ေလယာဥ္ေမာင္းခန္းထဲက အမ်ိဳးသမီးတစ္ဦးရဲ႕ ဓာတ္ပုံေၾကာင့္ ေလယာဥ္မႉး အလုပ္ျပဳတ္

 ေလယာဥ္ေမာင္းခန္းထဲမွာ ၿငိမ္းခ်မ္းေရးသေကၤတ လက္ႏွစ္ေခ်ာင္း ေထာင္ျပေနပုံကို အဲဒီအမ်ိဳးသမီးခရီးသည္က ေဝဘို လူမႈကြန္ရက္ေပၚတင္ခဲ့
(Zawgyi)⤵⤵⤵
အမ်ိဳးသမီး ခရီးသည္တစ္ဦးရဲ႕ ေလယာဥ္ေမာင္းခန္းထဲက ဓာတ္ပုံ လူမႈကြန္ရက္ေပၚ ပ်ံ႕ႏွံ႔သြားခဲ့အၿပီးမွာ တ႐ုတ္ ေလယာဥ္မႉးတစ္ေယာက္ ေလယာဥ္ေမာင္းခြင့္ ရာသက္ပန္ အပိတ္ခံလိုက္ရပါတယ္။

အဲဒီဓာတ္ပုံကို ၿပီးခဲ့တဲ့ ဇန္နဝါရီလက ကြိလင္ၿမိဳ႕ကေန ယန္က်ိဳးၿမိဳ႕အသြား ကြိလင္ေလေၾကာင္းပိုင္ ေလယာဥ္ခရီးစဥ္တစ္ခုအတြင္း ႐ိုက္ခဲ့တာပါ။ ဒါေပမဲ့ အခုသီတင္းပတ္ကမွ လူမႈကြန္ရက္ေတြေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ေလေၾကာင္းကုမၸဏီက အဲဒီေလယာဥ္မႉးကို အေရးယူလိုက္တာ ျဖစ္ပါတယ္။

အဲဒီအမ်ိဳးသမီးကို ေဘးမွာ စားစရာ ေသာက္စရာေတြနဲ႔အတူ ေလယာဥ္ေမာင္းခန္းထဲမွာ ဓာတ္ပုံ႐ိုက္ဖို႔ ပုံေပးေနတာ ေတြ႕ရပါတယ္။

ေလယာဥ္မႉးဟာ ေလေၾကာင္း ေဘးကင္းလုံၿခဳံမႈဆိုင္ရာ စည္းမ်ဥ္း စည္းကမ္းေတြ ခ်ိဳးေဖာက္ခဲ့တယ္လို႔ ကြိလင္ေလေၾကာင္း ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

"ေလယာဥ္မႉးကို ေက်းဇူးတင္လိုက္တာ"

ဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၄ ရက္ေန႔က ကြိလင္ၿမိဳ႕ကေန ယန္က်ိဳးၿမိဳ႕ ဆီအသြား ကြိလင္ ေလေၾကာင္းပိုင္ ေလယာဥ္ခရီးစဥ္အမွတ္ GT1011 မွာ ျဖစ္ခဲ့တာလို႔ တ႐ုတ္အစိုးရပိုင္ The Global Times သတင္းက ဆိုပါတယ္။

ဒါေပမဲ့ အဲဒီ အမ်ိဳးသမီးရဲ႕ ပို႔စ္ေပၚက ဓာတ္ပုံကို ေဝဘို လူမႈကြန္ရက္ေပၚမွာ အႀကီးအက်ယ္ ေဝမွ်ခဲ့ၾကအၿပီးမွာေတာ့ တနဂၤေႏြေန႔က ေလေၾကာင္းကုမၸဏီက ဒီကိစၥကို သတိျပဳမိသြားခဲ့တာပါ။

တ႐ုတ္ႏိုင္ငံမွာ ေရပန္းစားတဲ့ ပုံစံတစ္ခုျဖစ္တဲ့ ၿငိမ္းခ်မ္းေရး သေကၤတ လက္ႏွစ္ေခ်ာင္းေထာင္ျပေနတဲ့ သူ႔ရဲ႕ ဓာတ္ပုံေအာက္မွာ အဲဒီ အမ်ိဳးသမီးက "ေလယာဥ္မႉးကို ေက်းဇူးတင္လိုက္တာ၊ အရမ္းေပ်ာ္တာပဲ"လို႔ ေရးထားတာ ေတြ႕ရပါတယ္။

အဲဒီအမ်ိဳးသမီးဟာ ကြိလင္ၿမိဳ႕က တကၠသိုလ္တစ္ခုမွာ ေလယာဥ္မယ္ သင္တန္း တက္ေနသူ ျဖစ္တယ္ ဆိုၿပီး ထင္ေၾကးေပး ေျပာေနၾကတယ္လို႔ တ႐ုတ္သတင္းဌာနရဲ႕ သတင္းစာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ဒီဓာတ္ပုံကို ေလယာဥ္ပ်ံသန္းေနတုန္း ေဝဟင္မွာ ႐ိုက္ခဲ့တာလား ဆိုတာကို ကြိလင္ေလေၾကာင္းကုမၸဏီက အတိအက် ထုတ္ေဖာ္ မေျပာခဲ့ပါဘူး။ ဒါေပမဲ့ တ႐ုတ္ ေလယာဥ္မႉးေတြနဲ႔ အကဲခတ္ေတြကေတာ့ ဒီပုံဟာ ေလယာဥ္ခရီးစဥ္အတြင္း ႐ိုက္ခဲ့ပုံ ရတယ္လို႔ ယူဆေနၾကပါတယ္။

အမည္မေဖာ္ျပတဲ့ အဲဒီ ေလယာဥ္မႉးကို ေလေၾကာင္းနဲ႔ ပတ္သက္တဲ့ လုပ္ငန္းအားလုံးကေန အလုပ္ျဖဳတ္လိုက္သလား ဆိုတာ အေသအခ်ာ မသိရေပမဲ့ ေလယာဥ္ေမာင္းခြင့္ကိုေတာ့ ရာသက္ပန္ ပိတ္ပင္လိုက္ပါတယ္။

သူဟာ ေလယာဥ္ေမာင္းခန္းထဲ မသက္ဆိုင္သူကို ေခၚသြင္းခဲ့တဲ့အတြက္ စည္းမ်ဥ္း ခ်ိဳးေဖာက္တယ္လို႔ ကြိလင္ေလေၾကာင္းကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အထူးခြင့္ျပဳခ်က္ ဒါမွမဟုတ္ မရွိမျဖစ္ လိုအပ္တဲ့အေျခအေန မဟုတ္ရင္ ေလယာဥ္ေမာင္းခန္းထဲ ခရီးသည္ေတြ ဝင္ခြင့္ မရွိဘူးလို႔ တ႐ုတ္ အရပ္ဘက္ေလေၾကာင္း အုပ္ခ်ဳပ္ေရးအဖြဲ႕က ဆိုပါတယ္။

ဒီျဖစ္ရပ္မွာ ပါဝင္ပတ္သက္ေနတဲ့ တျခား ဝန္ထမ္းေတြကိုလည္း ေနာက္ထပ္ စုံစမ္း စစ္ေဆးမႈေတြ လုပ္ေနတုန္းမွာ ရာထူးကေန ရက္အကန္႔အသတ္မရွိ ဆိုင္းငံ့ထားလိုက္ပါတယ္။

"ခရီးသည္ေတြ ေဘးကင္းလုံၿခဳံေရးဟာ ကြိလင္ ေလေၾကာင္းကုမၸဏီရဲ႕ ဦးစားေပးတာဝန္ ျဖစ္ပါတယ္။၊ ေလေၾကာင္းလုံၿခဳံမႈကို ထိပါးေစႏိုင္တဲ့ လုပ္ငန္းသေဘာမဆန္ မေလ်ာ္ကန္တဲ့ အျပဳအမူမွန္သမွ်ကို လုံးဝ သည္းမခံဘူး ဆိုတဲ့ မူဝါဒ ခ်မွတ္ထားပါတယ္" လို႔ ကြိလင္ တ႐ုတ္ေလေၾကာင္း ကုမၸဏီက ေျပာပါတယ္။

မႏွစ္တုန္းကလည္း တုန္ဟိုင္း တ႐ုတ္ေလေၾကာင္းကုမၸဏီက ေလယာဥ္မႉးတစ္ဦး သူ႔ဇနီးကို ေလယာဥ္ေမာင္းခန္းထဲ ဝင္ခြင့္ျပဳခဲ့တဲ့အတြက္ ကုမၸဏီက သူ႔ကို ေလယာဥ္မႉးရာထူးကေန ၆ လဆိုင္းငံ့ခဲ့ၿပီး သူ႔ရဲ႕ ေလေၾကာင္းနည္းျပ သင္တန္းလက္မွတ္ကို ျပန္႐ုပ္သိမ္းခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
လေယာဉ်မောင်းခန်းထဲက အမျိုးသမီးတစ်ဦးရဲ့ ဓာတ်ပုံကြောင့် လေယာဉ်မှူး အလုပ်ပြုတ်

ဓာတ်ပုံ မူပိုင် Weibo/Screenshot
Image caption လေယာဉ်မောင်းခန်းထဲမှာ ငြိမ်းချမ်းရေးသင်္ကေတ လက်နှစ်ချောင်း ထောင်ပြနေပုံကို အဲဒီအမျိုးသမီးခရီးသည်က ဝေဘို လူမှုကွန်ရက်ပေါ်တင်ခဲ့

အမျိုးသမီး ခရီးသည်တစ်ဦးရဲ့ လေယာဉ်မောင်းခန်းထဲက ဓာတ်ပုံ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့အပြီးမှာ တရုတ် လေယာဉ်မှူးတစ်ယောက် လေယာဉ်မောင်းခွင့် ရာသက်ပန် အပိတ်ခံလိုက်ရပါတယ်။

အဲဒီဓာတ်ပုံကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ကွိလင်မြို့ကနေ ယန်ကျိုးမြို့အသွား ကွိလင်လေကြောင်းပိုင် လေယာဉ်ခရီးစဉ်တစ်ခုအတွင်း ရိုက်ခဲ့တာပါ။ ဒါပေမဲ့ အခုသီတင်းပတ်ကမှ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လေကြောင်းကုမ္ပဏီက အဲဒီလေယာဉ်မှူးကို အရေးယူလိုက်တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးကို ဘေးမှာ စားစရာ သောက်စရာတွေနဲ့အတူ လေယာဉ်မောင်းခန်းထဲမှာ ဓာတ်ပုံရိုက်ဖို့ ပုံပေးနေတာ တွေ့ရပါတယ်။

လေယာဉ်မှူးဟာ လေကြောင်း ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ ချိုးဖောက်ခဲ့တယ်လို့ ကွိလင်လေကြောင်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

"လေယာဉ်မှူးကို ကျေးဇူးတင်လိုက်တာ"

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ကွိလင်မြို့ကနေ ယန်ကျိုးမြို့ ဆီအသွား ကွိလင် လေကြောင်းပိုင် လေယာဉ်ခရီးစဉ်အမှတ် GT1011 မှာ ဖြစ်ခဲ့တာလို့ တရုတ်အစိုးရပိုင် The Global Times သတင်းက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီ အမျိုးသမီးရဲ့ ပို့စ်ပေါ်က ဓာတ်ပုံကို ဝေဘို လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် ဝေမျှခဲ့ကြအပြီးမှာတော့ တနင်္ဂနွေနေ့က လေကြောင်းကုမ္ပဏီက ဒီကိစ္စကို သတိပြုမိသွားခဲ့တာပါ။

တရုတ်နိုင်ငံမှာ ရေပန်းစားတဲ့ ပုံစံတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေး သင်္ကေတ လက်နှစ်ချောင်းထောင်ပြနေတဲ့ သူ့ရဲ့ ဓာတ်ပုံအောက်မှာ အဲဒီ အမျိုးသမီးက "လေယာဉ်မှူးကို ကျေးဇူးတင်လိုက်တာ၊ အရမ်းပျော်တာပဲ"လို့ ရေးထားတာ တွေ့ရပါတယ်။

အဲဒီအမျိုးသမီးဟာ ကွိလင်မြို့က တက္ကသိုလ်တစ်ခုမှာ လေယာဉ်မယ် သင်တန်း တက်နေသူ ဖြစ်တယ် ဆိုပြီး ထင်ကြေးပေး ပြောနေကြတယ်လို့ တရုတ်သတင်းဌာနရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီဓာတ်ပုံကို လေယာဉ်ပျံသန်းနေတုန်း ဝေဟင်မှာ ရိုက်ခဲ့တာလား ဆိုတာကို ကွိလင်လေကြောင်းကုမ္ပဏီက အတိအကျ ထုတ်ဖော် မပြောခဲ့ပါဘူး။ ဒါပေမဲ့ တရုတ် လေယာဉ်မှူးတွေနဲ့ အကဲခတ်တွေကတော့ ဒီပုံဟာ လေယာဉ်ခရီးစဉ်အတွင်း ရိုက်ခဲ့ပုံ ရတယ်လို့ ယူဆနေကြပါတယ်။

အမည်မဖော်ပြတဲ့ အဲဒီ လေယာဉ်မှူးကို လေကြောင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းအားလုံးကနေ အလုပ်ဖြုတ်လိုက်သလား ဆိုတာ အသေအချာ မသိရပေမဲ့ လေယာဉ်မောင်းခွင့်ကိုတော့ ရာသက်ပန် ပိတ်ပင်လိုက်ပါတယ်။

သူဟာ လေယာဉ်မောင်းခန်းထဲ မသက်ဆိုင်သူကို ခေါ်သွင်းခဲ့တဲ့အတွက် စည်းမျဉ်း ချိုးဖောက်တယ်လို့ ကွိလင်လေကြောင်းကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးခွင့်ပြုချက် ဒါမှမဟုတ် မရှိမဖြစ် လိုအပ်တဲ့အခြေအနေ မဟုတ်ရင် လေယာဉ်မောင်းခန်းထဲ ခရီးသည်တွေ ဝင်ခွင့် မရှိဘူးလို့ တရုတ် အရပ်ဘက်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေတဲ့ တခြား ဝန်ထမ်းတွေကိုလည်း နောက်ထပ် စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတုန်းမှာ ရာထူးကနေ ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားလိုက်ပါတယ်။

"ခရီးသည်တွေ ဘေးကင်းလုံခြုံရေးဟာ ကွိလင် လေကြောင်းကုမ္ပဏီရဲ့ ဦးစားပေးတာဝန် ဖြစ်ပါတယ်။၊ လေကြောင်းလုံခြုံမှုကို ထိပါးစေနိုင်တဲ့ လုပ်ငန်းသဘောမဆန် မလျော်ကန်တဲ့ အပြုအမူမှန်သမျှကို လုံးဝ သည်းမခံဘူး ဆိုတဲ့ မူဝါဒ ချမှတ်ထားပါတယ်" လို့ ကွိလင် တရုတ်လေကြောင်း ကုမ္ပဏီက ပြောပါတယ်။

မနှစ်တုန်းကလည်း တုန်ဟိုင်း တရုတ်လေကြောင်းကုမ္ပဏီက လေယာဉ်မှူးတစ်ဦး သူ့ဇနီးကို လေယာဉ်မောင်းခန်းထဲ ဝင်ခွင့်ပြုခဲ့တဲ့အတွက် ကုမ္ပဏီက သူ့ကို လေယာဉ်မှူးရာထူးကနေ ၆ လဆိုင်းငံ့ခဲ့ပြီး သူ့ရဲ့ လေကြောင်းနည်းပြ သင်တန်းလက်မှတ်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေလယာဥ္ေမာင္းခန္းထဲက အမ်ိဳးသမီးတစ္ဦးရဲ႕ ဓာတ္ပုံေၾကာင့္ ေလယာဥ္မႉး အလုပ္ျပဳတ္ ေလယာဥ္ေမာင္းခန္းထဲက အမ်ိဳးသမီးတစ္ဦးရဲ႕ ဓာတ္ပုံေၾကာင့္ ေလယာဥ္မႉး အလုပ္ျပဳတ္ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.