ခဏခဏေလတက္ေနတာ ဘယ္လိုလုပ္ရမလဲ

(Zawgyi)⤵⤵⤵
တေအ့ေအ့နဲ႔ ေလတက္တယ္ဆိုတာ တနည္းနည္းနဲ႔ ဗိုက္ထဲေရာက္ေနတဲ့ေလေတြကို အစာေရမ်ိဳကေန ျပန္စြန္႔ထုတ္ေနတာပါ။ အစားအျမန္စားမိတာ၊ အစာစားရင္းစကားေျပာတာ၊ ပီေကဝါးတာ၊ ဂက္စ္ပါတဲ့ အခ်ိဳရည္ေတြေသာက္တာ၊ ေဆးလိပ္ေသာက္တာေတြေၾကာင့္ ေလေတြမ်ိဳခ်မိေစႏိုင္ပါတယ္။

အစာေျခရည္ျပန္ဆန္တက္ျခင္းနဲ႔ ရင္ပူနာ ေဝဒနာေတြေၾကာင့္လည္း ေလတက္တဲ့ လကၡဏာ ျဖစ္တတ္ပါတယ္။ မၾကာခဏ ေလတက္သံေတြ ထြက္ေနရတယ္ဆိုရင္ေတာ့ Helicobacter pylori ဘက္တီးရီးယားေၾကာင့္ ဒါမွမဟုတ္ အစာအိမ္နံရံေရာင္ရမ္းျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

ေလတက္ျခင္းကို သက္သာေစႏိုင္တဲ့နည္းလမ္းေတြက –

ျဖည္းျဖည္းစားပါ၊ ျဖည္းျဖည္းေသာက္ပါ

ျဖည္းျဖည္းစားေသာက္မယ္ဆို ေလေတြသိပ္မ်ိဳမခ်မိေစဘူးေပါ့။ စိတ္ေလာေနရင္၊ စိတ္ဖိစီးေနရင္ ေလမ်ိဳခ်မိတာပိုမ်ားေစႏိုင္လို႔ အစားစားခ်ိန္မွာ စိတ္ကိုေျဖေလွ်ာ့ထားပါ။

ဂက္စ္ပါတဲ့အခ်ိဳရည္နဲ႔ ဘီယာကို ေရွာင္ပါ

ေလနဲ႔ပတ္သက္တဲ့ ေဝဒနာရွိတတ္သူဟာ ကာဗြန္ဒိုင္ေအာက္ဆိုက္ေတြျဖစ္ေစတဲ့ ဒီေသာက္စရာေတြကို ေရွာင္သင့္ပါတယ္။

ပီေကဝါးတာ၊ သၾကားလုံးစုပ္လုံးစားတာ ေရွာင္ပါ

ဒါေတြစားတဲ့အခါ ပုံမွန္ထက္ပိုၿပီး ခဏခဏမ်ိဳခ်ရတာမ်ားတာမို႔ ေလေတြပိုဝင္ႏိုင္ေစတာေပါ့။

ေဆးလိပ္ေလွ်ာ့ေသာက္ပါ

မေသာက္ပါနဲ႔လို႔ တားလို႔ရမွာမဟုတ္ေတာ့ ေလွ်ာ့ေသာက္ဖို႔ပဲ ေျပာရမွာေပါ့။ ေဆးလိပ္ကိုရႈိက္တဲ့အခါ ေလကို ႏွာေခါင္းကရႉသြင္း႐ုံမကဘဲ ပါးစပ္ကပါ မ်ိဳခ်မိပါလိမ့္မယ္။

လႈပ္ရွားပါ

အစာစားၿပီး ၿငိမ္အိပ္မေနဘဲ ခဏေလာက္ေတာ့ ျဖည္းျဖည္းလမ္းေလွ်ာက္လိုက္ပါ။

ရင္ပူနာကို ကုသပါ

အစာေျခရည္ျပန္ဆန္တက္ျခင္း၊ ရင္ပူနာ တို႔ကို ဒီအတိုင္းမထားဘဲ ကုသလိုက္ပါ။ ဆရာဝန္နဲ႔မျပေသးခင္ ႐ုတ္တရက္ျဖစ္လာတဲ့ေဝဒနာဆို အစာအိမ္ေလနာေပ်ာက္ေဆးေတြနဲ႔တင္ သက္သာေစႏိုင္ပါတယ္။

အဆီမ်ားတာေတြ သိပ္မစားပါနဲ႔

အဆီေတြက အစာေခ်ဖ်က္မႈကို ေႏွးေစတာေၾကာင့္ အစာေတြကိုပိုၿပီး အခ်ိန္ၾကာၾကာ အခ်ဥ္ေပါက္ ေစႏိုင္ပါတယ္။

အျမန္သက္သာေစမယ့္ ေဆးေတြေဆာင္ထားပါ

အစာအိမ္အခ်ဥ္ဓာတ္ကို ထိန္းေပးႏိုင္တဲ့ေဆးေတြ (Antacids)နဲ႔ အက္ဆစ္ထုတ္လုပ္မႈကို တားဆီးေပးႏိုင္ၿပီး အစာေရမ်ိဳကို ျပန္လည္ေကာင္းမြန္လာေစတဲ့ ေဆးေတြေသာက္ရင္ လ်င္ျမန္စြာ သက္သာလာေစႏိုင္ ပါတယ္။ ေဆးဆိုင္ေတြမွာ အစာအိမ္ေလေဆးအျဖစ္ ဆရာဝန္ေဆးၫႊန္းမလိုတဲ့ ေဆးေတြကို ဝယ္ေသာက္ႏိုင္ပါတယ္။

ေရးသားသူ -Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
ခဏခဏလေတက်နေတာ ဘယ်လိုလုပ်ရမလဲ

တအေ့အေ့နဲ့ လေတက်တယ်ဆိုတာ တနည်းနည်းနဲ့ ဗိုက်ထဲရောက်နေတဲ့လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစားအမြန်စားမိတာ၊ အစာစားရင်းစကားပြောတာ၊ ပီကေဝါးတာ၊ ဂက်စ်ပါတဲ့ အချိုရည်တွေသောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေမျိုချမိစေနိုင်ပါတယ်။

အစာခြေရည်ပြန်ဆန်တက်ခြင်းနဲ့ ရင်ပူနာ ဝေဒနာတွေကြောင့်လည်း လေတက်တဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေ ထွက်နေရတယ်ဆိုရင်တော့ Helicobacter pylori ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အစာအိမ်နံရံရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

လေတက်ခြင်းကို သက်သာစေနိုင်တဲ့နည်းလမ်းတွေက –

ဖြည်းဖြည်းစားပါ၊ ဖြည်းဖြည်းသောက်ပါ

ဖြည်းဖြည်းစားသောက်မယ်ဆို လေတွေသိပ်မျိုမချမိစေဘူးပေါ့။ စိတ်လောနေရင်၊ စိတ်ဖိစီးနေရင် လေမျိုချမိတာပိုများစေနိုင်လို့ အစားစားချိန်မှာ စိတ်ကိုဖြေလျှော့ထားပါ။

ဂက်စ်ပါတဲ့အချိုရည်နဲ့ ဘီယာကို ရှောင်ပါ

လေနဲ့ပတ်သက်တဲ့ ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေဖြစ်စေတဲ့ ဒီသောက်စရာတွေကို ရှောင်သင့်ပါတယ်။

ပီကေဝါးတာ၊ သကြားလုံးစုပ်လုံးစားတာ ရှောင်ပါ

ဒါတွေစားတဲ့အခါ ပုံမှန်ထက်ပိုပြီး ခဏခဏမျိုချရတာများတာမို့ လေတွေပိုဝင်နိုင်စေတာပေါ့။

ဆေးလိပ်လျှော့သောက်ပါ

မသောက်ပါနဲ့လို့ တားလို့ရမှာမဟုတ်တော့ လျှော့သောက်ဖို့ပဲ ပြောရမှာပေါ့။ ဆေးလိပ်ကိုရှိုက်တဲ့အခါ လေကို နှာခေါင်းကရှူသွင်းရုံမကဘဲ ပါးစပ်ကပါ မျိုချမိပါလိမ့်မယ်။

လှုပ်ရှားပါ

အစာစားပြီး ငြိမ်အိပ်မနေဘဲ ခဏလောက်တော့ ဖြည်းဖြည်းလမ်းလျှောက်လိုက်ပါ။

ရင်ပူနာကို ကုသပါ

အစာခြေရည်ပြန်ဆန်တက်ခြင်း၊ ရင်ပူနာ တို့ကို ဒီအတိုင်းမထားဘဲ ကုသလိုက်ပါ။ ဆရာဝန်နဲ့မပြသေးခင် ရုတ်တရက်ဖြစ်လာတဲ့ဝေဒနာဆို အစာအိမ်လေနာပျောက်ဆေးတွေနဲ့တင် သက်သာစေနိုင်ပါတယ်။

အဆီများတာတွေ သိပ်မစားပါနဲ့

အဆီတွေက အစာချေဖျက်မှုကို နှေးစေတာကြောင့် အစာတွေကိုပိုပြီး အချိန်ကြာကြာ အချဉ်ပေါက် စေနိုင်ပါတယ်။

အမြန်သက်သာစေမယ့် ဆေးတွေဆောင်ထားပါ

အစာအိမ်အချဉ်ဓာတ်ကို ထိန်းပေးနိုင်တဲ့ဆေးတွေ (Antacids)နဲ့ အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးနိုင်ပြီး အစာရေမျိုကို ပြန်လည်ကောင်းမွန်လာစေတဲ့ ဆေးတွေသောက်ရင် လျင်မြန်စွာ သက်သာလာစေနိုင် ပါတယ်။ ဆေးဆိုင်တွေမှာ အစာအိမ်လေဆေးအဖြစ် ဆရာဝန်ဆေးညွှန်းမလိုတဲ့ ဆေးတွေကို ဝယ်သောက်နိုင်ပါတယ်။

ရေးသားသူ -Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ခဏခဏေလတက္ေနတာ ဘယ္လိုလုပ္ရမလဲ ခဏခဏေလတက္ေနတာ ဘယ္လိုလုပ္ရမလဲ Reviewed by THITHTOOLWIN on 01:20 Rating: 5
Powered by Blogger.