ေရႊနဒီေရယာဥ္လိုင္း ပိုင္ရွင္နဲ႔ ဝန္ထမ္း ခုႏွစ္ဦးကို အမႈဖြင့္

AA အဖြဲ႔ တားဆီးခဲ့​တဲ့ ​ေ႐ႊနဒီအျမန္​​ေရယာဥ္ကို ၂ဝ၁၉ ေအာက္တိုဘာ ၂၆ ရက္ေန႔က​ ဘူးသီး​ေတာင္ဆိပ္ကမ္းမွာ ေတြ႔ရစဥ္ / Photo: San Myat Shwe
(Zawgyi)⤵⤵⤵
ေရႊနဒီအျမန္ေရယာဥ္ေပၚက တပ္မေတာ္သား၊ ရဲတပ္ဖဲြ႔၀င္နဲ႔ အရပ္သားတခ်ဳိ႕ကို AA အဖဲြ႔က ဖမ္းဆီးေခၚေဆာင္သြား တာနဲ႔ ပတ္သက္ၿပီး ေရယာဥ္လိုင္း ပိုင္ရွင္ အပါအ၀င္ ၈ဦးကို  အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးဥပေဒနဲ႔  အမႈဖြင့္ စစ္ေဆးေနပါတယ္။

ေအာက္တုိဘာ ၂၆ ရက္ေန႔က ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုျမစ္အတြင္း ေရႊနဒီအျမန္ေရယာဥ္ေပၚ ပါလာတဲ့ တပ္မေတာ္သား၊ ရဲနဲ႔ အရပ္သားတခ်ိဳ႕ကို ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးေခၚေဆာင္သြားတဲ့ျဖစ္ရပ္ အၿပီးမွာ ယာဥ္လုိင္းပိုင္ရွင္ အပါအဝင္ ဝန္ထမ္း ရွစ္ဦးကုိ အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဥပေဒနဲ႔ နယ္ျခားေစာင့္တပ္က အမႈဖြင့္စစ္ေဆးေနတာလို႔ ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔ ရဲမွဴးႀကီး ၾကည္လင္းက RFA ကို အတည္ျပဳ ေျပာပါတယ္။

"သူတို႔ကေတာ့ ေလာေလာဆယ္ တရားစြဲဆိုထားတဲ့အတြက္ အမႈရင္ဆိုင္ရမွာေပါ့၊ ေလေလာဆယ္ အၾကမ္းဖက္နဲ႔ ျဖစ္မယ္။ သူက နယ္ျခားေစာင့္ကစြဲတာ၊ ျဖစ္စဥ္ျဖစ္တဲ့ နယ္ေျမအပိုင္က စြဲက နယ္ျခားေစာင့္က စြဲတာ"

ေအာက္တိုဘာ ၂၆ရက္ေန႔ျဖစ္ရပ္မွာ ယာဥ္ေပၚလိုက္ပါလာသူေတြထဲက တပ္မေတာ္သား ၁၄ ဦး၊ ရဲတပ္ဖြဲ႔ဝင္ ၂၉ ဦးနဲ႔ အရပ္သား ၁၃ ဦး ကို AA က ဖမ္းဆီးခဲ့ၿပီး ေရယာဥ္နဲ႔အတူက်န္တဲ့ အရပ္သားေတြကို ျပန္လႊတ္ခဲ့ပါတယ္။

ေရယာဥ္ဝန္ထမ္းေတြ AA နဲ႔ ပတ္သက္မႈရွိတယ္ဆိုတဲ့ သံသယနဲ႔ အေရးယူလိုက္တာပါ။

ေအာက္တိုဘာလ၂၈ ရက္ေန႔က တပ္မေတာ္ ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္ရုံးရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေတာ့ တပ္နဲ႔ ရဲတပ္ဖဲြ႔၀င္ေတြ လိုက္ပါလာတာကို သတင္းေပါက္ၾကားမႈနဲ႔ ပတ္သက္ၿပီး ေရႊနဒီအျမန္ေရယာဥ္လိုင္းကို စစ္ေဆးေန တယ္လုိ႔ ေဖာ္ျပထားပါတယ္။

ဒီလို အေရးယူမႈနဲ႔ ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းနဲ႔ AA ေျပာခြင့္ရသူ ခိုင္သုခ တို႔ကို RFA က ဒီကေန႔ ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ရွပ္ေျပးယာဥ္လုိင္းတာ၀န္ခံနဲ႔ လုပ္သားခုႏွစ္ဦးကုိ ဘူးသီးေတာင္ၿမဳိ႕မစခန္းမွာ ဖမ္းဆီးစစ္ေၾကာခဲ့ၿပီး ေအာင္မဂၤလာ နယ္ျခားေစာင့္စခန္းမွာ ဆက္လက္စစ္ေဆးဖုိ႔အတြက္ ဘူးသီးေတာင္ တရားရံုးကေန ေအာက္တိုဘာ ၂၉ ရက္ေန႔က ခ်ဳပ္မိန္႔ ဆက္လက္ရရိွခဲ့တယ္လို႔ သိရပါတယ္။

ေရႊနဒီအျမန္ယာဥ္လိုင္းပိုင္ရွင္ သားျဖစ္သူ ကိုစည္သူက သူ႔အေနနဲ႔ အမႈကိစၥကို ေသေသခ်ာခ်ာ မသိေသးေၾကာင္း RFA ကို ေျပာပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက ေရယာဥ္က လူေတြကို ဖမ္းဆီးတာ မျဖစ္သင့္ေၾကာင္းနဲ႔  ရခိုင္ျပည္နယ္မွာ အၾကမ္းဖက္ဥပေဒတပ္ၿပီး ဖမ္းဆီးခံရသူေတြ မ်ားေနၿပီျဖစ္ေၾကာင္း ေျပာပါတယ္။

"သူတုိ႔က လာဝယ္ရင္ လက္မွတ္က ေရာင္းရမွာပဲ၊ ဘယ္သူကိုပဲ ျဖစ္ျဖစ္ေပါ့ေနာ့၊ ဒီလိုျဖစ္လို႔ ဖမ္းရတယ္ဆိုတာ ဒါက နည္းနည္းမဟုတ္ေသးဘူးေပါ့ေနာ္၊ တလြဲႀကီးျဖစ္ေနတယ္လို႔ ကၽြန္ေတာ္ကေတာ့ ျမင္တယ္။ ရခိုင္မွာကေတာ့ ဖမ္းတဲ့သူေတြကို ဒီအမႈနဲ႔ပဲ ဖမ္းခဲ့တာၾကီးပဲ ဘာမွမဟုတ္တဲ့သူေတြကိုလည္း ဖမ္းၿပီးေတာ့ ဒီလိုလုပ္ေနတာပဲ၊ ေက်ာင္းဆရာေတြကိုလည္း ဖမ္းၿပီးေတာ့ ဒီလိုလုပ္ေနတာပဲ။ ဒါတစ္ဖက္သတ္ တရားဥပေဒမဲ့ လုပ္တယ္လို႔ေတာ့ ကၽြန္ေတာ္ကေတာ့ ျမင္တယ္"

ရခိုင္ျပည္နယ္ကို ေျပးဆြဲေနတဲ့ အျမန္ယာဥ္လိုင္းေတြ၊ ေရယာဥ္လိုင္းေတြ မ်ားစြာရွိပါတယ္။ ဒီယာဥ္လိုင္းေတြကို အသံုးျပဳေနတဲ့ ခရီးသည္ေတြထဲမွာ အရပ္သားေတြအျပင္ အစိုးရဌာနဆုိင္ရာ ၀န္ထမ္းေတြလည္း ပါ၀င္ပါတယ္။ ဒါ့အျပင္ တပ္မေတာ္သားေတြနဲ႔ ရဲတပ္ဖဲြ႔၀င္ေတြလည္း အသံုးျပဳေနတဲ့အတြက္ တခါတရံ အခုလိုျဖစ္စဥ္ေတြ ေပၚေပါက္တတ္ပါတယ္။

ေအာက္တိုဘာ ၁၁ ရက္ေန႔ကလည္း ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႔က မႏၱေလးတိုင္း ဇီးပင္ႀကီး သင္တန္းေက်ာင္းကေန ေျမာက္ဦးကို ျပန္လာၾကတဲ့ မီးသတ္တပ္ဖြဲ႔ဝင္ေတြပါလာတဲ့ ခရီးသည္တင္ကားကို တားဆီးခဲ့ၿပီး မီးသတ္တပ္ဖြဲ႔ဝင္ ၁၉ ဦးနဲ႔ ခရီးသည္ ၁၂ ဦးကို ဖမ္းဆီးခဲ့ပါတယ္။ ရက္အတန္ၾကာ ထိန္းသိမ္းခဲ့ၿပီးေနာက္ AA က ခရီးသည္ေတြကို ျပန္လႊတ္လိုက္ေပမယ့္ မီးသတ္တပ္ဖဲြ႔၀င္ေတြကိုေတာ့ မလြတ္ေပးေသးပါဘူး။

ေရႊျပည္တန္ ေရယာဥ္လိုင္းမန္ေနဂ်ာ ဦးစံေမာ္သိန္းက - သူတို႔ေတြအေနနဲ႔ ရဲတပ္ဖြဲ႔နဲ႔ တပ္မေတာ္သားေတြ အဖြဲ႔လိုက္ ယာဥ္လိုင္းမွာ လာေရာက္စီးနင္းၿပီဆို လက္မခံဝ့ံဘူးလို႔ ေျပာပါတယ္။

"ကၽြန္ေတာ္တို႔မွာ လက္မွတ္ေရာင္းတယ္၊ ခရီးစဥ္ရွိတယ္ လက္မွတ္လာဝယ္ရင္ ဘယ္သူမို႔လို႔ဆိုၿပီး မေရာင္းဘူးလို႔ ေျပာဖို႔ခက္ပါတယ္။ အဲဒီဟာမွာ ဝန္ထမ္းဘာညာဆိုရင္ တစ္ေယာက္ ႏွစ္ေယာက္ဆို ျပသနာမရွိဘူး၊ မ်ားတယ္ဆိုရင္ေတာ့ ဒါက ဒီဟာေျပာမွာ နည္းနည္းေလး ျပန္ၿပီးေမးျမန္းၿပီးမွ ေရာင္းရမယ္ တစ္ေယာက္စ ႏွစ္ေယာက္စကေတာ့ ရွိႏုိင္ပါတယ္။ ကၽြန္ေတာ္တို႔လည္း စိုးရိမ္ပါတယ္"

ေအာက္တုိဘာ ၂၆ ရက္ေန႔က AA အဖဲြ႔ဟာ ေရယာဥ္ေပၚကေန လူ ၅၈ ဦးကို ဖမ္းဆီးေခၚေဆာင္သြားခ်ိန္မွာ တပ္မေတာ္ ရဟတ္ယာဥ္ေတြေပၚကေန ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆံုးသူေတြရိွခဲ့သလို ထြက္ေျပးလြတ္ေျမာက္ သြားသူေတြ ရွိခဲ့တာပါ။

အဲဒီရက္ပိုင္းအတြင္း AA နဲ႔ တပ္မေတာ္အၾကား တုိက္ပဲြျပင္းထန္ခဲ့ပါတယ္။

တစ္ႏွစ္နီးပါးၾကာျမင့္လာၿပီျဖစ္တဲ့ ဒီတုိက္ပဲြေတြအတြင္း ဖမ္းဆီးခံရတဲ့/ေသဆံုးတဲ့ အရပ္သား အမ်ားအျပား ရွိေနသလို ရဲနဲ႔ တပ္မေတာ္သား၊ စစ္မႈထမ္းေဟာင္းေတြလည္း ေသဆံုးမႈေတြ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵

AA အဖွဲ့ တားဆီးခဲ့တဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ၂ဝ၁၉ အောက်တိုဘာ ၂၆ ရက်နေ့က ဘူးသီးတောင်ဆိပ်ကမ်းမှာ တွေ့ရစဉ်
Photo: San Myat Shwe

ရွှေနဒီအမြန်ရေယာဉ်ပေါ်က တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ အရပ်သားတချို့ကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား တာနဲ့ ပတ်သက်ပြီး ရေယာဉ်လိုင်း ပိုင်ရှင် အပါအဝင် ၈ဦးကို  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့  အမှုဖွင့် စစ်ဆေးနေပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း ရွှေနဒီအမြန်ရေယာဉ်ပေါ် ပါလာတဲ့ တပ်မတော်သား၊ ရဲနဲ့ အရပ်သားတချို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်ရပ် အပြီးမှာ ယာဉ်လိုင်းပိုင်ရှင် အပါအဝင် ဝန်ထမ်း ရှစ်ဦးကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ နယ်ခြားစောင့်တပ်က အမှုဖွင့်စစ်ဆေးနေတာလို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းက RFA ကို အတည်ပြု ပြောပါတယ်။

"သူတို့ကတော့ လောလောဆယ် တရားစွဲဆိုထားတဲ့အတွက် အမှုရင်ဆိုင်ရမှာပေါ့၊ လေလောဆယ် အကြမ်းဖက်နဲ့ ဖြစ်မယ်။ သူက နယ်ခြားစောင့်ကစွဲတာ၊ ဖြစ်စဉ်ဖြစ်တဲ့ နယ်မြေအပိုင်က စွဲက နယ်ခြားစောင့်က စွဲတာ"

အောက်တိုဘာ ၂၆ရက်နေ့ဖြစ်ရပ်မှာ ယာဉ်ပေါ်လိုက်ပါလာသူတွေထဲက တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦးနဲ့ အရပ်သား ၁၃ ဦး ကို AA က ဖမ်းဆီးခဲ့ပြီး ရေယာဉ်နဲ့အတူကျန်တဲ့ အရပ်သားတွေကို ပြန်လွှတ်ခဲ့ပါတယ်။

ရေယာဉ်ဝန်ထမ်းတွေ AA နဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ အရေးယူလိုက်တာပါ။

အောက်တိုဘာလ၂၈ ရက်နေ့က တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတာကို သတင်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ရွှေနဒီအမြန်ရေယာဉ်လိုင်းကို စစ်ဆေးနေ တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို အရေးယူမှုနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ AA ပြောခွင့်ရသူ ခိုင်သုခ တို့ကို RFA က ဒီကနေ့ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှပ်ပြေးယာဉ်လိုင်းတာဝန်ခံနဲ့ လုပ်သားခုနှစ်ဦးကို ဘူးသီးတောင်မြို့မစခန်းမှာ ဖမ်းဆီးစစ်ကြောခဲ့ပြီး အောင်မင်္ဂလာ နယ်ခြားစောင့်စခန်းမှာ ဆက်လက်စစ်ဆေးဖို့အတွက် ဘူးသီးတောင် တရားရုံးကနေ အောက်တိုဘာ ၂၉ ရက်နေ့က ချုပ်မိန့် ဆက်လက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေနဒီအမြန်ယာဉ်လိုင်းပိုင်ရှင် သားဖြစ်သူ ကိုစည်သူက သူ့အနေနဲ့ အမှုကိစ္စကို သေသေချာချာ မသိသေးကြောင်း RFA ကို ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ရေယာဉ်က လူတွေကို ဖမ်းဆီးတာ မဖြစ်သင့်ကြောင်းနဲ့  ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဥပဒေတပ်ပြီး ဖမ်းဆီးခံရသူတွေ များနေပြီဖြစ်ကြောင်း ပြောပါတယ်။

"သူတို့က လာဝယ်ရင် လက်မှတ်က ရောင်းရမှာပဲ၊ ဘယ်သူကိုပဲ ဖြစ်ဖြစ်ပေါ့နော့၊ ဒီလိုဖြစ်လို့ ဖမ်းရတယ်ဆိုတာ ဒါက နည်းနည်းမဟုတ်သေးဘူးပေါ့နော်၊ တလွဲကြီးဖြစ်နေတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ရခိုင်မှာကတော့ ဖမ်းတဲ့သူတွေကို ဒီအမှုနဲ့ပဲ ဖမ်းခဲ့တာကြီးပဲ ဘာမှမဟုတ်တဲ့သူတွေကိုလည်း ဖမ်းပြီးတော့ ဒီလိုလုပ်နေတာပဲ၊ ကျောင်းဆရာတွေကိုလည်း ဖမ်းပြီးတော့ ဒီလိုလုပ်နေတာပဲ။ ဒါတစ်ဖက်သတ် တရားဥပဒေမဲ့ လုပ်တယ်လို့တော့ ကျွန်တော်ကတော့ မြင်တယ်"

ရခိုင်ပြည်နယ်ကို ပြေးဆွဲနေတဲ့ အမြန်ယာဉ်လိုင်းတွေ၊ ရေယာဉ်လိုင်းတွေ များစွာရှိပါတယ်။ ဒီယာဉ်လိုင်းတွေကို အသုံးပြုနေတဲ့ ခရီးသည်တွေထဲမှာ အရပ်သားတွေအပြင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း အသုံးပြုနေတဲ့အတွက် တခါတရံ အခုလိုဖြစ်စဉ်တွေ ပေါ်ပေါက်တတ်ပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် AA အဖွဲ့က မန္တလေးတိုင်း ဇီးပင်ကြီး သင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါလာတဲ့ ခရီးသည်တင်ကားကို တားဆီးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ ခရီးသည် ၁၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ရက်အတန်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် AA က ခရီးသည်တွေကို ပြန်လွှတ်လိုက်ပေမယ့် မီးသတ်တပ်ဖွဲ့ဝင်တွေကိုတော့ မလွတ်ပေးသေးပါဘူး။

ရွှေပြည်တန် ရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းက - သူတို့တွေအနေနဲ့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေ အဖွဲ့လိုက် ယာဉ်လိုင်းမှာ လာရောက်စီးနင်းပြီဆို လက်မခံဝံ့ဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့မှာ လက်မှတ်ရောင်းတယ်၊ ခရီးစဉ်ရှိတယ် လက်မှတ်လာဝယ်ရင် ဘယ်သူမို့လို့ဆိုပြီး မရောင်းဘူးလို့ ပြောဖို့ခက်ပါတယ်။ အဲဒီဟာမှာ ဝန်ထမ်းဘာညာဆိုရင် တစ်ယောက် နှစ်ယောက်ဆို ပြသနာမရှိဘူး၊ များတယ်ဆိုရင်တော့ ဒါက ဒီဟာပြောမှာ နည်းနည်းလေး ပြန်ပြီးမေးမြန်းပြီးမှ ရောင်းရမယ် တစ်ယောက်စ နှစ်ယောက်စကတော့ ရှိနိုင်ပါတယ်။ ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်"

အောက်တိုဘာ ၂၆ ရက်နေ့က AA အဖွဲ့ဟာ ရေယာဉ်ပေါ်ကနေ လူ ၅၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ တပ်မတော် ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့သလို ထွက်ပြေးလွတ်မြောက် သွားသူတွေ ရှိခဲ့တာပါ။

အဲဒီရက်ပိုင်းအတွင်း AA နဲ့ တပ်မတော်အကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

တစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအတွင်း ဖမ်းဆီးခံရတဲ့/သေဆုံးတဲ့ အရပ်သား အများအပြား ရှိနေသလို ရဲနဲ့ တပ်မတော်သား၊ စစ်မှုထမ်းဟောင်းတွေလည်း သေဆုံးမှုတွေ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ေရႊနဒီေရယာဥ္လိုင္း ပိုင္ရွင္နဲ႔ ဝန္ထမ္း ခုႏွစ္ဦးကို အမႈဖြင့္ ေရႊနဒီေရယာဥ္လိုင္း ပိုင္ရွင္နဲ႔ ဝန္ထမ္း ခုႏွစ္ဦးကို အမႈဖြင့္ Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.