ငါးဖမ္းသမားေတြ အခ်င္းခ်င္းသတ္ၿပီး ေတာင္ကိုရီးယားဘက္ ခိုလႈံဖို႔ ႀကိဳးစားခဲ့သူေတြ ျပန္ပို႔ခံရ

 ေျမာက္ကိုရီးယား ငါးဖမ္းသေဘၤာတစ္စင္းကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလက ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ငါးဖမ္းသေဘၤာတစ္စင္းထဲက လုပ္ေဖာ္ကိုင္ဖက္ ငါးဖမ္းသမား ၁၆ ဦးကို သတ္ခဲ့သူေတြလို႔ ယူဆရတဲ့ ေျမာက္ကိုရီးယား ငါးဖမ္းသမား ႏွစ္ဦး ေတာင္ကိုရီးယားႏိုင္ငံကို ထြက္ေျပး ခိုလႈံခဲ့ရာမွာ သူတို႔ကို ေတာင္ကိုရီးယား အစိုးရက ေျမာက္ကိုရီးယားထံ ျပန္လႊဲေျပာင္းေပးလိုက္ၿပီလို႔ သိရပါတယ္။

အဲဒီငါးဖမ္းသမား ႏွစ္ဦးဟာ စေနေန႔တုန္းက ေရပိုင္နက္မ်ဥ္းကို ျဖတ္ေက်ာ္ ဝင္ေရာက္ခဲ့ၿပီး အဲဒီေနာက္မွာ ေတာင္ကိုရီးယား အာဏာပိုင္ေတြရဲ႕ ထိန္းသိမ္းတာ ခံခဲ့ရပါတယ္။

ခါတိုင္းဆိုရင္ ႏိုင္ငံဘက္ေျပာင္း ခိုလႈံလာသူေတြကို ေတာင္ကိုရီးယား အစိုးရက ခိုလႈံခြင့္ ေပးေလ့ ရွိပါတယ္။ ဒါေပမဲ့ ဒီျဖစ္ရပ္မွာေတာ့ ဒီငါးဖမ္းသမားေတြဟာ ႏိုင္ငံေတာ္ လုံၿခဳံေရးကို ၿခိမ္းေျခာက္ အႏၲရာယ္ျပဳေနတယ္လို႔ ေတာင္ကိုရီးယား အစိုးရက ေျပာပါတယ္။

ႏိုင္ငံ ဘက္ေျပာင္း ခိုလႈံလာသူေတြထက္ ရာဇဝတ္သားေတြအျဖစ္ သူတို႔ကို သတ္မွတ္ခဲ့ၿပီး ေျမာက္ကိုရီးယားႏိုင္ငံဘက္ ျပန္ပို႔ခဲ့တာလို႔ ေတာင္ကိုရီးယားအစိုးရက ေျပာပါတယ္။

သူတို႔ရဲ႕ ငါးဖမ္းသေဘၤာ ေရပိုင္နက္မ်ဥ္းကို ျဖတ္ေက်ာ္လာခဲ့အၿပီး ေတာင္ကိုရီးယား ေရတပ္က သူတို႔ကို ဖမ္းမိဖို႔ အခ်ိန္ ႏွစ္ရက္ ၾကာခဲ့ပါတယ္။

အဲဒီငါးဖမ္းသမား ႏွစ္ဦးက သူတို႔နဲ႔ ေနာက္လူတစ္ေယာက္ဟာ စည္းကမ္းတင္းက်ပ္တဲ့ ဘေဘၤာကက္ပတိန္ကို ေအာက္တိုဘာလကုန္ပိုင္းက သတ္ခဲ့တယ္ ဆိုတာကို ထုတ္ေဖာ္ ဝန္ခံခဲ့တယ္လို႔ တာဝန္ရွိပုဂၢိဳလ္ေတြကို ကိုးကားၿပီး ယုန္ဟက္ သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

အဲဒီေနာက္ သူတို႔ကို ဆန္႔က်င္တဲ့ ငါးဖမ္းသမား ေတြကို တစ္ေယာက္ၿပီး တစ္ေယာက္ သတ္ခဲ့ၿပီး အေလာင္းေတြကို သေဘၤာေပၚကေန ပစ္ခ်ခဲ့တယ္လို႔ ဆိုပါတယ္။

အစက အဲဒီငါးဖမ္းသမားေတြ ေနရပ္ ေျမာက္ကိုရီးယားကို ျပန္သြားခဲ့ၾကေပမဲ့ သူတို႔ထဲက တစ္ဦးကို ဆိပ္ကမ္းတစ္ခုမွာ ရဲက ဖမ္းမိသြားတဲ့အတြက္ က်န္တဲ့ ႏွစ္ေယာက္က သူတို႔သေဘၤာနဲ႔ ေတာင္ကိုရီးယားဘက္ျခမ္းကို ထြက္ေျပးခဲ့ၾကတာ ျဖစ္ပါတယ္။

ႏိုင္ငံဘက္ေျပာင္း ခိုလႈံလာတဲ့ သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ အေပၚ ယုံၾကည္မႈ မရွိတဲ့အတြက္ ဆိုးဆိုးဝါးဝါး ျပစ္မႈ က်ဴးလြန္ထားသူေတြကို ခိုလႈံခြင့္မျပဳဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လို႔ ဆိုးလ္ၿမိဳ႕ အေျခစိုက္ ေတာင္နဲ႔ ေျမာက္ကိုရီးယား ျပန္လည္ေပါင္းစည္းေရး ဝန္ႀကီးက ဘီဘီစီကို ေျပာပါတယ္။

အသက္ ၂၀ ဝန္းက်င္အ႐ြယ္ အဲဒီလူ ႏွစ္ဦးကို ႏွစ္ႏိုင္ငံၾကား ပန္မြန္ဂြၽမ္ နယ္စပ္ၿမိဳ႕မွာ ေျမာက္ကိုရီးယား အစိုးရထံ ျပန္လည္ လႊဲေျပာင္းေပးလိုက္တယ္လို႔ သူက ေျပာပါတယ္။

ဒါဟာ ပန္မြန္ဂြၽမ္ နယ္စပ္ၿမိဳ႕မွာ ေတာင္ကိုရီးယားကေန ေျမာက္ကိုရီးယားထံ ပထမဆုံးအႀကိမ္ တရားခံ လႊဲေျပာင္းေပးတာ ျဖစ္ပါတယ္။ ေတာင္နဲ႔ ေျမာက္ကိုရီးယား ႏွစ္ႏိုင္ငံအၾကား တရားခံလႊဲေျပာင္း ေပးအပ္ေရး သေဘာတူထားခ်က္ မရွိပါဘူး။

ကိုရီးယားကြၽန္းဆြယ္မွာ ႏိုင္ငံဘက္ေျပာင္း ခိုလႈံသူေတြဟာ တံခါးပိတ္ဝါဒ အာဏာရွင္ ေျမာက္ကိုရီးယားႏိုင္ငံကေန ပိုခ်မ္းသာႂကြယ္ဝတဲ့ ဒီမိုကေရစီ ေတာင္ကိုရီးယားႏိုင္ငံထံ ထြက္ေျပးလာသူေတြ ျဖစ္ပါတယ္။

ဒီလို ဘက္ေျပာင္း ခိုလႈံတာမ်ိဳးဟာ သိပ္ကို အႏၲရာယ္ ႀကီးလွပါတယ္။ တခ်ိဳ႕ ျဖစ္ရပ္ေတြမွာ ဆိုရင္ ေျမာက္ကိုရီးယားစစ္သားေတြဟာ က်ည္ဆံေတြၾကားကေန နယ္စပ္ကို ေျခလ်င္ ျဖတ္ေက်ာ္ ထြက္ေျပးလာၾကတာေတြ ရွိပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ေျမာက္ကိုရီးယားႏိုင္ငံကေန ေတာင္ကိုရီးယားႏိုင္ငံထဲ ထြက္ေျပး ခိုလႈံလာသူေပါင္း ၁၁၂၇ ဦး ရွိတယ္လို႔ ေတာင္ကိုရီးယား အစိုးရရဲ႕ ကိန္းဂဏန္းေတြအရ သိရပါတယ္။

ႏိုင္ငံဘက္ေျပာင္း ခိုလႈံလာသူေတြဟာ ေတာင္ကိုရီးယား ေထာက္လွမ္းေရး အာဏာပိုင္ေတြရဲ႕ စစ္ေဆးေမးျမန္းတာကို ခံရေလ့ ရွိၿပီး အစိုးရရဲ႕ ပညာေပးစခန္းေတြမွာ ေနရေလ့ ရွိပါတယ္။ အဲဒီေနာက္မွာမွ လူမႈ အသိုင္းအဝိုင္းၾကားထဲ ေနထိုင္ခြင့္ ရၾကတာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား အမ်ားစုဟာ ေျမာက္ကိုရီးယားကပ္လ်က္ နယ္စပ္ေဒသ အရွည္ႀကီး ရွိတဲ့ တ႐ုတ္ႏိုင္ငံကတဆင့္ ထြက္ေျပးၾကသူေတြ ျဖစ္ၿပီး ေတာင္နဲ႔ ေျမာက္ကိုရီးယားအၾကား လုံၿခဳံေရး တင္းတင္းက်ပ္က်ပ္ ခ်ထားတဲ့ စစ္မဲ့ဇုန္ကို ျဖတ္ေက်ာ္ ထြက္ေျပးတာထက္ အမ်ားႀကီး ပိုလြယ္ကူတာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားကေန ထြက္ေျပးလာသူေတြကို ေ႐ႊ႕ေျပာင္း ဒုကၡသည္ေတြအျဖစ္ထက္ တရားမဝင္ ခိုးဝင္လာသူေတြအျဖစ္ တ႐ုတ္အစိုးရက ယူဆထားၿပီး မၾကာခဏ ဆိုသလို အဲဒီလူေတြကို ေနရပ္ ေျမာက္ကိုရီးယားထံ ျပန္ပို႔ေလ့ ရွိပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ငါးဖမ်းသမားတွေ အချင်းချင်းသတ်ပြီး တောင်ကိုရီးယားဘက် ခိုလှုံဖို့ ကြိုးစားခဲ့သူတွေ ပြန်ပို့ခံရ

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြောက်ကိုရီးယား ငါးဖမ်းသင်္ဘောတစ်စင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်

ငါးဖမ်းသင်္ဘောတစ်စင်းထဲက လုပ်ဖော်ကိုင်ဖက် ငါးဖမ်းသမား ၁၆ ဦးကို သတ်ခဲ့သူတွေလို့ ယူဆရတဲ့ မြောက်ကိုရီးယား ငါးဖမ်းသမား နှစ်ဦး တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေး ခိုလှုံခဲ့ရာမှာ သူတို့ကို တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယားထံ ပြန်လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။

အဲဒီငါးဖမ်းသမား နှစ်ဦးဟာ စနေနေ့တုန်းက ရေပိုင်နက်မျဉ်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး အဲဒီနောက်မှာ တောင်ကိုရီးယား အာဏာပိုင်တွေရဲ့ ထိန်းသိမ်းတာ ခံခဲ့ရပါတယ်။

ခါတိုင်းဆိုရင် နိုင်ငံဘက်ပြောင်း ခိုလှုံလာသူတွေကို တောင်ကိုရီးယား အစိုးရက ခိုလှုံခွင့် ပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်မှာတော့ ဒီငါးဖမ်းသမားတွေဟာ နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုနေတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

နိုင်ငံ ဘက်ပြောင်း ခိုလှုံလာသူတွေထက် ရာဇဝတ်သားတွေအဖြစ် သူတို့ကို သတ်မှတ်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံဘက် ပြန်ပို့ခဲ့တာလို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

သူတို့ရဲ့ ငါးဖမ်းသင်္ဘော ရေပိုင်နက်မျဉ်းကို ဖြတ်ကျော်လာခဲ့အပြီး တောင်ကိုရီးယား ရေတပ်က သူတို့ကို ဖမ်းမိဖို့ အချိန် နှစ်ရက် ကြာခဲ့ပါတယ်။

အဲဒီငါးဖမ်းသမား နှစ်ဦးက သူတို့နဲ့ နောက်လူတစ်ယောက်ဟာ စည်းကမ်းတင်းကျပ်တဲ့ ဘင်္ဘောကက်ပတိန်ကို အောက်တိုဘာလကုန်ပိုင်းက သတ်ခဲ့တယ် ဆိုတာကို ထုတ်ဖော် ဝန်ခံခဲ့တယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေကို ကိုးကားပြီး ယုန်ဟက် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် သူတို့ကို ဆန့်ကျင်တဲ့ ငါးဖမ်းသမား တွေကို တစ်ယောက်ပြီး တစ်ယောက် သတ်ခဲ့ပြီး အလောင်းတွေကို သင်္ဘောပေါ်ကနေ ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

အစက အဲဒီငါးဖမ်းသမားတွေ နေရပ် မြောက်ကိုရီးယားကို ပြန်သွားခဲ့ကြပေမဲ့ သူတို့ထဲက တစ်ဦးကို ဆိပ်ကမ်းတစ်ခုမှာ ရဲက ဖမ်းမိသွားတဲ့အတွက် ကျန်တဲ့ နှစ်ယောက်က သူတို့သင်္ဘောနဲ့ တောင်ကိုရီးယားဘက်ခြမ်းကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption အဲဒီငါးဖမ်းသမား နှစ်ဦးကို နှစ်နိုင်ငံ စစ်မဲ့ဇုန်ထဲက ပန်မွန်ဂျွမ်မြို့မှာ မြောက်ကိုရီးယားထံ ပြန်လွှဲပြောင်းပေးခဲ့

နိုင်ငံဘက်ပြောင်း ခိုလှုံလာတဲ့ သူတို့ရဲ့ ရည်ရွယ်ချက် အပေါ် ယုံကြည်မှု မရှိတဲ့အတွက် ဆိုးဆိုးဝါးဝါး ပြစ်မှု ကျူးလွန်ထားသူတွေကို ခိုလှုံခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုးလ်မြို့ အခြေစိုက် တောင်နဲ့ မြောက်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။

အသက် ၂၀ ဝန်းကျင်အရွယ် အဲဒီလူ နှစ်ဦးကို နှစ်နိုင်ငံကြား ပန်မွန်ဂျွမ် နယ်စပ်မြို့မှာ မြောက်ကိုရီးယား အစိုးရထံ ပြန်လည် လွှဲပြောင်းပေးလိုက်တယ်လို့ သူက ပြောပါတယ်။

ဒါဟာ ပန်မွန်ဂျွမ် နယ်စပ်မြို့မှာ တောင်ကိုရီးယားကနေ မြောက်ကိုရီးယားထံ ပထမဆုံးအကြိမ် တရားခံ လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား တရားခံလွှဲပြောင်း ပေးအပ်ရေး သဘောတူထားချက် မရှိပါဘူး။

ကိုရီးယားကျွန်းဆွယ်မှာ နိုင်ငံဘက်ပြောင်း ခိုလှုံသူတွေဟာ တံခါးပိတ်ဝါဒ အာဏာရှင် မြောက်ကိုရီးယားနိုင်ငံကနေ ပိုချမ်းသာကြွယ်ဝတဲ့ ဒီမိုကရေစီ တောင်ကိုရီးယားနိုင်ငံထံ ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။

ဒီလို ဘက်ပြောင်း ခိုလှုံတာမျိုးဟာ သိပ်ကို အန္တရာယ် ကြီးလှပါတယ်။ တချို့ ဖြစ်ရပ်တွေမှာ ဆိုရင် မြောက်ကိုရီးယားစစ်သားတွေဟာ ကျည်ဆံတွေကြားကနေ နယ်စပ်ကို ခြေလျင် ဖြတ်ကျော် ထွက်ပြေးလာကြတာတွေ ရှိပါတယ်။

၂၀၁၇ ခုနှစ်တုန်းက မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံထဲ ထွက်ပြေး ခိုလှုံလာသူပေါင်း ၁၁၂၇ ဦး ရှိတယ်လို့ တောင်ကိုရီးယား အစိုးရရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

နိုင်ငံဘက်ပြောင်း ခိုလှုံလာသူတွေဟာ တောင်ကိုရီးယား ထောက်လှမ်းရေး အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းတာကို ခံရလေ့ ရှိပြီး အစိုးရရဲ့ ပညာပေးစခန်းတွေမှာ နေရလေ့ ရှိပါတယ်။ အဲဒီနောက်မှာမှ လူမှု အသိုင်းအဝိုင်းကြားထဲ နေထိုင်ခွင့် ရကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အများစုဟာ မြောက်ကိုရီးယားကပ်လျက် နယ်စပ်ဒေသ အရှည်ကြီး ရှိတဲ့ တရုတ်နိုင်ငံကတဆင့် ထွက်ပြေးကြသူတွေ ဖြစ်ပြီး တောင်နဲ့ မြောက်ကိုရီးယားအကြား လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ စစ်မဲ့ဇုန်ကို ဖြတ်ကျော် ထွက်ပြေးတာထက် အများကြီး ပိုလွယ်ကူတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေကို ရွှေ့ပြောင်း ဒုက္ခသည်တွေအဖြစ်ထက် တရားမဝင် ခိုးဝင်လာသူတွေအဖြစ် တရုတ်အစိုးရက ယူဆထားပြီး မကြာခဏ ဆိုသလို အဲဒီလူတွေကို နေရပ် မြောက်ကိုရီးယားထံ ပြန်ပို့လေ့ ရှိပါတယ်။

BBC Burmese
https://www.bbc.com
ငါးဖမ္းသမားေတြ အခ်င္းခ်င္းသတ္ၿပီး ေတာင္ကိုရီးယားဘက္ ခိုလႈံဖို႔ ႀကိဳးစားခဲ့သူေတြ ျပန္ပို႔ခံရ ငါးဖမ္းသမားေတြ အခ်င္းခ်င္းသတ္ၿပီး ေတာင္ကိုရီးယားဘက္ ခိုလႈံဖို႔ ႀကိဳးစားခဲ့သူေတြ ျပန္ပို႔ခံရ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.