ဒါအခ်က္ေတြရွိရင္ ဆီးေက်ာက္တည္ေနတာ ျဖစ္ႏိုင္ပါတယ္

(Zawgyi)⤵⤵⤵
ဆီးေက်ာက္တည္တဲ့ဆိုတဲ့ ျပႆနာအေၾကာင္း မၾကာခဏ ၾကားဖူးၾကမွာပါ။ ဆီးသြားရင္နာတာ၊ ဆီးသြားရင္ ညႇစ္သြားရတာ စတာေတြက ဆီးေက်ာက္တည္တာရဲ႕ လကၡဏာေတြေပါ့။ ဆီးလမ္းေၾကာင္းမွာ ႀကိဳက္တဲ့ ဘယ္ေနရာမွာမဆို ဆီးေက်ာက္တည္ႏိုင္ပါတယ္။ ေက်ာက္ကပ္မွာလည္း တည္ႏိုင္တယ္၊ ဆီးအိတ္မွာလည္း ေက်ာက္တည္ႏိုင္ပါတယ္။

ဆီးေက်ာက္တည္တယ္ဆိုတာဘာလဲ။

ဆီးေက်ာက္ကိုေဆးပညာအရ (renal lithiasis, nephrolithiasis) လို႔ေခၚတတ္ၿပီး ဆီးထဲမွာပါတဲ့ သတၱဳဓါတ္ေတြနဲ႔ ဆားဓါတ္ေတြက ေက်ာက္အျဖစ္ေျပာင္းသြားၿပီး ဆီးလမ္းေၾကာင္း တစ္ေနရာရာမွာ ပိတ္ေနတာျဖစ္ပါတယ္။ ဒီလို ေက်ာက္တည္တာေၾကာင့္ ဆီးသြားရခက္တာ နာက်င့္တာမ်ိဳး ျဖစ္မယ့္အျပင္ ေက်ာက္တည္တဲ့ေနရာဝန္းက်င္မွာ ဆီးေတြအိုင္ေနၿပီး ဆီးလမ္းေၾကာင္းပိုးဝင္တာ၊ ပိုးဝင္တာကို မထိန္းႏိုင္တဲ့အခါ ေနာက္ပိုင္း ပိုးဆိပ္ ျပန္႔တာေတြအထိ ဆိုးဆိုးဝါးဝါးျဖစ္သြားႏိုင္ပါတယ္။

ဒီေတာ့ ေနာက္က်မွ သိတာမ်ိဳး မျဖစ္ရေလေအာင္ ဆီးေက်ာက္တည္တဲ့အခါ ဘယ္လို လကၡဏာေတြရွိလဲဆိုတာ သိထားဖို႔ လိုအပ္ပါတယ္။

ဘယ္လိုအခ်က္ေတြရွိေနရင္ ဆီးေက်ာက္တည္ေနၿပီဆိုတာ သိႏိုင္မလဲ။

( ၁ ) ေနာက္ဘက္ခါးေအာက္ပိုင္း နာေနတတ္ပါတယ္။

မီးဖြားရင္ ခံစားရတဲ့ အနာမ်ိဳးနဲ႔ ယွဥ္ၿပီးေျပာရေလာက္ေအာင္ ဆီးေက်ာက္တည္တဲ့ နာက်င္မႈက ေတာ္ေတာ္ျပင္းထန္ပါတယ္။

႐ုတ္တရက္ႀကီးမွ ထနာတာလည္းျဖစ္ႏိုင္သလို ေနာက္ဘက္ခါးေအာက္ပိုင္းနားေလးမွာ နာလိုက္ေပ်ာက္လိုက္ျဖစ္ေနတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

( ၂ ) ဆီးသြားရင္ နာက်င္မယ္။ ဆီးခဏခဏသြားခ်င္ေနမယ္။

ဆီးအိမ္နဲ႔ ဆီးသြားႁပြန္ၾကားထဲမွာ ေက်ာက္တည္ေနၿပီဆိုရင္ေတာ့ ဆီးသြားရင္ က်င္တာ၊ ဆီးခဏခဏ သြားခ်င္ေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ဆီးလမ္းေၾကာင္းပိုးဝင္တဲ့ လကၡဏာနဲ႔ ဆင္တူေနတာေၾကာင့္ သူတို႔ ႏွစ္ခုကို မွားတတ္ပါတယ္။

မတူတာကေတာ့ ဆီးေက်ာက္တည္တဲ့ လူေတြက ဆီးလမ္းေၾကာင္းပိုးဝင္တာထက္စာရင္ ဆီးခဏခဏ သြားခ်င္ေနတာပါပဲ။

( ၃ )ဆီးထဲ ေသြးပါ။

ဆီးသြားရင္းနဲ႔ ေသြးစေလးေတြ ေတြ႕ရတာကလည္း ဆီးေက်ာက္တည္တဲ့သူတိုင္း ႀကဳံေတြ႕ရတတ္တဲ့ ျပႆနာတစ္ခုပါ။

တစ္ခ်ိဳ႕ ျပႆနာေတြမွာဆို ေသြးကို အထင္းသားျမင္ေနရတာမ်ိဳး မဟုတ္ဘဲ မ်က္လုံးနဲ႔ မျမင္ႏိုင္ေလာက္တဲ့ ေသြးဆဲလ္ေလးေတြ ဆီးထဲ ပါလာတတ္တာေၾကာင့္ ဓာတ္ခြဲခန္းမွာ ဆီးစစ္ဖို႔လည္း အေရးႀကီးပါတယ္။

( ၄ ) ဆီး အေရာင္ ေနာက္ေနတတ္ပါတယ္။

ဆီးအေရာင္က ၾကည္မေနဘဲ ေနာက္ေတာ္ေတာ္ျဖစ္ေနၿပီဆိုရင္ေတာ့ ဆီးလမ္းေၾကာင္း တစ္ေနရာရာမွာ ပိုးဝင္ေနတာကို ေျပာျပေနတာပါ။

ဆီးေနာက္တဲ့အျပင္ အျဖဴဖတ္ေတြပါ ပါလာၿပီဆိုရင္ေတာ့ ဒါဆီးထဲ ျပည္ပါလာတာ ျဖစ္ႏိုင္ပါတယ္။

( ၅ ) ဆီးက်န္သလို ခံစားေနရတတ္ပါတယ္။

ဆီးေက်ာက္ေၾကာင့္ ဆီးအကုန္မသြားႏိုင္ေတာ့ဘဲ ဆီးက်န္ ေနသလို ခံစားေနရတတ့္ပါတယ္။

တစ္ခ်ိဳ႕ဆို ေတာ္ေတာ္ေလးညႇစ္မွ ဆီးျဖည္းျဖည္းထြက္လာတတ္ၿပီး တစ္ခ်ိဳ႕ဆို လုံးဝကို ဆီးမထြက္ႏိုင္ေတာ့တာမ်ိဳးေတြ ရွိပါတယ္။ ဆီးလုံးဝ မေပါက္ႏိုင္ေတာ့ဘူးဆိုရင္ေတာ့ နီးစပ္ရာ ေဆးခန္းကို အျမန္ဆုံး သြားဖို႔လိုအပ္ပါတယ္။

( ၆ ) ခ်မ္းတုန္ ဖ်ားတတ္ပါတယ္။

ဒီလို နာလည္းနာတယ္၊ ခ်မ္းတုန္ၿပီးလည္းဖ်ားတယ္၊ အပူခ်ိန္လည္းမ်ားတယ္ ဆိုရင္ ဒါဆီးလမ္းေၾကာင္း ပိုးဝင္ေနၿပီဆိုတဲ့ လကၡဏာပါ။

ဒါေတြကေတာ့ ဆီးေက်ာက္တည္ ေနၿပီဆိုတဲ့အေၾကာင္း သိႏိုင္တဲ့ အခ်က္ေတြပါ။ ေစာေစာသိ ေစာေစာကုေတာ့ ျမန္ျမန္ေပ်ာက္တာေပါ့ ။ ။

ေရးသားသူ- Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------
(Unicode)⤵⤵⤵

ဒါအချက်တွေရှိရင် ဆီးကျောက်တည်နေတာ ဖြစ်နိုင်ပါတယ်

ဆီးကျောက်တည်တဲ့ဆိုတဲ့ ပြဿနာအကြောင်း မကြာခဏ ကြားဖူးကြမှာပါ။ ဆီးသွားရင်နာတာ၊ ဆီးသွားရင် ညှစ်သွားရတာ စတာတွေက ဆီးကျောက်တည်တာရဲ့ လက္ခဏာတွေပေါ့။ ဆီးလမ်းကြောင်းမှာ ကြိုက်တဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်နိုင်ပါတယ်။ ကျောက်ကပ်မှာလည်း တည်နိုင်တယ်၊ ဆီးအိတ်မှာလည်း ကျောက်တည်နိုင်ပါတယ်။

ဆီးကျောက်တည်တယ်ဆိုတာဘာလဲ။

ဆီးကျောက်ကိုဆေးပညာအရ (renal lithiasis, nephrolithiasis) လို့ခေါ်တတ်ပြီး ဆီးထဲမှာပါတဲ့ သတ္တုဓါတ်တွေနဲ့ ဆားဓါတ်တွေက ကျောက်အဖြစ်ပြောင်းသွားပြီး ဆီးလမ်းကြောင်း တစ်နေရာရာမှာ ပိတ်နေတာဖြစ်ပါတယ်။ ဒီလို ကျောက်တည်တာကြောင့် ဆီးသွားရခက်တာ နာကျင့်တာမျိုး ဖြစ်မယ့်အပြင် ကျောက်တည်တဲ့နေရာဝန်းကျင်မှာ ဆီးတွေအိုင်နေပြီး ဆီးလမ်းကြောင်းပိုးဝင်တာ၊ ပိုးဝင်တာကို မထိန်းနိုင်တဲ့အခါ နောက်ပိုင်း ပိုးဆိပ် ပြန့်တာတွေအထိ ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်ပါတယ်။

ဒီတော့ နောက်ကျမှ သိတာမျိုး မဖြစ်ရလေအောင် ဆီးကျောက်တည်တဲ့အခါ ဘယ်လို လက္ခဏာတွေရှိလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

ဘယ်လိုအချက်တွေရှိနေရင် ဆီးကျောက်တည်နေပြီဆိုတာ သိနိုင်မလဲ။

( ၁ ) နောက်ဘက်ခါးအောက်ပိုင်း နာနေတတ်ပါတယ်။

မီးဖွားရင် ခံစားရတဲ့ အနာမျိုးနဲ့ ယှဉ်ပြီးပြောရလောက်အောင် ဆီးကျောက်တည်တဲ့ နာကျင်မှုက တော်တော်ပြင်းထန်ပါတယ်။

ရုတ်တရက်ကြီးမှ ထနာတာလည်းဖြစ်နိုင်သလို နောက်ဘက်ခါးအောက်ပိုင်းနားလေးမှာ နာလိုက်ပျောက်လိုက်ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

( ၂ ) ဆီးသွားရင် နာကျင်မယ်။ ဆီးခဏခဏသွားချင်နေမယ်။

ဆီးအိမ်နဲ့ ဆီးသွားပြွန်ကြားထဲမှာ ကျောက်တည်နေပြီဆိုရင်တော့ ဆီးသွားရင် ကျင်တာ၊ ဆီးခဏခဏ သွားချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာနဲ့ ဆင်တူနေတာကြောင့် သူတို့ နှစ်ခုကို မှားတတ်ပါတယ်။

မတူတာကတော့ ဆီးကျောက်တည်တဲ့ လူတွေက ဆီးလမ်းကြောင်းပိုးဝင်တာထက်စာရင် ဆီးခဏခဏ သွားချင်နေတာပါပဲ။

( ၃ )ဆီးထဲ သွေးပါ။

ဆီးသွားရင်းနဲ့ သွေးစလေးတွေ တွေ့ရတာကလည်း ဆီးကျောက်တည်တဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။

တစ်ချို့ ပြဿနာတွေမှာဆို သွေးကို အထင်းသားမြင်နေရတာမျိုး မဟုတ်ဘဲ မျက်လုံးနဲ့ မမြင်နိုင်လောက်တဲ့ သွေးဆဲလ်လေးတွေ ဆီးထဲ ပါလာတတ်တာကြောင့် ဓာတ်ခွဲခန်းမှာ ဆီးစစ်ဖို့လည်း အရေးကြီးပါတယ်။

( ၄ ) ဆီး အရောင် နောက်နေတတ်ပါတယ်။

ဆီးအရောင်က ကြည်မနေဘဲ နောက်တော်တော်ဖြစ်နေပြီဆိုရင်တော့ ဆီးလမ်းကြောင်း တစ်နေရာရာမှာ ပိုးဝင်နေတာကို ပြောပြနေတာပါ။

ဆီးနောက်တဲ့အပြင် အဖြူဖတ်တွေပါ ပါလာပြီဆိုရင်တော့ ဒါဆီးထဲ ပြည်ပါလာတာ ဖြစ်နိုင်ပါတယ်။

( ၅ ) ဆီးကျန်သလို ခံစားနေရတတ်ပါတယ်။

ဆီးကျောက်ကြောင့် ဆီးအကုန်မသွားနိုင်တော့ဘဲ ဆီးကျန် နေသလို ခံစားနေရတတ့်ပါတယ်။

တစ်ချို့ဆို တော်တော်လေးညှစ်မှ ဆီးဖြည်းဖြည်းထွက်လာတတ်ပြီး တစ်ချို့ဆို လုံးဝကို ဆီးမထွက်နိုင်တော့တာမျိုးတွေ ရှိပါတယ်။ ဆီးလုံးဝ မပေါက်နိုင်တော့ဘူးဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားဖို့လိုအပ်ပါတယ်။

( ၆ ) ချမ်းတုန် ဖျားတတ်ပါတယ်။

ဒီလို နာလည်းနာတယ်၊ ချမ်းတုန်ပြီးလည်းဖျားတယ်၊ အပူချိန်လည်းများတယ် ဆိုရင် ဒါဆီးလမ်းကြောင်း ပိုးဝင်နေပြီဆိုတဲ့ လက္ခဏာပါ။

ဒါတွေကတော့ ဆီးကျောက်တည် နေပြီဆိုတဲ့အကြောင်း သိနိုင်တဲ့ အချက်တွေပါ။ စောစောသိ စောစောကုတော့ မြန်မြန်ပျောက်တာပေါ့ ။ ။

ရေးသားသူ- Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဒါအခ်က္ေတြရွိရင္ ဆီးေက်ာက္တည္ေနတာ ျဖစ္ႏိုင္ပါတယ္ ဒါအခ်က္ေတြရွိရင္ ဆီးေက်ာက္တည္ေနတာ ျဖစ္ႏိုင္ပါတယ္ Reviewed by THITHTOOLWIN on 02:13 Rating: 5
Powered by Blogger.