နမ့္ဆန္ၿမိဳ့နယ္၊ မန္မိုင္ မန္ကြမ္းေက်းရြာကို တပ္မေတာ္စစ္ေၾကာင္းမွ လာေရာက္စဥ္ ရြာအဝင္မွာ မိုင္းေပါက္ကြဲခဲ့တဲ့အတြက္ ရြာသား၅၀ဦးကို ဖမ္းဆီးစစ္ေဆး

(Zawgyi)⤵⤵⤵

ေတာင္ႀကီး၊ နိုဝင္ဘာ ၂၂

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ့နယ္၊ ဟူးခင္ေက်းရြာအုပ္စု၊ မန္မိုင္ မန္ကြမ္းေက်းရြာကို ဒီကေန႔ နိုဝင္ဘာလ ၂၂ရက္၊ နံနက္ပိုင္းအခ်ိန္က တပ္မေတာ္စစ္ေၾကာင္းလာေရာက္တဲ့အခ်ိန္ ရြာအဝင္မွာ မိုင္းေပါက္ကြဲခဲ့တဲ့အတြက္ ရြာသား၅၀ဦးကို ဖမ္းဆီးစစ္ေဆးခဲ့တယ္လို့ နမ့္ဆန္ၿမိဳ့နယ္၊ အမွတ္(၁)မဲဆႏၵနယ္မွ ဦးဝင္းေက်ာ္(ခ)ဦးအိုက္မိန္းထံကေန သိရပါတယ္။

မန္မိုင္ မန္ကြမ္းေက်းရြာကို ဒီကေန႔ နံနက္ပိုင္းအခ်ိန္က ျမန္မာ့တပ္မေတာ္ တပ္မ(၈၈)က လာေရာက္ရာ ရြာအဝင္မွာ မိုင္းတစ္လုံးေပါက္ကြဲခဲ့တဲ့အတြက္ အဲဒီရြာမွာ အစည္းအေဝးျပဳလုပ္ေနတဲ့ ရြာသား(၅၀)ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ေက်းရြာအုပ္ခ်ဳပ္ေရးမွူးကိုေတာ့ ႀကိဳးခ်ည္ၿပီး ေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို့ သိရပါတယ္။

“ရြာမွာ က်န္းမာေရးဆရာမေတြေရာ ပညာေရးဆရာမေတြေရာ ဘာအစည္းအေဝး လုပ္ေနၾကတယ္။ ရြာဝင္ခါနီးမွာ မိုင္းအဆြဲခံရတယ္။ အဲဒါနဲ႔ သူတို့က ရြာကိုဆင္းလာေတာ့ အစည္းအေဝးလုပ္ေနတာေတြ႕လို့ အကုန္လုးကို ေခၚသြားတာ။ ဘယ္ကိုေခၚသြားတာလဲဆိုတာကိုေတာ့ ဘယ္သူမွ မသိဘူး။ အကုန္လုံးကေတာ့ ဒီညေနမွာျပန္လြတ္လာတယ္လို့ေတာ့ ေျပာတာဘဲ။ ကၽြန္ေတာ္နဲ႔ေတာ့ အဆက္အသြယ္မရေသးဘူး”လို့ ဦးဝင္းေက်ာ္က ေရႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

အဲဒီလို ဖမ္းဆီးေခၚေဆာင္စစ္ေဆးမွုနဲ႔ပါတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွူးခ်ဳပ္ေဇာ္မင္းထြန္း(ဖုန္း ၀၉-၃၉၁၀၁၅၁၂)ကို ေရႊႀတိဂံေဒသ သတင္းဌာနမွ ဆက္သြယ္ေမးမန္းဖို့ႀကိဳးစားခဲ့ေပမယ့္ ဖုန္းျပန္လည္ေျဖၾကားျခင္း မရွိခဲ့ပါဘူး။

ဒီကေန႔ နံနက္ပိုင္းအခ်ိန္ကလည္း နမ့္ဆန္ၿမိဳ့နယ္အတြင္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ TNLAတို့ ထိေတြ႕ပစ္ခတ္မွုေတြ ျဖစ္ပြားခဲ့ၿပီး အေသးစိတ္အေျခအေနကို သိရွိရျခင္း မရွိေသးပါဘူး။

သတင္း-ရဲရင့္ဇြဲ(ေရႊႀတိဂံ)
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
---------------
(Unicode)⤵⤵⤵
နမ့်ဆန်မြို့နယ်၊ မန်မိုင် မန်ကွမ်းကျေးရွာကို တပ်မတော်စစ်ကြောင်းမှ လာရောက်စဉ် ရွာအဝင်မှာ မိုင်းပေါက်ကွဲခဲ့တဲ့အတွက် ရွာသား၅၀ဦးကို ဖမ်းဆီးစစ်ဆေး

တောင်ကြီး၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာအုပ်စု၊ မန်မိုင် မန်ကွမ်းကျေးရွာကို ဒီကနေ့ နိုဝင်ဘာလ ၂၂ရက်၊ နံနက်ပိုင်းအချိန်က တပ်မတော်စစ်ကြောင်းလာရောက်တဲ့အချိန် ရွာအဝင်မှာ မိုင်းပေါက်ကွဲခဲ့တဲ့အတွက် ရွာသား၅၀ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ နမ့်ဆန်မြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်မှ ဦးဝင်းကျော်(ခ)ဦးအိုက်မိန်းထံကနေ သိရပါတယ်။

မန်မိုင် မန်ကွမ်းကျေးရွာကို ဒီကနေ့ နံနက်ပိုင်းအချိန်က မြန်မာ့တပ်မတော် တပ်မ(၈၈)က လာရောက်ရာ ရွာအဝင်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့တဲ့အတွက် အဲဒီရွာမှာ အစည်းအဝေးပြုလုပ်နေတဲ့ ရွာသား(၅၀)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကိုတော့ ကြိုးချည်ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ရွာမှာ ကျန်းမာရေးဆရာမတွေရော ပညာရေးဆရာမတွေရော ဘာအစည်းအဝေး လုပ်နေကြတယ်။ ရွာဝင်ခါနီးမှာ မိုင်းအဆွဲခံရတယ်။ အဲဒါနဲ့ သူတို့က ရွာကိုဆင်းလာတော့ အစည်းအဝေးလုပ်နေတာတွေ့လို့ အကုန်လုးကို ခေါ်သွားတာ။ ဘယ်ကိုခေါ်သွားတာလဲဆိုတာကိုတော့ ဘယ်သူမှ မသိဘူး။ အကုန်လုံးကတော့ ဒီညနေမှာပြန်လွတ်လာတယ်လို့တော့ ပြောတာဘဲ။ ကျွန်တော်နဲ့တော့ အဆက်အသွယ်မရသေးဘူး”လို့ ဦးဝင်းကျော်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီလို ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမှုနဲ့ပါတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း(ဖုန်း ၀၉-၃၉၁၀၁၅၁၂)ကို ရွှေတြိဂံဒေသ သတင်းဌာနမှ ဆက်သွယ်မေးမန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဒီကနေ့ နံနက်ပိုင်းအချိန်ကလည်း နမ့်ဆန်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ TNLAတို့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အသေးစိတ်အခြေအနေကို သိရှိရခြင်း မရှိသေးပါဘူး။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
နမ့္ဆန္ၿမိဳ့နယ္၊ မန္မိုင္ မန္ကြမ္းေက်းရြာကို တပ္မေတာ္စစ္ေၾကာင္းမွ လာေရာက္စဥ္ ရြာအဝင္မွာ မိုင္းေပါက္ကြဲခဲ့တဲ့အတြက္ ရြာသား၅၀ဦးကို ဖမ္းဆီးစစ္ေဆး နမ့္ဆန္ၿမိဳ့နယ္၊ မန္မိုင္ မန္ကြမ္းေက်းရြာကို တပ္မေတာ္စစ္ေၾကာင္းမွ လာေရာက္စဥ္ ရြာအဝင္မွာ မိုင္းေပါက္ကြဲခဲ့တဲ့အတြက္ ရြာသား၅၀ဦးကို ဖမ္းဆီးစစ္ေဆး Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.