ဦးေဝွ႕တင္းကိုျပန္လႊတ္ေပးေရး ႏုိင္ငံတကာက အဖြဲ႕ေပါင္း ၂၂ဖြဲ႕က ေတာင္းဆို

ခ်င္းျပည္နယ္ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဝွ႔တင္း။ (ဓာတ္ပုံ - အမ်ဳိးသားလႊတ္ေတာ္ဝက္ဘ္ဆုိက္)

(Zawgyi/Unicode)

ရခုိင္လက္နက္ကုိင္အဖြဲ႕ AA က ဖမ္းဆီးထားတဲ့ ဦးေဝွ႕တင္းအျမန္ဆံုး လႊတ္ေျမာက္ဖုိ႔အတြက္ ျမန္မာအပါအ၀င္ ႏုိင္ငံေပါင္း ၁၂ႏုိင္ငံက လူ႔အခြင့္အေရးလႈပ္ရွား ေဆာင္ရြက္ေနတဲ့ အဖြဲ႕အစည္းေပါင္း ၂၂ဖြဲ႕က ေတာင္းဆုိလိုက္ပါတယ္။ AA အဖြဲ႔ကေတာ့ အဲဒီလို ႏုိင္ငံတကာ အဖြဲ႕အစည္းေတြ ပါဝင္လာၿပီး ဦးေဝွ႕တင္းကို ျပန္လႊတ္ေပးေရး ေတာင္းဆိုမႈအေပၚ လက္ခံႏုိင္စရာမရွိဘူးလို႔ တံု႔ျပန္ပါတယ္။ ဒီအေၾကာင္း အျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

အိမ္နီးခ်င္းႏုိင္ငံေတြအျပင္ အေနာက္ဥေရာပႏုိင္ငံေတြက လူ႔အခြင့္အေရးလႈပ္ရွား ေဆာင္ရြက္ေနတဲ့ အဖြဲ႕အစည္းေတြကပါ ဦးေဝွ႕တင္း အျမန္ဆံုး ျပန္လည္လြတ္ေျမာက္ႏုိင္ဖုိ႔အတြက္ AA အဖြဲ႕ကို ေတာင္းဆုိလုိက္တဲ့ ေၾကညာခ်က္တေစာင္ ဒီကေန႔ ႏုိဝင္ဘာ ၁၉ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္တာပါ။ အဲဒီလို ထုတ္ျပန္ထားတဲ့အထဲမွာ AA အေနနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကို ျခိမ္းေျခာက္မႈ ဆက္မလုပ္ဖုိ႔ကိုပါ ေတာင္းဆုိထားပါတယ္။

ဒီေတာင္းဆုိမႈမွာ ပါ၀င္တဲ့ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ကလည္း AA နဲ႔ တပ္မေတာ္ၾကား ခ်င္းျပည္နယ္မွာ တိုက္ပြဲျဖစ္တဲ့ ၂၀၁၅၊ မတ္လကေန အခုႏွစ္ ႏိုဝင္ဘာလအထိ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို မွတ္တမ္းတင္တဲ့ေနရာမွာ ဘယ္လက္နက္ကုိင္ အဖြဲ႕ပဲျဖစ္ျဖစ္၊ သူတုိ႔က်ဴးလြန္တာေတြကို မွတ္တမ္းတင္ထားၿပီး ႏိုင္ငံတကာကသိေအာင္ ေဆာင္ရြက္ေနတယ္လုိ႔ လူ႔အခြင့္အေရး ပညာေရးနဲ႔ ဘာသာေရးဆုိင္ရာ လြတ္လပ္ေရးပရိုဂရမ္ ဒါရို္က္တာ ဆလိုင္းလ်န္က ေျပာပါတယ္။

“က်ေတာ္တို႔က AA ကခ်ိဳးေဖာက္တာကိုပဲ မွတ္တမ္းတင္တာ မဟုတ္ဘူး။ ဒီစစ္တပ္က ခ်ိဳးေဖာက္မႈ။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ လုပ္တဲ့ဟာအကုန္ က်ေတာ္တို႔မွတ္တမ္းတင္တာ ျဖစ္တယ္။ အရင္တုန္းကေတာ့ တပ္မေတာ္က ဒီရြာသားေတြကို သူတို႔ရဲ႕ရိတ္ခါ သယ္ခိုင္းတာကအစ က်ေတာ္တို႔ မွတ္တမ္းတင္ထားၿပီးေတာ့ ဒီႏုိင္ငံတကာကိုသိေအာင္ က်ေတာ္တုိ႔ေျပာတာရွိတယ္။ ဒါေပမယ့္ အခုခ်ိန္ခါမွာ ျဖစ္ပ်က္ေနတာက တပ္မေတာ္ဘက္ကေန မဟုတ္ဘဲနဲ႔ အစုိးရမဟုတ္ေသာ အဖြဲ႕အစည္း AA ကေန လုပ္ေနတာဆိုေတာ့ က်ေတာ္တုိ႔ လူ႔အခြင့္အေရးအဖြဲ႕အစည္းအေနနဲ႔ လူ႔အခြင့္အေရးစံခ်ိန္စံညႊန္းနဲ႔ အညီ သူတို႔လႈပ္ရွားမႈကို က်ေတာ္တုိ႔ေတာင္းဆုိတာျဖစ္တယ္။”

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္က NLD အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႕တင္းကို ၿပီးခဲ့တဲ့ ႏုိဝင္ဘာလ ၃ရက္ေန႔မွာ AA အဖြဲ႕က ဖမ္းဆီးလုိက္တာပါ။ ဦးေ၀ွ႔တင္းအေနနဲ႔ သူကုိယ္စားျပဳတဲ့ မဲဆႏၵနယ္ေျမအတြင္း လူမ်ဳိးစုေတြ အခ်င္းခ်င္းၾကား ေသြးကြဲေစတဲ့ လုပ္ရပ္ေတြ လုပ္ေဆာင္ေနတာအျပင္ AA ရပ္တည္ခ်က္ကုိပါ ထိပါးေစတဲ့ လုပ္ရပ္ေတြေၾကာင့္ ဖမ္းဆီးစစ္ေဆးမႈေတြ လုပ္ေနတာလို႔ AA ေျပာခြင့္ရက အေစာပုိင္းမွာ ေျပာထားပါတယ္။

ဦးေဝွ႕တင္းကို ျပန္လႊတ္ေပးေရးအတြက္ အခုလို ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ပူေပါင္းေတာင္းဆိုလိုက္တဲ့ အေပၚ AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက

“က်ေတာ္တုိ႔စစ္ေဆးလုိ႔ ၿပီးသြားလို႔ရွိရင္ ဦးေဝွ႕တင္းကို ဘာလုပ္မယ္ဆုိတဲ့ ဥစၥာကို အဲဒီအခ်ိန္က်မွ က်ေတာ္တုိ႔ရွင္းျပမွာ။ အခုက စံုစမ္းစစ္ေဆးေနတုန္း ရွိေသးတယ္။ အဲဒီဥစၥာကို သူတို႔က အဲလိုမ်ိဳး မတရားဖိအားေပးေနတဲ့ဥစၥာကေတာ့ ဒါဘယ္လိုမွ လက္ခံႏုိင္စရာ မရွိတဲ့ကိစၥျဖစ္တယ္။ အဲလိုဖိအားေပးလုိ႔လည္းပဲ ဘာမွေကာင္းက်ိဳးျဖစ္လာမယ္လုိ႔ေတာ့ မယူဆပါဘူး။”

ဖမ္းဆီးခံထားရတဲ့ ဦးေဝွ႕တင္းရဲ႕ က်န္းမာေရးအေျခအေနကို စုိးရိမ္ေနၾကသလုိ၊ ႏွစ္ ၂၀ေက်ာ္ ေထာင္ဒဏ္ခ်ခံထားရတဲ့ ေဒါက္တာေအးေမာင္အေပၚကိုလည္း ကိုယ္ခ်င္းစာဖို႔လိုတယ္လို႔ ခိုင္သုခက ဆက္ေျပာပါတယ္။

“သူတုိ႔ေတာင္ ၂ပတ္မၾကာေသးတဲ့အခ်ိန္မွာ ဒီေလာက္ေတာင္စုိးရိမ္ေနလို႔ရွိရင္ က်ေတာ္တုိ႔ ဒီေထာင္အႏွစ္ ၂၀ ေက်ာ္က်ခံထားရတဲ့ ေဒါက္တာေအးေမာင္ကို က်ေတာ္တုိ႔ ရခိုင္ျပည္သူေတြ၊ သူ႔မိသားစုေတြ ဘယ္ေလာက္စုိးရိမ္ေနမလဲ ဆိုတဲ့ဥစၥာလည္း အခုေျပာေနတဲ့လူေတြ ကုိယ္၌က ကုိယ္ခ်င္းစာတရားရွိဖုိ႔ လိုတယ္။ အဲဒီလို ကိုယ္ခ်င္းစာတရား မရွိဘူးဆုိလုိ႔ရွိရင္ေတာ့ ဒါအမွန္တရားကေတာ့ ေပ်ာက္ကြယ္ေနမွာပဲ။ အဲလိုအမွန္တရား ေပ်ာက္ကြယ္ေနလို႔ရွိရင္ေတာ့ ဘယ္လုိမွ တဘက္နဲ႔တဘက္ ညွိလို႔ရမွာ မဟုတ္ဘူး။”

ဦးေဝွ႕တင္း ဖမ္းဆီးခံထားရတာဟာ AA အဖြဲ႕နဲ႔သာ သက္ဆုိင္ၿပီး၊ ရခိုင္နဲ႔ ခ်င္းလူမ်ိဳး တိုင္းရင္းသားအခ်င္းခ်င္းၾကား စည္းလံုးညီညြတ္မႈနဲ႔ မဆိုင္တာေၾကာင့္ လူမ်ိဳးေရးပဋိပကၡ မျဖစ္ေစဖို႔ သတိထားသင့္တယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ရဲ႕ ဒါရိုက္တာ ဆလိုင္းလ်န္က ေျပာပါတယ္။

“ဒီ AA က လုပ္ေနတဲ့ဟာဆုိတာကလည္း ရခိုင္တမ်ိဳးသားလံုးက လုပ္ေနတဲ့ဆိုတဲ့ပံုစံနဲ႔ မၾကည့္ဘဲနဲ႔ သူတို႔ AA က လုပ္ေနတယ္ဆုိၿပီးေတာ့ပဲ ၾကည့္ဖို႔အေရးႀကီးတယ္လို႔ က်ေတာ္ျမင္တယ္။ ၿပီးေတာ့ Social Media ေတြ Online ေတြမွာ အခု ခ်င္းနဲ႔ရခိုင္နဲ႔ အမုန္းစကားေတြ ပြားေနတာေတြလည္း ရွိလာၿပီ။ အဲဒါမ်ိဳးကို ဆက္ၿပီးေတာ့ ဒီျပည္သူေတြကမလုပ္ဖို႔ က်ေတာ္ျပန္ၿပီးေတာ့ ေျပာခ်င္တဲ့ဟာမွာလည္း ပါတယ္ေပါ့ေနာ္။ ဆုိေတာ့ ဒီဟာက ခ်င္းနဲ႔ ရခိုင္ဆုိတဲ့ ျပႆနာ ပဋိပကၡဆက္မျဖစ္ဖုိ႔ သတိထားဖို႔လိုတယ္လို႔ က်ေတာ္တို႔ျမင္တယ္။”

NLD အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႕တင္းအပါအဝင္ AA ဘက္က ဖမ္းဆီးထားသူေတြ အျမန္ဆံုးလႊတ္ေပးေရး အေရးႀကီးအဆုိကို ျပည္ေထာင္စုလႊတ္ေတာ္မွာ မေန႔က အတည္ျပဳခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီအဆုိကုိ မဲခြဲတဲ့အခါ လႊတ္ေတာ္အမတ္ ၂၀၀ နီးပါးက မဲမေပးခဲ့ၾကပါဘူး။ ဦးေဝွ႕တင္းဖမ္းဆီးခံထားရတာ ၂ပတ္ေက်ာ္လာေပမယ့္၊ AA ဘက္ကေတာ့ လုိအပ္တဲ့စစ္ေဆးမႈေတြ လုပ္ေနတုန္းလို႔ ဆုိပါတယ္။

ခ်င္းျပည္နယ္မွာ AA နဲ႔ တပ္မေတာ္ၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္း ထြက္ေျပးတိမ္းေရွာင္ေနရသူ အနည္းဆံုး ၄၀၀၀ နဲ႔ ၆၀၀၀ ၾကား ရွိေနၿပီး၊ တုိက္ပြဲဒဏ္ကို အျပစ္မဲ့ျပည္သူေတြက အမ်ားဆံုးခံေနရတယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားေနသူေတြက ဆုိထားပါတယ္။

......................

ဦးဝှေ့တင်းကိုပြန်လွှတ်ပေးရေး နိုင်ငံတကာက အဖွဲ့ပေါင်း ၂၂ဖွဲ့က တောင်းဆို

(Unicode)

ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးထားတဲ့ ဦးဝှေ့တင်းအမြန်ဆုံး လွှတ်မြောက်ဖို့အတွက် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပေါင်း ၂၂ဖွဲ့က တောင်းဆိုလိုက်ပါတယ်။ AA အဖွဲ့ကတော့ အဲဒီလို နိုင်ငံတကာ အဖွဲ့အစည်းတွေ ပါဝင်လာပြီး ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရေး တောင်းဆိုမှုအပေါ် လက်ခံနိုင်စရာမရှိဘူးလို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအပြင် အနောက်ဥရောပနိုင်ငံတွေက လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကပါ ဦးဝှေ့တင်း အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ဖို့အတွက် AA အဖွဲ့ကို တောင်းဆိုလိုက်တဲ့ ကြေညာချက်တစောင် ဒီကနေ့ နိုဝင်ဘာ ၁၉ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ အဲဒီလို ထုတ်ပြန်ထားတဲ့အထဲမှာ AA အနေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခြိမ်းခြောက်မှု ဆက်မလုပ်ဖို့ကိုပါ တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုမှုမှာ ပါဝင်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း AA နဲ့ တပ်မတော်ကြား ချင်းပြည်နယ်မှာ တိုက်ပွဲဖြစ်တဲ့ ၂၀၁၅၊ မတ်လကနေ အခုနှစ် နိုဝင်ဘာလအထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်တဲ့နေရာမှာ ဘယ်လက်နက်ကိုင် အဖွဲ့ပဲဖြစ်ဖြစ်၊ သူတို့ကျူးလွန်တာတွေကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာကသိအောင် ဆောင်ရွက်နေတယ်လို့ လူ့အခွင့်အရေး ပညာရေးနဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ရေးပရိုဂရမ် ဒါရိုက်တာ ဆလိုင်းလျန်က ပြောပါတယ်။

“ကျတော်တို့က AA ကချိုးဖောက်တာကိုပဲ မှတ်တမ်းတင်တာ မဟုတ်ဘူး။ ဒီစစ်တပ်က ချိုးဖောက်မှု။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်တဲ့ဟာအကုန် ကျတော်တို့မှတ်တမ်းတင်တာ ဖြစ်တယ်။ အရင်တုန်းကတော့ တပ်မတော်က ဒီရွာသားတွေကို သူတို့ရဲ့ရိတ်ခါ သယ်ခိုင်းတာကအစ ကျတော်တို့ မှတ်တမ်းတင်ထားပြီးတော့ ဒီနိုင်ငံတကာကိုသိအောင် ကျတော်တို့ပြောတာရှိတယ်။ ဒါပေမယ့် အခုချိန်ခါမှာ ဖြစ်ပျက်နေတာက တပ်မတော်ဘက်ကနေ မဟုတ်ဘဲနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်း AA ကနေ လုပ်နေတာဆိုတော့ ကျတော်တို့ လူ့အခွင့်အရေးအဖွဲ့အစည်းအနေနဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ အညီ သူတို့လှုပ်ရှားမှုကို ကျတော်တို့တောင်းဆိုတာဖြစ်တယ်။”

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက်နေ့မှာ AA အဖွဲ့က ဖမ်းဆီးလိုက်တာပါ။ ဦးဝှေ့တင်းအနေနဲ့ သူကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မြေအတွင်း လူမျိုးစုတွေ အချင်းချင်းကြား သွေးကွဲစေတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတာအပြင် AA ရပ်တည်ချက်ကိုပါ ထိပါးစေတဲ့ လုပ်ရပ်တွေကြောင့် ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတာလို့ AA ပြောခွင့်ရက အစောပိုင်းမှာ ပြောထားပါတယ်။

ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရေးအတွက် အခုလို နိုင်ငံတကာအဖွဲ့အစည်းတွေက ပူပေါင်းတောင်းဆိုလိုက်တဲ့ အပေါ် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက

“ကျတော်တို့စစ်ဆေးလို့ ပြီးသွားလို့ရှိရင် ဦးဝှေ့တင်းကို ဘာလုပ်မယ်ဆိုတဲ့ ဥစ္စာကို အဲဒီအချိန်ကျမှ ကျတော်တို့ရှင်းပြမှာ။ အခုက စုံစမ်းစစ်ဆေးနေတုန်း ရှိသေးတယ်။ အဲဒီဥစ္စာကို သူတို့က အဲလိုမျိုး မတရားဖိအားပေးနေတဲ့ဥစ္စာကတော့ ဒါဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ကိစ္စဖြစ်တယ်။ အဲလိုဖိအားပေးလို့လည်းပဲ ဘာမှကောင်းကျိုးဖြစ်လာမယ်လို့တော့ မယူဆပါဘူး။”

ဖမ်းဆီးခံထားရတဲ့ ဦးဝှေ့တင်းရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်နေကြသလို၊ နှစ် ၂၀ကျော် ထောင်ဒဏ်ချခံထားရတဲ့ ဒေါက်တာအေးမောင်အပေါ်ကိုလည်း ကိုယ်ချင်းစာဖို့လိုတယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“သူတို့တောင် ၂ပတ်မကြာသေးတဲ့အချိန်မှာ ဒီလောက်တောင်စိုးရိမ်နေလို့ရှိရင် ကျတော်တို့ ဒီထောင်အနှစ် ၂၀ ကျော်ကျခံထားရတဲ့ ဒေါက်တာအေးမောင်ကို ကျတော်တို့ ရခိုင်ပြည်သူတွေ၊ သူ့မိသားစုတွေ ဘယ်လောက်စိုးရိမ်နေမလဲ ဆိုတဲ့ဥစ္စာလည်း အခုပြောနေတဲ့လူတွေ ကိုယ်၌က ကိုယ်ချင်းစာတရားရှိဖို့ လိုတယ်။ အဲဒီလို ကိုယ်ချင်းစာတရား မရှိဘူးဆိုလို့ရှိရင်တော့ ဒါအမှန်တရားကတော့ ပျောက်ကွယ်နေမှာပဲ။ အဲလိုအမှန်တရား ပျောက်ကွယ်နေလို့ရှိရင်တော့ ဘယ်လိုမှ တဘက်နဲ့တဘက် ညှိလို့ရမှာ မဟုတ်ဘူး။”

ဦးဝှေ့တင်း ဖမ်းဆီးခံထားရတာဟာ AA အဖွဲ့နဲ့သာ သက်ဆိုင်ပြီး၊ ရခိုင်နဲ့ ချင်းလူမျိုး တိုင်းရင်းသားအချင်းချင်းကြား စည်းလုံးညီညွတ်မှုနဲ့ မဆိုင်တာကြောင့် လူမျိုးရေးပဋိပက္ခ မဖြစ်စေဖို့ သတိထားသင့်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဆလိုင်းလျန်က ပြောပါတယ်။

“ဒီ AA က လုပ်နေတဲ့ဟာဆိုတာကလည်း ရခိုင်တမျိုးသားလုံးက လုပ်နေတဲ့ဆိုတဲ့ပုံစံနဲ့ မကြည့်ဘဲနဲ့ သူတို့ AA က လုပ်နေတယ်ဆိုပြီးတော့ပဲ ကြည့်ဖို့အရေးကြီးတယ်လို့ ကျတော်မြင်တယ်။ ပြီးတော့ Social Media တွေ Online တွေမှာ အခု ချင်းနဲ့ရခိုင်နဲ့ အမုန်းစကားတွေ ပွားနေတာတွေလည်း ရှိလာပြီ။ အဲဒါမျိုးကို ဆက်ပြီးတော့ ဒီပြည်သူတွေကမလုပ်ဖို့ ကျတော်ပြန်ပြီးတော့ ပြောချင်တဲ့ဟာမှာလည်း ပါတယ်ပေါ့နော်။ ဆိုတော့ ဒီဟာက ချင်းနဲ့ ရခိုင်ဆိုတဲ့ ပြဿနာ ပဋိပက္ခဆက်မဖြစ်ဖို့ သတိထားဖို့လိုတယ်လို့ ကျတော်တို့မြင်တယ်။”

NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအပါအဝင် AA ဘက်က ဖမ်းဆီးထားသူတွေ အမြန်ဆုံးလွှတ်ပေးရေး အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မနေ့က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအဆိုကို မဲခွဲတဲ့အခါ လွှတ်တော်အမတ် ၂၀၀ နီးပါးက မဲမပေးခဲ့ကြပါဘူး။ ဦးဝှေ့တင်းဖမ်းဆီးခံထားရတာ ၂ပတ်ကျော်လာပေမယ့်၊ AA ဘက်ကတော့ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်နေတုန်းလို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ AA နဲ့ တပ်မတော်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ အနည်းဆုံး ၄၀၀၀ နဲ့ ၆၀၀၀ ကြား ရှိနေပြီး၊ တိုက်ပွဲဒဏ်ကို အပြစ်မဲ့ပြည်သူတွေက အများဆုံးခံနေရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက ဆိုထားပါတယ်။

စုစု/ VOA Burmese
https://burmese.voanews.com
ဦးေဝွ႕တင္းကိုျပန္လႊတ္ေပးေရး ႏုိင္ငံတကာက အဖြဲ႕ေပါင္း ၂၂ဖြဲ႕က ေတာင္းဆို ဦးေဝွ႕တင္းကိုျပန္လႊတ္ေပးေရး ႏုိင္ငံတကာက အဖြဲ႕ေပါင္း ၂၂ဖြဲ႕က ေတာင္းဆို Reviewed by THITHTOOLWIN on 02:59 Rating: 5
Powered by Blogger.