ျပည္ၿမိဳ႕မွာ ဘုန္းႀကီးခ်င္း လူသတ္မႈျဖစ္ပြား

(Zawgyi)⤵⤵⤵
ျပည္၊ ႏိုဝင္ဘာ၂ -၂၀၁၉

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၊ ပုဗၺာ႐ုံေက်ာင္းတိုက္မွာ ဘုန္းေတာ္ႀကီးတပါးက အတူေနဘုန္းႀကီးတစ္ပါးကို ပုဆိန္နဲ႔ခုတ္သတ္ခဲ့တဲ့အမႈတခု ႏိုဝင္ဘာ၁ရက္ေန႔လည္ပိုင္းက ျဖစ္ခဲ့တယ္လို႔ ျပည္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းကသိရပါတယ္။

”သူတို႔၂ပါးက ဆြမ္းေဆာင္မွာအတူေနတာ ဆြမ္းခ်က္ကိုယ္ေတာ္နဲ႔စာခ်ကိုယ္ေတာ္ေပါ့ စာသင္တိုက္ဆိုေတာ့ အလုပ္ကိုယ္စီရွိတယ္၊ သူ႔ေက်ာင္းေပၚလည္းတပတ္ေနလို႔တခါမေရာက္ဘူး မ်က္ျမင္နဲ႔အၾကားအရေတာ့ ၂ပါးကေတာက္ကဆျဖစ္တာ မတည့္တာမေတြ႕မိဘူး ရဲစခန္းမွာကိုယ္တိုင္သြားအဖမ္းခံတဲ့ ဦးစႏၵာဝရ ကကိုယ္ရင္ႀကီးနဲ႔ ၅ဝါေလာက္ေနၿပီးမွ ပၪၨၨင္းဝတ္တာတစ္ဝါဘဲရွိေသးတယ္ ဆြမ္းခ်က္တာဝန္ေပါ့ ”လို႔ စာခ်ဆရာေတာ္ဦးဉာဏိက ဆရာေတာ္ကမိန္႔ပါတယ္။

ပုဗၺာ႐ုံေက်ာင္းတိုက္ထဲက ဆြမ္းစားေဆာင္အေပၚထပ္မွာ ေနထိုင္တဲ့ ဦးစႏၵာဝရ သက္ေတာ္(၅၀)က ဦးအာဒိစၥ သက္ေတာ္(၃၃)ႏွစ္ကို လက္ကိုင္႐ိုး၂ေပ၃လက္မ အသြားအေႏွာင့္၆လက္မ ပုဆိန္နဲ႔ သုံးေလးခ်က္ခန္႔ခုတ္လိုက္တဲ့အတြက္ ဦးေခါင္းေနာက္ေစ့ျပတ္ရွဒဏ္ရာအပါအဝင္ ဒဏ္ရာ၅ခ်က္နဲ႔ အခင္းျဖစ္ေနရာမွာတင္ ပ်ံလြန္ေတာ္မူသြားတယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားတာ ျဖစ္ပါတယ္။

”ဦးစႏၵာဝရ လူအမည္စံေသာင္းက ကိုယ္တိုင္လာအဖမ္းခံပါတယ္ သူတို႔၂ပါးကလြန္ခဲ့တဲ့၂လခန္႔ကတည္းက မေျပလည္မႈ႕ေလးေတြရွိတယ္လို႔သိရပါတယ္”လို႔ ျပည္ၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းက ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးသန္းေဇာ္ဝင္းကေျပာပါတယ္။

အမႈျဖစ္ပြားခဲ့တဲ့ စာသင္တိုက္ဟာ မူးယစ္ေသာက္စားမႈနဲ႔ မူးယစ္ေဆးဝါးကင္းရွင္းၿပီး စည္းကမ္းေကာင္းတဲ့ စာသင္တိုက္ျဖစ္တယ္လို႔ ေက်ာင္းတိုက္နားမွာ ေနထိုင္သူေတြကေျပာပါတယ္။

အမႈကို ျပည္ၿမိဳ႕မရဲစခန္းက(ပ)၁၉၈၁/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ၃၀၂နဲ႔ အမႈ႕ဖြင့္ေဆာင္႐ြက္ထားတာျဖစ္ၿပီး ၂၀၁၁ခုႏွစ္ကလည္း ျပည္ၿမိဳ႕ နိဗၺိႏၵအရပ္မွာ ေက်ာင္းထိုင္ဆရာေတာ္ကို ဘုန္းႀကီးတစ္ပါးက သတ္လိုက္တဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ဂ်န္ကိုးလ္(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------------
(Unicode)⤵⤵⤵
ပြည်မြို့မှာ ဘုန်းကြီးချင်း လူသတ်မှုဖြစ်ပွား

ပြည်၊ နိုဝင်ဘာ၂ -၂၀၁၉

ပဲခူးတိုင်း၊ ပြည်မြို့၊ ပုဗ္ဗာရုံကျောင်းတိုက်မှာ ဘုန်းတော်ကြီးတပါးက အတူနေဘုန်းကြီးတစ်ပါးကို ပုဆိန်နဲ့ခုတ်သတ်ခဲ့တဲ့အမှုတခု နိုဝင်ဘာ၁ရက်နေ့လည်ပိုင်းက ဖြစ်ခဲ့တယ်လို့ ပြည်မြို့နယ် မြို့မရဲစခန်းကသိရပါတယ်။

”သူတို့၂ပါးက ဆွမ်းဆောင်မှာအတူနေတာ ဆွမ်းချက်ကိုယ်တော်နဲ့စာချကိုယ်တော်ပေါ့ စာသင်တိုက်ဆိုတော့ အလုပ်ကိုယ်စီရှိတယ်၊ သူ့ကျောင်းပေါ်လည်းတပတ်နေလို့တခါမရောက်ဘူး မျက်မြင်နဲ့အကြားအရတော့ ၂ပါးကတောက်ကဆဖြစ်တာ မတည့်တာမတွေ့မိဘူး ရဲစခန်းမှာကိုယ်တိုင်သွားအဖမ်းခံတဲ့ ဦးစန္ဒာဝရ ကကိုယ်ရင်ကြီးနဲ့ ၅ဝါလောက်နေပြီးမှ ပဉ္ဇ္ဇင်းဝတ်တာတစ်ဝါဘဲရှိသေးတယ် ဆွမ်းချက်တာဝန်ပေါ့ ”လို့ စာချဆရာတော်ဦးဉာဏိက ဆရာတော်ကမိန့်ပါတယ်။

ပုဗ္ဗာရုံကျောင်းတိုက်ထဲက ဆွမ်းစားဆောင်အပေါ်ထပ်မှာ နေထိုင်တဲ့ ဦးစန္ဒာဝရ သက်တော်(၅၀)က ဦးအာဒိစ္စ သက်တော်(၃၃)နှစ်ကို လက်ကိုင်ရိုး၂ပေ၃လက်မ အသွားအနှောင့်၆လက်မ ပုဆိန်နဲ့ သုံးလေးချက်ခန့်ခုတ်လိုက်တဲ့အတွက် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာအပါအဝင် ဒဏ်ရာ၅ချက်နဲ့ အခင်းဖြစ်နေရာမှာတင် ပျံလွန်တော်မူသွားတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာ ဖြစ်ပါတယ်။

”ဦးစန္ဒာဝရ လူအမည်စံသောင်းက ကိုယ်တိုင်လာအဖမ်းခံပါတယ် သူတို့၂ပါးကလွန်ခဲ့တဲ့၂လခန့်ကတည်းက မပြေလည်မှု့လေးတွေရှိတယ်လို့သိရပါတယ်”လို့ ပြည်မြို့နယ်မြို့မရဲစခန်းက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းကပြောပါတယ်။

အမှုဖြစ်ပွားခဲ့တဲ့ စာသင်တိုက်ဟာ မူးယစ်သောက်စားမှုနဲ့ မူးယစ်ဆေးဝါးကင်းရှင်းပြီး စည်းကမ်းကောင်းတဲ့ စာသင်တိုက်ဖြစ်တယ်လို့ ကျောင်းတိုက်နားမှာ နေထိုင်သူတွေကပြောပါတယ်။

အမှုကို ပြည်မြို့မရဲစခန်းက(ပ)၁၉၈၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၃၀၂နဲ့ အမှု့ဖွင့်ဆောင်ရွက်ထားတာဖြစ်ပြီး ၂၀၁၁ခုနှစ်ကလည်း ပြည်မြို့ နိဗ္ဗိန္ဒအရပ်မှာ ကျောင်းထိုင်ဆရာတော်ကို ဘုန်းကြီးတစ်ပါးက သတ်လိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဂျန်ကိုးလ်(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ျပည္ၿမိဳ႕မွာ ဘုန္းႀကီးခ်င္း လူသတ္မႈျဖစ္ပြား ျပည္ၿမိဳ႕မွာ ဘုန္းႀကီးခ်င္း လူသတ္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.