ကိုယ့္ကေလးက အျခားကေလးေတြထက္ ပိန္ေနတယ္ ဘယ္လိုလုပ္ရမလဲ

(Zawgyi)⤵⤵⤵
ကိုယ့္ကေလးက အျခားကေလးေတြနဲ႔ ယွဥ္လိုက္တဲ့အခါပိုၿပီး ေသးေနတာမ်ိဳး၊ ဒီထက္ေတာ့ နည္းနည္း ပိုထြားသင့္တယ္ဆိုတာမ်ိဳးနဲ႔ အစားသိပ္မစားဘူးဆိုတဲ့ အေၾကာင္းအရာေတြက ကေလးရွိတဲ့ ေမေမတိုင္းရဲ႕ ေခါင္းထဲမွာ အၿမဲရွိေနတဲ့ အေတြးေတြ ျဖစ္ပါတယ္။ တကယ္လည္း ကိုယ့္ကေလးက ပိန္ေနတယ္ဆိုရင္ ဘာလုပ္ေပးရမလဲဆိုတဲ့ အေတြးကလည္း ေနာက္မွာအၿမဲ ကပ္ပါလာတတ္ပါတယ္။

ဒီေတာ့ကိုယ့္ကေလးက ပိန္ေနရင္ ေမေမတို႔ ဘာလုပ္ၾကမလဲ ။ ။

(၁) အရင္ဆုံး ကေလးဆရာဝန္ဆီသြားပါ။

ကေလးပိန္တယ္ ညက္တယ္ဆိုတာကို အျမင္တစ္ခုတည္းနဲ႔ ဆုံးျဖတ္လို႔မရပါဘူး။ ၾကည့္လိုက္ရင္ ပိန္ေနသလိုျဖစ္ေပမယ့္ သူ႔ အရပ္ သူ႔အသက္ နဲ႔ ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္အတြင္းမွာရွိတယ္ဆိုရင္ အရမ္းပိန္ေနတယ္လို႔ ေျပာလို႔မရပါဘူး။ ဒါ့ေၾကာင့္ ဆရာဝန္ဆီသြားၿပီး အရပ္ ကိုယ္အေလးခ်ိန္ တို႔ကို တိုင္းပါ။ ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္ေအာက္ ေရာက္မေရာက္ကို သူက ဆုံးျဖတ္ေပး ပါလိမ့္မယ္။ ။

(၂) ကေလးမွာ ေရာဂါ အခံတစ္ခုရွိမရွိ စစ္ေဆးပါ။

ေရာဂါအခံတစ္ခုေၾကာ့င့္ ကေလး ညက္ေနတာမဟုတ္ဘူးဆိုရင္ အခ်ိန္တန္တာနဲ႔ ကိုယ္အေလးခ်ိန္ ျပန္တက္လာမွာပါ။ ေရာဂါရွိမရွိကို ဆရာဝန္က စစ္ေဆး စမ္းသပ္မွာ ျဖစ္ၿပီး ေမေမတို႔ ဘက္ကလည္း ေဆးခန္းမသြားခင္ အိမ္မွာတည္းက ကိုယ့္ကေလးက အစားေကာင္းေကာင္း စားလား၊ လန္းလန္းဆန္းဆန္းရွိလား၊ အိပ္လို႔ေရာေပ်ာ္ရဲ႕လားဆိုတာ ေမေမတို႔ ေသခ်ာေစာင့္ၾကည့္ ရမွာေနာ္။ ဒါမွ ကေလးပုံမွန္မဟုတ္တာကို ေမေမတို႔ ျမန္ျမန္သိႏိုင္မွာေလေနာ္။

(၃) သန္ခ်ဖို႔လည္း မေမ့ပါနဲ႔။

သန္ ဆိုတဲ့ ကပ္ပါးေကာင္ေတြက ကေလးရဲ႕ အူအတြင္းမွာေနၿပီး ကေလးစားလိုက္သမွ် အာဟာရဓာတ္ေတြကို အကုန္ထိုင္ယူေနၿပီး ကေလးကို ဗိုက္ေအာင့္ ဗိုက္နာျဖစ္ေအာင္ ဒုကၡေပးတဲ့ အေကာင္ေတြပါ။ သူတို႔ေတြေၾကာင့္ပဲ ကေလးစားတဲ့ အာဟာရေတြ ကိုယ္ခႏၶာက မစုပ္ယူႏိုင္လို႔ ကေလးပိန္ေနတာျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကေလးအသက္ ၁ ႏွစ္ေက်ာ္လာၿပီဆိုတာနဲ႔ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး သန္ခ်ဖို႔ ျပင္သင့္ပါၿပီ။ ဒါ့အျပင္ ေတြ႕ကရာ အစားအစာေတြ ကေလးပါးစပ္ထဲေလွ်ာက္မထည့္ဖို႔၊ ညစ္ပတ္တာေတြ မစားမိဖို႔နဲ႔ သန္႔ရွင္းတဲ့ အစားအေသာက္ေတြ ျပင္ဆင္ေကြၽးေမြးဖို႔ဆိုတာ ေမေမတို႔အတြက္ အေရးႀကီးတဲ့အပိုင္းျဖစ္သြားၿပီေနာ္။ ။

( ၄ ) ကေလးကို အာဟာရမွ်တ ျပည့္ဝစြာေကြၽးပါ။

ကေလးႀကိဳက္တာခ်ည္းပဲ မေကြၽးဘဲ အ႐ြက္၊ အသား၊ ထမင္း မွ်တေအာင္ေကြၽးပါ။ ကေလး အစာစားခ်င္စိတ္ရွိေအာင္လည္း အေရာင္စုံေအာင္ ထမင္းပန္းကန္ကို ျပင္ဆင္ေပးပါ။ ကေလးကို စားဖို႔ျငင္းေနတယ္ဆိုရင္ေတာင္ ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္ ေကြၽးရမွာ ေမေမတို႔ တာဝန္ပါ။ ဒါ့အျပင္ ကေလးရဲ႕ အ႐ိုးအဆစ္ေတြ သန္မာေအာင္ တစ္ေန႔ကို ႏို႔ တစ္ခြက္ေလာက္ အနည္းဆုံးတိုက္ေပးဖို႔လည္း မေမ့ပါနဲ႔။ ထမင္းစားခ်ိန္ သေရစာစားခ်ိန္ ႏို႔ေသာက္ခ်ိန္ဆိုၿပီး ကေလးအစားစားခ်ိန္ သတ္သတ္မွတ္မွတ္ ထားပါ။

(၅) အားေဆးတိုက္သင့္ရင္လည္း တိုက္ပါ။

ကေလးက အစားေခ်း(ဂ်ီး) မ်ားၿပီး ဘာမွေကြၽးမရရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး အားေဆး တိုက္သင့္ရင္လည္း တိုက္ရပါမယ္။ ဒါမွမဟုတ္လည္း ထမင္းနဲ႔ မိခင္ႏို႔အျပင္ အျခား ျဖည့္စြက္ အာဟာရမႈန္႔ေတြ တိုက္သင့္ရင္လည္း တိုက္ဖို႔ပါ။ ကေလးက အသားမစားဘဲ အသီးအ႐ြက္ပဲ စားတဲ့သူဆိုရင္ သံဓါတ္ျဖည့္အားေဆးေတြ တိုက္ဖို႔လိုပါတယ္။ ေမေမတို႔ မွတ္ထားရမွာက ကေလးကို ဘာေဆးပဲတိုက္တိုက္ ဆရာဝန္နဲ႔ အရင္တိုင္ပင္ဖို႔ပဲ ျဖစ္ပါတယ္။

(၆) ကိုယ္လက္လႈပ္ရွားမႈလည္း လုပ္ခိုင္းပါ။

ကေလးၿငိမ္ေနရင္ၿပီးေရာဆိုၿပီး ကေလးကို တီဘီထိုင္ၾကည့္ခိုင္းတာ၊ ဖုန္းေပးၿပီး ဂိမ္းေဆာ့ခိုင္းထားတာမ်ိဳးက လုံးဝကို မလုပ္သင့္တဲ့ အရာတစ္ခုပါ။ လႈပ္ရွားမႈရွိမွ ႂကြက္သားေတြတည္ေဆာက္မႈ အားေကာင္းလာၿပီး အ႐ိုးအဆစ္ေတြ သန္မာလာမွာ ျဖစ္လို႔ အိမ္ထဲမွာ အ႐ုပ္အျပည့္ဝယ္ထားၿပီး ေဆာ့ခိုင္းမယ့္အစား ကေလးကို အျပင္ထြက္ေပးကစားပါ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
(Unicode)⤵⤵⤵
ကိုယ့်ကလေးက အခြားကလေးတွေထက် ပိန်နေတယ် ဘယ်လိုလုပ်ရမလဲ

ကိုယ့်ကလေးက အခြားကလေးတွေနဲ့ ယှဉ်လိုက်တဲ့အခါပိုပြီး သေးနေတာမျိုး၊ ဒီထက်တော့ နည်းနည်း ပိုထွားသင့်တယ်ဆိုတာမျိုးနဲ့ အစားသိပ်မစားဘူးဆိုတဲ့ အကြောင်းအရာတွေက ကလေးရှိတဲ့ မေမေတိုင်းရဲ့ ခေါင်းထဲမှာ အမြဲရှိနေတဲ့ အတွေးတွေ ဖြစ်ပါတယ်။ တကယ်လည်း ကိုယ့်ကလေးက ပိန်နေတယ်ဆိုရင် ဘာလုပ်ပေးရမလဲဆိုတဲ့ အတွေးကလည်း နောက်မှာအမြဲ ကပ်ပါလာတတ်ပါတယ်။

ဒီတော့ကိုယ့်ကလေးက ပိန်နေရင် မေမေတို့ ဘာလုပ်ကြမလဲ ။ ။

(၁) အရင်ဆုံး ကလေးဆရာဝန်ဆီသွားပါ။

ကလေးပိန်တယ် ညက်တယ်ဆိုတာကို အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ကြည့်လိုက်ရင် ပိန်နေသလိုဖြစ်ပေမယ့် သူ့ အရပ် သူ့အသက် နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်အတွင်းမှာရှိတယ်ဆိုရင် အရမ်းပိန်နေတယ်လို့ ပြောလို့မရပါဘူး။ ဒါ့ကြောင့် ဆရာဝန်ဆီသွားပြီး အရပ် ကိုယ်အလေးချိန် တို့ကို တိုင်းပါ။ ရှိသင့်တဲ့ ကိုယ်အလေးချိန်အောက် ရောက်မရောက်ကို သူက ဆုံးဖြတ်ပေး ပါလိမ့်မယ်။ ။

(၂) ကလေးမှာ ရောဂါ အခံတစ်ခုရှိမရှိ စစ်ဆေးပါ။

ရောဂါအခံတစ်ခုကြော့င့် ကလေး ညက်နေတာမဟုတ်ဘူးဆိုရင် အချိန်တန်တာနဲ့ ကိုယ်အလေးချိန် ပြန်တက်လာမှာပါ။ ရောဂါရှိမရှိကို ဆရာဝန်က စစ်ဆေး စမ်းသပ်မှာ ဖြစ်ပြီး မေမေတို့ ဘက်ကလည်း ဆေးခန်းမသွားခင် အိမ်မှာတည်းက ကိုယ့်ကလေးက အစားကောင်းကောင်း စားလား၊ လန်းလန်းဆန်းဆန်းရှိလား၊ အိပ်လို့ရောပျော်ရဲ့လားဆိုတာ မေမေတို့ သေချာစောင့်ကြည့် ရမှာနော်။ ဒါမှ ကလေးပုံမှန်မဟုတ်တာကို မေမေတို့ မြန်မြန်သိနိုင်မှာလေနော်။

(၃) သန်ချဖို့လည်း မမေ့ပါနဲ့။

သန် ဆိုတဲ့ ကပ်ပါးကောင်တွေက ကလေးရဲ့ အူအတွင်းမှာနေပြီး ကလေးစားလိုက်သမျှ အာဟာရဓာတ်တွေကို အကုန်ထိုင်ယူနေပြီး ကလေးကို ဗိုက်အောင့် ဗိုက်နာဖြစ်အောင် ဒုက္ခပေးတဲ့ အကောင်တွေပါ။ သူတို့တွေကြောင့်ပဲ ကလေးစားတဲ့ အာဟာရတွေ ကိုယ်ခန္ဓာက မစုပ်ယူနိုင်လို့ ကလေးပိန်နေတာဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကလေးအသက် ၁ နှစ်ကျော်လာပြီဆိုတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သန်ချဖို့ ပြင်သင့်ပါပြီ။ ဒါ့အပြင် တွေ့ကရာ အစားအစာတွေ ကလေးပါးစပ်ထဲလျှောက်မထည့်ဖို့၊ ညစ်ပတ်တာတွေ မစားမိဖို့နဲ့ သန့်ရှင်းတဲ့ အစားအသောက်တွေ ပြင်ဆင်ကျွေးမွေးဖို့ဆိုတာ မေမေတို့အတွက် အရေးကြီးတဲ့အပိုင်းဖြစ်သွားပြီနော်။ ။

( ၄ ) ကလေးကို အာဟာရမျှတ ပြည့်ဝစွာကျွေးပါ။

ကလေးကြိုက်တာချည်းပဲ မကျွေးဘဲ အရွက်၊ အသား၊ ထမင်း မျှတအောင်ကျွေးပါ။ ကလေး အစာစားချင်စိတ်ရှိအောင်လည်း အရောင်စုံအောင် ထမင်းပန်းကန်ကို ပြင်ဆင်ပေးပါ။ ကလေးကို စားဖို့ငြင်းနေတယ်ဆိုရင်တောင် ချော့တစ်ခါ ခြောက်တစ်လှည့် ကျွေးရမှာ မေမေတို့ တာဝန်ပါ။ ဒါ့အပြင် ကလေးရဲ့ အရိုးအဆစ်တွေ သန်မာအောင် တစ်နေ့ကို နို့ တစ်ခွက်လောက် အနည်းဆုံးတိုက်ပေးဖို့လည်း မမေ့ပါနဲ့။ ထမင်းစားချိန် သရေစာစားချိန် နို့သောက်ချိန်ဆိုပြီး ကလေးအစားစားချိန် သတ်သတ်မှတ်မှတ် ထားပါ။

(၅) အားဆေးတိုက်သင့်ရင်လည်း တိုက်ပါ။

ကလေးက အစားချေး(ဂျီး) များပြီး ဘာမှကျွေးမရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေး တိုက်သင့်ရင်လည်း တိုက်ရပါမယ်။ ဒါမှမဟုတ်လည်း ထမင်းနဲ့ မိခင်နို့အပြင် အခြား ဖြည့်စွက် အာဟာရမှုန့်တွေ တိုက်သင့်ရင်လည်း တိုက်ဖို့ပါ။ ကလေးက အသားမစားဘဲ အသီးအရွက်ပဲ စားတဲ့သူဆိုရင် သံဓါတ်ဖြည့်အားဆေးတွေ တိုက်ဖို့လိုပါတယ်။ မေမေတို့ မှတ်ထားရမှာက ကလေးကို ဘာဆေးပဲတိုက်တိုက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ပဲ ဖြစ်ပါတယ်။

(၆) ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ခိုင်းပါ။

ကလေးငြိမ်နေရင်ပြီးရောဆိုပြီး ကလေးကို တီဘီထိုင်ကြည့်ခိုင်းတာ၊ ဖုန်းပေးပြီး ဂိမ်းဆော့ခိုင်းထားတာမျိုးက လုံးဝကို မလုပ်သင့်တဲ့ အရာတစ်ခုပါ။ လှုပ်ရှားမှုရှိမှ ကြွက်သားတွေတည်ဆောက်မှု အားကောင်းလာပြီး အရိုးအဆစ်တွေ သန်မာလာမှာ ဖြစ်လို့ အိမ်ထဲမှာ အရုပ်အပြည့်ဝယ်ထားပြီး ဆော့ခိုင်းမယ့်အစား ကလေးကို အပြင်ထွက်ပေးကစားပါ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကိုယ့္ကေလးက အျခားကေလးေတြထက္ ပိန္ေနတယ္ ဘယ္လိုလုပ္ရမလဲ ကိုယ့္ကေလးက အျခားကေလးေတြထက္ ပိန္ေနတယ္ ဘယ္လိုလုပ္ရမလဲ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.