အီး-စီးကရက္က ႏွလုံးကို ထိခိုက္ေစေၾကာင္း ေလ့လာေတြ႕ရွိ

(Zawgyi)⤵⤵⤵
ဆယ္ေက်ာ္သက္အ႐ြယ္ၾကားမွာ လူႀကိဳက္မ်ားေနတဲ့ E-စီးကရက္ က ႏွလုံးေသြးျပန္ေၾကာစနစ္ကို ပ်က္ဆီးႏိုင္ ေၾကာင္း၊ အီး-စီးကရက္နဲ႔ ပတ္သတ္ၿပီးေသဆုံးမႈေတြနဲ႔ ဒဏ္ရာရရွိမႈေတြ ႀကီးထြားလာတဲ့အတြက္ စိုးရိမ္မႈ ျဖစ္လာေၾကာင္း ဒီကေန႔ (ၾကာသပေတးေန႔) မွာ ထုတ္ျပန္ေျပာၾကားပါတယ္။

ၿပီးခဲ့တဲ့ လက အေမရိကန္ႏိုင္ငံက ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ကာကြယ္ေရးအဖြဲ႕ကလည္း အီး-စီးကရက္နဲ႔ ဆက္ႏြယ္ၿပီး အဆုတ္ဒဏ္ရာရရွိႏိုင္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

အီး-စီးကရက္ထဲမွာ နီကိုတင္း နဲ႔ သတၱဳပါဝင္ျခင္း၊ ေလထုညစ္ညမ္းမႈကို ေလ့လာရာတြင္လည္း ေသးငယ္တဲ့ အမႈံအမႊားေလးေတြဟာ ေသြးလွည့္ပတ္မႈထဲကို ေရာက္ရွိၿပီး ႏွလုံးဆီကို တိုက္႐ိုက္ေရာက္ရွိ သြားေၾကာင္း ဒီကေန႔ထုတ္ျပန္ခ်က္ကို ေရးသားတဲ့ အိုဟိုင္းအိုးတကၠသိုလ္က အႀကီးတန္းစာေရးဆရာ လိုရန္ ေဝါ က ေျပာပါတယ္။

တိုဘာကိုးထဲမွာလည္း ေတြ႕ရွိႏိုင္တဲ့ နီကိုတင္းဟာ ႏွလုံးခုန္ႏႈန္းျမန္ေစႏိုင္သလို ေသြးတိုးေစႏိုင္ပါတယ္။

အီး-စီးကရက္ထဲမွာ ေဖာ္မယ္ဒီဟိုက္ ပါရွိရာ ေဖာ္မယ္ဒီဟိုက္က ကင္ဆာေရာဂါကို ျဖစ္ေစႏိုင္ျခင္းနဲ႔ ႏွလုံးကို ထိခိုက္ေစေၾကာင္း ႂကြက္နဲ႔ စမ္းသပ္မႈကေန ေတြ႕ရွိရပါတယ္။

အီး-စီးကရက္နဲ႔ပတ္သတ္ပီး အေမရိကန္ႏိုင္ငံရဲ႕ ၂၄ ျပည္နယ္မွာ လူေပါင္း ၃၇ ဦးေသဆုံးၿပီး တစ္ႏိုင္ငံလုံးမွာ အဆုတ္ေရာဂါရွင္ေပါင္း ၁,၉၀၀ ဦး နီးပါးရွိေၾကာင္း သိရပါတယ္။

ကမာၻတစ္ဝန္းမွာ အီးစီးကရက္သုံးစြဲသူက ၂၀၁၁ ခုႏွစ္က ၇ သန္းရွိရာကေန ၂၀၁၈ ခုႏွစ္မွာ ၄၁ သန္းအထိ တိုးလာေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အေမရိကန္ႏိုင္ငံက အထက္တန္းေက်ာင္းမ်ားမွာ အီး-စီးကရက္သုံးစြဲသူဟာ ႏွစ္ႏွစ္အတြင္း ၁၅ ရာခိုင္ႏႈန္း တိုးလာေၾကာင္း၊ အလယ္တန္းေက်ာင္းမ်ားမွာ ၂၀၁၈ခုႏွစ္ကထက္ ၂၀၁၉ ခုႏွစ္က ႏွစ္ဆျဖစ္လာၿပီး အလယ္ေက်ာင္းသူေက်ာင္းသား ၁၀ ရာခိုင္ႏႈန္းက အီး-စီးကရက္ သုံးစြဲေၾကာင္း ဝန္ခံထားပါတယ္လို႔ အမ်ိဳးသားလူငယ္ေရးရာတိုဘာကို ေလ့လာေရး ၂၀၁၉ ခုႏွစ္ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

MDN
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
(Unicode)⤵⤵⤵

အီး-စီးကရက်က နှလုံးကို ထိခိုက်စေကြောင်း လေ့လာတွေ့ရှိ

၇ နိုဝင်ဘာ

ဆယ်ကျော်သက်အရွယ်ကြားမှာ လူကြိုက်များနေတဲ့ E-စီးကရက် က နှလုံးသွေးပြန်ကြောစနစ်ကို ပျက်ဆီးနိုင် ကြောင်း၊ အီး-စီးကရက်နဲ့ ပတ်သတ်ပြီးသေဆုံးမှုတွေနဲ့ ဒဏ်ရာရရှိမှုတွေ ကြီးထွားလာတဲ့အတွက် စိုးရိမ်မှု ဖြစ်လာကြောင်း ဒီကနေ့ (ကြာသပတေးနေ့) မှာ ထုတ်ပြန်ပြောကြားပါတယ်။

ပြီးခဲ့တဲ့ လက အမေရိကန်နိုင်ငံက ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးအဖွဲ့ကလည်း အီး-စီးကရက်နဲ့ ဆက်နွယ်ပြီး အဆုတ်ဒဏ်ရာရရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အီး-စီးကရက်ထဲမှာ နီကိုတင်း နဲ့ သတ္တုပါဝင်ခြင်း၊ လေထုညစ်ညမ်းမှုကို လေ့လာရာတွင်လည်း သေးငယ်တဲ့ အမှုံအမွှားလေးတွေဟာ သွေးလှည့်ပတ်မှုထဲကို ရောက်ရှိပြီး နှလုံးဆီကို တိုက်ရိုက်ရောက်ရှိ သွားကြောင်း ဒီကနေ့ထုတ်ပြန်ချက်ကို ရေးသားတဲ့ အိုဟိုင်းအိုးတက္ကသိုလ်က အကြီးတန်းစာရေးဆရာ လိုရန် ဝေါ က ပြောပါတယ်။

တိုဘာကိုးထဲမှာလည်း တွေ့ရှိနိုင်တဲ့ နီကိုတင်းဟာ နှလုံးခုန်နှုန်းမြန်စေနိုင်သလို သွေးတိုးစေနိုင်ပါတယ်။

အီး-စီးကရက်ထဲမှာ ဖော်မယ်ဒီဟိုက် ပါရှိရာ ဖော်မယ်ဒီဟိုက်က ကင်ဆာရောဂါကို ဖြစ်စေနိုင်ခြင်းနဲ့ နှလုံးကို ထိခိုက်စေကြောင်း ကြွက်နဲ့ စမ်းသပ်မှုကနေ တွေ့ရှိရပါတယ်။

အီး-စီးကရက်နဲ့ပတ်သတ်ပီး အမေရိကန်နိုင်ငံရဲ့ ၂၄ ပြည်နယ်မှာ လူပေါင်း ၃၇ ဦးသေဆုံးပြီး တစ်နိုင်ငံလုံးမှာ အဆုတ်ရောဂါရှင်ပေါင်း ၁,၉၀၀ ဦး နီးပါးရှိကြောင်း သိရပါတယ်။

ကမ္ဘာတစ်ဝန်းမှာ အီးစီးကရက်သုံးစွဲသူက ၂၀၁၁ ခုနှစ်က ၇ သန်းရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၄၁ သန်းအထိ တိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမေရိကန်နိုင်ငံက အထက်တန်းကျောင်းများမှာ အီး-စီးကရက်သုံးစွဲသူဟာ နှစ်နှစ်အတွင်း ၁၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ အလယ်တန်းကျောင်းများမှာ ၂၀၁၈ခုနှစ်ကထက် ၂၀၁၉ ခုနှစ်က နှစ်ဆဖြစ်လာပြီး အလယ်ကျောင်းသူကျောင်းသား ၁၀ ရာခိုင်နှုန်းက အီး-စီးကရက် သုံးစွဲကြောင်း ဝန်ခံထားပါတယ်လို့ အမျိုးသားလူငယ်ရေးရာတိုဘာကို လေ့လာရေး ၂၀၁၉ ခုနှစ်ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

MDN
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အီး-စီးကရက္က ႏွလုံးကို ထိခိုက္ေစေၾကာင္း ေလ့လာေတြ႕ရွိ အီး-စီးကရက္က ႏွလုံးကို ထိခိုက္ေစေၾကာင္း ေလ့လာေတြ႕ရွိ Reviewed by THITHTOOLWIN on 00:34 Rating: 5
Powered by Blogger.