ေသြတိုးဆီးခ်ိဳအပါအဝင္ မကူးစက္ႏိုင္တဲ့ေရာဂါေတြကို ဘယ္လိုထိန္းခ်ဳပ္မလဲ

 ျမန္မာႏိုင္ငံမွာ လူေသဆုံးမႈရဲ႕ ၂၅ ရာခိုင္ႏႈန္းက ေသြးတိုးနဲ႔ ဆက္ႏႊယ္တဲ့ေရာဂါေတြေၾကာင့္ ျဖစ္တယ္လို႔ WHO ေျပာ
(Zawgyi)⤵⤵⤵
ေသြးတိုးဆီးခ်ိဳအပါအဝင္ တျခားမကူးစက္ႏိုင္တဲ့ေရာဂါေတြဟာ ကမာၻမွာေရာ ျမန္မာမွာပါ အျဖစ္မ်ားလာၿပီး လူေတြရဲ႕ ေနထိုင္ စားေသာက္မႈပုံစံ ေျပာင္းလာတာေၾကာင့္ ျဖစ္တယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ မကူးစက္ႏိုင္ေသာေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာေက်ာ္ကံေကာင္းက ဘီဘီစီကို ေျပာပါတယ္။

"ေသြးတိုးဆီးခ်ိဳဆိုရင္ အငန္ဓာတ္အစားမ်ားတာ၊ ေသြးခ်ိဳဆီးခ်ိဳဆိုရင္ အခ်ိဳဓာတ္ေတြ အစားမ်ားတာေတြရွိမွာေပါ့။ ေနထိုင္စားေသာက္မႈပုံစံေတြက ေျပာင္းလဲလာတဲ့အခါ Industry ေတြကေနၿပီးေတာ့ ပိုၿပီးလြယ္လြယ္ကူကူရလာႏိုင္တဲ့အေျခအေနမ်ိဳးေပါ့။ ကုန္သြယ္မႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ဆိုးက်ိဳးေတြေပါ့။ ႐ုပ္ပိုင္းဆိုင္ရာ ပစၥည္းရရွိမႈေတြမ်ားျပားလာတဲ့အခါ လူေတြ က ပိုၿပီးမ်ားမ်ားစားသုံးလာၾကတယ္" လို႔ ေဒါက္တာ ေက်ာ္ကံေကာင္းက ေျပာပါတယ္။

ဒီလိုစားသုံးမႈေတြမရွိေအာင္ ပညာေပးလုပ္ငန္းေတြလုပ္ေနေပမယ့္ လူေတြကိုယ္တိုင္ကလည္း အျပဳအမူ ေတြေျပာင္းလဲဖို႔လိုပါတယ္လို႔ သူက ဆိုပါတယ္။

အဲဒီလိုကုန္ပစၥည္းေတြကိုကန႔္သတ္ဖို႔လိုအပ္ေနၿပီး ဥပမာ အေရွ႕ေတာင္အာရွက တခ်ိဳ႕ႏိုင္ငံေတြမွာ SSB test ဆိုတာပါရွိတဲ့ အစား အေသာက္ စာရင္းေတြရွိၿပီး ျမန္မာႏိုင္ငံမွာလည္း အဲဒီလို Sugar sweetened beverage ဆိုတဲ့ အခ်ိဳထည့္ထားတဲ့ အစားအစာေတြကို စာရင္းေကာက္ယူဖို႔ ျပင္ဆင္ေနတယ္လို႔ ေဒါက္တာ ေက်ာ္ကံေကာင္းက ဆိုပါတယ္။

ေသြးတိုးဟာ ႏွစ္ၾကာသြားၿပီး ထိန္းခ်ဳပ္ကုသဖို႔မလြယ္ေတာ့ရင္ ႏွလုံးအလုပ္မလုပ္ႏိုင္တဲ့အဆင့္ေရာက္ၿပီး ေမာဟိုက္တာ၊ ႏွလုံးေသြးေၾကာက်ဥ္းတဲ့ေရာဂါ ေတြျဖစ္လာႏိုင္ၿပီး ေသြးတအားတိုးလာတဲ့အခါ ႐ုတ္တရက္ ဦးေႏွာက္ေသြးေၾကာေပါက္ၿပီး ေလျဖတ္ေသဆုံးႏိုင္ပါတယ္။ ေရရွည္မွာ ေက်ာက္ကပ္ ပ်က္စီးႏိုင္တယ္လို႔ သူက ရွင္းျပပါတယ္။

ဆီးခ်ိဳဟာလည္း ထိန္းခ်ဳပ္ကုသႏိုင္မႈမရွိရင္ အာ႐ုံေၾကာေတြထိခိုက္ပ်က္စီးတာ၊ ေသြးလွည့္ပတ္မႈ အားနည္းသြားၿပီး ေျခေထာက္ေတြဆီ ေသြးမေရာက္လို႔ ေသြးေၾကာပုပ္တာ၊ မ်က္လုံးေသြးေၾကာေပါက္ၿပီး မ်က္စိကြယ္ႏိုင္ေျခလည္း ရွိတယ္လို႔ေဒါက္တာေက်ာ္ကံေကာင္းက ေျပာပါတယ္။ ဒါ့အျပင္ အဆီဓာတ္အလိုလိုမ်ားလာတာ၊ ေက်ာက္ကပ္ ပ်က္စီးတာ၊ ေဖာေယာင္တာ၊ ခႏၶာကိုယ္အဆိပ္အေတာက္ျဖစ္တာေတြ ျဖစ္လာႏိုင္တယ္လို႔ ဆိုပါတယ္။

၂၀၁၆ မွာ ျမန္မာႏိုင္ငံမွာ လူေသဆုံးမႈရဲ႕ ၂၅ ရာခိုင္ႏႈန္းက ေသြးတိုးနဲ႔ ဆက္ႏႊယ္တဲ့ေရာဂါေတြေၾကာင့္ ျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ေျပာၾကားခဲ့ပါတယ္။

လက္ရွိ က်န္းမာေရးဌာနရဲ႕ စာရင္းေတြအရလည္း လူနာေတြထဲမွာ ေသြးတိုးျဖစ္သူ ၃၀ ရာခိုင္ႏႈန္းနဲ႔ ဆီးခ်ိဳျဖစ္သူ ၁၀ ရာခိုင္ႏႈန္းအထက္မွာ ရွိတယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
-----------------
(Unicode)⤵⤵⤵
(၂) သွေတိုးဆီးချိုအပါအဝင် မကူးစက်နိုင်တဲ့ရောဂါတွေကို ဘယ်လိုထိန်းချုပ်မလဲ

သွေးတိုးဆီးချိုအပါအဝင် တခြားမကူးစက်နိုင်တဲ့ရောဂါတွေဟာ ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်များလာပြီး လူတွေရဲ့ နေထိုင် စားသောက်မှုပုံစံ ပြောင်းလာတာကြောင့် ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် NOAH SEELAM
Image caption မြန်မာနိုင်ငံမှာ လူသေဆုံးမှုရဲ့ ၂၅ ရာခိုင်နှုန်းက သွေးတိုးနဲ့ ဆက်နွှယ်တဲ့ရောဂါတွေကြောင့် ဖြစ်တယ်လို့ WHO ပြော

"သွေးတိုးဆီးချိုဆိုရင် အငန်ဓာတ်အစားများတာ၊ သွေးချိုဆီးချိုဆိုရင် အချိုဓာတ်တွေ အစားများတာတွေရှိမှာပေါ့။ နေထိုင်စားသောက်မှုပုံစံတွေက ပြောင်းလဲလာတဲ့အခါ Industry တွေကနေပြီးတော့ ပိုပြီးလွယ်လွယ်ကူကူရလာနိုင်တဲ့အခြေအနေမျိုးပေါ့။ ကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေပေါ့။ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းရရှိမှုတွေများပြားလာတဲ့အခါ လူတွေ က ပိုပြီးများများစားသုံးလာကြတယ်" လို့ ဒေါက်တာ ကျော်ကံကောင်းက ပြောပါတယ်။

ဒီလိုစားသုံးမှုတွေမရှိအောင် ပညာပေးလုပ်ငန်းတွေလုပ်နေပေမယ့် လူတွေကိုယ်တိုင်ကလည်း အပြုအမူ တွေပြောင်းလဲဖို့လိုပါတယ်လို့ သူက ဆိုပါတယ်။

အဲဒီလိုကုန်ပစ္စည်းတွေကိုကန့်သတ်ဖို့လိုအပ်နေပြီး ဥပမာ အရှေ့တောင်အာရှက တချို့နိုင်ငံတွေမှာ SSB test ဆိုတာပါရှိတဲ့ အစား အသောက် စာရင်းတွေရှိပြီး မြန်မာနိုင်ငံမှာလည်း အဲဒီလို Sugar sweetened beverage ဆိုတဲ့ အချိုထည့်ထားတဲ့ အစားအစာတွေကို စာရင်းကောက်ယူဖို့ ပြင်ဆင်နေတယ်လို့ ဒေါက်တာ ကျော်ကံကောင်းက ဆိုပါတယ်။

သွေးတိုးဟာ နှစ်ကြာသွားပြီး ထိန်းချုပ်ကုသဖို့မလွယ်တော့ရင် နှလုံးအလုပ်မလုပ်နိုင်တဲ့အဆင့်ရောက်ပြီး မောဟိုက်တာ၊ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါ တွေဖြစ်လာနိုင်ပြီး သွေးတအားတိုးလာတဲ့အခါ ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်သေဆုံးနိုင်ပါတယ်။ ရေရှည်မှာ ကျောက်ကပ် ပျက်စီးနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဆီးချိုဟာလည်း ထိန်းချုပ်ကုသနိုင်မှုမရှိရင် အာရုံကြောတွေထိခိုက်ပျက်စီးတာ၊ သွေးလှည့်ပတ်မှု အားနည်းသွားပြီး ခြေထောက်တွေဆီ သွေးမရောက်လို့ သွေးကြောပုပ်တာ၊ မျက်လုံးသွေးကြောပေါက်ပြီး မျက်စိကွယ်နိုင်ခြေလည်း ရှိတယ်လို့ဒေါက်တာကျော်ကံကောင်းက ပြောပါတယ်။ ဒါ့အပြင် အဆီဓာတ်အလိုလိုများလာတာ၊ ကျောက်ကပ် ပျက်စီးတာ၊ ဖောယောင်တာ၊ ခန္ဓာကိုယ်အဆိပ်အတောက်ဖြစ်တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၆ မှာ မြန်မာနိုင်ငံမှာ လူသေဆုံးမှုရဲ့ ၂၅ ရာခိုင်နှုန်းက သွေးတိုးနဲ့ ဆက်နွှယ်တဲ့ရောဂါတွေကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားခဲ့ပါတယ်။

လက်ရှိ ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရလည်း လူနာတွေထဲမှာ သွေးတိုးဖြစ်သူ ၃၀ ရာခိုင်နှုန်းနဲ့ ဆီးချိုဖြစ်သူ ၁၀ ရာခိုင်နှုန်းအထက်မှာ ရှိတယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
ေသြတိုးဆီးခ်ိဳအပါအဝင္ မကူးစက္ႏိုင္တဲ့ေရာဂါေတြကို ဘယ္လိုထိန္းခ်ဳပ္မလဲ  ေသြတိုးဆီးခ်ိဳအပါအဝင္ မကူးစက္ႏိုင္တဲ့ေရာဂါေတြကို ဘယ္လိုထိန္းခ်ဳပ္မလဲ Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.