ကိုယ္ဝန္ ႏွင့္ ပတ္သက္ၿပီး မွားယြင္းေနသည့္ ဆို႐ိုးစကား (၇) ခ်က္

(Zawgyi)⤵⤵⤵
လူသားတစ္ေယာက္ျဖစ္ေပၚလာျခင္းသည္ လူသားတစ္ေယာက္အတြက္ အရႈပ္ေထြးဆုံးအရာပင္ျဖစ္သည္ကို ေတြးေတာေနစရာမလိုပါ။ သို႔ေသာ္ ထိုအေၾကာင္းကို အမ်ိဳးသမီးမ်ားအတြက္မွာ စိုးရိမ္မႈလြန္ကဲေနမည္ဟု မဆိုလိုေပ။

ဆို႐ိုးစကား (၁) : ကိုယ္ဝန္ေဆာင္မိခင္၏ ေခါင္းေပၚတြင္ သူမ၏လက္ကို လႈပ္ရွားေနျခင္းသည္ မေမြးေသးေသာ ရင္ေသြးကို ခ်က္ႀကိဳးက ညႇစ္ေစသည္။

ရယ္ရပါသည္၊ ဟုတ္တယ္မဟုတ္လား? ဟုတ္ပါတယ္၊ တကယ္ကို ရယ္ရပါသည္။ သို႔ေသာ္ ေရွး႐ိုးစြဲ ယုံၾကည္မႈအရ ေခါင္းေပၚတြင္ လက္ကို လႈပ္ရွားေနေစျခင္းသည္ ရင္ေသြးကို ခ်က္ႀကိဳးက ညႇစ္မိေစၿပီး ရင္ေသြး၏ အသက္ရႈံးေစႏိုင္သည္ဟု ေျပာၾကသည္။

မွားယြင္းေသာ ယုံၾကည္မႈတစ္ခုသာ ျဖစ္ၿပီး လက္လႈပ္ရွားမႈသည္ ခ်က္ႀကိဳးႏွင့္ မသက္ဆိုင္ေသာေၾကာင့္ ျဖစ္သည္။ ကိုယ္ဝန္ေဆာင္ခ်ိန္ ျပဳလုပ္ရေသာ ေလ့က်င့္ခန္းမ်ားသည္ မိခင္ေကာ ကေလးကိုပါ အက်ိဳးေက်းဇူးရွိသည္။ ရင္ေသြးငယ္မ်ား ေမြးဖြားေသာအခါ သူတို႔၏ လည္ပင္းတြင္ ခ်က္ႀကိဳးပတ္၍ ေမြးသည့္ မွတ္တမ္းမ်ားရွိေသာ္လည္း ထိုသို႔ျဖစ္ရျခင္းမွာ ေလ့က်င့္ခန္းျပဳလုပ္ျခင္းေၾကာင့္မဟုတ္ပဲ မိခင္ဝမ္းထဲတြင္ သေႏၶသား၏ လႈပ္ရွားမႈေၾကာင့္ျဖစ္သည္။

ဆို႐ိုးစကား (၂) : ကိုယ္ဝန္ေဆာင္ခ်ိန္ စိတ္ဖိစီးမႈမ်ားသည္ ရင္ေသြးအတြက္ မေကာင္းပါ။

ဒီဆို႐ိုးစကားသည္ တခ်ိဳ႕တစ္ဝက္ မွန္ကန္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ စိတ္ဖိစီးမႈမ်ားသည္ ခုခံအားစနစ္ကို အားေလ်ာ့ေစကာ ကိုယ္ဝန္ေဆာင္မိခင္ကို အခ်ိဳ႕ေသာ ေရာဂါမ်ားျဖစ္ေစတတ္ၿပီး ကေလးအတြက္ မေကာင္းေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္အသင့္အတင့္ရွိေသာ စိတ္ဖိစီးမႈသည္ ကေလးအတြက္ ေကာင္းေစသည္ဟု သုေတသတမ်ားက ဆိုသည္။ စိတ္ဖိစီးမႈသည္ ရင္ေသြးငယ္၏ အာ႐ုံေၾကာစနစ္ကို ဖြံ႕ၿဖိဳးေစသည္ ဟုဆိုၾကေသာေၾကာင့္ ျဖစ္သည္။

စိတ္ဖိစီးမႈဒဏ္ကို အသင့္အတင့္ခံစားရေသာ ကိုယ္ဝန္ေဆာင္မိခင္မွ ေမြးေသာ ရင္ေသြးသည္ မည္သည့္စိတ္ဖိစီးမႈဒဏ္ကိုမွ် မခံစားရေသာ မိခင္ကေမြးသည့္ ရင္ေသြးထက္ ပို၍ ဖြံၿဖိဳးေသာ ဦးေႏွာက္ရွိသည္ဟု ဆိုၾကသည္။

ဆို႐ိုးစကား (၃) : ကိုယ္ဝန္ေဆာင္မိခင္သည္ ပင္လယ္စာမစားသင့္ပါ။

ဒီအရာသည္ အမွန္မဟုတ္ဘဲ ကိုယ္ဝန္ေဆာင္ခ်ိန္ ပင္လယ္စာအမ်ားအျပားစားျခင္းသည္ ကေလးအတြက္ ေကာင္းက်ိဳးမ်ားကိုပင္ ျဖစ္ေစသည္။ ငါးမ်ားသည္ အိုမီဂါ-၃ (Omega-3) ႂကြယ္ဝၿပီး ျပဒါးဓာတ္ပါဝင္မႈ နည္းပါးသည္။ ကိုယ္ဝန္ေဆာင္ခ်ိန္ ငါးစားေသာ မိခင္သည္ ဉာဏ္ေကာင္းေသာ ကေလးကို ေမြးဖြားေစသည္။ ဂ်ာနယ္မ်ားတြင္ ထုတ္ျပန္ထားေသာ ေတြ႕ရွိခ်က္မ်ားအရ ကိုယ္ဝန္ေဆာင္ခ်ိန္ ငါးစားေသာ မိခင္မ်ား၏ ကေလးသည္ အိုင္က်ဴပိုေကာင္းၾကသည္ဟုဆိုသည္။

ဆို႐ိုးစကား (၄) : ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ ေလေၾကာင္းခရီးမသြားသင့္ပါ။

ဒီဆို႐ိုးစကားသည္ ေခတ္မီေသာ စကားျဖစ္ၿပီး ဒီစကားသည္ ေလယာဥ္ပ်ံသန္ေနခ်ိန္တြင္း ကေလးေမြးခ်င္လာပါက အေရးေပၚေလယာဥ္ျပန္ဆင္းရမည့္ စားရိတ္မ်ားကို ေၾကာက္႐ြံ႕ေသာ ေလေၾကာင္းလိုင္းကုမၸဏီမ်ားအတြက္ ျဖစ္ေပမည္။ သို႔ေသာ္ သိပၸံနည္းအရဆိုလွ်င္ မည္သည့္ကိုယ္ဝန္ေဆာင္ခ်ိန္မဆို ရက္သတၱပါတ္ ၄၀ ပင္ျဖစ္ေစ ေလေၾကာင္းခရီးသြားႏိုင္သည္ဟု ဆိုသည္။

အျမင့္ေပ ႏွင့္ မီးဖြားျခင္းသည္ ဆက္စပ္မႈမရွိပါ။ ကိုယ္ဝန္ေဆာင္ေနၿပီး ေလေၾကာင္းခရီးသြားရန္ရွိပါက ဆက္လုပ္ႏိုင္ပါသည္။ ကိုယ္ဝန္ေဆာင္ ရက္သတၱပါတ္ ၃၄ ပါတ္ေနာက္ပိုင္း ေလေၾကာင္းခရီး သြားမည္ဆိုပါက သင္၏ အာမခံခ်က္ေပၚသာ မူတည္ေပမည္။

ဆို႐ိုးစကား (၅) : ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ လိင္မဆက္ဆံသင့္ပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ လိင္ဆက္ဆံျခင္းသည္ ရင္ေသြးငယ္ ေမြးဖြားလာခ်ိန္တြင္ ညစ္ပတ္ေစသည္ ဟု၍ အယူစြဲ ေနၾကျခင္း ျဖစ္သည္။ ဒီအေတြးအေခၚသည္ မွားယြင္းသည္။ သေႏၶသားကို ေရမႊာက ကာကြယ္ေပးထားၿပီး သုတ္ပိုးမ်ားသည္ သေႏၶသားဆီသို႔ မေရာက္ရွိႏိုင္ေသာေၾကာင့္ျဖစ္သည္။ ထို႔အျပင္ ကိုယ္ဝန္ေဆာင္ ရက္သတၱပါတ္ (၃၁) ပါတ္ေနာက္ပိုင္းတြင္ လိင္ဆက္ဆံျခင္းသည္ ေမြးလမ္းေၾကာင္းႂကြက္သားမ်ားကို ဆြဲဆန္႔ေစၿပီး ေအာက္စီတိုစင္ေဟာ္မုန္းကို ထြက္ေစကာ မီးဖြားလွ်င္ တင္ပဆုံ႐ိုးေခြကို က်ယ္ဝန္ေစပါသည္။ ေအာက္စီတိုစင္ေဟာ္မုန္းသည္ ထိုသို႔စြမ္းေဆာင္ေပးၿပီး မီးဖြားစဥ္နာက်င္ျခင္းမ်ားကိုလဲ သက္သာေစသည္။

ဆို႐ိုးစကား (၆) : ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ ေလ့က်င့္ခန္းမျပဳလုပ္သင့္ပါ။

မေသခ်ာပါ။ ေဖၚျပပါမည္။ ကိုယ္ဝန္ေဆာင္ခ်ိန္တြင္း ေလ့က်င့္ခန္းျပဳလုပ္ျခင္းသည္ ခႏၶာကိုယ္ကို အက်ိဳးေက်းဇူးမ်ားေစၿပီး ေသြးလည္ပတ္မႈေကာင္းေစေသာေၾကာင့္ သေႏၶသားဆီသို႔ အာဟာရပိုရေစသည္။ ေလ့က်င့္ခန္းမ်ားသည္ ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ ျဖစ္တတ္ေသာ ခါးနာျခင္းမ်ားကို သက္သာေစသည္။ ကိုယ္ဝန္ေဆာင္ ရက္သတၱပါတ္မ်ားသည္ႏွင့္အမွ် ေလ့က်င့္ခန္းမ်ားသည္ ကိုယ္ဝန္ဆီသို႔ အာဟာရ ပိုေရာက္ေစၿပီး ကိုယ္ဝန္ႏွင့္ ပတ္သတ္သည့္ နာက်င္မႈမ်ားကို သက္သာေစသည္။

ဆို႐ိုးစကား (၇) : ကိုယ္ဝန္ေဆာင္ခ်ိန္ လၾကတ္ျခင္းကို ၾကည့္ျခင္းသည္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲႏွင့္ ကေလးကို ေမြးဖြားေစသည္။

ဒီအေၾကာင္းအရာသည္ ေရွး႐ိုးစြဲေနသည့္အယူမ်ားႏွင့္ ၾကာျမင့္စြာ စြဲၿမဲေနေသာ ယုံၾကည္မႈျဖစ္သည္။ ၁၉၅၃ တြင္ ေတြ႕ရွိခဲ့ေသာ ဒီအန္ေအ မွသည္ လသားမ်ိဳး႐ိုးဗီဇကို ပိုမိုနားလည္လာျခင္းေၾကာင့္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲျဖစ္ျခင္းသည္ မ်ိဳး႐ိုးဗီဇေၾကာင့္ျဖစ္သည္ကို သက္ေသျပႏိုင္ၿပီ ျဖစ္ၿပီး ဒီလိုေရွး႐ိုးစြဲ အယူမ်ားသည္ အဓိပၸါယ္မရွိသည္ကို ေဖၚျပႏိုင္ၿပီျဖစ္သည္။

ဆို႐ိုးစကား (ဂ) : ကိုကိုးအားေထာပတ္ (Cocoa Butter) သည္ အေၾကာျပတ္ျခင္းမ်ားကို သက္သာေစသည္။

ကိုယ္ဝန္ေဆာင္ခ်ိန္ျဖစ္ေသာ အေၾကာျပတ္ျခင္းမ်ားကို ကိုကိုးအားေထာပတ္က သက္သာကာကြယ္ေပးသည္ဟု ဆိုၾကသည္။ ဒီအဆိုအတြက္ သက္ေသျပခ်က္မရွိေပ။ အေၾကာျပတ္ျခင္းကို အေရးတယူျပဳေသာ အခ်ိဳ႕ေသာ ကိုယ္ဝန္ေဆာင္မ်ားသည္ ထိုအခ်ိန္တြင္ ခက္ခဲတတ္ၾကသည္။

ဆို႐ိုးစကား (၉) : ကိုယ္ဝန္ေဆာင္ ေၾကာင္ မေမြးႏိုင္ပါ။

အျခားေသာ ဆို႐ိုးစကားမွာ ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ ေၾကာင္ေမြး၍ မရျခင္းဆိုသည္ပင္ျဖစ္သည္။ မွားယြင္းပါသည္၊ ေၾကာင္တစ္ေကာင္သည္ ကိုယ္ဝန္ေဆာင္သည္ကို ဘာမွမျပဳလုပ္ႏိုင္ပါ။ သို႔ေသာ္ ကိုယ္ဝန္ေဆာင္မိခင္သည္ ေၾကာင္၏ အညစ္အေၾကးမ်ား ရွင္းလင္းျခင္းကို ေရွာင္က်ဥ္သင့္သည္။ ေၾကာင္မစင္တြင္ပါေသာ Toxoplasmosis ဟုေခၚေသာ ေရာဂါ ကူးစက္ႏိုင္ေသာေၾကာင့္ ျဖစ္သည္။

အျခားသိလိုသည့္ေမးခြန္းမ်ားရွိလွ်င္ ဆရာဝန္ ႏွင့္ တိုင္ပင္ေဆြးေႏြးျခင္းသည္သင့္အတြက္ အေကာင္းဆုံး ျဖစ္ပါသည္။

ေရးသားသူ Dr. Aung Myat Thu
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------------
(Unicode)⤵⤵⤵
ကိုယ်ဝန် နှင့် ပတ်သက်ပြီး မှားယွင်းနေသည့် ဆိုရိုးစကား (၇) ချက်

လူသားတစ်ယောက်ဖြစ်ပေါ်လာခြင်းသည် လူသားတစ်ယောက်အတွက် အရှုပ်ထွေးဆုံးအရာပင်ဖြစ်သည်ကို တွေးတောနေစရာမလိုပါ။ သို့သော် ထိုအကြောင်းကို အမျိုးသမီးများအတွက်မှာ စိုးရိမ်မှုလွန်ကဲနေမည်ဟု မဆိုလိုပေ။

ဆိုရိုးစကား (၁) : ကိုယ်ဝန်ဆောင်မိခင်၏ ခေါင်းပေါ်တွင် သူမ၏လက်ကို လှုပ်ရှားနေခြင်းသည် မမွေးသေးသော ရင်သွေးကို ချက်ကြိုးက ညှစ်စေသည်။

ရယ်ရပါသည်၊ ဟုတ်တယ်မဟုတ်လား? ဟုတ်ပါတယ်၊ တကယ်ကို ရယ်ရပါသည်။ သို့သော် ရှေးရိုးစွဲ ယုံကြည်မှုအရ ခေါင်းပေါ်တွင် လက်ကို လှုပ်ရှားနေစေခြင်းသည် ရင်သွေးကို ချက်ကြိုးက ညှစ်မိစေပြီး ရင်သွေး၏ အသက်ရှုံးစေနိုင်သည်ဟု ပြောကြသည်။

မှားယွင်းသော ယုံကြည်မှုတစ်ခုသာ ဖြစ်ပြီး လက်လှုပ်ရှားမှုသည် ချက်ကြိုးနှင့် မသက်ဆိုင်သောကြောင့် ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန် ပြုလုပ်ရသော လေ့ကျင့်ခန်းများသည် မိခင်ကော ကလေးကိုပါ အကျိုးကျေးဇူးရှိသည်။ ရင်သွေးငယ်များ မွေးဖွားသောအခါ သူတို့၏ လည်ပင်းတွင် ချက်ကြိုးပတ်၍ မွေးသည့် မှတ်တမ်းများရှိသော်လည်း ထိုသို့ဖြစ်ရခြင်းမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်မဟုတ်ပဲ မိခင်ဝမ်းထဲတွင် သန္ဓေသား၏ လှုပ်ရှားမှုကြောင့်ဖြစ်သည်။

ဆိုရိုးစကား (၂) : ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှုများသည် ရင်သွေးအတွက် မကောင်းပါ။

ဒီဆိုရိုးစကားသည် တချို့တစ်ဝက် မှန်ကန်သည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ဖိစီးမှုများသည် ခုခံအားစနစ်ကို အားလျော့စေကာ ကိုယ်ဝန်ဆောင်မိခင်ကို အချို့သော ရောဂါများဖြစ်စေတတ်ပြီး ကလေးအတွက် မကောင်းသောကြောင့် ဖြစ်သည်။ သို့သော်အသင့်အတင့်ရှိသော စိတ်ဖိစီးမှုသည် ကလေးအတွက် ကောင်းစေသည်ဟု သုတေသတများက ဆိုသည်။ စိတ်ဖိစီးမှုသည် ရင်သွေးငယ်၏ အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေသည် ဟုဆိုကြသောကြောင့် ဖြစ်သည်။

စိတ်ဖိစီးမှုဒဏ်ကို အသင့်အတင့်ခံစားရသော ကိုယ်ဝန်ဆောင်မိခင်မှ မွေးသော ရင်သွေးသည် မည်သည့်စိတ်ဖိစီးမှုဒဏ်ကိုမျှ မခံစားရသော မိခင်ကမွေးသည့် ရင်သွေးထက် ပို၍ ဖွံဖြိုးသော ဦးနှောက်ရှိသည်ဟု ဆိုကြသည်။

ဆိုရိုးစကား (၃) : ကိုယ်ဝန်ဆောင်မိခင်သည် ပင်လယ်စာမစားသင့်ပါ။

ဒီအရာသည် အမှန်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ချိန် ပင်လယ်စာအများအပြားစားခြင်းသည် ကလေးအတွက် ကောင်းကျိုးများကိုပင် ဖြစ်စေသည်။ ငါးများသည် အိုမီဂါ-၃ (Omega-3) ကြွယ်ဝပြီး ပြဒါးဓာတ်ပါဝင်မှု နည်းပါးသည်။ ကိုယ်ဝန်ဆောင်ချိန် ငါးစားသော မိခင်သည် ဉာဏ်ကောင်းသော ကလေးကို မွေးဖွားစေသည်။ ဂျာနယ်များတွင် ထုတ်ပြန်ထားသော တွေ့ရှိချက်များအရ ကိုယ်ဝန်ဆောင်ချိန် ငါးစားသော မိခင်များ၏ ကလေးသည် အိုင်ကျူပိုကောင်းကြသည်ဟုဆိုသည်။

ဆိုရိုးစကား (၄) : ကိုယ်ဝန်ဆောင်ချိန်တွင် လေကြောင်းခရီးမသွားသင့်ပါ။

ဒီဆိုရိုးစကားသည် ခေတ်မီသော စကားဖြစ်ပြီး ဒီစကားသည် လေယာဉ်ပျံသန်နေချိန်တွင်း ကလေးမွေးချင်လာပါက အရေးပေါ်လေယာဉ်ပြန်ဆင်းရမည့် စားရိတ်များကို ကြောက်ရွံ့သော လေကြောင်းလိုင်းကုမ္ပဏီများအတွက် ဖြစ်ပေမည်။ သို့သော် သိပ္ပံနည်းအရဆိုလျှင် မည်သည့်ကိုယ်ဝန်ဆောင်ချိန်မဆို ရက်သတ္တပါတ် ၄၀ ပင်ဖြစ်စေ လေကြောင်းခရီးသွားနိုင်သည်ဟု ဆိုသည်။

အမြင့်ပေ နှင့် မီးဖွားခြင်းသည် ဆက်စပ်မှုမရှိပါ။ ကိုယ်ဝန်ဆောင်နေပြီး လေကြောင်းခရီးသွားရန်ရှိပါက ဆက်လုပ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင် ရက်သတ္တပါတ် ၃၄ ပါတ်နောက်ပိုင်း လေကြောင်းခရီး သွားမည်ဆိုပါက သင်၏ အာမခံချက်ပေါ်သာ မူတည်ပေမည်။

ဆိုရိုးစကား (၅) : ကိုယ်ဝန်ဆောင်ချိန်တွင် လိင်မဆက်ဆံသင့်ပါ။

ကိုယ်ဝန်ဆောင်ချိန်တွင် လိင်ဆက်ဆံခြင်းသည် ရင်သွေးငယ် မွေးဖွားလာချိန်တွင် ညစ်ပတ်စေသည် ဟု၍ အယူစွဲ နေကြခြင်း ဖြစ်သည်။ ဒီအတွေးအခေါ်သည် မှားယွင်းသည်။ သန္ဓေသားကို ရေမွှာက ကာကွယ်ပေးထားပြီး သုတ်ပိုးများသည် သန္ဓေသားဆီသို့ မရောက်ရှိနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင် ရက်သတ္တပါတ် (၃၁) ပါတ်နောက်ပိုင်းတွင် လိင်ဆက်ဆံခြင်းသည် မွေးလမ်းကြောင်းကြွက်သားများကို ဆွဲဆန့်စေပြီး အောက်စီတိုစင်ဟော်မုန်းကို ထွက်စေကာ မီးဖွားလျှင် တင်ပဆုံရိုးခွေကို ကျယ်ဝန်စေပါသည်။ အောက်စီတိုစင်ဟော်မုန်းသည် ထိုသို့စွမ်းဆောင်ပေးပြီး မီးဖွားစဉ်နာကျင်ခြင်းများကိုလဲ သက်သာစေသည်။

ဆိုရိုးစကား (၆) : ကိုယ်ဝန်ဆောင်ချိန်တွင် လေ့ကျင့်ခန်းမပြုလုပ်သင့်ပါ။

မသေချာပါ။ ဖေါ်ပြပါမည်။ ကိုယ်ဝန်ဆောင်ချိန်တွင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ကို အကျိုးကျေးဇူးများစေပြီး သွေးလည်ပတ်မှုကောင်းစေသောကြောင့် သန္ဓေသားဆီသို့ အာဟာရပိုရစေသည်။ လေ့ကျင့်ခန်းများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော ခါးနာခြင်းများကို သက်သာစေသည်။ ကိုယ်ဝန်ဆောင် ရက်သတ္တပါတ်များသည်နှင့်အမျှ လေ့ကျင့်ခန်းများသည် ကိုယ်ဝန်ဆီသို့ အာဟာရ ပိုရောက်စေပြီး ကိုယ်ဝန်နှင့် ပတ်သတ်သည့် နာကျင်မှုများကို သက်သာစေသည်။

ဆိုရိုးစကား (၇) : ကိုယ်ဝန်ဆောင်ချိန် လကြတ်ခြင်းကို ကြည့်ခြင်းသည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် ကလေးကို မွေးဖွားစေသည်။

ဒီအကြောင်းအရာသည် ရှေးရိုးစွဲနေသည့်အယူများနှင့် ကြာမြင့်စွာ စွဲမြဲနေသော ယုံကြည်မှုဖြစ်သည်။ ၁၉၅၃ တွင် တွေ့ရှိခဲ့သော ဒီအန်အေ မှသည် လသားမျိုးရိုးဗီဇကို ပိုမိုနားလည်လာခြင်းကြောင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ခြင်းသည် မျိုးရိုးဗီဇကြောင့်ဖြစ်သည်ကို သက်သေပြနိုင်ပြီ ဖြစ်ပြီး ဒီလိုရှေးရိုးစွဲ အယူများသည် အဓိပ္ပါယ်မရှိသည်ကို ဖေါ်ပြနိုင်ပြီဖြစ်သည်။

ဆိုရိုးစကား (ဂ) : ကိုကိုးအားထောပတ် (Cocoa Butter) သည် အကြောပြတ်ခြင်းများကို သက်သာစေသည်။

ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော အကြောပြတ်ခြင်းများကို ကိုကိုးအားထောပတ်က သက်သာကာကွယ်ပေးသည်ဟု ဆိုကြသည်။ ဒီအဆိုအတွက် သက်သေပြချက်မရှိပေ။ အကြောပြတ်ခြင်းကို အရေးတယူပြုသော အချို့သော ကိုယ်ဝန်ဆောင်များသည် ထိုအချိန်တွင် ခက်ခဲတတ်ကြသည်။

ဆိုရိုးစကား (၉) : ကိုယ်ဝန်ဆောင် ကြောင် မမွေးနိုင်ပါ။

အခြားသော ဆိုရိုးစကားမှာ ကိုယ်ဝန်ဆောင်ချိန်တွင် ကြောင်မွေး၍ မရခြင်းဆိုသည်ပင်ဖြစ်သည်။ မှားယွင်းပါသည်၊ ကြောင်တစ်ကောင်သည် ကိုယ်ဝန်ဆောင်သည်ကို ဘာမှမပြုလုပ်နိုင်ပါ။ သို့သော် ကိုယ်ဝန်ဆောင်မိခင်သည် ကြောင်၏ အညစ်အကြေးများ ရှင်းလင်းခြင်းကို ရှောင်ကျဉ်သင့်သည်။ ကြောင်မစင်တွင်ပါသော Toxoplasmosis ဟုခေါ်သော ရောဂါ ကူးစက်နိုင်သောကြောင့် ဖြစ်သည်။

အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည်သင့်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

ရေးသားသူ Dr. Aung Myat Thu
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ကိုယ္ဝန္ ႏွင့္ ပတ္သက္ၿပီး မွားယြင္းေနသည့္ ဆို႐ိုးစကား (၇) ခ်က္ ကိုယ္ဝန္ ႏွင့္ ပတ္သက္ၿပီး မွားယြင္းေနသည့္ ဆို႐ိုးစကား (၇) ခ်က္ Reviewed by THITHTOOLWIN on 00:39 Rating: 5
Powered by Blogger.