လတ္တေလာ အေျခအေနေတြက ၿငိမ္းခ်မ္းေရးကို ဘယ္လို သက္ေရာက္မလဲ

ကခ်င္နဲ႔ကိုးကန္႔ေဒသမွာ တိုက္ပြဲေဖာ္ေဆာင္တာမရွိဘူးလို႔ တပ္မေတာ္ေျပာ
(Zawgyi)⤵⤵⤵
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲနီးလာတိုင္း AA ရကၡိဳင့္တပ္ေတာ္နဲ႔ TNLA တအာင္း အဖြဲ႕က တိုက္ပြဲေတြ ေဖာ္ေဆာင္လာၿပီး ဒီတိုက္ခိုက္မႈေတြက ျပည္သူေတြရဲ႕ ၿငိမ္းခ်မ္းေရး ေမွ်ာ္လင့္ခ်က္ကို ဖ်က္ဆီးေနတယ္လို႔ တပ္မေတာ္က ေျပာဆိုပါတယ္။

အစိုးရက အပစ္ရပ္ လက္မွတ္မထိုးရေသးတဲ့ အဖြဲ႕ေတြနဲ႔ ေဆြးေႏြးမယ့္ကာလ နီးလာရင္ ဒီအဖြဲ႕ ႏွစ္ဖြဲ႕က တိုက္ပြဲေတြ ေဖာ္ေဆာင္လာတယ္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာတာျဖစ္ပါတယ္။

အခုအခ်ိန္မွာ KIA တပ္ေတြရွိတဲ့ ကခ်င္ ေဒသမွာ တိုက္ပြဲေဖာ္ေဆာင္မႈ မရွိဘဲ MNDAA ကိုးကန႔္ ေဒသမွာလည္း တိုက္ပြဲေတြ ရွားပါးတယ္လို႔ ေျပာပါတယ္။

AA နဲ႔ TNLA ဘက္မွာေတာ့ ေဆြးေႏြးပြဲေတြ နီးလာတိုင္း တိုက္ပြဲေဖာ္ေဆာင္မႈ မ်ားလာတာကို ေတြ႕ရတယ္လို႔ ေျပာပါတယ္။

ဒီအဖြဲ႕ေတြက တိုက္ပြဲေဖာ္ေဆာင္ရာမွာ တပ္ကို ဦးတည္ၿပီးတိုက္ခိုက္တာထက္ အရပ္သား ပစ္မွတ္ေတြ၊ ဆက္သြယ္ေရးလမ္းမေတြကို ပစ္ခတ္တာ မ်ားတယ္လို႔ ေျပာပါတယ္။

ဒါေတြက Soft target - လုံၿခဳံမႈအားနည္းတဲ့ေနရာေတြ ဘယ္သူမဆို ဝင္ထြက္သြားလာႏိုင္တဲ့ ေနရာေတြ ျဖစ္လို႔ တိုက္ခိုက္ခံရတာလို႔ ေျပာပါတယ္။

ဒါ့အျပင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ဆိုတာ ယုံၾကည္မႈ တည္ေဆာက္ေရး လုပ္ငန္းစဥ္ ျဖစ္တယ္၊ဒီလို တိုက္ခိုက္ေနရင္ ယုံၾကည္မႈ တည္ေဆာက္လို႔ရမွာ မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

ဒီလို Soft target ေတြကို တိုက္ခိုက္တဲ့အတြက္ ျပည္သူလူထုရဲ႕ ၿငိမ္းခ်မ္းေရး ေပၚမွာထားတဲ့ သေဘာထား၊ ေမွ်ာ္လင့္ခ်က္ကို ဖ်က္ဆီးရာ က်တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာတာျဖစ္ပါတယ္။

အစိုးရက အပစ္ရပ္ လက္မွတ္မထိုးရေသးတဲ့ ေျမာက္ပိုင္း လက္နက္ကိုင္ ေလးဖြဲ႕နဲ႔ ေတြ႕ဆုံဖို႔ ႀကိဳးစားေနၿပီး အလြတ္သေဘာ ေတြ႕ဆုံမႈေတြ လုပ္ေနတယ္လို႔ တရားဝင္ ထုတ္ေျပာလိုက္ေပမဲ့ ရခိုင္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ AA၊ TNLA တို႔နဲ႔ တိုက္ပြဲေတြ ပိုျပင္းထန္လာေနပါတယ္။

အစိုးရက အလြတ္သေဘာေတြ႕ဆုံမႈေတြ ရွိတယ္လို႔ ထုတ္ေျပာလိုက္တဲ့ ေနာက္တစ္ေန႔မွာပဲ ရွမ္းျပည္နယ္ လားရႈိးၿမိဳ႕မွာ ေလယာဥ္ခရီးစဥ္ေတြ ႐ုပ္သိမ္းလိုက္ရတဲ့ အထိ ေလဆိပ္တိုက္ခိုက္ခံရမႈ ျဖစ္ခဲ့သလို၊ ရခိုင္ျပည္နယ္ ရေသ့ေတာင္မွာ တပ္က ၾကည္း၊ေရ၊ေလ တပ္ေတြ သုံးၿပီး တိုက္တဲ့ တိုက္ပြဲေတြ ျဖစ္ေနပါတယ္။
သမၼတ႐ုံးေဝဖန္မႈအေပၚ တုံ႔ျပန္မႈ

အဲဒီလို တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနခ်ိန္မွာ အစိုးရက အခုအခ်ိန္ဟာ ဖက္ဒရယ္ ႏိုင္ငံတည္ေဆာက္ေနခ်ိန္ျဖစ္လို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ တံခါးဖြင့္ထားတယ္ဆိုၿပီး အပစ္မရပ္ရေသးတဲ့ အဖြဲ႕ေတြကို ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔ ေျပာခဲ့ပါတယ္။

အပစ္ရပ္ မထိုးရေသးတဲ့ ေျမာက္ပိုင္း လက္နက္ကိုင္ေလးဖြဲ႕နဲ႔ ေတြ႕ဆုံညႇိႏႈိင္းဖို႔ ႀကိဳးစားေနစဥ္မွာပဲ ေနျပည္ေတာ္မွာ ႏိုဝင္ဘာ ၁၅ ရက္မွာ လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ သမၼတ႐ုံး ေျပာခြင့္ရသူက ေအေအ အဖြဲ႕ကို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရးတံခါးကိုဖြင့္ထားတယ္လို႔ဆို
သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံး ေျပာခြင့္ရ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေအေအ လက္နက္ကိုင္အဖြဲ႕ရဲ႕လုပ္ရပ္ဟာ ဆိုမာလီယာ ပင္လယ္ဓားျပေတြရဲ႕ လုပ္ရပ္သေဘာမ်ိဳးဆန္ေၾကာင္း ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီလို ေျပာဆိုခဲ့တာနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ခ်က္အတုေတြ အေပၚ အေျခခံၿပီး သမၼတ႐ုံးက ရကၡိဳင့္တပ္ေတာ္အေပၚမွာ အေျခအျမစ္မရွိ စြပ္စြဲတယ္လို႔ ေအေအဘက္က တုံ႔ျပန္ပါတယ္။

ေအေအ အဖြဲ႕က ခ်င္းျပည္နယ္က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ဦးေဝွ႔တင္းကို ဆက္လက္ဖမ္းဆီးထားတာနဲ႔ ပတ္သက္လို႔ ဘာေၾကာင့္ ဖမ္းဆီးခဲ့ရတယ္၊ သူ႔ကိုဘာေၾကာင့္လႊတ္မေပးဘဲ ဘာေတြ ေဆာင္႐ြက္ေနတယ္ဆိုတာကို ႏိုဝင္ဘာ ၁၀ ရက္ေန႔က ထုတ္ျပန္ခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့ၿပီး အဲ့ဒီေနာက္ပိုင္းမွာ ဦးေဝွ႔တင္းနဲ႔ပတ္သက္တဲ့ ေအေအတံဆိပ္ကို သုံးထားတဲ့ ထုတ္ျပန္ခ်က္ႏွစ္ေစာင္ ထြက္ရွိလာခဲ့တာျဖစ္ပါတယ္။

ျပည္သူေတြ ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ရကၡိဳင့္တပ္ေတာ္ေအေအကေန ဖမ္းဆီးထားတဲ့အေပၚမွာ ေဝဖန္မႈေတြရွိေနသလို တိုင္းရင္းသား အဖြဲ႕အစည္းေတြနဲ႔ ႏိုင္ငံေရးအသိုင္းအဝန္းေတြက ျပန္လည္လႊတ္ေပးဖို႔ ေတာင္းဆိုေနၾကတဲ့အခ်ိန္မွာ အခုလိုမ်ိဳး ထုတ္ျပန္ခ်က္အတုေတြ ထြက္ရွိလာခဲ့တာျဖစ္ပါတယ္။

"အခု ထုတ္ေနတဲ့ အဲ့ဒီထုတ္ျပန္ခ်က္ အတုေတြဟာ အစိုးရနဲ႔ စစ္တပ္ေလာ္ဘီေတြကေနၿပီးေတာ့ မဟုတ္မမွန္ လုပ္ႀကံဝါဒျဖန႔္ေနတယ္ဆိုတာကို ကြၽန္ေတာ္တို႔ ထင္ထင္ရွားရွား ေတြ႕ရမွာျဖစ္တယ္။ ဆိုေတာ့ အခု ဦးေဇာ္ေဌးကိုယ္ တိုင္ ကေနၿပီးေတာ့ အဲ့ဒီထုတ္ျပန္ခ်က္အတုေတြကို ကိုင္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ရကၡိဳင့္တပ္ေတာ္အေပၚမွာ သြားပုပ္ေလလြင့္ အေျခအျမစ္မရွိ စြပ္စြဲတဲ့ ဥစၥာကေတာ့ လူႀကီးလူေကာင္းမဆန္သလို သူတို႔ရဲ႕အရည္အခ်င္းနဲ႔ စိတ္ေနသေဘာထားကို ကြက္ကြက္ကြင္းကြင္းေဖာ္ျပေနတာျဖစ္တယ္ဗ်"လို႔ ရကၡိဳင့္တပ္ေတာ္ ေအေအရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက ဘီဘီစီကို ေျပာပါတယ္။

ဦးေဝွ႔တင္းဟာ ျမန္မာ့တပ္မေတာ္အား ေအေအသတင္းေပးျခင္း၊ ရခိုင္ေဒသတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ရကၡိဳင့္တပ္ေတာ္ေအေအအား အသိမေပးဘဲ ျပဳလုပ္ေစျခင္းျဖင့္ ရခိုင္ျပည္သူလူထုအက်ိဳးစီးပြားအေပၚ သစၥာေဖာက္ဖ်က္ေစျခင္မ်ားရွိခဲ့ၿပီး ဒဏ္ေၾကးေငြ က်ပ္ သိန္း ၃၀၀၀ နဲ႔လာေရာက္ေ႐ြးယူဖို႔ အေၾကာင္းၾကားတယ္ဆိုၿပီး ေရးသားထားတဲ့ ထုတ္ျပန္ခ်က္ဟာ အရင္ထြက္လာခဲ့တာျဖစ္ၿပီး အဲဒါနဲ႔မေရွးမေႏွာင္းမွာ ဦးေဝွ႔တင္းကို တပ္မေတာ္စစ္ေၾကာင္း ထိုးစစ္ဆင္တိုက္ခိုက္မႈေတြျပဳလုပ္ခ်ိန္မွာ ထြက္ေျပးေနရတဲ့အတြက္ ႏွလုံးေဖာက္ၿပီး ေသဆုံးသြားတယ္လို႔ ႏိုဝင္ဘာ ၁၅ ရက္ ရက္စြဲနဲ႔ ေနာက္ထပ္တစ္ေစာင္ ထြက္ရွိလာခဲ့တာျဖစ္ပါတယ္။

ဒီထုတ္ျပန္ခ်က္ေတြဟာ ရကၡိဳင့္တပ္ေတာ္ေအေအဘက္ေန ထုတ္ျပန္ခဲ့တဲ့ထုတ္ျပန္ခ်က္ေတြ မဟုတ္ဘဲ တပ္မေတာ္နဲ႔ အစိုးရေလာ္ဘီေတြက ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္အတုေတြသာျဖစ္တယ္လို႔ ေအေအဘက္က ေျပာပါတယ္။

ဒါနဲပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ဘီဘီစီက ေမးျမန္းခဲ့ရာမွာေတာ့ သူ႔အေနနဲ႔ ဒီအေပၚမွာ ဘာမွတ္ခ်က္မွ မေပးလိုဘူးလို႔ ေျပာပါတယ္။

ဒါ့အျပင္ အခုလို ေဝဖန္ေျပာၾကားတဲ့ အေျခအေနေတြက ၿငိမ္းခ်မ္းေရးကို ဘယ္လိုသက္ေရာက္သလဲဆိုတာနဲ႔ ပတ္သက္လို႔ "ဒါမ်ိဳး စကားေျပာေနလို႔ကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ႏိုင္ငံေရး ေဆြးေႏြးပြဲဆိုတာ ေတာ္ေတာ္လည္း အလွမ္းေဝးသြားႏိုင္ပါတယ္။ ဒါက မေျပာသင့္ဘူး ဘာပဲျဖစ္ျဖစ္ သေဘာထားႀကီးစြာနဲ႔ စားပြဲေပၚမွာ ညႇိႏႈိင္း ေဆြးေႏြးၿပီးမွ အေျဖရွာဖို႔ဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ လိုလားခ်က္ ျဖစ္ပါတယ္။ အပစ္တင္တာေတြ အပုပ္ခ်တာေတြ ဒါမ်ိဳး စကားေတြပဲ ေျပာမယ္ဆိုရင္ေတာ့ ျပည္တြင္း ၿငိမ္းခ်မ္းေရးဆိုတာ ႏိုင္ငံေရး ေဆြးေႏြးပြဲဆိုတာ ျဖစ္လာဖို႔ကေတာ့ အလွမ္းေဝးေနအုံးမွာပဲ" လို႔ ေကအိုင္ေအေျပာခြင့္ရသူ ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာပါတယ္။

ေကအန္ယူ ဒုတိယ ဥကၠ႒ ပဒို ေစာကြယ္ထူးဝင္းကေတာ့ "စစ္ေရးအလုံးစုံသုံးမလား ၊ ၿငိမ္းခ်မ္းေရး အလုံးစုံ သုံးမလား၊ တခုခုေပါ့ေလ။ ၿငိမ္းခ်မ္းေရးအလုံးစုံကို သုံးမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ပဋိပကၡ ျဖစ္ႏိုင္တဲ့အဖြဲ႕ေတြနဲ႔ကြၽန္ေတာ္တို႔နားလည္မႈရွိေအာင္ေတာ့ ေျပာဆိုလုပ္ကိုင္ရမွာေပါ့ေနာ္" လို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
လတ်တလော အခြေအနေတွေက ငြိမ်းချမ်းရေးကို ဘယ်လို သက်ရောက်မလဲ

Image caption ကချင်နဲ့ကိုးကန့်ဒေသမှာ တိုက်ပွဲဖော်ဆောင်တာမရှိဘူးလို့ တပ်မတော်ပြော

ငြိမ်းချမ်းရေးဆွေးနွေးပွဲနီးလာတိုင်း AA ရက္ခိုင့်တပ်တော်နဲ့ TNLA တအာင်း အဖွဲ့က တိုက်ပွဲတွေ ဖော်ဆောင်လာပြီး ဒီတိုက်ခိုက်မှုတွေက ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ဖျက်ဆီးနေတယ်လို့ တပ်မတော်က ပြောဆိုပါတယ်။

အစိုးရက အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမယ့်ကာလ နီးလာရင် ဒီအဖွဲ့ နှစ်ဖွဲ့က တိုက်ပွဲတွေ ဖော်ဆောင်လာတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောတာဖြစ်ပါတယ်။

အခုအချိန်မှာ KIA တပ်တွေရှိတဲ့ ကချင် ဒေသမှာ တိုက်ပွဲဖော်ဆောင်မှု မရှိဘဲ MNDAA ကိုးကန့် ဒေသမှာလည်း တိုက်ပွဲတွေ ရှားပါးတယ်လို့ ပြောပါတယ်။

AA နဲ့ TNLA ဘက်မှာတော့ ဆွေးနွေးပွဲတွေ နီးလာတိုင်း တိုက်ပွဲဖော်ဆောင်မှု များလာတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒီအဖွဲ့တွေက တိုက်ပွဲဖော်ဆောင်ရာမှာ တပ်ကို ဦးတည်ပြီးတိုက်ခိုက်တာထက် အရပ်သား ပစ်မှတ်တွေ၊ ဆက်သွယ်ရေးလမ်းမတွေကို ပစ်ခတ်တာ များတယ်လို့ ပြောပါတယ်။

ဒါတွေက Soft target - လုံခြုံမှုအားနည်းတဲ့နေရာတွေ ဘယ်သူမဆို ဝင်ထွက်သွားလာနိုင်တဲ့ နေရာတွေ ဖြစ်လို့ တိုက်ခိုက်ခံရတာလို့ ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ် ဖြစ်တယ်၊ဒီလို တိုက်ခိုက်နေရင် ယုံကြည်မှု တည်ဆောက်လို့ရမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဒီလို Soft target တွေကို တိုက်ခိုက်တဲ့အတွက် ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး ပေါ်မှာထားတဲ့ သဘောထား၊ မျှော်လင့်ချက်ကို ဖျက်ဆီးရာ ကျတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောတာဖြစ်ပါတယ်။

အစိုးရက အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့နဲ့ တွေ့ဆုံဖို့ ကြိုးစားနေပြီး အလွတ်သဘော တွေ့ဆုံမှုတွေ လုပ်နေတယ်လို့ တရားဝင် ထုတ်ပြောလိုက်ပေမဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ AA၊ TNLA တို့နဲ့ တိုက်ပွဲတွေ ပိုပြင်းထန်လာနေပါတယ်။

အစိုးရက အလွတ်သဘောတွေ့ဆုံမှုတွေ ရှိတယ်လို့ ထုတ်ပြောလိုက်တဲ့ နောက်တစ်နေ့မှာပဲ ရှမ်းပြည်နယ် လားရှိုးမြို့မှာ လေယာဉ်ခရီးစဉ်တွေ ရုပ်သိမ်းလိုက်ရတဲ့ အထိ လေဆိပ်တိုက်ခိုက်ခံရမှု ဖြစ်ခဲ့သလို၊ ရခိုင်ပြည်နယ် ရသေ့တောင်မှာ တပ်က ကြည်း၊ရေ၊လေ တပ်တွေ သုံးပြီး တိုက်တဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
သမ္မတရုံးဝေဖန်မှုအပေါ် တုံ့ပြန်မှု

အဲဒီလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေချိန်မှာ အစိုးရက အခုအချိန်ဟာ ဖက်ဒရယ် နိုင်ငံတည်ဆောက်နေချိန်ဖြစ်လို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်ဆိုပြီး အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြောခဲ့ပါတယ်။

အပစ်ရပ် မထိုးရသေးတဲ့ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ ကြိုးစားနေစဉ်မှာပဲ နေပြည်တော်မှာ နိုဝင်ဘာ ၁၅ ရက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတရုံး ပြောခွင့်ရသူက အေအေ အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
Image caption ငြိမ်းချမ်းရေးတံခါးကိုဖွင့်ထားတယ်လို့ဆို

သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အေအေ လက်နက်ကိုင်အဖွဲ့ရဲ့လုပ်ရပ်ဟာ ဆိုမာလီယာ ပင်လယ်ဓားပြတွေရဲ့ လုပ်ရပ်သဘောမျိုးဆန်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်အတုတွေ အပေါ် အခြေခံပြီး သမ္မတရုံးက ရက္ခိုင့်တပ်တော်အပေါ်မှာ အခြေအမြစ်မရှိ စွပ်စွဲတယ်လို့ အေအေဘက်က တုံ့ပြန်ပါတယ်။

အေအေ အဖွဲ့က ချင်းပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ဘာကြောင့် ဖမ်းဆီးခဲ့ရတယ်၊ သူ့ကိုဘာကြောင့်လွှတ်မပေးဘဲ ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာကို နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ဦးဝှေ့တင်းနဲ့ပတ်သက်တဲ့ အေအေတံဆိပ်ကို သုံးထားတဲ့ ထုတ်ပြန်ချက်နှစ်စောင် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရက္ခိုင့်တပ်တော်အေအေကနေ ဖမ်းဆီးထားတဲ့အပေါ်မှာ ဝေဖန်မှုတွေရှိနေသလို တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအသိုင်းအဝန်းတွေက ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုနေကြတဲ့အချိန်မှာ အခုလိုမျိုး ထုတ်ပြန်ချက်အတုတွေ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

"အခု ထုတ်နေတဲ့ အဲ့ဒီထုတ်ပြန်ချက် အတုတွေဟာ အစိုးရနဲ့ စစ်တပ်လော်ဘီတွေကနေပြီးတော့ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေတယ်ဆိုတာကို ကျွန်တော်တို့ ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။ ဆိုတော့ အခု ဦးဇော်ဌေးကိုယ် တိုင် ကနေပြီးတော့ အဲ့ဒီထုတ်ပြန်ချက်အတုတွေကို ကိုင်ပြီးတော့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်အပေါ်မှာ သွားပုပ်လေလွင့် အခြေအမြစ်မရှိ စွပ်စွဲတဲ့ ဥစ္စာကတော့ လူကြီးလူကောင်းမဆန်သလို သူတို့ရဲ့အရည်အချင်းနဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်းဖော်ပြနေတာဖြစ်တယ်ဗျ"လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ဦးဝှေ့တင်းဟာ မြန်မာ့တပ်မတော်အား အေအေသတင်းပေးခြင်း၊ ရခိုင်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို ရက္ခိုင့်တပ်တော်အေအေအား အသိမပေးဘဲ ပြုလုပ်စေခြင်းဖြင့် ရခိုင်ပြည်သူလူထုအကျိုးစီးပွားအပေါ် သစ္စာဖောက်ဖျက်စေခြင်များရှိခဲ့ပြီး ဒဏ်ကြေးငွေ ကျပ် သိန်း ၃၀၀၀ နဲ့လာရောက်ရွေးယူဖို့ အကြောင်းကြားတယ်ဆိုပြီး ရေးသားထားတဲ့ ထုတ်ပြန်ချက်ဟာ အရင်ထွက်လာခဲ့တာဖြစ်ပြီး အဲဒါနဲ့မရှေးမနှောင်းမှာ ဦးဝှေ့တင်းကို တပ်မတော်စစ်ကြောင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ချိန်မှာ ထွက်ပြေးနေရတဲ့အတွက် နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ နိုဝင်ဘာ ၁၅ ရက် ရက်စွဲနဲ့ နောက်ထပ်တစ်စောင် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်တွေဟာ ရက္ခိုင့်တပ်တော်အေအေဘက်နေ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်တွေ မဟုတ်ဘဲ တပ်မတော်နဲ့ အစိုးရလော်ဘီတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အတုတွေသာဖြစ်တယ်လို့ အေအေဘက်က ပြောပါတယ်။

ဒါနဲပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဘီဘီစီက မေးမြန်းခဲ့ရာမှာတော့ သူ့အနေနဲ့ ဒီအပေါ်မှာ ဘာမှတ်ချက်မှ မပေးလိုဘူးလို့ ပြောပါတယ်။

ဒါ့အပြင် အခုလို ဝေဖန်ပြောကြားတဲ့ အခြေအနေတွေက ငြိမ်းချမ်းရေးကို ဘယ်လိုသက်ရောက်သလဲဆိုတာနဲ့ ပတ်သက်လို့ "ဒါမျိုး စကားပြောနေလို့ကတော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ တော်တော်လည်း အလှမ်းဝေးသွားနိုင်ပါတယ်။ ဒါက မပြောသင့်ဘူး ဘာပဲဖြစ်ဖြစ် သဘောထားကြီးစွာနဲ့ စားပွဲပေါ်မှာ ညှိနှိုင်း ဆွေးနွေးပြီးမှ အဖြေရှာဖို့ဆိုတာ ကျွန်တော်တို့ရဲ့ လိုလားချက် ဖြစ်ပါတယ်။ အပစ်တင်တာတွေ အပုပ်ချတာတွေ ဒါမျိုး စကားတွေပဲ ပြောမယ်ဆိုရင်တော့ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ ဖြစ်လာဖို့ကတော့ အလှမ်းဝေးနေအုံးမှာပဲ" လို့ ကေအိုင်အေပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကေအန်ယူ ဒုတိယ ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းကတော့ "စစ်ရေးအလုံးစုံသုံးမလား ၊ ငြိမ်းချမ်းရေး အလုံးစုံ သုံးမလား၊ တခုခုပေါ့လေ။ ငြိမ်းချမ်းရေးအလုံးစုံကို သုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ပဋိပက္ခ ဖြစ်နိုင်တဲ့အဖွဲ့တွေနဲ့ကျွန်တော်တို့နားလည်မှုရှိအောင်တော့ ပြောဆိုလုပ်ကိုင်ရမှာပေါ့နော်" လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com
လတ္တေလာ အေျခအေနေတြက ၿငိမ္းခ်မ္းေရးကို ဘယ္လို သက္ေရာက္မလဲ လတ္တေလာ အေျခအေနေတြက ၿငိမ္းခ်မ္းေရးကို ဘယ္လို သက္ေရာက္မလဲ Reviewed by THITHTOOLWIN on 02:02 Rating: 5
Powered by Blogger.