ခါးနာလြန္းေနတယ္ ဘယ္လိုလုပ္ရမလဲ

(Zawgyi)⤵⤵⤵
ခါးနာတဲ့ျပႆနာဟာ အသက္အ႐ြယ္မေ႐ြး လူတိုင္းနီးပါး ႀကဳံေတြ႕ရတတ္တဲ့ ျပႆနာတစ္ခုပါ။ အေလးအပင္မလိုက္လို႔ ျဖစ္ေစ၊ ေလ့က်င့္ခန္းလုပ္တာ ျပင္းထန္သြားလို႔ျဖစ္ေစ ဒီခါးနာတဲ့ ျပႆနာကို ခံစားရမွာပါ။ ဒီေတာ့အခန္႔မသင့္လို႔ ကိုယ္ကလည္း ခါးေနတယ္ဆိုရင္ဆိုရင္ သက္သာေအာင္ ဘယ္လိုလုပ္ၾကမလဲ။

အိပ္တဲ့ ပုံစံကို သတိထားပါ။

ခါးနာေနေတာ့ ထိုင္လို႔အဆင္မေျပ။ အဲေတာ့ လွဲအိပ္။ လွဲအိပ္ေတာ့ ခါးပိုနာနဲ႔ သံသရာလည္ေန တတ္ပါတယ္။ ဒါေပမယ့္ မအိပ္လို႔ကလည္း မရဘူးေလ။ ဒီေတာ့ ေဘးေစာင္းလွဲအိပ္ၿပီး ဒူးေခါင္းၾကားထဲ ေခါင္းအုံးေလးညႇပ္ထားပါ။ ပက္လက္အိပ္မယ္ဆိုရင္ေတာ့ ဒူးေခါင္းေအာက္ ေခါင္းအုံးခံထားတဲ့ အေနအထားမ်ိဳးနဲ႔ အိပ္စက္ပါ။ ဒါဆိုရင္ ခါးနာတဲ့ေဝဒနာလည္း သက္သာသြားသလိုေနာက္ထပ္ခါးနာမယ့္ အျဖစ္ေတြကို ႀကိဳတင္ကာကြယ္ၿပီးသားလည္း ျဖစ္မွာပါ။

ထိုင္တဲ့အခ်ိန္ကလည္း အေရးႀကီးပါတယ္။

ခါးကိုဆန္႔ထားၿပီး မတ္မတ္အေနအထားနဲ႔ မထိုင္ဘဲ ပ်င္းရိပ်င္းတြဲနဲ႔ ေလွ်ာထိုင္ရင္ ခါးပိုနာပါလိမ့္မယ္။ ဒီေတာ့ ခါးကိုမတ္မတ္ဆန္႔ ေနာက္ေက်ာထိုင္ခုံကိုမီတဲ့ အေနအထားနဲ႔ထိုင္ပါ။ ထိုင္ခုံနဲ႔ခါးၾကားထဲ ေခါင္အုံးေလးခံထားၿပီး ထိုင္လို႔လည္း ရပါတယ္။

ေလ့က်င့္ခန္းလုပ္ပါ။

ေလ့က်င့္ခန္းလုပ္လိုက္တာေၾကာင့္ တင္းေနတဲ့ ႂကြက္သားေတြ ေျပေလ်ာ့သြားသလို ညက္ေနတဲ့ အေၾကာေတြလည္း လြတ္သြားႏိုင္ပါတယ္။ ဒါေပမယ့္ ေလ့က်င့္ခန္း ျပင္းထန္ရင္ ခါးပိုနာသြားတတ္တာကိုေတာ့ သတိထားေစခ်င္ပါတယ္။

တစ္ခ်ိန္လုံးခ်ည္း အိပ္ရာေပၚ လွဲမေနပါနဲ႔။

ခါးနာတဲ့အခါ အိပ္ရာေပၚ လွဲအိပ္ေနရတာ သက္သာသေယာင္ရွိေပယ့္ လွဲေနတဲ့အေနအထားက ခါးကို ပိုၿပီး အားျပဳသလိုျဖစ္သြားတာေၾကာင့္ တစ္ခ်ိန္လုံး အိပ္ရာေပၚမွာလွဲေနမယ့္အစား ေရကူးတာ၊ လမ္းေလွ်ာက္တာ၊ ေယာဂ ကစားတာတို႔ လုပ္ေပးပါ။

နာေနတဲ့ေနရာကို ေရခဲကပ္ပါ။ ေရေႏြးကပ္ပါ။

နာၿပီးေရာင္ေနတဲ့ ခါးေနရာကို အေရာင္က်ေအာင္လို႔ ေရခဲကပ္တာ (ဒါမွမဟုတ္) ေရေႏြးအိတ္ ကပ္ေပးတာမ်ိဳး လုပ္ေပးလို႔ရပါတယ္။

ႏွိပ္နယ္ေပးလို႔လည္း ရပါတယ္။

တင္းေနတဲ့ ႂကြက္သားေတြ ေျပေလ်ာ့သြားေစဖို႔၊ ညႇပ္ေနတဲ့အေၾကာေတြ လြတ္သြားေစဖို႔ ခါးကို ႏွိပ္ေပးလို႔ရပါတယ္။ တစ္ခုရွိတာက အေၾကာပိုင္းဆိုင္ရာ တကယ္လို ကြၽမ္းက်င္တဲ့ ဆရာနဲ႔ ႏွိပ္ျဖစ္ဖို႔လိုပါတယ္။

ေဆးေသာက္လို႔ရပါတယ္။

ခါးနာတာကို သက္သာေစဖို႔ အကိုက္အခဲေပ်ာက္ေဆးေတြ ဆရာဝန္နဲပတိုင္ပင္ၿပီး ဝယ္ေသာက္လို႔ ရပါတယ္။ ဒါေပမယ့္ ေဆးတစ္ခုတည္းကို အားကိုးလို႔ေတာ့ မရပါဘူး။ အကိုက္အခဲေပ်ာက္ေဆးေတြ စြဲေသာက္တာမ်ားရင္ အစာအိမ္ေရာဂါေတြ ျဖစ္တတ္ေသးတာေၾကာင့္ပါ။ ဒါ့ေၾကာင့္ ေဆးေလးလည္း ေသာက္ ေလ့က်င့္ခန္းေလးလည္း လုပ္ပါ။

ခါးဆစ္႐ိုးထဲ ေဆးရည္ထိုးလို႔ရပါတယ္။

ဒါကလည္း အသုံးမ်ားတဲ့ ေဆးနည္းတစ္ခုပါ။ ေရာင္ရမ္းျခင္းနဲ႔ နာက်င္ျခင္းေတြ သက္သာေစဖို႔ ခါးဆစ္႐ိုးထဲ စတီး႐ြိဳက္ ေဆးတစ္မ်ိဳးထိုးသြင္းတဲ့နည္းပါ။ ဒါကိုေတာ့ ကိုယ့္ခါးနာတဲ့ ျပင္းထန္ျခင္းေပၚမွာ မူတည္ၿပီး ဆရာဝန္က ထိုးသင့္မထိုးသင့္ ဆုံးျဖတ္မွာ ျဖစ္ပါတယ္။

ခြဲစိတ္ျခင္း။

ခါးဆစ္႐ိုးကြၽံၿပီး အေၾကာေပၚ သြားဖိေနတဲ့ ခါးနာတဲ့ ျပႆနာမ်ိဳးေတြမွာဆိုရင္ ေတာ့ ကြၽံေနတဲ့ ခါးဆစ္႐ိုးကို ျပန္ျပဳျပင္ဖို႔ ခြဲစိတ္မႈေတြ လုပ္ရတတ္ပါတယ္။

ဒါေတြကေတာ့ ခါးနာတာကို သက္သာေစဖို႔အတြက္ လုပ္လို႔ရတဲ့နည္းလမ္းေတြပဲ ျဖစ္ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ မျဖစ္ခင္တည္းက ႀကိဳတင္ကာကြယ္တာအေကာင္းဆုံး ျဖစ္တာေၾကာင့္ ပုံစံတက် ထိုင္တာ၊ အိပ္စက္တာ၊ နည္းလမ္းမွန္မွန္ အေလးအပင္မတာ၊ ေလ့က်င့္ခန္း မွန္မွန္လုပ္တာေတြနဲ႔ ခါးနာတာကို ႀကိဳတင္ကာကြယ္လို႔ရပါတယ္ ။ ။

ေရးသားသူ -Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ

ခါးနာတဲ့ပြဿနာဟာ အသက်အရွယ်မရွေး လူတိုင်းနီးပါး ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။ အလေးအပင်မလိုက်လို့ ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်တာ ပြင်းထန်သွားလို့ဖြစ်စေ ဒီခါးနာတဲ့ ပြဿနာကို ခံစားရမှာပါ။ ဒီတော့အခန့်မသင့်လို့ ကိုယ်ကလည်း ခါးနေတယ်ဆိုရင်ဆိုရင် သက်သာအောင် ဘယ်လိုလုပ်ကြမလဲ။

အိပ်တဲ့ ပုံစံကို သတိထားပါ။

ခါးနာနေတော့ ထိုင်လို့အဆင်မပြေ။ အဲတော့ လှဲအိပ်။ လှဲအိပ်တော့ ခါးပိုနာနဲ့ သံသရာလည်နေ တတ်ပါတယ်။ ဒါပေမယ့် မအိပ်လို့ကလည်း မရဘူးလေ။ ဒီတော့ ဘေးစောင်းလှဲအိပ်ပြီး ဒူးခေါင်းကြားထဲ ခေါင်းအုံးလေးညှပ်ထားပါ။ ပက်လက်အိပ်မယ်ဆိုရင်တော့ ဒူးခေါင်းအောက် ခေါင်းအုံးခံထားတဲ့ အနေအထားမျိုးနဲ့ အိပ်စက်ပါ။ ဒါဆိုရင် ခါးနာတဲ့ဝေဒနာလည်း သက်သာသွားသလိုနောက်ထပ်ခါးနာမယ့် အဖြစ်တွေကို ကြိုတင်ကာကွယ်ပြီးသားလည်း ဖြစ်မှာပါ။

ထိုင်တဲ့အချိန်ကလည်း အရေးကြီးပါတယ်။

ခါးကိုဆန့်ထားပြီး မတ်မတ်အနေအထားနဲ့ မထိုင်ဘဲ ပျင်းရိပျင်းတွဲနဲ့ လျှောထိုင်ရင် ခါးပိုနာပါလိမ့်မယ်။ ဒီတော့ ခါးကိုမတ်မတ်ဆန့် နောက်ကျောထိုင်ခုံကိုမီတဲ့ အနေအထားနဲ့ထိုင်ပါ။ ထိုင်ခုံနဲ့ခါးကြားထဲ ခေါင်အုံးလေးခံထားပြီး ထိုင်လို့လည်း ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားသလို ညက်နေတဲ့ အကြောတွေလည်း လွတ်သွားနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း ပြင်းထန်ရင် ခါးပိုနာသွားတတ်တာကိုတော့ သတိထားစေချင်ပါတယ်။

တစ်ချိန်လုံးချည်း အိပ်ရာပေါ် လှဲမနေပါနဲ့။

ခါးနာတဲ့အခါ အိပ်ရာပေါ် လှဲအိပ်နေရတာ သက်သာသယောင်ရှိပေယ့် လှဲနေတဲ့အနေအထားက ခါးကို ပိုပြီး အားပြုသလိုဖြစ်သွားတာကြောင့် တစ်ချိန်လုံး အိပ်ရာပေါ်မှာလှဲနေမယ့်အစား ရေကူးတာ၊ လမ်းလျှောက်တာ၊ ယောဂ ကစားတာတို့ လုပ်ပေးပါ။

နာနေတဲ့နေရာကို ရေခဲကပ်ပါ။ ရေနွေးကပ်ပါ။

နာပြီးရောင်နေတဲ့ ခါးနေရာကို အရောင်ကျအောင်လို့ ရေခဲကပ်တာ (ဒါမှမဟုတ်) ရေနွေးအိတ် ကပ်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။

နှိပ်နယ်ပေးလို့လည်း ရပါတယ်။

တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားစေဖို့၊ ညှပ်နေတဲ့အကြောတွေ လွတ်သွားစေဖို့ ခါးကို နှိပ်ပေးလို့ရပါတယ်။ တစ်ခုရှိတာက အကြောပိုင်းဆိုင်ရာ တကယ်လို ကျွမ်းကျင်တဲ့ ဆရာနဲ့ နှိပ်ဖြစ်ဖို့လိုပါတယ်။

ဆေးသောက်လို့ရပါတယ်။

ခါးနာတာကို သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေ ဆရာဝန်နဲပတိုင်ပင်ပြီး ဝယ်သောက်လို့ ရပါတယ်။ ဒါပေမယ့် ဆေးတစ်ခုတည်းကို အားကိုးလို့တော့ မရပါဘူး။ အကိုက်အခဲပျောက်ဆေးတွေ စွဲသောက်တာများရင် အစာအိမ်ရောဂါတွေ ဖြစ်တတ်သေးတာကြောင့်ပါ။ ဒါ့ကြောင့် ဆေးလေးလည်း သောက် လေ့ကျင့်ခန်းလေးလည်း လုပ်ပါ။

ခါးဆစ်ရိုးထဲ ဆေးရည်ထိုးလို့ရပါတယ်။

ဒါကလည်း အသုံးများတဲ့ ဆေးနည်းတစ်ခုပါ။ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတွေ သက်သာစေဖို့ ခါးဆစ်ရိုးထဲ စတီးရွိုက် ဆေးတစ်မျိုးထိုးသွင်းတဲ့နည်းပါ။ ဒါကိုတော့ ကိုယ့်ခါးနာတဲ့ ပြင်းထန်ခြင်းပေါ်မှာ မူတည်ပြီး ဆရာဝန်က ထိုးသင့်မထိုးသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ခွဲစိတ်ခြင်း။

ခါးဆစ်ရိုးကျွံပြီး အကြောပေါ် သွားဖိနေတဲ့ ခါးနာတဲ့ ပြဿနာမျိုးတွေမှာဆိုရင် တော့ ကျွံနေတဲ့ ခါးဆစ်ရိုးကို ပြန်ပြုပြင်ဖို့ ခွဲစိတ်မှုတွေ လုပ်ရတတ်ပါတယ်။

ဒါတွေကတော့ ခါးနာတာကို သက်သာစေဖို့အတွက် လုပ်လို့ရတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာအကောင်းဆုံး ဖြစ်တာကြောင့် ပုံစံတကျ ထိုင်တာ၊ အိပ်စက်တာ၊ နည်းလမ်းမှန်မှန် အလေးအပင်မတာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာတွေနဲ့ ခါးနာတာကို ကြိုတင်ကာကွယ်လို့ရပါတယ် ။ ။

ရေးသားသူ -Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ခါးနာလြန္းေနတယ္ ဘယ္လိုလုပ္ရမလဲ ခါးနာလြန္းေနတယ္ ဘယ္လိုလုပ္ရမလဲ Reviewed by THITHTOOLWIN on 01:17 Rating: 5
Powered by Blogger.