ခ်င္းျပည္နယ္ အမ်ိဴးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေပ်ာက္ဆုံးေန


(Zawgyi)⤵⤵⤵
ပလက္ဝ၊ ႏိုဝင္ဘာ ၃-၂၀၁၉

ႏို၀င္ဘာလ ၃ ရက္(ယေန႔) နံနက္ ၈ နာရီမွာ ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁) မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းက ေနျပည္ေတာ္မွာ ျပဳလုပ္မယ့္ လႊတ္ေတာ္ပုံမွန္အစည္းအေဝးသို႔ တက္ေရာက္ရန္ ကုလားတန္စီမံကိန္း (ပလက္၀-ဇိုရမ္ပြီလမ္းပိုင္း) မွ အိႏၵိယႏိုင္ငံသား၀န္ထမ္း ၄ ဦး၊ စကားျပန္ ၂ ဦး၊ စပိဘုတ္ေမာင္းသူ ၂ ဦး လိုက္ပါလ်က္ စပိဘုတ္ႏွစ္စီးနဲ႔ ပလက္၀မွ ေက်ာက္ေတာ္သို႔ ထြက္ခြာလာခဲ့ရာ ဦးေဝွ႔တင္းအပါ ၉ ဦးစလုံး လမ္းမွာ ေပ်ာက္ဆုံးလ်က္ရွိတယ္လို႔ အမည္မေဖာ္လိုသူ သတင္းရင္းျမစ္တစ္ဦးထံမွ သိရပါတယ္။

ခရီးၾကာခ်ိန္ သတ္မွတ္ခ်က္အရ ေက်ာက္ေတာ္သို႔ နံနက္ ၁၀ နာရီမွာ ေရာက္ရွိရမွာျဖစ္‌ေပမယ့္ ညေန ၄ နာရီအခ်ိန္အထိ ေရာက္ရွိလာျခင္း မရွိတာ‌ေၾကာင့္ သက္ဆိုင္ရာသို႔ သတင္းေပးပို႔ခဲ့ရာ တာ၀န္ရွိသူေတြက ဦးေဝွ႔တင္းတို႔ကိုင္ေဆာင္တဲ့ လက္ကိုင္ဖုန္းေတြကို
ဆက္သြယ္ခဲ့‌ေပမယ့္ စက္ပိတ္ထားတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ခ်င္းျပည္နယ္အစိုးရရဲ႕ ၫြန္ၾကားခ်က္နဲ႔ ပလက္ဝၿမိဳ႕နယ္မွ သက္ဆိုင္ရာတာ၀န္ရွိသူမ်ားက ခ်က္ခ်င္းစုံစမ္းရွာေဖြရာ ၎တို႔စီးနင္းလိုက္ပါလာတဲ့ စပိဘုတ္ႏွစ္စီးကို ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ နယ္စပ္၊ ပြီဝုန္းေအာက္နား ေက်ာက္တန္း ရခိုင္႐ြာအနီးကမ္းစပ္မွာ မြန္းတည့္ ၁၂ နာရီ၀န္းက်င္ကတည္းက ေတြ႕ရွိရတယ္လို႔ သတင္းေပးပို႔ခ်က္ရရွိထားေၾကာင္းနဲ႔ ယခုအခ်ိန္ အခ်ိန္ထိ ၎တို႔ (၉) ဦးစလုံးအား ရွာေဖြေတြ႕ရွိျခင္း မရွိေသးေၾကာင္း သိရွိရပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႕အေနနဲ႔ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ားနဲ႔ ခ်ိတ္ဆက္ၿပီး အျမန္ဆုံးရွာေဖြေတြ႕ရွိႏိုင္ေရး ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

မင္းရန္ႏိုင္(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------------
(Unicode)⤵⤵⤵
ချင်းပြည်နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ပျောက်ဆုံးနေ

ပလက်ဝ၊ နိုဝင်ဘာ ၃-၂၀၁၉

နိုဝင်ဘာလ ၃ ရက်(ယနေ့) နံနက် ၈ နာရီမှာ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက နေပြည်တော်မှာ ပြုလုပ်မယ့် လွှတ်တော်ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန် ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း) မှ အိန္ဒိယနိုင်ငံသားဝန်ထမ်း ၄ ဦး၊ စကားပြန် ၂ ဦး၊ စပိဘုတ်မောင်းသူ ၂ ဦး လိုက်ပါလျက် စပိဘုတ်နှစ်စီးနဲ့ ပလက်ဝမှ ကျောက်တော်သို့ ထွက်ခွာလာခဲ့ရာ ဦးဝှေ့တင်းအပါ ၉ ဦးစလုံး လမ်းမှာ ပျောက်ဆုံးလျက်ရှိတယ်လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးထံမှ သိရပါတယ်။

ခရီးကြာချိန် သတ်မှတ်ချက်အရ ကျောက်တော်သို့ နံနက် ၁၀ နာရီမှာ ရောက်ရှိရမှာဖြစ်‌ပေမယ့် ညနေ ၄ နာရီအချိန်အထိ ရောက်ရှိလာခြင်း မရှိတာ‌ကြောင့် သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ရာ တာဝန်ရှိသူတွေက ဦးဝှေ့တင်းတို့ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းတွေကို
ဆက်သွယ်ခဲ့‌ပေမယ့် စက်ပိတ်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ချင်းပြည်နယ်အစိုးရရဲ့ ညွန်ကြားချက်နဲ့ ပလက်ဝမြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများက ချက်ချင်းစုံစမ်းရှာဖွေရာ ၎င်းတို့စီးနင်းလိုက်ပါလာတဲ့ စပိဘုတ်နှစ်စီးကို ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်၊ ပွီဝုန်းအောက်နား ကျောက်တန်း ရခိုင်ရွာအနီးကမ်းစပ်မှာ မွန်းတည့် ၁၂ နာရီဝန်းကျင်ကတည်းက တွေ့ရှိရတယ်လို့ သတင်းပေးပို့ချက်ရရှိထားကြောင်းနဲ့ ယခုအချိန် အချိန်ထိ ၎င်းတို့ (၉) ဦးစလုံးအား ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးရှာဖွေတွေ့ရှိနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မင်းရန်နိုင်(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ခ်င္းျပည္နယ္ အမ်ိဴးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေပ်ာက္ဆုံးေန ခ်င္းျပည္နယ္ အမ်ိဴးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေပ်ာက္ဆုံးေန Reviewed by THITHTOOLWIN on 09:23 Rating: 5
Powered by Blogger.