ျမန္မာ့ျပည္တြင္းစစ္ ဘာေၾကာင့္ "သက္ဆိုး" ရွည္ေနရတာလဲ

အစိုးရတပ္မေတာ္သားတခ်ိဳ႕ကို ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕က ဂုတ္တြင္းတံတားမွာ ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ကမာၻမွာ သက္တမ္းအရွည္ၾကာဆုံး ျပည္တြင္းစစ္ဟာ ျမန္မာႏိုင္ငံထဲမွာ ျဖစ္ပြားေနတာပါ။ ေနာက္ႏွစ္ဆိုရင္ ျမန္မာ့ျပည္တြင္းစစ္ သက္တမ္း ၇၂ႏွစ္ ျပည့္ပါေတာ့မယ္။

ေနာက္ထပ္ ဘယ္ေလာက္ၾကာေအာင္ ဆက္ျဖစ္ေနဦးမယ္ဆိုတာကလည္း ခန႔္မွန္းရခက္ေနပါတယ္။ ဘာေၾကာင့္မ်ား ျမန္မာ့ျပည္တြင္းစစ္ ဒီေလာက္ေတာင္ "သက္ဆိုး" ရွည္ေနရတာပါလဲ။

ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီး လပိုင္းအၾကာမွာပဲ ျပည္တြင္းစစ္က စခဲ့တာေၾကာင့္  ျမန္မာ့ျပည္တြင္းစစ္ဟာ လြတ္လပ္ေရးနဲ႔ ဖြားဘက္ေတာ္လို႔ ေျပာေလ့ရွိၾကပါတယ္။

ကမာၻမွာျဖစ္ခဲ့တဲ့ ျပည္တြင္းစစ္ေတြ ေတာ္ေတာ္မ်ားမ်ား အဆုံးသတ္ခဲ့ၾကၿပီဆိုေပမယ့္ ႏွစ္ေပါင္း ၇ဝ ေက်ာ္ေလာင္ေနတဲ့ ျမန္မာ့ျပည္တြင္းစစ္ကေတာ့ အခုခ်ိန္ထိ အရွိန္အဟုန္နဲ႔ ေလာင္ေနတုန္းပါ။

အဲဒီလို ျပည္တြင္းစစ္သက္ဆိုးရွည္ေနရတဲ့ အေၾကာင္းရင္းတစ္ခုကို ႏိုင္ငံေရး သုံးသပ္သူ ဦးသန္းစိုးႏိုင္ က ခုလို ေျပာျပပါတယ္။

“တပ္မေတာ္အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း အားလုံးက သမိုင္းရဲ႕အခ်ိဳးအေကြ႕မွာ ႏိုင္ငံတကာက ေထာက္ပံ့တာ ကူညီတာေတြရတာ၊ မူးယစ္ေဆးဝါးလုပ္ငန္းေတြလုပ္တာ၊ သစ္ေတြေရာင္းတာ၊ စတဲ့အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ သူတို႔ကလည္း ျမန္မာႏိုင္ငံမွာက အေရးပါတဲ့ လက္နက္ကိုင္ institutions ေတြ ျဖစ္လာေနၾကၿပီ။ အဲလိုအေျခအေနေအာက္မွာ သူတို႔လိုခ်င္တာ ရလို႔ရွိရင္ ျငမ္းခ်မ္းေရးရလည္းေကာင္းတယ္။ မရလည္း လက္ရွိ အေနအထားေအာက္မွာ သူတို႔အေနနဲ႔က အေတာ္ေလးကို သူတို႔က တပ္မေတာ္အရာရွိေတြနဲ႔ အၿပိဳင္ခံစားခြင့္ေတြရွိေနၾကတဲ့အတြက္ အက်ိဳးစီးပြားဆိုင္ရာကိစၥေတြအရ ျပည္တြင္းစစ္က ဆက္ၿပီးေတာ့ သက္ဆိုးရွည္မယ့္သေဘာ”

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အသက္နဲ႔ ျပည္တြင္းစစ္သက္တမ္းက မတိမ္းမယိမ္းပါ။ ေဒၚေအာင္ဆန္းစုၾကည္က သူမ်က္စိမမွိတ္ခင္ ၿငိမ္းခ်မ္းေရး ခိုင္ခိုင္မာမာ အျမစ္တြယ္တာကို ျမင္သြားခ်င္တယ္လို႔ ႏိုဝင္ဘာ ၁၉ ရက္ေန႔ကျပဳလုပ္တဲ့ ေတာင္ႀကီးၿမိဳ႕ လူထုေတြ႕ဆုံပြဲမွာ ေျပာခဲ့ပါတယ္။ ျပည္တြင္းစစ္ ဘာေၾကာင့္မခ်ဳပ္ၿငိမ္းေသးတာလဲဆိုတာ အေျဖရွာဖို႔လိုတယ္လို႔လည္း ေျပာခဲ့ပါတယ္။ အဲဒီေမးခြန္းအတြက္ အေျဖကိုအတိအက်မေျပာႏိုင္ေပမယ့္ ၿငိမ္းခ်မ္းေရးမလိုခ်င္သူ လူတစ္စုရွိေနတယ္လို႔ ခန႔္မွန္းျပတာကေတာ့ သီေပါမဲဆႏၵနယ္ေျမက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးရဲထြန္း ပါ။ yetun-hsipaw-350.JPG

“စစ္ကိုၿငိမ္းခ်မ္းခ်င္တဲ့သူေတြဟာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြက ေအာက္ေျခတပ္သားေတြပါ၊ အစိုးရတပ္ တပ္မေတာ္ က ေအာက္ေျခတပ္သားေတြပါလို႔ ေျပာမယ္ဆိုရင္ေတာ့ မွန္တယ္။ သို႔ေသာ္ လုပ္ပိုင္ခြင့္ အာဏာကိုင္ထားတဲ့ တပ္မႉးေတြထဲမွာေတာ့ တကယ္ ၿငိမ္းခ်မ္းခ်င္တာလားဆိုတာေတာ့ ေမးခြန္းရွိတယ္။ က်ေနာ္ေတာ့ သိပ္ၿပီးေတာ့ မယုံဘူး။ အက်ိဳးစီးပြား တိုက္႐ိုက္ခံစား ရတာက သူတို႔အထက္ပိုင္းကလူေတြက ခံစားရတာကိုး”

အၿငိမ္းစား ဗိုလ္မႉး ဝင္းႏိုင္ေက်ာ္ ကလည္း ျပည္တြင္းစစ္ကို အရွိန္ျပင္းေစတဲ့အေၾကာင္းရင္းေတြကို ခုလို ေျပာျပပါတယ္။

“ပဋိပကၡေတြျဖစ္ရတဲ့ အေၾကာင္းရင္းအေတာ္မ်ားမ်ားက အက်ိဳးစီးပြားခ်င္းျဖစ္တာပဲ။ အဲေတာ့ ျပည္တြင္းစစ္ျဖစ္တဲ့အတြက္ လက္နက္နဲ႔ ဆက္စပ္ပတ္သက္တဲ့ဟာေတြ၊ ေရာင္းဝယ္မႈေတြ၊ ေနာက္တစ္ခုက အဲဒီနယ္ေျမေတြမွာ ဥပေဒလစ္ဟာသြားတဲ့အတြက္ ဥပေဒနဲ႔ဆန႔္က်င္တာေတြ အမ်ားႀကီးျဖစ္တဲ့အတြက္ အဲဒီဟာေတြကေန တိုက္႐ိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္ေသာ္လည္းေကာင္း အက်ိဳးအျမတ္ရွိတာေတြ ရွိတဲ့အတြက္ ျပည္တြင္းစစ္ကို အရွိန္ျပင္းေစတဲ့အထဲမွာေတာ့ ဒါေတြပါပါတယ္”

စစ္ပြဲေတြ၊ ပဋိပကၡေတြဆိုတာ ကိုယ္က်ိဳးစီးပြားကို အေျခခံၿပီးေပၚေပါက္ရတာလို႔ ဆိုၾကပါတယ္။ ျမန္မာျပည္ရဲ႕ ျပည္တြင္းစစ္ဟာ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြၾကားျဖစ္တာမို႔ တပ္မေတာ္ဘက္က ဘယ္လိုအက်ိဳးအျမတ္ေတြရေနလဲဆိုတာ စၿပီးၾကည့္ရေအာင္ပါ။

ဦးသန္းစိုးႏိုင္ ကေတာ့ ေယ်ဘုယ်ျမင္သာတဲ့အခ်က္ေတြကိုပဲ ေထာက္ျပပါတယ္။

“တပ္မေတာ္ရဲ႕ စစ္ေရးအင္အားပိုၿပီးေတာ့ ႀကီးထြားလာတာေပါ့။ အရင္ ဦးေနဝင္း လက္ထက္က တစ္သိန္းေက်ာ္ေလာက္ရွိတဲ့တပ္က အခု ငါးသိန္းေလာက္ ျမႇင့္တင္ထားတယ္ေပါ့။  ေနာက္တစ္ခုက ႏိုင္ငံေတာ္ဘတ္ဂ်က္ရဲ႕ အမ်ားပိုင္းကို တပ္မေတာ္ကို ပံ့ပိုးေနရတယ္။ အဲဒါေတြတင္မကဘူး တပ္မေတာ္က ေဈးကြက္စီးပြားေရးရဲ႕ အေရးအႀကီးဆုံးနဲ႔ အက်ိဳးအျမတ္မ်ားဆုံး လုပ္ငန္းေတြကို ဦးပိုင္နဲ႔ စီးပြားေရးေကာ္ပိုေရးရွင္းက ရယူထားတယ္။ ေသခ်ာတာကေတာ့ တိုင္းျပည္ရဲ႕သယံဇာတနဲ႔ အေရးႀကီးတဲ့ စီးပြားေရးလုပ္ငန္းမွန္သမွ် တပ္မေတာ္ လက္ထဲမွာရွိတယ္။ ဒါေတြကေတာ့ တပ္မေတာ္အေနနဲ႔ ျပည္တြင္းစစ္ကိုအၾကာင္းျပဳၿပီးေတာ့ အင္အားႀကီးထြားလာတ၊ အာဏာသိမ္းတဲ့အဆင့္အထိ ေရာက္လာတာ”

တပ္မေတာ္သားေဟာင္းတစ္ေယာက္ျဖစ္တဲ့ ဗိုလ္မႉး ဝင္းႏိုင္ေက်ာ္ ကေတာ့ ဒီအဆိုေတြကို သေဘာမတူပါဘူး။

“က်ေနာ္တို႔ တပ္မေတာ္က လုံၿခဳံေရးနဲ႔ကာကြယ္ေရးတာဝန္ေတြ ကို ထမ္းေဆာင္တယ္၊ အခုလက္ရွိအေနအထားမွာလည္း ၂၀၀၈ အျခခံဥပေဒက ေပးထားတဲ့တာဝန္ေတြ ကို ထမ္းေဆာင္တယ္။  ဒီအေပၚမွာ တပ္မေတာ္ အဝန္းအဝိုင္းကေသာ္လည္းေကာင္း၊ တာဝန္ရွိသူေတြကေသာ္လည္းေကာင္း၊ တစ္ခုခုကို အက်ိဳးအျမတ္ ယူရမယ္၊ ရရမယ္ဆိုတာ မရွိပါဘူး။သို႔ေသာ္ က်ေနာ္ အေလး အနက္ထား ေျပာခ်င္တာက ဒီဟာေတြနဲ႔ပတ္သက္လို႔ရွိရင္ က်ေနာ္တို႔က သုေတသန တိတိက်က်ေတာ့လိုတယ္။ ဒါမွပဲ ေျပာလို႔ရမွာပါ”

ျပည္တြင္းစစ္ရွိေနတာေၾကာင့္ တိုင္းရင္းသားေတြက သူတို႔ရဲ႕ Identity လို႔ေခၚတဲ့ သူတို႔ဟာဘာလဲ၊ ဗမာနဲ႔ ဘယ္လိုကြဲသလဲ၊ ဘာေၾကာင့္ကြဲသလဲဆိုတဲ့ ထင္ရွားတဲ့ ကိုယ္ပိုင္လကၡဏာေတြကို ပိုၿပီးေပၚလြင္ေစတယ္ဆိုတဲ့ အျမင္ေတြလည္းရွိေနပါတယ္။

ဦးသန္းစိုးႏိုင္ မွာလည္း အဲဒီအျမင္ရွိပါတယ္။

“ျပည္တြင္းစစ္ျဖစ္ေနတဲ့အတြက္ တိုင္းရင္းသားေတြထဲက ဥပမာ ဝ တို႔၊ ကခ်င္ တို႔၊ ရွမ္း RCSS တို႔၊ ဆိုလို႔ရွိရင္ ႏိုင္ငံေရးအရ အေတာ္ေလးအေရးပါတဲ့ ေနရာေတြျဖစ္လာတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရးမွာ သူတို႔နဲ႔ ဆက္ႏြယ္ညႇိႏႈိင္းေနရတယ္။ တျဖည္းျဖည္းနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အင္အားစုေတြရဲ႕ အင္အားအရ၊ တည္ေဆာက္မႈအရ၊ စစ္လက္နက္တပ္ဆင္မႈအရေတြလည္း ႀကီးထြားေနတာပဲ။ အဲေတာ့ သူတို႔ရဲ႕ Identity ကိုျမႇင့္တင္တဲ့ေနရာမွာ ဒီလိုလႈပ္ရွားမႈေတြရွိေနတာက အက်ိဳးရွိတဲ့သေဘာရွိတယ္။ အခုေနာက္ပိုင္းဆို AA က အဲအေနအထားေတြရေအာင္ အခ်ိန္တိုတြင္း ႀကိဳးပန္းေနတဲ့အတြက္ ရခိုင္ျပည္ေျမာက္ပိုင္းမွာဆို တိုက္ပြဲေတြ အျပင္းအထန္ ေန႔တိုင္းျဖစ္ေနတယ္”

ဖဆပလအစိုးရ၊ စစ္အစိုးရအဆက္ဆက္နဲ႔ NLD အရပ္သားအစိုးရလက္ထက္ထိ မနားတမ္းျဖစ္တဲ့ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းစစ္ဟာ ဘယ္အခ်ိန္က်မွ ခ်ဳပ္ၿငိမ္းမလဲ၊ ဘယ္လိုခ်ဳပ္ၿငိမ္းမလဲဆိုတာ ခန႔္မွန္းရခက္ေနတဲ့ ကိစၥပါ။

အကယ္၍မ်ား ေနာက္ ငါးႏွစ္အတြင္း ၿငိမ္းခ်မ္းေရးမရခဲ့ရင္ ဘာေတြျဖစ္ႏိုင္ပါမလဲ။ ဦးရဲထြန္း ကေတာ့

“အဆိုးဆုံးျဖစ္လာႏိုင္တာကေတာ့ တပ္မေတာ္က ရခိုင္တို႔ဘာတို႔ဘက္မွာ အတိုက္အခိုက္ခံေနရတယ္။ က်ေနာ္တို႔ႏိုင္ငံကလည္း ဆက္သြယ္ေရး ကရိယာေတြကလည္း အရမ္းေကာင္းလာတဲ့အခါက်ေတာ့ တပ္ရဲ႕ စစ္ခ်ီစစ္တက္လႈပ္ရွားမႈေတြမွာပါ ထိခိုက္လာတဲ့သေဘာရွိတယ္။ ဥပမာ- သတင္းေပါက္တာေပါ့။ ဒီထက္ပိုၿပီးေတာ့ တျခားေနရာေတြမွာပါ တပ္ကပိုၿပီးအတိုက္ခံလာရတယ္၊ အေသအေပ်ာက္ အက်အဆုံးေတြ မ်ားလာတယ္ဆိုရင္ သူက ႏိုင္ငံေတာ္အာဏာကို ျပန္သိမ္းလိုက္တာမ်ိဳးလည္း ရွိလာႏိုင္တယ္”

မၾကာခင္ေရာက္လာေတာ့မယ့္၂၀၂၀ ျပည့္ႏွစ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းစစ္က ၇၂ ႏွစ္ျပည့္ေတာ့မွာပါ။ ဒီလိုရွည္ၾကာလွတဲ့ ျပည္တြင္းစစ္ႀကီးအဆုံးသတ္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ရွိေနၾကတုန္းပဲ ဆိုေပမယ့္လည္း ေတာ္ေတာ္နဲ႔ မၿငိမ္းမယ့္မီး၊ သက္ဆိုးရွည္ဦးမယ့္စစ္လို႔ ေလ့လာသူေတာ္ေတာ္မ်ားမ်ားက သုံးသပ္ၾကပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ ျပည္တြင္းစစ္ကာလ ရွည္ၾကာလာတာနဲ႔အမွ် ျမန္မာႏိုင္ငံဟာလည္း ကမာၻ႔ႏိုင္ငံေတြအၾကားမွာ ေအာက္တန္း ေနာက္တန္း က်သည္ထက္ က်က်လာေနတယ္ဆိုတာပါပဲ။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
မြန်မာ့ပြည်တွင်းစစ် ဘာကြောင့် "သက်ဆိုး" ရှည်နေရတာလဲ

အစိုးရတပ်မတော်သားတချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က ဂုတ်တွင်းတံတားမှာ တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတာပါ။ နောက်နှစ်ဆိုရင် မြန်မာ့ပြည်တွင်းစစ် သက်တမ်း ၇၂နှစ် ပြည့်ပါတော့မယ်။

နောက်ထပ် ဘယ်လောက်ကြာအောင် ဆက်ဖြစ်နေဦးမယ်ဆိုတာကလည်း ခန့်မှန်းရခက်နေပါတယ်။ ဘာကြောင့်များ မြန်မာ့ပြည်တွင်းစစ် ဒီလောက်တောင် "သက်ဆိုး" ရှည်နေရတာပါလဲ။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး လပိုင်းအကြာမှာပဲ ပြည်တွင်းစစ်က စခဲ့တာကြောင့်  မြန်မာ့ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးနဲ့ ဖွားဘက်တော်လို့ ပြောလေ့ရှိကြပါတယ်။

ကမ္ဘာမှာဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်တွေ တော်တော်များများ အဆုံးသတ်ခဲ့ကြပြီဆိုပေမယ့် နှစ်ပေါင်း ၇ဝ ကျော်လောင်နေတဲ့ မြန်မာ့ပြည်တွင်းစစ်ကတော့ အခုချိန်ထိ အရှိန်အဟုန်နဲ့ လောင်နေတုန်းပါ။

အဲဒီလို ပြည်တွင်းစစ်သက်ဆိုးရှည်နေရတဲ့ အကြောင်းရင်းတစ်ခုကို နိုင်ငံရေး သုံးသပ်သူ ဦးသန်းစိုးနိုင် က ခုလို ပြောပြပါတယ်။
thansoenaing-350.JPG
“တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးက သမိုင်းရဲ့အချိုးအကွေ့မှာ နိုင်ငံတကာက ထောက်ပံ့တာ ကူညီတာတွေရတာ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေလုပ်တာ၊ သစ်တွေရောင်းတာ၊ စတဲ့အကြောင်းအမျိုးမျိုးနဲ့ သူတို့ကလည်း မြန်မာနိုင်ငံမှာက အရေးပါတဲ့ လက်နက်ကိုင် institutions တွေ ဖြစ်လာနေကြပြီ။ အဲလိုအခြေအနေအောက်မှာ သူတို့လိုချင်တာ ရလို့ရှိရင် ငြမ်းချမ်းရေးရလည်းကောင်းတယ်။ မရလည်း လက်ရှိ အနေအထားအောက်မှာ သူတို့အနေနဲ့က အတော်လေးကို သူတို့က တပ်မတော်အရာရှိတွေနဲ့ အပြိုင်ခံစားခွင့်တွေရှိနေကြတဲ့အတွက် အကျိုးစီးပွားဆိုင်ရာကိစ္စတွေအရ ပြည်တွင်းစစ်က ဆက်ပြီးတော့ သက်ဆိုးရှည်မယ့်သဘော”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်နဲ့ ပြည်တွင်းစစ်သက်တမ်းက မတိမ်းမယိမ်းပါ။ ဒေါ်အောင်ဆန်းစုကြည်က သူမျက်စိမမှိတ်ခင် ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာ အမြစ်တွယ်တာကို မြင်သွားချင်တယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့ကပြုလုပ်တဲ့ တောင်ကြီးမြို့ လူထုတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။ ပြည်တွင်းစစ် ဘာကြောင့်မချုပ်ငြိမ်းသေးတာလဲဆိုတာ အဖြေရှာဖို့လိုတယ်လို့လည်း ပြောခဲ့ပါတယ်။ အဲဒီမေးခွန်းအတွက် အဖြေကိုအတိအကျမပြောနိုင်ပေမယ့် ငြိမ်းချမ်းရေးမလိုချင်သူ လူတစ်စုရှိနေတယ်လို့ ခန့်မှန်းပြတာကတော့ သီပေါမဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ပါ။

“စစ်ကိုငြိမ်းချမ်းချင်တဲ့သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက အောက်ခြေတပ်သားတွေပါ၊ အစိုးရတပ် တပ်မတော် က အောက်ခြေတပ်သားတွေပါလို့ ပြောမယ်ဆိုရင်တော့ မှန်တယ်။ သို့သော် လုပ်ပိုင်ခွင့် အာဏာကိုင်ထားတဲ့ တပ်မှူးတွေထဲမှာတော့ တကယ် ငြိမ်းချမ်းချင်တာလားဆိုတာတော့ မေးခွန်းရှိတယ်။ ကျနော်တော့ သိပ်ပြီးတော့ မယုံဘူး။ အကျိုးစီးပွား တိုက်ရိုက်ခံစား ရတာက သူတို့အထက်ပိုင်းကလူတွေက ခံစားရတာကိုး”

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော် ကလည်း ပြည်တွင်းစစ်ကို အရှိန်ပြင်းစေတဲ့အကြောင်းရင်းတွေကို ခုလို ပြောပြပါတယ်။

“ပဋိပက္ခတွေဖြစ်ရတဲ့ အကြောင်းရင်းအတော်များများက အကျိုးစီးပွားချင်းဖြစ်တာပဲ။ အဲတော့ ပြည်တွင်းစစ်ဖြစ်တဲ့အတွက် လက်နက်နဲ့ ဆက်စပ်ပတ်သက်တဲ့ဟာတွေ၊ ရောင်းဝယ်မှုတွေ၊ နောက်တစ်ခုက အဲဒီနယ်မြေတွေမှာ ဥပဒေလစ်ဟာသွားတဲ့အတွက် ဥပဒေနဲ့ဆန့်ကျင်တာတွေ အများကြီးဖြစ်တဲ့အတွက် အဲဒီဟာတွေကနေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အကျိုးအမြတ်ရှိတာတွေ ရှိတဲ့အတွက် ပြည်တွင်းစစ်ကို အရှိန်ပြင်းစေတဲ့အထဲမှာတော့ ဒါတွေပါပါတယ်”

စစ်ပွဲတွေ၊ ပဋိပက္ခတွေဆိုတာ ကိုယ်ကျိုးစီးပွားကို အခြေခံပြီးပေါ်ပေါက်ရတာလို့ ဆိုကြပါတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားဖြစ်တာမို့ တပ်မတော်ဘက်က ဘယ်လိုအကျိုးအမြတ်တွေရနေလဲဆိုတာ စပြီးကြည့်ရအောင်ပါ။

ဦးသန်းစိုးနိုင် ကတော့ ယျေဘုယျမြင်သာတဲ့အချက်တွေကိုပဲ ထောက်ပြပါတယ်။

“တပ်မတော်ရဲ့ စစ်ရေးအင်အားပိုပြီးတော့ ကြီးထွားလာတာပေါ့။ အရင် ဦးနေဝင်း လက်ထက်က တစ်သိန်းကျော်လောက်ရှိတဲ့တပ်က အခု ငါးသိန်းလောက် မြှင့်တင်ထားတယ်ပေါ့။  နောက်တစ်ခုက နိုင်ငံတော်ဘတ်ဂျက်ရဲ့ အများပိုင်းကို တပ်မတော်ကို ပံ့ပိုးနေရတယ်။ အဲဒါတွေတင်မကဘူး တပ်မတော်က ဈေးကွက်စီးပွားရေးရဲ့ အရေးအကြီးဆုံးနဲ့ အကျိုးအမြတ်များဆုံး လုပ်ငန်းတွေကို ဦးပိုင်နဲ့ စီးပွားရေးကော်ပိုရေးရှင်းက ရယူထားတယ်။ သေချာတာကတော့ တိုင်းပြည်ရဲ့သယံဇာတနဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ တပ်မတော် လက်ထဲမှာရှိတယ်။ ဒါတွေကတော့ တပ်မတော်အနေနဲ့ ပြည်တွင်းစစ်ကိုအကြာင်းပြုပြီးတော့ အင်အားကြီးထွားလာတ၊ အာဏာသိမ်းတဲ့အဆင့်အထိ ရောက်လာတာ”

တပ်မတော်သားဟောင်းတစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူး ဝင်းနိုင်ကျော် ကတော့ ဒီအဆိုတွေကို သဘောမတူပါဘူး။

“ကျနော်တို့ တပ်မတော်က လုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်တွေ ကို ထမ်းဆောင်တယ်၊ အခုလက်ရှိအနေအထားမှာလည်း ၂၀၀၈ အခြခံဥပဒေက ပေးထားတဲ့တာဝန်တွေ ကို ထမ်းဆောင်တယ်။  ဒီအပေါ်မှာ တပ်မတော် အဝန်းအဝိုင်းကသော်လည်းကောင်း၊ တာဝန်ရှိသူတွေကသော်လည်းကောင်း၊ တစ်ခုခုကို အကျိုးအမြတ် ယူရမယ်၊ ရရမယ်ဆိုတာ မရှိပါဘူး။သို့သော် ကျနော် အလေး အနက်ထား ပြောချင်တာက ဒီဟာတွေနဲ့ပတ်သက်လို့ရှိရင် ကျနော်တို့က သုတေသန တိတိကျကျတော့လိုတယ်။ ဒါမှပဲ ပြောလို့ရမှာပါ”

ပြည်တွင်းစစ်ရှိနေတာကြောင့် တိုင်းရင်းသားတွေက သူတို့ရဲ့ Identity လို့ခေါ်တဲ့ သူတို့ဟာဘာလဲ၊ ဗမာနဲ့ ဘယ်လိုကွဲသလဲ၊ ဘာကြောင့်ကွဲသလဲဆိုတဲ့ ထင်ရှားတဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ပိုပြီးပေါ်လွင်စေတယ်ဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။

ဦးသန်းစိုးနိုင် မှာလည်း အဲဒီအမြင်ရှိပါတယ်။

“ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် တိုင်းရင်းသားတွေထဲက ဥပမာ ဝ တို့၊ ကချင် တို့၊ ရှမ်း RCSS တို့၊ ဆိုလို့ရှိရင် နိုင်ငံရေးအရ အတော်လေးအရေးပါတဲ့ နေရာတွေဖြစ်လာတယ်။ ပြည်တွင်းငြိမ်းချမ်းရေးမှာ သူတို့နဲ့ ဆက်နွယ်ညှိနှိုင်းနေရတယ်။ တဖြည်းဖြည်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေရဲ့ အင်အားအရ၊ တည်ဆောက်မှုအရ၊ စစ်လက်နက်တပ်ဆင်မှုအရတွေလည်း ကြီးထွားနေတာပဲ။ အဲတော့ သူတို့ရဲ့ Identity ကိုမြှင့်တင်တဲ့နေရာမှာ ဒီလိုလှုပ်ရှားမှုတွေရှိနေတာက အကျိုးရှိတဲ့သဘောရှိတယ်။ အခုနောက်ပိုင်းဆို AA က အဲအနေအထားတွေရအောင် အချိန်တိုတွင်း ကြိုးပန်းနေတဲ့အတွက် ရခိုင်ပြည်မြောက်ပိုင်းမှာဆို တိုက်ပွဲတွေ အပြင်းအထန် နေ့တိုင်းဖြစ်နေတယ်”

ဖဆပလအစိုးရ၊ စစ်အစိုးရအဆက်ဆက်နဲ့ NLD အရပ်သားအစိုးရလက်ထက်ထိ မနားတမ်းဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ဘယ်အချိန်ကျမှ ချုပ်ငြိမ်းမလဲ၊ ဘယ်လိုချုပ်ငြိမ်းမလဲဆိုတာ ခန့်မှန်းရခက်နေတဲ့ ကိစ္စပါ။

အကယ်၍များ နောက် ငါးနှစ်အတွင်း ငြိမ်းချမ်းရေးမရခဲ့ရင် ဘာတွေဖြစ်နိုင်ပါမလဲ။ ဦးရဲထွန်း ကတော့

“အဆိုးဆုံးဖြစ်လာနိုင်တာကတော့ တပ်မတော်က ရခိုင်တို့ဘာတို့ဘက်မှာ အတိုက်အခိုက်ခံနေရတယ်။ ကျနော်တို့နိုင်ငံကလည်း ဆက်သွယ်ရေး ကရိယာတွေကလည်း အရမ်းကောင်းလာတဲ့အခါကျတော့ တပ်ရဲ့ စစ်ချီစစ်တက်လှုပ်ရှားမှုတွေမှာပါ ထိခိုက်လာတဲ့သဘောရှိတယ်။ ဥပမာ- သတင်းပေါက်တာပေါ့။ ဒီထက်ပိုပြီးတော့ တခြားနေရာတွေမှာပါ တပ်ကပိုပြီးအတိုက်ခံလာရတယ်၊ အသေအပျောက် အကျအဆုံးတွေ များလာတယ်ဆိုရင် သူက နိုင်ငံတော်အာဏာကို ပြန်သိမ်းလိုက်တာမျိုးလည်း ရှိလာနိုင်တယ်”

မကြာခင်ရောက်လာတော့မယ့်၂၀၂၀ ပြည့်နှစ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က ၇၂ နှစ်ပြည့်တော့မှာပါ။ ဒီလိုရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီးအဆုံးသတ်ဖို့ မျှော်လင့်ချက်တွေ ရှိနေကြတုန်းပဲ ဆိုပေမယ့်လည်း တော်တော်နဲ့ မငြိမ်းမယ့်မီး၊ သက်ဆိုးရှည်ဦးမယ့်စစ်လို့ လေ့လာသူတော်တော်များများက သုံးသပ်ကြပါတယ်။ သေချာတာတစ်ခုကတော့ ပြည်တွင်းစစ်ကာလ ရှည်ကြာလာတာနဲ့အမျှ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့နိုင်ငံတွေအကြားမှာ အောက်တန်း နောက်တန်း ကျသည်ထက် ကျကျလာနေတယ်ဆိုတာပါပဲ။

RFA Burmese
https://www.rfa.org
ျမန္မာ့ျပည္တြင္းစစ္ ဘာေၾကာင့္ "သက္ဆိုး" ရွည္ေနရတာလဲ ျမန္မာ့ျပည္တြင္းစစ္ ဘာေၾကာင့္ "သက္ဆိုး" ရွည္ေနရတာလဲ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.