်းထွန်းနိုင်ဆိုသူမှာ သေဆုံးသူ ချမ်းငြိမ်းအား အသင့်ပါလာသည့် အရိုးအသွား ၉ လက်မခန့်အရှည်ရှိ ခလုတ်နှိပ်ဓါးဖြင့် ၃ ချက်ခန့်ထိုးသွင်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။

ဆက်လက်၍ ပြစ်မှုကျူးလွန်သူ သက်ခွန်နောင်၊ မင်းကိုကိုတို့အား ၎င်းတို့နေအိမ်တွင် သွားရောက်ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ထွန်းထွန်းနိုင်အား မိုင်းလုံးရပ်ကွက်၌ ဖမ်းဆီးရမိခဲ့သည်။

လွိုင်ကော်မြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူများအား အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုစိုင်း (လွိုင်ကော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လြိဳင္ေကာ္ၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္တြင္ ကခုန္ရာမွ ဓါးထိုးမႈျဖစ္ပြားၿပီး လူတစ္ဦးေသဆုံး လြိဳင္ေကာ္ၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္တြင္ ကခုန္ရာမွ ဓါးထိုးမႈျဖစ္ပြားၿပီး လူတစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.