တိုက္ပြဲကာလ တပ္မေတာ္ရဲ႕ အမႈဖြင့္၊ တရားစြဲဆိုမႈေတြ ေဝဖန္ခံေနရ

ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕ကို ေထာက္ပံ့ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးခံထားရတဲ့ ရခိုင္စကၤာပူအသင္းဝင္ေတြကို ၂ဝ၁၉ ၾသဂုတ္ ၉ ရက္ေန႔က ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးမွာ ႐ုံးထုတ္ခဲ့စဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္မွာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီကေန ႏိုဝင္ဘာအထိ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ ဆက္စပ္တယ္ဆိုၿပီး တရားစြဲခံရမႈေပါင္း ၄၈ မႈရွိကာ လူေပါင္း ၅၀၀ေက်ာ္ အမႈဖြင့္၊ တရားစြဲခံထားရတယ္လို႔ သဇင္ဥပေဒ အေထာက္အကူျပဳအဖြဲ႕က ၿပီးခဲ့တဲ့ ရက္ပိုင္းက ထုတ္ျပန္ထားတာပါ။

ဒီစာရင္းဟာ တရား႐ုံးေတြမွာ တရားစြဲခံထားရသူေတြစာရင္းကို ေကာက္ယူထားတာလို႔ သဇင္ဥပေဒ အေထာက္အကူျပဳ ေကာ္မတီအဖြဲ႕ ဒါ႐ိုက္တာ ဦးမ်ိဳးျမတ္ဟိန္းက ေျပာပါတယ္။

“က်ေနာ္တို႔ လက္လွမ္းမွီသေလာက္ တရား႐ုံးေတြမွာ တရားစြဲဆိုခံရသူေတြစာရင္းကို ေကာက္ယူထားတာ ျဖစ္ပါတယ္၊ ၅၀၀ေက်ာ္ေလာက္ရွိတယ္ေပါ့။ အမႈေပါင္း ၄၈မႈေလာက္ေကာက္လို႔ရတယ္၊ အဲဒီ ၅၀၀ ေက်ာ္မွာ တရားခံေျပးေတြလည္း ပါတာေပါ့၊ အကုန္အခ်ဳပ္ေတာ့မဟုတ္ဘူး”

ဒီ ၄၈ မႈမွာ အမႈဖြင့္၊ တရားစြဲခံရသူ ၅၀၃ ေယာက္ရွိၿပီး အဲဒီအထဲမွာ တရားရင္ဆိုင္ေနရသူ၊ ဖမ္းမမိေသးလို႔ တရား႐ုံးမပို႔ႏိုင္ေသးသူ အေရအတြက္လည္း ပါဝင္တယ္လို႔ သိရပါတယ္။

တရားစြဲခံရသူအမ်ားစုကေတာ့ ေျမာက္ဦးနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္က အမ်ားဆုံးျဖစ္တယ္လို႔ သဇင္ဥပေဒ အေထာက္ကူျပဳအဖြဲ႕ကေျပာပါတယ္။

တရားလိုလုပ္ တရားစြဲသူေတြကေတာ့ တပ္မေတာ္အရာရွိ ဗိုလ္မႉးႀကီး အဆင့္ထိပါဝင္ၿပီး ရဲတပ္ဖြဲ႕ အရာရွိေတြလည္း ပါဝင္ၾကၿပီးတရားစြဲခံရသူ အမ်ားစုကေတာ့ ရခိုင္တိုင္းရင္းသား ေဒသခံေတြ ျဖစ္ပါတယ္။

AA တိုက္ပြဲေတြျဖစ္ပြားရင္ တိုက္ပြဲျဖစ္တဲ့ေနရာနားက႐ြာေတြကို တပ္မေတာ္က ပိတ္ဆို႔စစ္ေဆးၿပီး တရားစြဲဆိုတာေတြ ရွိတယ္လို႔ အရပ္ဘက္အဖြဲ႕ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဒသခံေတြကေျပာၾကပါတယ္။

႐ြာသားေတြဟာ တပ္မေတာ္သားေတြကိုေတြ႕ရင္ ေၾကာက္လန႔္ေနၾကတယ္လို႔ ရခိုင္လူ႔အခြင့္ေရး ကာကြယ္ျမႇင့္တင္ေရးအဖြဲ႕ ဒါ႐ိုက္တာ ဦးျမတ္ထြန္းကေျပာပါတယ္။

“ျပည္သူေတြမွာ အဓိကစိုးရိမ္ေနရတာကေတာ့ ျမန္မာတပ္မေတာ္ ယူနီေဖာင္းဝတ္လာကတည္းဆိုက ေၾကာက္႐ြံ႕ေနရပါတယ္၊ စိုးရိမ္ေနရပါတယ္၊ အနီးအနား႐ြာနားမွာ တိုက္ပြဲေတြျဖစ္တယ္ဆိုရင္ တိုက္ပြဲအေျခအေနေၾကာင့္ ဘယ္ကိုေျပးရမလဲ ဘယ္ကိုလႊားရမလဲဆိုတာ စဥ္းစားေနရပါတယ္၊ အဲလို႔မွမေျပးလို႔ရွိရင္ သူတို႔က႐ြာထဲကို ဝင္တယ္၊ ၿပီးရင္႐ြာထဲကိုဝင္ၿပီး လူငယ္လူ႐ြယ္ေတြကိုဖမ္းတယ္၊ သူတို႔ကAAဆိုၿပီး စြပ္စြဲတယ္၊ တရားစြဲတယ္ အဲလိုျဖစ္ေနၾကပါတယ္၊ အဲဒါေၾကာင့္ရခိုင္ေတြမွာ အထိတ္တလန႔္နဲ႔ေနေနရပါတယ္”

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ စြဲဆိုခံရတာ အမ်ားဆုံးျဖစ္ၿပီး၊ အခုလိုတရားစြဲဆိုတာေတြဟာ တန္းတူညီမွ်ေရး နဲ႔ ၿငိမ္းခ်မ္းေရးကို ေဝးလာေစတယ္လို႔ ရခိုင္အမ်ိဳးသားပါတီ ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ေဒၚေအးႏုစိန္ က ေျပာပါတယ္။

    အခုကကြၽဲေက်ာင္းေနတဲ့လူကလည္း အၾကမ္းဖက္ပဲ

“ဟိုတုန္းကေတာ့  မတရားအသင္းအက္ဥပေဒေတြဘာေတြနဲ႔၊ အခုကကြၽဲေက်ာင္းေနတဲ့လူကလည္း အၾကမ္းဖက္ပဲ၊ တစ္႐ြာလုံးအဖမ္းခံရၿပီးလို႔ အ႐ူးတစ္ေယာက္က ေအာ္လိုက္တာနဲ႔ ေသတဲ့လူကေသ၊ အဖမ္းခံရသူကဖမ္း၊ ေနရတဲ့သူေတြက တရားခံေျပးျဖစ္၊ ဒီလို႔အေနအထားေတြကေတာ့ ၿငိမ္းခ်မ္းေရး ဆိုတာထက္ တန္းတူေရး၊ တကယ္စစ္မွန္တဲ့ဖက္ဒရယ္ျပည္ေထာင္စုအေရးဆိုတာနဲ႔ ေတာ္ေတာ္ေလးကို အလွမ္းေဝးတဲ့ေဆာင္႐ြက္ခ်က္ေတြလို႔ ေျပာလို႔ရပါတယ္”

ရခိုင္တိုင္းရင္းသားေတြ တရားစြဲဆိုတာ၊ တိုက္ပြဲေတြျဖစ္ရင္ ေက်း႐ြာသားေတြကို စစ္ေဆး တရားစြဲဆိုတာေၾကာင့္ ေဒသခံေတြ ေၾကာက္လန႔္ထြက္ေျပးေနရတယ္ဆိုတာေတြနဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ သူ တုံ႔ျပန္တာက ---

“လိုအပ္တဲ့စစ္ေဆးမႈေတြေတာ့ လုပ္မွာပဲေလ၊ လုပ္တဲ့အခါမွာ စစ္ေဆးေမးျမန္းတဲ့အခါမွာ AAနဲ႔ပက္သက္တဲ့ အေထာက္အထားေတြ ေတြ႕တယ္၊ သဲလြန္စေတြ ေတြ႕တယ္ဆိုရင္ေတာ က်ေနာ္တို႔က ဥပေဒအရ ဆက္လုပ္မွာပဲေလ၊ ဒီလိုမလုပ္ရင္ ဘယ္လို႔လုပ္ရမတုန္း”

ဒီစာရင္းဟာ ရခိုင္ျပည္နယ္အတြင္းမွာသာ အဓိက ေကာက္ယူထားတာျဖစ္တဲ့အတြက္ တျခားျပည္နယ္နဲ႔ တိုင္းမွာ တရားစြဲခံရတဲ့ အမႈေတြေတာ့ မပါဝင္ဘူးလို႔လည္း ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာေတာ့ ရကၡိဳင့္တပ္ေတာ္ AA စစ္ဦးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမင့္ႏိုင္ ညီနဲ႔ ႏွမ အပါအဝင္ တရားစြဲဆို ခံထားရေတြရွိသလို မႏၲေလးမွာလည္း တရားစြဲဆိုခံထားရသူေတြရွိပါတယ္။

သဇင္ဥပေဒအေထာက္အကူျပဳအဖြဲ႕ဟာ- သံသယနဲ႔တရားစြဲဆိုတာေတြကို ေလ်ာ့က်ေစဖို႔၊ တိုက္ပြဲေတြေၾကာင့္ ျပည္သူေတြ ထိခိုက္ခံစားရတာေတြ ေလ်ာ့က်ေစဖို႔၊ တရားဥပေဒစိုးမိုးေရး၊ တည္ၿငိမ္ေအးခ်မ္းေရးကို အေထာက္ကူျပဳဖို႔နဲ႔ ဥပေဒအရ ခံစားခြင့္ေတြကို ျပည္သူေတြ ရရွိေစခ်င္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္ပြဲကာလအတြင္း တရားစြဲဆိုခံရသူေတြရွိတဲ့အျပင္ ေနရပ္စြန္ခြာထြက္ေျပးေနရတဲ့ စစ္ေဘးေရွာင္ကလည္း ကိုးေသာင္းေက်ာ္ရွိေနၿပီလို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တိုက်ပွဲကာလ တပ်မတော်ရဲ့ အမှုဖွင့်၊ တရားစွဲဆိုမှုတွေ ဝေဖန်ခံနေရ

ရက္ခိုင့်တပ်တော် AA အဖွဲ့ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်စင်္ကာပူအသင်းဝင်တွေကို ၂ဝ၁၉ သြဂုတ် ၉ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Lwin Oo/RFA

ရခိုင်ပြည်နယ်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာအထိ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်စပ်တယ်ဆိုပြီး တရားစွဲခံရမှုပေါင်း ၄၈ မှုရှိကာ လူပေါင်း ၅၀၀ကျော် အမှုဖွင့်၊ တရားစွဲခံထားရတယ်လို့ သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားတာပါ။

ဒီစာရင်းဟာ တရားရုံးတွေမှာ တရားစွဲခံထားရသူတွေစာရင်းကို ကောက်ယူထားတာလို့ သဇင်ဥပဒေ အထောက်အကူပြု ကော်မတီအဖွဲ့ ဒါရိုက်တာ ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။

“ကျနော်တို့ လက်လှမ်းမှီသလောက် တရားရုံးတွေမှာ တရားစွဲဆိုခံရသူတွေစာရင်းကို ကောက်ယူထားတာ ဖြစ်ပါတယ်၊ ၅၀၀ကျော်လောက်ရှိတယ်ပေါ့။ အမှုပေါင်း ၄၈မှုလောက်ကောက်လို့ရတယ်၊ အဲဒီ ၅၀၀ ကျော်မှာ တရားခံပြေးတွေလည်း ပါတာပေါ့၊ အကုန်အချုပ်တော့မဟုတ်ဘူး”

ဒီ ၄၈ မှုမှာ အမှုဖွင့်၊ တရားစွဲခံရသူ ၅၀၃ ယောက်ရှိပြီး အဲဒီအထဲမှာ တရားရင်ဆိုင်နေရသူ၊ ဖမ်းမမိသေးလို့ တရားရုံးမပို့နိုင်သေးသူ အရေအတွက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

တရားစွဲခံရသူအများစုကတော့ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်က အများဆုံးဖြစ်တယ်လို့ သဇင်ဥပဒေ အထောက်ကူပြုအဖွဲ့ကပြောပါတယ်။

တရားလိုလုပ် တရားစွဲသူတွေကတော့ တပ်မတော်အရာရှိ ဗိုလ်မှူးကြီး အဆင့်ထိပါဝင်ပြီး ရဲတပ်ဖွဲ့ အရာရှိတွေလည်း ပါဝင်ကြပြီးတရားစွဲခံရသူ အများစုကတော့ ရခိုင်တိုင်းရင်းသား ဒေသခံတွေ ဖြစ်ပါတယ်။

AA တိုက်ပွဲတွေဖြစ်ပွားရင် တိုက်ပွဲဖြစ်တဲ့နေရာနားကရွာတွေကို တပ်မတော်က ပိတ်ဆို့စစ်ဆေးပြီး တရားစွဲဆိုတာတွေ ရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေကပြောကြပါတယ်။

ရွာသားတွေဟာ တပ်မတော်သားတွေကိုတွေ့ရင် ကြောက်လန့်နေကြတယ်လို့ ရခိုင်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောပါတယ်။

“ပြည်သူတွေမှာ အဓိကစိုးရိမ်နေရတာကတော့ မြန်မာတပ်မတော် ယူနီဖောင်းဝတ်လာကတည်းဆိုက ကြောက်ရွံ့နေရပါတယ်၊ စိုးရိမ်နေရပါတယ်၊ အနီးအနားရွာနားမှာ တိုက်ပွဲတွေဖြစ်တယ်ဆိုရင် တိုက်ပွဲအခြေအနေကြောင့် ဘယ်ကိုပြေးရမလဲ ဘယ်ကိုလွှားရမလဲဆိုတာ စဉ်းစားနေရပါတယ်၊ အဲလို့မှမပြေးလို့ရှိရင် သူတို့ကရွာထဲကို ဝင်တယ်၊ ပြီးရင်ရွာထဲကိုဝင်ပြီး လူငယ်လူရွယ်တွေကိုဖမ်းတယ်၊ သူတို့ကAAဆိုပြီး စွပ်စွဲတယ်၊ တရားစွဲတယ် အဲလိုဖြစ်နေကြပါတယ်၊ အဲဒါကြောင့်ရခိုင်တွေမှာ အထိတ်တလန့်နဲ့နေနေရပါတယ်”

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲဆိုခံရတာ အများဆုံးဖြစ်ပြီး၊ အခုလိုတရားစွဲဆိုတာတွေဟာ တန်းတူညီမျှရေး နဲ့ ငြိမ်းချမ်းရေးကို ဝေးလာစေတယ်လို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အေးနုစိန် က ပြောပါတယ်။

    အခုကကျွဲကျောင်းနေတဲ့လူကလည်း အကြမ်းဖက်ပဲ

“ဟိုတုန်းကတော့  မတရားအသင်းအက်ဥပဒေတွေဘာတွေနဲ့၊ အခုကကျွဲကျောင်းနေတဲ့လူကလည်း အကြမ်းဖက်ပဲ၊ တစ်ရွာလုံးအဖမ်းခံရပြီးလို့ အရူးတစ်ယောက်က အော်လိုက်တာနဲ့ သေတဲ့လူကသေ၊ အဖမ်းခံရသူကဖမ်း၊ နေရတဲ့သူတွေက တရားခံပြေးဖြစ်၊ ဒီလို့အနေအထားတွေကတော့ ငြိမ်းချမ်းရေး ဆိုတာထက် တန်းတူရေး၊ တကယ်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအရေးဆိုတာနဲ့ တော်တော်လေးကို အလှမ်းဝေးတဲ့ဆောင်ရွက်ချက်တွေလို့ ပြောလို့ရပါတယ်”

ရခိုင်တိုင်းရင်းသားတွေ တရားစွဲဆိုတာ၊ တိုက်ပွဲတွေဖြစ်ရင် ကျေးရွာသားတွေကို စစ်ဆေး တရားစွဲဆိုတာကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေရတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ သူ တုံ့ပြန်တာက ---

“လိုအပ်တဲ့စစ်ဆေးမှုတွေတော့ လုပ်မှာပဲလေ၊ လုပ်တဲ့အခါမှာ စစ်ဆေးမေးမြန်းတဲ့အခါမှာ AAနဲ့ပက်သက်တဲ့ အထောက်အထားတွေ တွေ့တယ်၊ သဲလွန်စတွေ တွေ့တယ်ဆိုရင်တော ကျနော်တို့က ဥပဒေအရ ဆက်လုပ်မှာပဲလေ၊ ဒီလိုမလုပ်ရင် ဘယ်လို့လုပ်ရမတုန်း”

ဒီစာရင်းဟာ ရခိုင်ပြည်နယ်အတွင်းမှာသာ အဓိက ကောက်ယူထားတာဖြစ်တဲ့အတွက် တခြားပြည်နယ်နဲ့ တိုင်းမှာ တရားစွဲခံရတဲ့ အမှုတွေတော့ မပါဝင်ဘူးလို့လည်း ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ ရက္ခိုင့်တပ်တော် AA စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြင့်နိုင် ညီနဲ့ နှမ အပါအဝင် တရားစွဲဆို ခံထားရတွေရှိသလို မန္တလေးမှာလည်း တရားစွဲဆိုခံထားရသူတွေရှိပါတယ်။

သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ဟာ- သံသယနဲ့တရားစွဲဆိုတာတွေကို လျော့ကျစေဖို့၊ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်ခံစားရတာတွေ လျော့ကျစေဖို့၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို အထောက်ကူပြုဖို့နဲ့ ဥပဒေအရ ခံစားခွင့်တွေကို ပြည်သူတွေ ရရှိစေချင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲကာလအတွင်း တရားစွဲဆိုခံရသူတွေရှိတဲ့အပြင် နေရပ်စွန်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ကလည်း ကိုးသောင်းကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
တိုက္ပြဲကာလ တပ္မေတာ္ရဲ႕ အမႈဖြင့္၊ တရားစြဲဆိုမႈေတြ ေဝဖန္ခံေနရ တိုက္ပြဲကာလ တပ္မေတာ္ရဲ႕ အမႈဖြင့္၊ တရားစြဲဆိုမႈေတြ ေဝဖန္ခံေနရ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.