ေခ်ာင္းသာကမ္းေျခမွာ အေထာက္အထားမဲ့ေလွစီးေျပး ၁၀၀ နီးပါးအဖမ္းခံရ

မွတ္တမ္းဓါတ္ပံု-၂၀၁၇ စက္တင္ဘာလတုန္းက ေလွစီးေျပးမ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

ရခုိင္ျပည္နယ္ကေန ၀င္ေရာက္လာတဲ့ မူဆလင္ ၁၀၀နီးပါးကို ဧရာ၀တီတိုင္း ပုသိမ္ၿမိဳ႔နယ္ ေခ်ာင္းသာၿမိဳ႕အနီးမွာ ဒီကေန႔မနက္အေစာပိုင္းက အာဏာပိုင္ေတြက ဖမ္းဆီးၿပီး ပုသိမ္ၿမိဳ႔ကို ပို႔ေဆာင္လိုက္ပါတယ္။ ဒါဟာ ဒီလအတြင္း ပုသိမ္ၿမိဳ႔နယ္မွာ ဒုတိယအၾကိမ္နဲ႔ အမ်ားဆံုး ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအိုေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ဖမ္းဆီးခံရသူေတြဟာ ပုသိမ္ၿမိဳ႔နယ္ ေခ်ာင္းသာၿမိဳ႔အနီးပင္လယ္ျပင္ကို စက္ေလွ ၂စီးနဲ႔ ၀င္ေရာက္လာတာျဖစ္ၿပီး ရန္ကုန္ၿမိဳ႔ကို ခရီးဆက္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ေခ်ာင္းသာၿမိဳ႔နယ္ ဌာနဆိုင္ရာ ပူးေပါင္းအဖဲြ႔က ထိန္းသိမ္းလိုက္တာျဖစ္ပါတယ္။

ဒီလို ဖမ္းဆီးလိုက္တာကို ပူးေပါင္းအဖဲြ႔မွာ ပါ၀င္တဲ့ ေရႊေသာင္ယံၿမိဳ႔ အမွတ္၁ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး ဦးေဇာ္မ်ိဳး၀င္းက အခုလို ေျပာပါတယ္။

“ သူတို႔က စစ္ေတြ အနီးပတ္၀န္းက်င္က လာတာခင္ဗ်။ စက္ေလွနဲ႔ လာတာ။ စက္ေလွ ၂စီးပါခင္ဗ်။ ေခ်ာင္းသာအေက်ာ္ ဥတို၊ ဥတုိေခ်ာင္း တံတားေျခရင္းမွာ ကပ္တာ။ သူတို႔ရဲ့ ခ်ိတ္ဆက္ထားတဲ့ ကားနဲ႔ေပါ့။ ရန္ကုန္ကဆင္းလာတယ္ Mini Bus တစ္စီးရယ္၊ ေနာက္ Super Custom တစ္စီးရယ္၊ ေနာက္ Probox တစ္စီးရယ္ခင္ဗ်။ သူတုိ႔က ရန္ကုန္ကို ဆက္သြားမွာေပါ့။ အဲလို ကားေပၚကို တက္ေနတဲ့အခ်ိန္မွာ က်ေနာ္တုိ႔ ပူးေပါင္း အဖဲြ႔က မိတာခင္ဗ်။ သူတို႔ကို အရင္ဆံုး အခု စစ္ေဆးတဲ့အခ်ိန္မွာေတာ့ အခုလက္ရိွ အားလံုးမိတာေတာ့ ကိုးဆယ္နဲ႔ ေျခာက္ေယာက္ မိထားပါၿပီခင္ဗ်။”

ဖမ္းဆီးခံရသူေတြကို ပုသိမ္ၿမိဳ႔ကို ပုိ႔ေဆာင္လိုက္ၿပီျဖစ္ေၾကာင္းနဲ႔စက္ေလွသမား၆ေယာက္နဲ႔ ကားသမား၆ေယာက္ကိုလည္း ဖမ္းဆီးထားေၾကာင္း ဦးေဇာ္မ်ိဳး၀င္းက ဆက္ေျပာပါတယ္။

ေဒသခံေတြကေတာ့ လာေရာက္သူဟာ လူ ၁၀၀ေက်ာ္ေလာက္ရိွၿပီး ဦးဆံုး ၇၀ေက်ာ္ကိုဖမ္းဆီးရမိရာက ေနာက္ပိုင္းမွာ ၉၆ေယာက္ ရမိတာျဖစ္ေၾကာင္းနဲ႔ အခ်ိဳ႔ေတြက ထြက္ေျပးေနေၾကာင္း ေျပာဆုိတာေတြ ရိွပါတယ္။

ပုသိမ္ၿမိဳ႕တိုင္းရဲတပ္ဖြဲ႕က ဒုရဲမႈးႀကီး ထြန္းေရႊက လက္ရိွ ဖမ္းဆီးထားတာနဲ႔ပတ္သက္ၿပီး အခုလို အတည္ျပဳ ေျပာၾကားပါတယ္။

“ ဟုတ္ပါတယ္ခင္ဗ်။ ဖမ္းမိပါတယ္။ အားလံုးဆုိရင္ ေနာက္ဆံုးကေတာ့ ဘဂါၤလီ က်ား ၃၂ေယာက္၊ မ ၆၄ေယာက္။ အားလံုး ၉၆ေယာက္ေပါ့။ အဲဒီ ၉၆ေယာက္ထဲမွာ ကေလး က်ားတစ္ေယာက္၊ မတစ္ေယာက္ပါတယ္။ မိတာက ေခ်ာင္းသာ ကၾကီးအုပ္စု၊ ဥတိုေက်းရြာအနီး ဥတုိတံတားအနီးမွာ။ မနက္ ၃နာရီ ၄၅ကေပါ့။ အခုကေတာ့ စစ္ေဆးဆဲပါပဲ။ ”

ထြက္ေျပးေနသူေတြ ရိွတယ္ဆုိတာနဲ႔ ပတ္သက္လုိ႔ စစ္ေဆးေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀ရက္ေန႔ကလည္း ပုသိမ္ၿမိဳ႔နယ္က ေရႊေသာင္ယံၿမိဳ႔အနီးမွာ စစ္ေတြ၊ သကၠယ္ျပင္ရြာကေန ရန္ကုန္ကို သြားေရာက္မယ္ မူဆလင္ ၂၂ေယာက္ကို ဖမ္းဆီးခဲ့ပါတယ္။

ေလာေလာဆည္ သူတုိ႔ကို ျပည္ေထာင္စုျမန္မာနိုင္ငံအတြင္းေနထိုင္သူမ်ား မွတ္ပုံတင္ေရးဥပေဒအက္ဥပေဒ ပုဒ္မ ၆(၁)။၆(၂)။ ၆(၃) တို႔နဲ႔ စဲြဆိုထားပါတယ္။

သူတို႔ထဲက အသက္မျပည္႔ေသးတဲ့ ေယာက္်ားေလး ၂ေယာက္ကို ေကာ့မႈးၿမိဳ႔နယ္ ငွက္ေအာ္စမ္း လူငယ္ထိန္းသိမ္းေရးစခန္းကို ပို႔ေဆာင္ထားၿပီး၊ မိန္းကေလး ၆ေယာက္ကို ရန္ကုန္ၿမိဳ႔ ဗဟန္းက အမ်ိဳးသမီးေက်ာင္းကို ပို႔ေဆာင္ထားပါတယ္။

က်န္ရိွေနတဲ့ အမ်ိဳးသား ၇ေယာက္နဲ႔ အမ်ိဳးသမီး ၇ေယာက္ကို ဒီကေန႔ အမႈစစ္ေဆးၾကားနာၿပီး ေနာက္လ ၅ရက္ေန႔မွာ စီရင္ခ်က္ ခ်မွတ္ဖြယ္ရိွေၾကာင္း အမႈကို လိုက္ပါေဆာင္ရြက္ေနသူေတြက ေျပာပါတယ္။ လက္ရိွ စဲြဆိုထားတဲ့အမႈအရ အျမင့္ဆံုး ေထာင္ဒဏ္ ၂ႏွစ္ကေန အနိမ့္ဆံုး ေထာင္ဒဏ္ ၆လ အထိ ခ်မွတ္ႏိုင္တာျဖစ္ပါတယ္။

.........................

ချောင်းသာကမ်းခြေမှာ အထောက်အထားမဲ့လှေစီးပြေး ၁၀၀ နီးပါးအဖမ်းခံရ

(Unicode)

ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ မူဆလင် ၁၀၀နီးပါးကို ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာမြို့အနီးမှာ ဒီကနေ့မနက်အစောပိုင်းက အာဏာပိုင်တွေက ဖမ်းဆီးပြီး ပုသိမ်မြို့ကို ပို့ဆောင်လိုက်ပါတယ်။ ဒါဟာ ဒီလအတွင်း ပုသိမ်မြို့နယ်မှာ ဒုတိယအကြိမ်နဲ့ အများဆုံး ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ပုသိမ်မြို့နယ် ချောင်းသာမြို့အနီးပင်လယ်ပြင်ကို စက်လှေ ၂စီးနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ရန်ကုန်မြို့ကို ခရီးဆက်ဖို့ ပြင်ဆင်နေချိန်မှာ ချောင်းသာမြို့နယ် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးလိုက်တာကို ပူးပေါင်းအဖွဲ့မှာ ပါဝင်တဲ့ ရွှေသောင်ယံမြို့ အမှတ်၁ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးဇော်မျိုးဝင်းက အခုလို ပြောပါတယ်။

“ သူတို့က စစ်တွေ အနီးပတ်ဝန်းကျင်က လာတာခင်ဗျ။ စက်လှေနဲ့ လာတာ။ စက်လှေ ၂စီးပါခင်ဗျ။ ချောင်းသာအကျော် ဥတို၊ ဥတိုချောင်း တံတားခြေရင်းမှာ ကပ်တာ။ သူတို့ရဲ့ ချိတ်ဆက်ထားတဲ့ ကားနဲ့ပေါ့။ ရန်ကုန်ကဆင်းလာတယ် Mini Bus တစ်စီးရယ်၊ နောက် Super Custom တစ်စီးရယ်၊ နောက် Probox တစ်စီးရယ်ခင်ဗျ။ သူတို့က ရန်ကုန်ကို ဆက်သွားမှာပေါ့။ အဲလို ကားပေါ်ကို တက်နေတဲ့အချိန်မှာ ကျနော်တို့ ပူးပေါင်း အဖွဲ့က မိတာခင်ဗျ။ သူတို့ကို အရင်ဆုံး အခု စစ်ဆေးတဲ့အချိန်မှာတော့ အခုလက်ရှိ အားလုံးမိတာတော့ ကိုးဆယ်နဲ့ ခြောက်ယောက် မိထားပါပြီခင်ဗျ။”

ဖမ်းဆီးခံရသူတွေကို ပုသိမ်မြို့ကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းနဲ့စက်လှေသမား၆ယောက်နဲ့ ကားသမား၆ယောက်ကိုလည်း ဖမ်းဆီးထားကြောင်း ဦးဇော်မျိုးဝင်းက ဆက်ပြောပါတယ်။

ဒေသခံတွေကတော့ လာရောက်သူဟာ လူ ၁၀၀ကျော်လောက်ရှိပြီး ဦးဆုံး ၇၀ကျော်ကိုဖမ်းဆီးရမိရာက နောက်ပိုင်းမှာ ၉၆ယောက် ရမိတာဖြစ်ကြောင်းနဲ့ အချို့တွေက ထွက်ပြေးနေကြောင်း ပြောဆိုတာတွေ ရှိပါတယ်။

ပုသိမ်မြို့တိုင်းရဲတပ်ဖွဲ့က ဒုရဲမှုးကြီး ထွန်းရွှေက လက်ရှိ ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး အခုလို အတည်ပြု ပြောကြားပါတယ်။

“ ဟုတ်ပါတယ်ခင်ဗျ။ ဖမ်းမိပါတယ်။ အားလုံးဆိုရင် နောက်ဆုံးကတော့ ဘဂါၤလီ ကျား ၃၂ယောက်၊ မ ၆၄ယောက်။ အားလုံး ၉၆ယောက်ပေါ့။ အဲဒီ ၉၆ယောက်ထဲမှာ ကလေး ကျားတစ်ယောက်၊ မတစ်ယောက်ပါတယ်။ မိတာက ချောင်းသာ ကကြီးအုပ်စု၊ ဥတိုကျေးရွာအနီး ဥတိုတံတားအနီးမှာ။ မနက် ၃နာရီ ၄၅ကပေါ့။ အခုကတော့ စစ်ဆေးဆဲပါပဲ။ ”

ထွက်ပြေးနေသူတွေ ရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ဆေးနေဆဲဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀ရက်နေ့ကလည်း ပုသိမ်မြို့နယ်က ရွှေသောင်ယံမြို့အနီးမှာ စစ်တွေ၊ သက္ကယ်ပြင်ရွာကနေ ရန်ကုန်ကို သွားရောက်မယ် မူဆလင် ၂၂ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

လောလောဆည် သူတို့ကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေအက်ဥပဒေ ပုဒ်မ ၆(၁)။၆(၂)။ ၆(၃) တို့နဲ့ စွဲဆိုထားပါတယ်။

သူတို့ထဲက အသက်မပြည့်သေးတဲ့ ယောက်ျားလေး ၂ယောက်ကို ကော့မှုးမြို့နယ် ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ထားပြီး၊ မိန်းကလေး ၆ယောက်ကို ရန်ကုန်မြို့ ဗဟန်းက အမျိုးသမီးကျောင်းကို ပို့ဆောင်ထားပါတယ်။

ကျန်ရှိနေတဲ့ အမျိုးသား ၇ယောက်နဲ့ အမျိုးသမီး ၇ယောက်ကို ဒီကနေ့ အမှုစစ်ဆေးကြားနာပြီး နောက်လ ၅ရက်နေ့မှာ စီရင်ချက် ချမှတ်ဖွယ်ရှိကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသူတွေက ပြောပါတယ်။ လက်ရှိ စွဲဆိုထားတဲ့အမှုအရ အမြင့်ဆုံး ထောင်ဒဏ် ၂နှစ်ကနေ အနိမ့်ဆုံး ထောင်ဒဏ် ၆လ အထိ ချမှတ်နိုင်တာဖြစ်ပါတယ်။

မုိးေဇာ္/ VOA Burmese
https://burmese.voanews.com
ေခ်ာင္းသာကမ္းေျခမွာ အေထာက္အထားမဲ့ေလွစီးေျပး ၁၀၀ နီးပါးအဖမ္းခံရ ေခ်ာင္းသာကမ္းေျခမွာ အေထာက္အထားမဲ့ေလွစီးေျပး ၁၀၀ နီးပါးအဖမ္းခံရ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.