ေအေအဖမ္းသြားတဲ့ ထဲက အိႏၵိယႏိုင္ငံသား တစ္ဦး ေသဆုံး၊ ၉ဦးကို ျပန္လႊတ္ေပး

 ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္ ၁၁ ရဲ႕ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကိုေတာ့ ဆက္ေခၚထားတုန္းလို႔ သူကေျပာပါတယ္။
(Zawgyi)⤵⤵⤵
ေအေအက ဖမ္းသြားတဲ့ ကုလားတန္စီမံကိန္းက အိႏၵိယႏိုင္ငံသားဝန္ထမ္း ၅ဦးထဲကမွ အသက္ ၆၀အ႐ြယ္ တဦးေသဆုံးၿပီး အေလာင္းနဲ႔အတူ က်န္တဲ့ ၈ဦးတို႔ကို ႏိုဝင္ဘာ ၄ရက္ ဒီေန႔မနက္က ျပန္လႊတ္ေပးလိုက္ တယ္လို႔ စည္ပင္သာယာေရး၊ လွ်ပ္စစ္နဲ႔ စက္မႈလက္မႈဝန္ႀကီး ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထက္က ဘီဘီစီကိုေျပာပါတယ္။

အဲဒီလိုျပန္လႊတ္ေပးခဲ့ေပမယ့္ ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္ ၁၁ ရဲ႕ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကိုေတာ့ ဆက္ေခၚထားတုန္းလို႔ သူကေျပာပါတယ္။ အဲဒီ ၉ဦးကို ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲကို ျပန္ပို႔ေပးခဲ့တာျဖစ္ပါတယ္။

အခုေသဆုံးတဲ့ အိႏၵိယႏိုင္ငံသားက ကုလားတန္စီမံကိန္းထဲက ပလက္ဝနဲ႔ ျမစ္ဝ အၾကားလမ္းေဖာက္ လုပ္ေရး စီမံကိန္းကို တာဝန္ယူထားတဲ့ ကုမၸဏီက တာဝန္ခံအႀကီးတန္းအရာရွိေတြျဖစ္ႏိုင္တယ္လို႔ ခ်င္းျပည္နယ္ အစိုးရက ခန႔္မွန္းေျပာဆိုပါတယ္။

ဦးေဝွ႔တင္းအပါအဝင္ ၁၀ ဦးကို ႏိုဝင္ဘာလ ၃ရက္ေန႔မနက္ပိုင္းက ေအေအက ဖမ္းဆီးသြားခဲ့တာလို႔ ခ်င္းျပည္နယ္ အစိုးရက ဘီဘီစီကိုေျပာပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ကို ဆက္ေခၚယူထားတာနဲ႔ အိႏၵိယႏိုင္ငံသား ေသဆုံးမႈေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးပုံရိပ္အေပၚထိခိုက္မႈ မရွိဖို႔ အစိုးရခ်င္းဆက္သြယ္မႈေတြျပဳလုပ္ေျဖရွင္းဖို႔ ရွိတယ္လို႔ ဦးစိုးထက္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------------
(Unicode)⤵⤵⤵

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ဆက်ခေါ်ထားတုန်းလို့ သူကပြောပါတယ်။

အေအေဖမ်းသွားတဲ့ ထဲက အိန္ဒိယနိုင်ငံသား တစ်ဦး သေဆုံး၊ ၉ဦးကို ပြန်လွှတ်ပေး

အေအေက ဖမ်းသွားတဲ့ ကုလားတန်စီမံကိန်းက အိန္ဒိယနိုင်ငံသားဝန်ထမ်း ၅ဦးထဲကမှ အသက် ၆၀အရွယ် တဦးသေဆုံးပြီး အလောင်းနဲ့အတူ ကျန်တဲ့ ၈ဦးတို့ကို နိုဝင်ဘာ ၄ရက် ဒီနေ့မနက်က ပြန်လွှတ်ပေးလိုက် တယ်လို့ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က ဘီဘီစီကိုပြောပါတယ်။

အဲဒီလိုပြန်လွှတ်ပေးခဲ့ပေမယ့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ဆက်ခေါ်ထားတုန်းလို့ သူကပြောပါတယ်။ အဲဒီ ၉ဦးကို ကျောက်တော်မြို့နယ်ထဲကို ပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်။

အခုသေဆုံးတဲ့ အိန္ဒိယနိုင်ငံသားက ကုလားတန်စီမံကိန်းထဲက ပလက်ဝနဲ့ မြစ်ဝ အကြားလမ်းဖောက် လုပ်ရေး စီမံကိန်းကို တာဝန်ယူထားတဲ့ ကုမ္ပဏီက တာဝန်ခံအကြီးတန်းအရာရှိတွေဖြစ်နိုင်တယ်လို့ ချင်းပြည်နယ် အစိုးရက ခန့်မှန်းပြောဆိုပါတယ်။

    NLD လွှတ်တော်ကိုယ်စားလှယ်နဲ့အိန္ဒိယနိုင်ငံသား ဝန်ထမ်းတွေကိုအေအေဖမ်းသွားတယ် လို့အစိုးရပြော

ဦးဝှေ့တင်းအပါအဝင် ၁၀ ဦးကို နိုဝင်ဘာလ ၃ရက်နေ့မနက်ပိုင်းက အေအေက ဖမ်းဆီးသွားခဲ့တာလို့ ချင်းပြည်နယ် အစိုးရက ဘီဘီစီကိုပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို ဆက်ခေါ်ယူထားတာနဲ့ အိန္ဒိယနိုင်ငံသား သေဆုံးမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးပုံရိပ်အပေါ်ထိခိုက်မှု မရှိဖို့ အစိုးရချင်းဆက်သွယ်မှုတွေပြုလုပ်ဖြေရှင်းဖို့ ရှိတယ်လို့ ဦးစိုးထက်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ေအေအဖမ္းသြားတဲ့ ထဲက အိႏၵိယႏိုင္ငံသား တစ္ဦး ေသဆုံး၊ ၉ဦးကို ျပန္လႊတ္ေပး ေအေအဖမ္းသြားတဲ့ ထဲက အိႏၵိယႏိုင္ငံသား တစ္ဦး ေသဆုံး၊ ၉ဦးကို ျပန္လႊတ္ေပး Reviewed by THITHTOOLWIN on 09:46 Rating: 5
Powered by Blogger.