ဦးကိုနီအမႈ ျပစ္ဒဏ္တိုးဖို႔ တရားလိုသက္ေသ ေလွ်ာက္ထား

ေရွ႕ေန ဦးကိုနီ လုပ္ႀကံခံရတဲ့အမႈမွာ ပါဝင္တဲ့ ေဇယ်ာၿဖိဳးကို ၂၀၁၉ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က ႐ုံးထုတ္ခဲ့စဥ္
(Zawgyi)⤵⤵⤵
NLD ပါတီ ဥပေဒအႀကံေပး ဦးကိုနီ  လုပ္ႀကံခံရတဲ့အမႈမွာပါဝင္တဲ့ ေဇယ်ာၿဖိဳးကို ေထာင္ ၅ ႏွစ္နဲ႔  ေအာင္ဝင္းထြန္း ကို ေထာင္ဒဏ္ ၃ ႏွစ္အျဖစ္ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးက ခ်မွတ္ခဲ့ပါတယ္။

ဦးကိုနီရဲ႕ ဇနီးဘက္က လိုက္ပါေဆာင္႐ြက္တဲ့ ေရွ႕ေန ဦးခင္ေမာင္ေဌးနဲ႔ ဦးကိုနီကို လုပ္ႀကံတဲ့ လူသတ္သမား ၾကည္လင္း ကို ဖမ္းဆီးစဥ္ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရတဲ့ အငွားယာဥ္ေမာင္း ကိုေနဝင္းဘက္က လိုက္ပါေဆာင္႐ြက္ တဲ့ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္တို႔က သူတို႔ ႏွစ္ဦးရဲ႕ ျပစ္ဒဏ္ကို တိုးျမႇင့္ေပးဖို႔ ျပည္ေထာင္စု တရားလႊတ္ေတာ္ ခ်ဳပ္မွာ ေလွ်ာက္ထားခဲ့ပါတယ္။

ဦးကိုနီကို လုပ္ႀကံတဲ့ တရားခံ ေသနတ္သမား ၾကည္လင္းနဲ႔ ေအာင္ဝင္းေဇာ္ကို မေသမခ်င္း ႀကိဳးကြင္းစြပ္သတ္ဖို႔၊ ေဇယ်ာၿဖိဳးကို ေထာင္ ၅ ႏွစ္နဲ႔ ေအာင္ဝင္းထြန္းကို ေထာင္ဒဏ္ ၃ ႏွစ္က်ခံဖို႔ တရား႐ုံးက အမိန႔္ခ်ခဲ့ပါတယ္။  အမႈမွာ ပါဝင္ပတ္သက္တဲ့ တရားခံေျပး  ေအာင္ဝင္းခိုင္ကေတာ့ ေနျပည္ေတာ္က ပရေဆးဥယ်ာဥ္နားမွာ ေပ်ာက္ဆုံးသြားခဲ့ၿပီး ဒီေန႔အခ်ိန္အထိ လြတ္ေျမာက္ေနဆဲပါ။

အသတ္ခံရတဲ့ အငွားယာဥ္ေမာင္း ကိုေနဝင္းရဲ႕ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က  ေဇယ်ာၿဖိဳးကို ျပစ္ဒဏ္တိုးေပး ဖို႔ တင္ျပခဲ့တယ္လို႔ ေျပာပါတယ္။

ေသဒဏ္ခ်မွတ္ခံထားရတဲ့ ေအာင္ဝင္းေဇာ္ကို ကူညီခဲ့တဲ့ အစ္ကိုျဖစ္သူ  ေအာင္ဝင္းထြန္းကို  ခ်မွတ္ထားတဲ့ ျပစ္ဒဏ္ ေထာင္ဒဏ္ ၃ ႏွစ္က နည္းေနတဲ့အတြက္ ထိုက္သင့္တဲ့ ျပစ္ဒဏ္တိုးျမင့္ေပးဖို႔လည္း တင္ျပခဲ့တယ္လို႔ သူက ေျပာပါတယ္။

ေဇယ်ာၿဖိဳးကို မူလက ေသဒဏ္ခ်မွတ္ခံရႏိုင္တဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မအရ လူသတ္မႈကို ပူးေပါင္းအားေပး ႀကံစည္သူလို႔ တရား႐ုံးမွာ စြဲခ်က္တင္ထားခဲ့ေပမယ့္ တကယ္တမ္း အမိန႔္ခ်မွတ္တဲ့အခါ ေငြေပးေစခိုင္းတယ္ ဆိုတာကို တရားလိုဘက္က သက္ေသမျပႏိုင္တဲ့အတြက္ဆိုၿပီး ရာဇသတ္ႀကီးပုဒ္မ ၂၀၁ နဲ႔သာ ရန္ကုန္ေျမာက္ပိုင္း ခ႐ိုင္တရား႐ုံးက အမိန႔္ခ်ခဲ့ပါတယ္။

ရာဇသတ္ႀကီးပုဒ္မ ၂၀၁ အရဆိုရင္ အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၇ ႏွစ္အထိ ခ်မွတ္ႏိုင္တယ္လို႔ ဥပေဒ ကြၽမ္းက်င္သူေတြက ေထာက္ျပၾကပါတယ္။

လြတ္လပ္ေသာေရွ႕ေနမ်ားအသင္းက ေသနတ္သမား ၾကည္လင္းနဲ႔ ခိုင္းေစသူ ေအာင္ဝင္းေဇာ္ တို႔ကို ေသဒဏ္ ခ်မွတ္ခဲ့တဲ့အေပၚမွာ ႀကိဳဆိုေပမယ့္ ဦးကိုနီ လုပ္ႀကံခံရမႈမွာ အေရးပါတဲ့  ေဇယ်ာၿဖိဳးကို  ေထာင္ဒဏ္ ၅ ႏွစ္ သာခ်မွတ္ခဲ့တဲ့အေပၚ ေဝဖန္ေျပာဆိုတာေတြရွိခဲ့ပါတယ္။

ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးက ဥပေဒအရာရွိက တရားလိုဘက္က တင္ျပခ်က္အတိုင္း  ျပစ္ဒဏ္တိုးျမႇင့္သင့္ ေၾကာင္း ဒီေန႔  တရား လႊတ္ေတာ္ခ်ဳပ္မွာ  တင္ျပခဲ့တယ္လို႔  ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။

ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က တရားသူႀကီး ႏွစ္ဦးက အမႈအယူခံကို ၾကားနာခဲ့တာျဖစ္ၿပီး ဘယ္ေန႔မွာ အမိန႔္ခ်မယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

တခ်ိန္တည္းမွာ တရားခံေတြဘက္ကလည္း  အယူခံဝင္ခဲ့ၾကပါတယ္။

ေဇယ်ာၿဖိဳးနဲ႔ ေအာင္ဝင္းထြန္းတို႔ရဲ႕ ေရွ႕ေနေတြကေတာ့ ေဇယ်ာၿဖိဳးနဲ႔ ေအာင္ဝင္းထြန္းတို႔ ပါဝင္ေၾကာင္း သက္ေသ မျပႏိုင္တဲ့အတြက္ တရားေသလႊတ္ေပးဖို႔ ဒီေန႔ တရားခြင္မွာ  ေလွ်ာက္ထားခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ တရားခံ ေရွ႕ေနေတြကိုေတာ့ ေမးျမန္းခြင့္ မရခဲ့ပါဘူး။

တရားလိုေရွ႕ေန ဦးေရာဘတ္စန္းေအာင္က သူ႔ကိုလည္း ဦးကိုနီလိုပဲ ေန႔စဥ္ ဖုန္းနဲ႔ ၿခိမ္းေျခာက္ေျပာဆိုမူေတြ ရွိတဲ့အတြက္ ဒီေန႔ ႐ုံးခ်ိန္းမွာ ျပႆနာ တစ္စုံတစ္ရာမျဖစ္ဖို႔ ရဲတပ္ဖြဲ႕ထံက လုံၿခဳံ‌ေရးအကူအညီေတာင္းခဲ့ ရတယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

NLD ပါတီရဲ႕ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုနီဟာ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ တက္ႂကြစြာ ေဟာေျပာခဲ့သူျဖစ္ၿပီး မကြယ္လြန္ခင္အခ်ိန္မွာ ၿခိမ္းေျခာက္ေျပာဆိုမူေတြကို ျပင္ ျပင္းထန္ထန္ ခံခဲ့ရသူပါ။

သူဟာ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ  ၂၉ ရက္ေန႔က ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ေရွ႕ လူျမင္ကြင္းမွာပဲ အနီးကပ္ ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံခံခဲ့ရပါတယ္။

ဒီအမႈကို တရား႐ုံးက ၂ ႏွစ္ေက်ာ္ၾကာေအာင္ စစ္ေဆးခဲ့စဥ္ တရားလို၊ တရားခံျပသက္ေသ ၂၀၀ ေက်ာ္ကို စစ္ေဆးခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ေဖဖဝါရီလ ၁၅ ရက္ေန႔က အၿပီးသတ္အမိန႔္ခ်ခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
--------------------
(Unicode)⤵⤵⤵
ဦးကိုနီအမှု ပြစ်ဒဏ်တိုးဖို့ တရားလိုသက်သေ လျှောက်ထား

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာ ပါဝင်တဲ့ ဇေယျာဖြိုးကို ၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: RFA

NLD ပါတီ ဥပဒေအကြံပေး ဦးကိုနီ  လုပ်ကြံခံရတဲ့အမှုမှာပါဝင်တဲ့ ဇေယျာဖြိုးကို ထောင် ၅ နှစ်နဲ့  အောင်ဝင်းထွန်း ကို ထောင်ဒဏ် ၃ နှစ်အဖြစ် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ချမှတ်ခဲ့ပါတယ်။

ဦးကိုနီရဲ့ ဇနီးဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးခင်မောင်ဌေးနဲ့ ဦးကိုနီကို လုပ်ကြံတဲ့ လူသတ်သမား ကြည်လင်း ကို ဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းဘက်က လိုက်ပါဆောင်ရွက် တဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်တို့က သူတို့ နှစ်ဦးရဲ့ ပြစ်ဒဏ်ကို တိုးမြှင့်ပေးဖို့ ပြည်ထောင်စု တရားလွှတ်တော် ချုပ်မှာ လျှောက်ထားခဲ့ပါတယ်။

ဦးကိုနီကို လုပ်ကြံတဲ့ တရားခံ သေနတ်သမား ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့၊ ဇေယျာဖြိုးကို ထောင် ၅ နှစ်နဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ်ကျခံဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။  အမှုမှာ ပါဝင်ပတ်သက်တဲ့ တရားခံပြေး  အောင်ဝင်းခိုင်ကတော့ နေပြည်တော်က ပရဆေးဥယျာဉ်နားမှာ ပျောက်ဆုံးသွားခဲ့ပြီး ဒီနေ့အချိန်အထိ လွတ်မြောက်နေဆဲပါ။

အသတ်ခံရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က  ဇေယျာဖြိုးကို ပြစ်ဒဏ်တိုးပေး ဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ အောင်ဝင်းဇော်ကို ကူညီခဲ့တဲ့ အစ်ကိုဖြစ်သူ  အောင်ဝင်းထွန်းကို  ချမှတ်ထားတဲ့ ပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ်က နည်းနေတဲ့အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တိုးမြင့်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ သူက ပြောပါတယ်။

ဇေယျာဖြိုးကို မူလက သေဒဏ်ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မအရ လူသတ်မှုကို ပူးပေါင်းအားပေး ကြံစည်သူလို့ တရားရုံးမှာ စွဲချက်တင်ထားခဲ့ပေမယ့် တကယ်တမ်း အမိန့်ချမှတ်တဲ့အခါ ငွေပေးစေခိုင်းတယ် ဆိုတာကို တရားလိုဘက်က သက်သေမပြနိုင်တဲ့အတွက်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၂၀၁ နဲ့သာ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရဆိုရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

လွတ်လပ်သောရှေ့နေများအသင်းက သေနတ်သမား ကြည်လင်းနဲ့ ခိုင်းစေသူ အောင်ဝင်းဇော် တို့ကို သေဒဏ် ချမှတ်ခဲ့တဲ့အပေါ်မှာ ကြိုဆိုပေမယ့် ဦးကိုနီ လုပ်ကြံခံရမှုမှာ အရေးပါတဲ့  ဇေယျာဖြိုးကို  ထောင်ဒဏ် ၅ နှစ် သာချမှတ်ခဲ့တဲ့အပေါ် ဝေဖန်ပြောဆိုတာတွေရှိခဲ့ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေအရာရှိက တရားလိုဘက်က တင်ပြချက်အတိုင်း  ပြစ်ဒဏ်တိုးမြှင့်သင့် ကြောင်း ဒီနေ့  တရား လွှတ်တော်ချုပ်မှာ  တင်ပြခဲ့တယ်လို့  ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားသူကြီး နှစ်ဦးက အမှုအယူခံကို ကြားနာခဲ့တာဖြစ်ပြီး ဘယ်နေ့မှာ အမိန့်ချမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

တချိန်တည်းမှာ တရားခံတွေဘက်ကလည်း  အယူခံဝင်ခဲ့ကြပါတယ်။

ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ရဲ့ ရှေ့နေတွေကတော့ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ ပါဝင်ကြောင်း သက်သေ မပြနိုင်တဲ့အတွက် တရားသေလွှတ်ပေးဖို့ ဒီနေ့ တရားခွင်မှာ  လျှောက်ထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တရားခံ ရှေ့နေတွေကိုတော့ မေးမြန်းခွင့် မရခဲ့ပါဘူး။

တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က သူ့ကိုလည်း ဦးကိုနီလိုပဲ နေ့စဉ် ဖုန်းနဲ့ ခြိမ်းခြောက်ပြောဆိုမူတွေ ရှိတဲ့အတွက် ဒီနေ့ ရုံးချိန်းမှာ ပြဿနာ တစ်စုံတစ်ရာမဖြစ်ဖို့ ရဲတပ်ဖွဲ့ထံက လုံခြုံ‌ရေးအကူအညီတောင်းခဲ့ ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တက်ကြွစွာ ဟောပြောခဲ့သူဖြစ်ပြီး မကွယ်လွန်ခင်အချိန်မှာ ခြိမ်းခြောက်ပြောဆိုမူတွေကို ပြင် ပြင်းထန်ထန် ခံခဲ့ရသူပါ။

သူဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ  ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ လူမြင်ကွင်းမှာပဲ အနီးကပ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။

ဒီအမှုကို တရားရုံးက ၂ နှစ်ကျော်ကြာအောင် စစ်ဆေးခဲ့စဉ် တရားလို၊ တရားခံပြသက်သေ ၂၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖဝါရီလ ၁၅ ရက်နေ့က အပြီးသတ်အမိန့်ချခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ဦးကိုနီအမႈ ျပစ္ဒဏ္တိုးဖို႔ တရားလိုသက္ေသ ေလွ်ာက္ထား ဦးကိုနီအမႈ ျပစ္ဒဏ္တိုးဖို႔ တရားလိုသက္ေသ ေလွ်ာက္ထား Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.