ရေသ့ေတာင္ျမိဳ႕အနီး ျမန္မာေရတပ္သေဘၤာတိုက္ခိုက္ခံရ


(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕အနီး ေမယုျမစ္မွာ လုံျခဳံေရးေဆာင္ရြက္ေနတဲ့ ေရတပ္သေဘၤာကို မေန႔ညေနပိုင္းမွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႕က တိုက္ခိုက္ခဲ့လို႔ လက္နက္ႀကီးေတြနဲ႔ အျပန္အလွန္ပစ္ခတ္မႈေတြ ရွိခဲ့ပါတယ္။ ဒီပစ္ခတ္မႈမွာ ျမန္မာေရတပ္သေဘၤာဘက္က ထိခိုက္မႈရွိတယ္လို႔ AA ဘက္ကေျပာဆိုေနေပမဲ့ တပ္မေတာ္ဘက္ကေတာ့ တစုံတရာ ထိခိုက္မႈ မရွိဘူးလို႔ဆိုပါတယ္။ တခ်ိန္ထဲမွာ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ႏွစ္ဘက္တိုက္ပြဲေတြ ျဖစ္ပြားေနပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕အနီး ေမယုျမစ္ထဲမွာ ရပ္နားထားတဲ့ တပ္မေတာ္ေရတပ္သေဘၤာကို AA ဘက္ကေန မေန႔ညေနပိုင္းမွာ လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ထုတ္ျပန္ေရးအဖြဲ႔ အတြင္းေရးမွဴး တပ္မေတာ္ေျပာခြင့္ရဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“မေန႔ကေတာ့ဟုတ္တယ္။ ညေနပိုင္းမွာ က်ေနာ္္တို႔ တပ္မေတာ္ေရက လုံျခဳံေရးေဆာင္ရြက္ေနတဲ့ ေရယာဥ္ကို AA ကေနၿပီးေတာ့ ရေသ့ေတာင္ရဲ့ အေနာက္ေတာင္ဘက္ မီတာ ၂၀၀၀ ေလာက္ကေနၿပီးေတာ့ ေနရာ ၄ ေနရာနဲ႔ ၁၀၇မီလီမီတာေလၽွာ့တိုက္ဒုံး ၂ လုံးနဲ႔ ပစ္ပါတယ္။ ထိခိုက္မႈေတာ့ မရွိပါဘူး။”

ရေသ့ေတာင္ၿမိဳ႕အနီး တပ္မေတာ္ေရတပ္သေဘၤာ ပစ္ခတ္မႈျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA ေျပာခြင့္ရခိုင္သုခက အခုလိုေျပာပါတယ္။

“ဗမာေရတပ္သေဘၤာ တစီးကို က်ေနာ္္တို႔ ရခိုင့္တပ္ေတာ္ကေနၿပီးေတာ့ ဝင္ေရာက္ပစ္ခတ္တာ ရွိတယ္။ သေဘၤာကိုေတာ့ ထိတာေပါ့ေနာ္။ မီးခိုးေတြ ေစာင္းေစာင္းထြက္ၿပီးေတာ့မွ သူတို႔ဒီ လက္နက္ႀကီးေတြနဲ႔ ျပန္ၿပီးေတာ့ ရမ္းသန္း ပစ္ခတ္မႈေတြ လုပ္တာေပါ့ေနာ္။ သေဘၤာေပၚမွေတာ့ ထိခိုက္က်ဆုံးမႈေတာ့ ရွိနိုင္တယ္ဗ်။”

စစ္ေရယာဥ္ကိုပစ္ခတ္ခံရအၿပီး တပ္မေတာ္ေရယာဥ္ဘက္ကလည္း လက္နက္ႀကီးနဲ႔ အဆက္မျပတ္ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ရေသ့ေတာင္ၿမိဳ႕ခံ တဦးက ေျပာပါတယ္။

“မေန႔က ညဘက္ဆိုရင္ တေလၽွာက္ ပစ္ေနတယ္သူတို႔က။ အဲေရတပ္ကပစ္တာ NAVY က ပစ္တာ။ လယ္ကြင္း နားမွာက်တယ္။ ရြာထဲမွာ မက်ဘူး မေန႔က။”

ရေသ့ေတာင္ၿမိဳ႕နယ္ ေရစိုးေခ်ာင္းနဲ႔ အမ်က္ေတာင္ေက်းရြာဘက္မွာလည္း ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔အၾကား တိုက္ပြဲ ရက္ဆက္ဆိုသလို ျဖစ္ပြားေနတယ္လို႔ AA ေျပာခြင့္ရခိုင္သုခကေျပာပါတယ္။

“ဒီေန႔မွာလည္း တိုက္ပြဲကေတာ့ ဆက္ၿပီးျဖစ္ေနတယ္ဗ်။ အဲဒီအမ်က္ေတာင္ရြာ တဝိုက္ရယ္။ ေနာက္ၿပီးေတာ့ေရစိုးေခ်ာင္း ဗ်ဴဟာတဝိုက္ေပါ့ေနာ္။ မေန႔က တိုက္ပြဲျဖစ္တဲ့ေနရာေတြမွာ တိုက္ပြဲဆက္ျဖစ္ေနတယ္။ အဲဒီေနရာမွာ တိုက္ပြဲ ျဖစ္ေနတာ ၃ ရက္၊ ၄ ရက္၊ ၅ ရက္ေလာက္ေတာင္ ရွိေနၿပီး။ အဲဒီမွာ ဗမာေရတပ္သေဘၤာေတြကလဲပဲ တိုက္ပြဲျဖစ္ပြားတဲ့ ေနရာကို လက္နက္ႀကီးေတြနဲ႔ လွမ္းၿပီး ပစ္တာရွိတယ္။”

၄ ရက္ဆက္ျဖစ္ပြါးတဲ့တိုက္ပြဲမွာ ႏွစ္ဘက္ ထိခိုက္မႈကိုေတာ့ မသိရေသးဘူးလို႔ ခိုင္သုခကဆိုပါတယ္။

အေနာက္ ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကလည္း အမ်က္ေတာင္ေက်းရြာဘက္မွာ တိုက္ပြဲျဖစ္ပြါးေၾကာင္း အတည္ျပဳေျပာပါတယ္။

“မေန႔ကညေနေလာက္ေတာ့ ၄ နာရီ ၅ နာရီေလာက္ေတာ့ က်ေနာ္္တို႔မ်က္ေတာင္ရဲ့ ေျမာက္ဘက္နား ေခါင္းတိုက္ အနားမွာတိုက္ပြဲျဖစ္တာ။ ဘာမွေတာ့မျဖစ္ပါဘူး။ အဲတာ AA ရဲ့ လႈပ္ရွားရာ ေနရာေတြဆိုေတာ့ အဲဒီေနရာေတြ အျမဲတမ္းျဖစ္တယ္။”

ဒီလိုျဖစ္ပြါးခဲ့တဲ့ ပစ္ခတ္တိုက္ခိုက္မႈအတြင္း ရြာသားေတြ ထိခိုက္မႈ ရွိခဲ့သလို ရြာကေန တိမ္းေရွာင္ေနၾကရတယ္လို႔ ေရစိုးေခ်ာင္းရြာသား တဦးကေျပာပါတယ္။

“ေရစိုးေခ်ာင္းတို႔ အမ်က္ေတာင္တို႔။ အမ်က္ေတာင္ဆိုရင္ ဟိုေန႔က လက္နက္ႀကီးက်လို႔ ေသတဲ့ လူတေယာက္ရွိတယ္။ ေနာက္ၿပီးေတာ့ဒဏ္ရာရတဲ့သူရဲ့ အိမ္ေတြကို မီးရွို႔တာေတြရွိတယ္။ ရြာသားေတြကေတာ့ မရွိေတာ့ဘူး။ ရြာမွာ ေနလို႔မွ မရေတာ့တာ။”

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမွာ ျမန္မာ့စစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔အၾကား တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားေနတာ တႏွစ္နီးပါးၾကာျမင့္ေနၿပီး ျဖစ္သလို တိုက္ပြဲေၾကာင့္လူဦးေရ ၇၀၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာၿပီး စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

[Unicode Version]

ရသေ့တောင်မြို့အနီး မြန်မာရေတပ်သင်္ဘောတိုက်ခိုက်ခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး မေယုမြစ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရေတပ်သင်္ဘောကို မနေ့ညနေပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့လို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ မြန်မာရေတပ်သင်္ဘောဘက်က ထိခိုက်မှုရှိတယ်လို့ AA ဘက်ကပြောဆိုနေပေမဲ့ တပ်မတော်ဘက်ကတော့ တစုံတရာ ထိခိုက်မှု မရှိဘူးလို့ဆိုပါတယ်။ တချိန်ထဲမှာ ရသေ့တောင်မြို့နယ်အတွင်း နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး မေယုမြစ်ထဲမှာ ရပ်နားထားတဲ့ တပ်မတော်ရေတပ်သင်္ဘောကို AA ဘက်ကနေ မနေ့ညနေပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး တပ်မတော်ပြောခွင့်ရဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကတော့ဟုတ်တယ်။ ညနေပိုင်းမှာ ကျနော်တို့ တပ်မတော်ရေက လုံခြုံရေးဆောင်ရွက်နေတဲ့ ရေယာဉ်ကို AA ကနေပြီးတော့ ရသေ့တောင်ရဲ့ အနောက်တောင်ဘက် မီတာ ၂၀၀၀ လောက်ကနေပြီးတော့ နေရာ ၄ နေရာနဲ့ ၁၀၇မီလီမီတာလျှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ပါတယ်။ ထိခိုက်မှုတော့ မရှိပါဘူး။”

ရသေ့တောင်မြို့အနီး တပ်မတော်ရေတပ်သင်္ဘော ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပြောခွင့်ရခိုင်သုခက အခုလိုပြောပါတယ်။

“ဗမာရေတပ်သင်္ဘော တစီးကို ကျနော်တို့ ရခိုင့်တပ်တော်ကနေပြီးတော့ ဝင်ရောက်ပစ်ခတ်တာ ရှိတယ်။ သင်္ဘောကိုတော့ ထိတာပေါ့နော်။ မီးခိုးတွေ စောင်းစောင်းထွက်ပြီးတော့မှ သူတို့ဒီ လက်နက်ကြီးတွေနဲ့ ပြန်ပြီးတော့ ရမ်းသန်း ပစ်ခတ်မှုတွေ လုပ်တာပေါ့နော်။ သင်္ဘောပေါ်မှတော့ ထိခိုက်ကျဆုံးမှုတော့ ရှိနိုင်တယ်ဗျ။”

စစ်ရေယာဉ်ကိုပစ်ခတ်ခံရအပြီး တပ်မတော်ရေယာဉ်ဘက်ကလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ရသေ့တောင်မြို့ခံ တဦးက ပြောပါတယ်။

“မနေ့က ညဘက်ဆိုရင် တလျှောက် ပစ်နေတယ်သူတို့က။ အဲရေတပ်ကပစ်တာ NAVY က ပစ်တာ။ လယ်ကွင်း နားမှာကျတယ်။ ရွာထဲမှာ မကျဘူး မနေ့က။”

ရသေ့တောင်မြို့နယ် ရေစိုးချောင်းနဲ့ အမျက်တောင်ကျေးရွာဘက်မှာလည်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲ ရက်ဆက်ဆိုသလို ဖြစ်ပွားနေတယ်လို့ AA ပြောခွင့်ရခိုင်သုခကပြောပါတယ်။

“ဒီနေ့မှာလည်း တိုက်ပွဲကတော့ ဆက်ပြီးဖြစ်နေတယ်ဗျ။ အဲဒီအမျက်တောင်ရွာ တဝိုက်ရယ်။ နောက်ပြီးတော့ရေစိုးချောင်း ဗျူဟာတဝိုက်ပေါ့နော်။ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ အဲဒီနေရာမှာ တိုက်ပွဲ ဖြစ်နေတာ ၃ ရက်၊ ၄ ရက်၊ ၅ ရက်လောက်တောင် ရှိနေပြီး။ အဲဒီမှာ ဗမာရေတပ်သင်္ဘောတွေကလဲပဲ တိုက်ပွဲဖြစ်ပွားတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်တာရှိတယ်။”

၄ ရက်ဆက်ဖြစ်ပွါးတဲ့တိုက်ပွဲမှာ နှစ်ဘက် ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ခိုင်သုခကဆိုပါတယ်။

အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကလည်း အမျက်တောင်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွါးကြောင်း အတည်ပြုပြောပါတယ်။

“မနေ့ကညနေလောက်တော့ ၄ နာရီ ၅ နာရီလောက်တော့ ကျနော်တို့မျက်တောင်ရဲ့ မြောက်ဘက်နား ခေါင်းတိုက် အနားမှာတိုက်ပွဲဖြစ်တာ။ ဘာမှတော့မဖြစ်ပါဘူး။ အဲတာ AA ရဲ့ လှုပ်ရှားရာ နေရာတွေဆိုတော့ အဲဒီနေရာတွေ အမြဲတမ်းဖြစ်တယ်။”

ဒီလိုဖြစ်ပွါးခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရွာသားတွေ ထိခိုက်မှု ရှိခဲ့သလို ရွာကနေ တိမ်းရှောင်နေကြရတယ်လို့ ရေစိုးချောင်းရွာသား တဦးကပြောပါတယ်။

“ရေစိုးချောင်းတို့ အမျက်တောင်တို့။ အမျက်တောင်ဆိုရင် ဟိုနေ့က လက်နက်ကြီးကျလို့ သေတဲ့ လူတယောက်ရှိတယ်။ နောက်ပြီးတော့ဒဏ်ရာရတဲ့သူရဲ့ အိမ်တွေကို မီးရှို့တာတွေရှိတယ်။ ရွာသားတွေကတော့ မရှိတော့ဘူး။ ရွာမှာ နေလို့မှ မရတော့တာ။”

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာ တနှစ်နီးပါးကြာမြင့်နေပြီး ဖြစ်သလို တိုက်ပွဲကြောင့်လူဦးရေ ၇၀၀၀၀ ကျော် နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

 ကိုႏိုင္ကြန္းအိန္/ VOA Burmese
https://burmese.voanews.com
ရေသ့ေတာင္ျမိဳ႕အနီး ျမန္မာေရတပ္သေဘၤာတိုက္ခိုက္ခံရ ရေသ့ေတာင္ျမိဳ႕အနီး ျမန္မာေရတပ္သေဘၤာတိုက္ခိုက္ခံရ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.