ေက်ာက္မဲၿမိဳ႕နယ္၊ လြယ္ပန္တန္း႐ြာမွာ မိုင္းတစ္ လုံးေပါက္ကြဲၿပီး တစ္ဦးဒဏ္ရာရ

ဓါတ္ပုံ- ေက်ာက္မဲၿမိဳ႕နယ္၊ ဇီဝိတလူမႈကူညီေရးအသင္း
(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ႏိုဝင္ဘာ ၂

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္၊ လြယ္ပန္တန္းေက်း႐ြာမွာ ႏိုဝင္ဘာလ ၂ရက္၊ ေန႔လည္ပိုင္းအခ်ိန္က မိုင္းတစ္လုံးေပါက္ကြဲၿပီး တစ္ဦးဒဏ္ ရာရရွိခဲ့တယ္လို႔ ေက်ာက္မဲဇီဝိတဒါနလူမႈကူညီေရးအသင္းထံမွ သိရပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္၊ ကြင္းစလန္းေက်း႐ြာအုပ္စု၊ လြယ္ပန္တန္းေက်း႐ြာမွာ ဦးလွေအာင္၊ အသက္
၄၉ႏွစ္က လက္ဖက္ၿခံေစာင့္လုပ္ကိုင္သူျဖစ္ၿပီး လြယ္ပန္တန္းေက်း႐ြာလက္ဖက္ၿခံမွ ခိုမိုေက်း႐ြာလက္ဖက္ၿခံကို တစ္ဦးတည္းလမ္းေလွ်ာက္သြားေနတဲ့အခ်ိန္မွာ မိုင္းနင္းမိေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

မိုင္းေပါက္ကြဲမႈေၾကာင့္ ဦးလွေအာင္မွာ ဝဲဖက္ေျခ သလုံးေဖာက္ထြက္ဒဏ္ရာ ၂ခ်က္၊ ယာဖက္ေျခသ လုံး မိုင္းစထိမွန္ဒဏ္ရာ၊ ဝဲ/ယာေျခဖမိုး မိုင္းစထိမွန္ဒဏ္ရာေတြရရွိခဲ့ၿပီး ေက်ာက္မဲျပည္သူ႔ေဆး႐ုံမွာ ေဆးကုသမႈခံယူလ်က္ရွိတယ္လို႔ သိရပါတယ္။

အဲဒီမိုင္းေပါက္ကြဲမႈက ဩဂုတ္လ၁၅ ရက္ေနာက္ ပိုင္းကာလမွာ ၁၁ႀကိမ္ေျမာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ၿပီး ၂ဦးေသဆုံးၿပီး၁၃ဦးဒဏ္ရာရရွိခဲ့ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
---------------
(Unicode)⤵⤵⤵

ကျောက်မဲမြို့နယ်၊ လွယ်ပန်တန်းရွာမှာ မိုင်းတစ် လုံးပေါက်ကွဲပြီး တစ်ဦးဒဏ်ရာရ

တောင်ကြီး၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လွယ်ပန်တန်းကျေးရွာမှာ နိုဝင်ဘာလ ၂ရက်၊ နေ့လည်ပိုင်းအချိန်က မိုင်းတစ်လုံးပေါက်ကွဲပြီး တစ်ဦးဒဏ် ရာရရှိခဲ့တယ်လို့ ကျောက်မဲဇီဝိတဒါနလူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအုပ်စု၊ လွယ်ပန်တန်းကျေးရွာမှာ ဦးလှအောင်၊ အသက် ၄၉နှစ်က လက်ဖက်ခြံစောင့်လုပ်ကိုင်သူဖြစ်ပြီး လွယ်ပန်တန်းကျေးရွာလက်ဖက်ခြံမှ ခိုမိုကျေးရွာလက်ဖက်ခြံကို တစ်ဦးတည်းလမ်းလျှောက်သွားနေတဲ့အချိန်မှာ မိုင်းနင်းမိပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ဦးလှအောင်မှာ ဝဲဖက်ခြေ သလုံးဖောက်ထွက်ဒဏ်ရာ ၂ချက်၊ ယာဖက်ခြေသ လုံး မိုင်းစထိမှန်ဒဏ်ရာ၊ ဝဲ/ယာခြေဖမိုး မိုင်းစထိမှန်ဒဏ်ရာတွေရရှိခဲ့ပြီး ကျောက်မဲပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီမိုင်းပေါက်ကွဲမှုက ဩဂုတ်လ၁၅ ရက်နောက် ပိုင်းကာလမှာ ၁၁ကြိမ်မြောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ၂ဦးသေဆုံးပြီး၁၃ဦးဒဏ်ရာရရှိခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ- ကျောက်မဲမြို့နယ်၊ ဇီဝိတလူမှုကူညီရေးအသင်း
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေက်ာက္မဲၿမိဳ႕နယ္၊ လြယ္ပန္တန္း႐ြာမွာ မိုင္းတစ္ လုံးေပါက္ကြဲၿပီး တစ္ဦးဒဏ္ရာရ ေက်ာက္မဲၿမိဳ႕နယ္၊ လြယ္ပန္တန္း႐ြာမွာ မိုင္းတစ္ လုံးေပါက္ကြဲၿပီး တစ္ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.