ျမန္မာႏိုင္ငံ၌ အသက္ (၂၅-၆၅)ႏွစ္ အ႐ြယ္အတြင္းဆီးခ်ိဳျဖစ္ပြားေနသူ ၁၀ ဒသမ ၅ ရာခိုင္ႏႈန္းရွိ

ဆီးခ်ိဳတိုင္းတာမႈတစ္ခုအားေတြ႕ရစဥ္ (ဓာတ္ပုံ-- အင္တာနက္)
(Zawgyi)⤵⤵⤵
ရန္ကုန္၊ ႏိုဝင္ဘာ ၂၇ ရက္ (ဆင္ဟြာ)

 ျမန္မာႏိုင္ငံ၌ အသက္ (၂၅-၆၅)ႏွစ္ အ႐ြယ္အတြင္းဆီးခ်ိဳျဖစ္ပြားေနသူ ၁၀ ဒသမ ၅ ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ၂၀၁၈ ခုႏွစ္ ဇြန္လတြင္ ထုတ္ျပန္သည့္ ကိန္းဂဏန္းမ်ားအရ ကမာၻတစ္ဝန္းလုံးတြင္ မကူးစက္ႏိုင္ေသာေရာဂါမ်ား ေၾကာင့္ ႏွစ္စဥ္လူဦးေရ ၄၁ သန္းခန္႔ ေသဆုံးလ်က္ရွိၿပီး ေသဆုံးသူမ်ား အနက္ ၁၅ သန္းခန္႔သည္ အသက္ ၃၀ ႏွင့္ ၆၉ ႏွစ္ၾကား ရွိသူမ်ားျဖစ္ၿပီး ၈၅ ရာခိုင္ႏႈန္းေက်ာ္သည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွျဖစ္ေၾကာင္း သိရသည္။

၂၀၁၄ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ ျပဳလုပ္ခဲ့သည့္ WHO STEP Survey အစီရင္ခံစာအရ အသက္ (၂၅-၆၅)ႏွစ္ အ႐ြယ္အတြင္း ဆီးခ်ိဳျဖစ္ပြားေနသူ ၁၀ ဒသမ ၅ ရာခိုင္ႏႈန္းရွိၿပီး ဆီးခ်ိဳျဖစ္ပြားႏိုင္ေျခရွိေသာသူမ်ား မ်ားျပား လ်က္ရွိေနသည္ကိုလည္း ေတြ႕ရွိရသည္။ ထို႔အျပင္ ေသြးတိုးေရာဂါျဖစ္ပြားေနသူမ်ားမွာ ၂၆ ရာခိုင္ႏႈန္း၊ ေသြးတြင္းအဆီဓာတ္မ်ားေနသူမ်ားမွာ ၃၆ ဒသမ ၇ ရာခိုင္ႏႈန္း၊ ေဆးလိပ္/ေဆး႐ြက္ႀကီးသုံးစြဲသူ ၅၄ ဒသမ ၄ ရာခိုင္ႏႈန္း အဝလြန္ကဲသူ ၂၂ ဒသမ ၄ ရာခိုင္ႏႈန္းရွိေနသည္ကို ေတြ႕ရွိရေၾကာင္း ျမန္မာ့အလင္းသတင္းစာတြင္ပါရွိသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံ၌ အသက် (၂၅-၆၅)နှစ် အရွယ်အတွင်းဆီးချိုဖြစ်ပွားနေသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိ

ဆီးချိုတိုင်းတာမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ၌ အသက် (၂၅-၆၅)နှစ် အရွယ်အတွင်းဆီးချိုဖြစ်ပွားနေသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် မကူးစက်နိုင်သောရောဂါများ ကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်းခန့် သေဆုံးလျက်ရှိပြီး သေဆုံးသူများ အနက် ၁၅ သန်းခန့်သည် အသက် ၃၀ နှင့် ၆၉ နှစ်ကြား ရှိသူများဖြစ်ပြီး ၈၅ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့သည့် WHO STEP Survey အစီရင်ခံစာအရ အသက် (၂၅-၆၅)နှစ် အရွယ်အတွင်း ဆီးချိုဖြစ်ပွားနေသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ဆီးချိုဖြစ်ပွားနိုင်ခြေရှိသောသူများ များပြား လျက်ရှိနေသည်ကိုလည်း တွေ့ရှိရသည်။ ထို့အပြင် သွေးတိုးရောဂါဖြစ်ပွားနေသူများမှာ ၂၆ ရာခိုင်နှုန်း၊ သွေးတွင်းအဆီဓာတ်များနေသူများမှာ ၃၆ ဒသမ ၇ ရာခိုင်နှုန်း၊ ဆေးလိပ်/ဆေးရွက်ကြီးသုံးစွဲသူ ၅၄ ဒသမ ၄ ရာခိုင်နှုန်း အဝလွန်ကဲသူ ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိနေသည်ကို တွေ့ရှိရကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ျမန္မာႏိုင္ငံ၌ အသက္ (၂၅-၆၅)ႏွစ္ အ႐ြယ္အတြင္းဆီးခ်ိဳျဖစ္ပြားေနသူ ၁၀ ဒသမ ၅ ရာခိုင္ႏႈန္းရွိ ျမန္မာႏိုင္ငံ၌ အသက္ (၂၅-၆၅)ႏွစ္ အ႐ြယ္အတြင္းဆီးခ်ိဳျဖစ္ပြားေနသူ ၁၀ ဒသမ ၅ ရာခိုင္ႏႈန္းရွိ Reviewed by THITHTOOLWIN on 08:53 Rating: 5
Powered by Blogger.