ေျမာက္ဦးက ရဟန္းတစ္ပါးနဲ႔ အမ်ိဳးသား ႏွစ္ဦးကို တပ္မေတာ္က ထိန္းသိမ္းထားဆဲ

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေျမာက္ဦးၿမိဳ႕နယ္ အိုးထိန္းေက်း႐ြာက ေက်ာင္းတိုက္ဆရာေတာ္ ဦးကဝိဓဇ ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ေျမာက္ပိုင္း အိုးထိန္းေက်း႐ြာက ေက်ာင္းထိုင္ဆရာေတာ္ ဦးကဝိဓဇ၊ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေဝစိုးထြန္းနဲ႔ ေဒသခံ ဦးျမင့္ေမာင္တို႔ကို တပ္မေတာ္က စက္တင္ဘာလ ၂၀ ရက္ေန႔ ကတည္းက ဖမ္းဆီးထားတာ ဒီေန႔အထိဆိုရင္ အခ်ိန္ ႏွစ္လနီးပါး ၾကာျမင့္ေနၿပီျဖစ္ပါတယ္။

ဖမ္းဆီးထိန္းသိမ္းထားတဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ တပ္မေတာ္က သက္ဆိုင္ရာမိသားစုကို ဒီေန႔အခ်ိန္ အထိ တရားဝင္အသိေပးတာမရွိသလို ဘယ္သူနဲ႔မွလည္း ေတြ႕ခြင့္မေပးဘူးလို႔ မိသားစုဝင္ေတြက RFA ကို ေျပာပါတယ္။

ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ ဆရာေတာ္ ဦးကဝိဓဇ ရဲ႕ ညီမျဖစ္သူ ေဒၚမဆန္းႏြယ္က တပ္မေတာ္က စစ္ေၾကာေရးလုပ္စဥ္ ပ်ံလြန္သြားၿပီလား၊ အသက္ရွင္လ်က္ရွိေနေသးသလားဆိုတာကို ေန႔စဥ္ေတြးပူေနရတယ္လို႔ ေျပာပါတယ္။

    ေရွ႕ကအဖမ္းခံရၿပီး ေသသြားတာေတြရွိေတာ့ ကြၽန္မတို႔အစ္ကိုလည္း ေသသြားၿပီလား၊ ကြၽန္မတို႔ ေတာ္ေတာ္စိတ္ပူေနၾကတယ္

“သူတို႔ကိုေတြ႕ခ်င္တယ္၊ ျမင္ခ်င္တယ္၊ အျမန္ဆုံး ေတြ႕ခြင့္ေပးေစခ်င္တယ္။ အျမန္ဆုံးလႊတ္ေပးေစခ်င္တယ္။ ကြၽန္မတို႔က ဘယ္ေလာက္ထိ ေသာကျဖစ္ေနၾကရလဲဆိုတာ သူတို႔သိမွာမဟုတ္ဘူး။ ကြၽန္မတို႔အစ္ကိုကိုဖမ္းတာ အခုဆိုရင္ ရက္ေပါင္း ၆၀ ျပည့္ေတာ့မယ္။ အခုထိ ကြၽန္မတို႔ကို ေတြ႕ခြင့္လည္းမေပးဘူး။ ေျပာခြင့္လည္းမရဘူး။ ဘယ္မွာရွိမွန္းလည္းမသိဘူး။ ေရွ႕ကအဖမ္းခံရၿပီး ေသသြားတာေတြရွိေတာ့ ကြၽန္မတို႔အစ္ကိုလည္း ေသသြားၿပီလား၊ ကြၽန္မတို႔ ေတာ္ေတာ္စိတ္ပူေနၾကတယ္။ တစ္ေန႔ တစ္ေန႔မွာ သတင္းအစအနတစ္ခုခု ၾကားရမလားဆိုတာကိုပဲ ေမွ်ာ္ေနၾကရတယ္”

အိုးထိန္းေက်း႐ြာ ဆရာေတာ္ဟာ ဦးေဝစိုးထြန္း၊ ဦးျမင့္ေမာင္တို႔နဲ႔အတူ ေျမာက္ဦးၿမိဳ႕နယ္က  ေက်ာက္က်ပ္ ေက်း႐ြာဆရာေတာ္ကို ဆြမ္းစားပင့္ဖို႔ကားနဲ႔သြားရာ ေက်ာက္ေတာ္-ေျမာက္ဦး အေဝးေျပးလမ္းမေပၚက လင္းေႁမြ ေတာင္ အေရာက္မွာ ထိန္းသိမ္းခံရတာလို႔႐ြာသားေတြက ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕ခံ ဆရာေတာ္ေတြက ဖမ္းဆီးခံရသူေတြနဲ႔ ေတြ႕ဆုံခြင့္ရဖို႔ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပု၊ ေဒသ ကြပ္ကဲမႈစစ္ဌာနခ်ဳပ္(စစ္ေတြ)တို႔ကို စက္တင္ဘာလကုန္ပိုင္းမွာ စာေရးသားပို႔ေပးခဲ့ေပမယ့္ ေရရာတဲ့တုံ႔ျပန္ ခ်က္ကို မရခဲ့ၾကပါဘူး။

အလားတူ ေအာက္တိုဘာလကုန္ကလည္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန႔္နဲ႔ေတြ႕ဆုံၿပီး ဆရာေတာ္ေတြက ေတာင္း ဆိုခဲ့ရာမွာ အသက္ရွင္လ်က္ရွိေနေသးတယ္လို႔ ျပန္လည္ေလွ်ာက္ထားခဲ့ေပမယ့္ ေတြ႕ဆုံခြင့္မေပးခဲ့ပါဘူး။

အိုးထိန္း႐ြာဆရာေတာ္အပါအဝင္ ဖမ္းဆီးခံရသူေတြကို ေတြ႕ဆုံခြင့္ရေရး ႀကိဳးပမ္းေနတဲ့ ေျမာက္ဦးၿမိဳ႕က ၿမိဳ႕ဦးေခါင္းဆရာေတာ္ အရွင္ဝဏၰသာရက တပ္မေတာ္စစ္ေၾကာေရးမွာ ေျခလြန္လက္လြန္ျဖစ္မွာကို အဓိကစိုးရိမ္တာလို႔ မိန႔္ပါတယ္။

“မိသားစုနဲ႔ ဆရာသမားေတြနဲ႔ပါ ေတြ႕ဆုံႏိုင္ဖို႔ ဦးဇင္းတို႔ကႀကိဳးစားေနတယ္။ ဒါေပမဲ့ အခုအခ်ိန္ထိေတာ့ ေတြ႕ဆုံခြင့္လည္း မရေသးပါဘူး။ ဆရာေတာ္တို႔ဘက္ကေတာ့ စိုးရိမ္တာေတာ့အမွန္ပဲ။ သူတို႔က်န္းမာေရး အႏၲရာယ္ရယ္၊ စစ္ေၾကာေရးလုပ္တဲ့အခါမွာ ေျခလြန္လက္လြန္ျဖစ္မွာရယ္ အဲဒါမ်ိဳးေတြကို စိုးရိမ္တာပါ။ အခုသူတို႔ကို ဖမ္းဆီးထိန္းသိမ္းထားတာလည္း ႏွစ္လျပည့္ေတာ့မယ္ဆိုေတာ့ ဆရာသမားေတြ၊ မိသားစုေတြနဲ႔ ဒါကာ ဒါကာမေတြနဲ႔ အျမန္ဆုံးေတြ႕ခြင့္ေပးပါ၊ ေတြ႕ခြင့္ေပးေစခ်င္လို႔ ဦးဇင္းတို႔ မိန႔္ခ်င္တယ္”

အခုလို အခ်ိန္ ႏွစ္လနီးပါးၾကာ ထိန္းသိမ္းထားတာ၊ သက္ဆိုင္ရာ မိသားစုဝင္ေတြကို အေၾကာင္းမၾကားတာ၊ ေတြ႕ဆုံခြင့္မေပးတာေတြနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး ကို RFA က ဆက္သြယ္ေမးျမန္းရာမွာ သူ႔အေနနဲ႔ ဒီျဖစ္စဥ္အေပၚ  မမွတ္မိေတာ့ဘူးလို႔ေျပာပါတယ္။

တပ္မေတာ္ရဲ႕စစ္ေဆးေရးေဆာင္႐ြက္စဥ္မွာ ေျခလြန္လက္လြန္ျဖစ္သြားမွာကို စိုးရိမ္ေနၾကတာေတြနဲ႔ ပတ္သက္လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက တုံ႔ျပန္တာက -

“ေအေအကေခၚရင္သာ စိုးရိမ္ရမွာ။ တရားဝင္အဖြဲ႕အစည္းသည္ တရားဝင္လမ္းေၾကာင္းအတိုင္းပဲ လုပ္တယ္။ ဘာမွစိုးရိမ္စရာအေၾကာင္းမရွိပါဘူး။ အခ်ိန္တန္ရင္ ျပန္လႊတ္ေပးမွာပါေနာ္”

ၿပီးခဲ့တဲ့ ဧၿပီလ ၁၀ ရက္ေန႔က ေျမာက္ဦးၿမိဳ႕နယ္ လကၠာေက်း႐ြာက လူ ၂၇ ဦးကို တပ္မေတာ္က ထိန္းသိမ္း စစ္ေဆးၿပီးေနာက္ စစ္ေၾကာေရးကာလအတြင္းမွာပဲ အဲဒီအထဲက လူ သုံးဦးေသဆုံးခဲ့ပါတယ္။ ေသဆုံးသူေတြရဲ႕ ႐ုပ္အေလာင္းကို မိသားစုေတြ ၾကည့္ရႈခြင့္မရခဲ့ပါဘူး။

လကၠာေက်း႐ြာအပါအဝင္ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္း၊ ေက်ာက္ေတာ္ၿမိဳ႕ နယ္ မင္းသားေတာင္၊ ေျမာက္ဦးၿမိဳ႕နယ္ ေဝသာလီ စတဲ့ေက်း႐ြာေတြက လူေတြကို တပ္မေတာ္က စစ္ေဆးေနစဥ္ ေသဆုံးသူဟာ ၁၅ ဦးခန႔္ရွိခဲ့ပါတယ္။

တပ္မေတာ္ကစစ္ေဆးစဥ္ ေသဆုံးတာေတြနဲ႔ပတ္သက္လို႔ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၂ ရက္ေန႔မွာ ခုံ႐ုံးဖြဲ႕စုံစမ္းစစ္ေဆး သြားမယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ခဲ့ေပမယ့္ ေနာက္ဆက္တြဲ အေျခအေနကို တပ္မေတာ္က ဒီေန႔အထိ ထုတ္ျပန္တာ မရွိေသးပါဘူး။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵

မြောက်ဦးက ရဟန်းတစ်ပါးနဲ့ အမျိုးသား နှစ်ဦးကို တပ်မတော်က ထိန်းသိမ်းထားဆဲ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းတိုက်ဆရာတော် ဦးကဝိဓဇ ကို တွေ့ရစဉ်
ဓါတ်ပုံ - မြို့ဦးဂေါင်း ဆရာတော်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မြောက်ပိုင်း အိုးထိန်းကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးကဝိဓဇ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနဲ့ ဒေသခံ ဦးမြင့်မောင်တို့ကို တပ်မတော်က စက်တင်ဘာလ ၂၀ ရက်နေ့ ကတည်းက ဖမ်းဆီးထားတာ ဒီနေ့အထိဆိုရင် အချိန် နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ တပ်မတော်က သက်ဆိုင်ရာမိသားစုကို ဒီနေ့အချိန် အထိ တရားဝင်အသိပေးတာမရှိသလို ဘယ်သူနဲ့မှလည်း တွေ့ခွင့်မပေးဘူးလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဆရာတော် ဦးကဝိဓဇ ရဲ့ ညီမဖြစ်သူ ဒေါ်မဆန်းနွယ်က တပ်မတော်က စစ်ကြောရေးလုပ်စဉ် ပျံလွန်သွားပြီလား၊ အသက်ရှင်လျက်ရှိနေသေးသလားဆိုတာကို နေ့စဉ်တွေးပူနေရတယ်လို့ ပြောပါတယ်။

    ရှေ့ကအဖမ်းခံရပြီး သေသွားတာတွေရှိတော့ ကျွန်မတို့အစ်ကိုလည်း သေသွားပြီလား၊ ကျွန်မတို့ တော်တော်စိတ်ပူနေကြတယ်

“သူတို့ကိုတွေ့ချင်တယ်၊ မြင်ချင်တယ်၊ အမြန်ဆုံး တွေ့ခွင့်ပေးစေချင်တယ်။ အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ ကျွန်မတို့က ဘယ်လောက်ထိ သောကဖြစ်နေကြရလဲဆိုတာ သူတို့သိမှာမဟုတ်ဘူး။ ကျွန်မတို့အစ်ကိုကိုဖမ်းတာ အခုဆိုရင် ရက်ပေါင်း ၆၀ ပြည့်တော့မယ်။ အခုထိ ကျွန်မတို့ကို တွေ့ခွင့်လည်းမပေးဘူး။ ပြောခွင့်လည်းမရဘူး။ ဘယ်မှာရှိမှန်းလည်းမသိဘူး။ ရှေ့ကအဖမ်းခံရပြီး သေသွားတာတွေရှိတော့ ကျွန်မတို့အစ်ကိုလည်း သေသွားပြီလား၊ ကျွန်မတို့ တော်တော်စိတ်ပူနေကြတယ်။ တစ်နေ့ တစ်နေ့မှာ သတင်းအစအနတစ်ခုခု ကြားရမလားဆိုတာကိုပဲ မျှော်နေကြရတယ်”

အိုးထိန်းကျေးရွာ ဆရာတော်ဟာ ဦးဝေစိုးထွန်း၊ ဦးမြင့်မောင်တို့နဲ့အတူ မြောက်ဦးမြို့နယ်က  ကျောက်ကျပ် ကျေးရွာဆရာတော်ကို ဆွမ်းစားပင့်ဖို့ကားနဲ့သွားရာ ကျောက်တော်-မြောက်ဦး အဝေးပြေးလမ်းမပေါ်က လင်းမြွေ တောင် အရောက်မှာ ထိန်းသိမ်းခံရတာလို့ရွာသားတွေက ပြောပါတယ်။

မြောက်ဦးမြို့ခံ ဆရာတော်တွေက ဖမ်းဆီးခံရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)တို့ကို စက်တင်ဘာလကုန်ပိုင်းမှာ စာရေးသားပို့ပေးခဲ့ပေမယ့် ရေရာတဲ့တုံ့ပြန် ချက်ကို မရခဲ့ကြပါဘူး။

အလားတူ အောက်တိုဘာလကုန်ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်နဲ့တွေ့ဆုံပြီး ဆရာတော်တွေက တောင်း ဆိုခဲ့ရာမှာ အသက်ရှင်လျက်ရှိနေသေးတယ်လို့ ပြန်လည်လျှောက်ထားခဲ့ပေမယ့် တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။

အိုးထိန်းရွာဆရာတော်အပါအဝင် ဖမ်းဆီးခံရသူတွေကို တွေ့ဆုံခွင့်ရရေး ကြိုးပမ်းနေတဲ့ မြောက်ဦးမြို့က မြို့ဦးခေါင်းဆရာတော် အရှင်ဝဏ္ဏသာရက တပ်မတော်စစ်ကြောရေးမှာ ခြေလွန်လက်လွန်ဖြစ်မှာကို အဓိကစိုးရိမ်တာလို့ မိန့်ပါတယ်။

“မိသားစုနဲ့ ဆရာသမားတွေနဲ့ပါ တွေ့ဆုံနိုင်ဖို့ ဦးဇင်းတို့ကကြိုးစားနေတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ တွေ့ဆုံခွင့်လည်း မရသေးပါဘူး။ ဆရာတော်တို့ဘက်ကတော့ စိုးရိမ်တာတော့အမှန်ပဲ။ သူတို့ကျန်းမာရေး အန္တရာယ်ရယ်၊ စစ်ကြောရေးလုပ်တဲ့အခါမှာ ခြေလွန်လက်လွန်ဖြစ်မှာရယ် အဲဒါမျိုးတွေကို စိုးရိမ်တာပါ။ အခုသူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတာလည်း နှစ်လပြည့်တော့မယ်ဆိုတော့ ဆရာသမားတွေ၊ မိသားစုတွေနဲ့ ဒါကာ ဒါကာမတွေနဲ့ အမြန်ဆုံးတွေ့ခွင့်ပေးပါ၊ တွေ့ခွင့်ပေးစေချင်လို့ ဦးဇင်းတို့ မိန့်ချင်တယ်”

အခုလို အချိန် နှစ်လနီးပါးကြာ ထိန်းသိမ်းထားတာ၊ သက်ဆိုင်ရာ မိသားစုဝင်တွေကို အကြောင်းမကြားတာ၊ တွေ့ဆုံခွင့်မပေးတာတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ ဒီဖြစ်စဉ်အပေါ်  မမှတ်မိတော့ဘူးလို့ပြောပါတယ်။

တပ်မတော်ရဲ့စစ်ဆေးရေးဆောင်ရွက်စဉ်မှာ ခြေလွန်လက်လွန်ဖြစ်သွားမှာကို စိုးရိမ်နေကြတာတွေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တုံ့ပြန်တာက -

“အေအေကခေါ်ရင်သာ စိုးရိမ်ရမှာ။ တရားဝင်အဖွဲ့အစည်းသည် တရားဝင်လမ်းကြောင်းအတိုင်းပဲ လုပ်တယ်။ ဘာမှစိုးရိမ်စရာအကြောင်းမရှိပါဘူး။ အချိန်တန်ရင် ပြန်လွှတ်ပေးမှာပါနော်”

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာက လူ ၂၇ ဦးကို တပ်မတော်က ထိန်းသိမ်း စစ်ဆေးပြီးနောက် စစ်ကြောရေးကာလအတွင်းမှာပဲ အဲဒီအထဲက လူ သုံးဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို မိသားစုတွေ ကြည့်ရှုခွင့်မရခဲ့ပါဘူး။

လက္ကာကျေးရွာအပါအဝင် မင်းပြားမြို့နယ် ပန်းမြောင်း၊ ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ကျောက်တော်မြို့ နယ် မင်းသားတောင်၊ မြောက်ဦးမြို့နယ် ဝေသာလီ စတဲ့ကျေးရွာတွေက လူတွေကို တပ်မတော်က စစ်ဆေးနေစဉ် သေဆုံးသူဟာ ၁၅ ဦးခန့်ရှိခဲ့ပါတယ်။

တပ်မတော်ကစစ်ဆေးစဉ် သေဆုံးတာတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ခုံရုံးဖွဲ့စုံစမ်းစစ်ဆေး သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် နောက်ဆက်တွဲ အခြေအနေကို တပ်မတော်က ဒီနေ့အထိ ထုတ်ပြန်တာ မရှိသေးပါဘူး။

RFA Burmese
https://www.rfa.org
ေျမာက္ဦးက ရဟန္းတစ္ပါးနဲ႔ အမ်ိဳးသား ႏွစ္ဦးကို တပ္မေတာ္က ထိန္းသိမ္းထားဆဲ ေျမာက္ဦးက ရဟန္းတစ္ပါးနဲ႔ အမ်ိဳးသား ႏွစ္ဦးကို တပ္မေတာ္က ထိန္းသိမ္းထားဆဲ Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.