ထိုင္း ဝရမ္းေျပး လူကုန္ကူးတရားခံ ကေမာၻဒီးယား ဖမ္းဆီးလႊြဲေျပာင္း

၂၀၁၅ ႏို၀င္ဘာတုန္းက ထိုင္း လူကုန္ကူးတရားခံမ်ားကို ဘန္ေကာက္တရားရံုးသို႔ ရံုးထုတ္စဥ္
(Zawgyi/Unicode)

လြန္ခဲ့တဲ့ ၄ ႏွစ္ေက်ာ္က ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ျမန္မာႏုိင္ငံကေန ထိုင္းႏိုင္ငံေတာင္ပိုင္းကို ခိိုးထုတ္ရာမွာပါဝင္တဲ့ အဓိက သံသယရွိသူေတြထဲက ထိုင္းအစိုးရ ဖမ္းဝရန္းထုတ္ထားသူ တဦးျဖစ္တဲ့ ကုိတုတ္ (ေခၚ) Santipiyakul ကို ကေမာၻဒီးယားႏုိင္ငံမွာ ဖမ္းဆီးရမိၿပီး သူ႔ကို ထုိင္းအာဏာပိုင္ေတြဆီ လႊဲေျပာင္းေပးအပ္ခဲ့တယ္လို႔ ထိုင္းရဲတပ္ဖြဲ႔ အႀကီးအကဲ တဦးျဖစ္တဲ့ Surapong Chaichan က တနဂၤေႏြေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

၂၀၁၅ ခုႏွစ္တုန္းက လူကုန္ကူးဂိုဏ္းႀကီးတခုကို ၿဖိဳခြဲဖမ္းဆီးတာမွာ လူကုန္ကူးမႈမွာ ပါဝင္တဲ့ စစ္တပ္တာဝန္ရွိသူတခ်ဳိ႕အပါအဝင္ လူေပါင္း ၁၄၈ ေယာက္ဟာ ဒုကၡသည္ေတြကို မေလးရွား ကိုမပို႔ခင္ ထိုင္း-မေလးနယ္စပ္၊ ထုိင္းႏုိင္ငံေတာင္ပိုင္း Songkhla ခ႐ိုင္၊ Hat Yai ၿမိဳ႕နယ္ ၊ Padang Besar ေတာတြင္းယာယီစခန္းမွာ ထိန္းသိမ္းထား ခဲ့ၿပီး ဒီလိုဖမ္းဆီးထားခ်ိန္မွာ လူကုန္ကူးသူေတြက ညႇဥ္းပမ္းႏွိပ္စက္တာေတြနဲ႔ လူသတ္မႈေတြ က်ဴးလြန္ခဲ့ၾကတာကို ေဖာ္ထုတ္ႏုိင္ခဲ့တာပါ။

လူကုန္ကူးသူေတြရဲ႕ စခန္းကို ထိုင္းအာဏာပိုင္ေတြက ဝင္ေရာက္ဖမ္းဆီးရာမွာေတာ့ ျမႇဳပ္ထား တဲ့ လူေသအေလာင္းအမ်ားအျပားကို တူးေဖာ္ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ဒီအမႈမွာ ထိပ္တန္း ထိုင္း စစ္ဘက္ေခါင္းေဆာင္တခ်ဳိ႕လည္း ပါဝင္ေနတာ ေဖာ္ထုတ္သိရွိခဲ့ပါတယ္။

အခုလႊဲေျပာင္းေပးအပ္ခဲ့တဲ့ Santipiyakul ဟာ ဒီလူကုန္ကူးဂိုဏ္းရဲ႕ ဝင္ေငြထြက္ေငြ စာရင္း ကိုင္တြယ္ေပးသူျဖစ္တဲ့အတြက္ ထိုင္းအစိုးရက ဖမ္းဝရန္းထုတ္ထားသူျဖစ္ၿပီး အဲဒီအခ်ိန္ ကတည္းက သူဟာ ကေမာၻဒီးယားကို ထြက္ေျပးသြားခဲ့သူျဖစ္ေၾကာင္းလည္း သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဖမ္းဆီးရမိတဲ့ Santipiyakul ကို လြန္ခဲ့တဲ့ ၄ ႏွစ္က လူကုန္ကူးမႈမွာ ပါဝင္သူေတြအတြက္ ခ်မွတ္ခဲ့တဲ့ မူလ ေထာင္ဒဏ္ ၂၇ ႏွစ္ကေန ၈၇ ႏွစ္ အထိ တိုးျမႇင့္ ခ်ထားၿပီးသားျဖစ္ပါတယ္။

.......................

ထိုင်း ဝရမ်းပြေး လူကုန်ကူးတရားခံ ကမ္ဘောဒီးယား ဖမ်းဆီးလွှွဲပြောင်း

(Zawgyi/Unicode)

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံတောင်ပိုင်းကို ခိုးထုတ်ရာမှာပါဝင်တဲ့ အဓိက သံသယရှိသူတွေထဲက ထိုင်းအစိုးရ ဖမ်းဝရန်းထုတ်ထားသူ တဦးဖြစ်တဲ့ ကိုတုတ်ခေါ် Santipiyakul ကို ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းဆီးရမိပြီး သူ့ကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ တဦးဖြစ်တဲ့ Surapong Chaichan က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၁၅ ခုနှစ်တုန်းက လူကုန်ကူးဂိုဏ်းကြီးတခုကို ဖြိုခွဲဖမ်းဆီးတာမှာ လူကုန်ကူးမှုမှာ ပါဝင်တဲ့ စစ်တပ်တာဝန်ရှိသူတချို့အပါအဝင် လူပေါင်း ၁၄၈ ယောက်ဟာ ဒုက္ခသည်တွေကို မလေးရှား ကိုမပို့ခင် ထိုင်း-မလေးနယ်စပ်၊ ထိုင်းနိုင်ငံတောင်ပိုင်း Songkhla ခရိုင်၊ Hat Yai မြို့နယ် ၊ Padang Besar တောတွင်းယာယီစခန်းမှာ ထိန်းသိမ်းထား ခဲ့ပြီး ဒီလိုဖမ်းဆီးထားချိန်မှာ လူကုန်ကူးသူတွေက ညှဉ်းပမ်းနှိပ်စက်တာတွေနဲ့ လူသတ်မှုတွေ ကျူးလွန်ခဲ့ကြတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။

လူကုန်ကူးသူတွေရဲ့ စခန်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးရာမှာတော့ မြှုပ်ထား တဲ့ လူသေအလောင်းအများအပြားကို တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီအမှုမှာ ထိပ်တန်း ထိုင်း စစ်ဘက်ခေါင်းဆောင်တချို့လည်း ပါဝင်နေတာ ဖော်ထုတ်သိရှိခဲ့ပါတယ်။

အခုလွှဲပြောင်းပေးအပ်ခဲ့တဲ့ Santipiyakul ဟာ ဒီလူကုန်ကူးဂိုဏ်းရဲ့ ဝင်ငွေထွက်ငွေ စာရင်း ကိုင်တွယ်ပေးသူဖြစ်တဲ့အတွက် ထိုင်းအစိုးရက ဖမ်းဝရန်းထုတ်ထားသူဖြစ်ပြီး အဲဒီအချိန် ကတည်းက သူဟာ ကမ္ဘောဒီးယားကို ထွက်ပြေးသွားခဲ့သူဖြစ်ကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ Santipiyakul ကို လွန်ခဲ့တဲ့ ၄ နှစ်က လူကုန်ကူးမှုမှာ ပါဝင်သူတွေအတွက် ချမှတ်ခဲ့တဲ့ မူလ ထောင်ဒဏ် ၂၇ နှစ်ကနေ ၈၇ နှစ် အထိ တိုးမြှင့် ချထားပြီးသားဖြစ်ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ထိုင္း ဝရမ္းေျပး လူကုန္ကူးတရားခံ ကေမာၻဒီးယား ဖမ္းဆီးလႊြဲေျပာင္း ထိုင္း ဝရမ္းေျပး လူကုန္ကူးတရားခံ ကေမာၻဒီးယား ဖမ္းဆီးလႊြဲေျပာင္း Reviewed by THITHTOOLWIN on 02:28 Rating: 5
Powered by Blogger.