အိႏိၵယအျငင္းပြားေျမ ဟိႏၵဴကိုေပး

အျငင္းပြားေျမေနရာကိစၥ အိႏၵိယတရား႐ုံးခ်ဳပ္ အမိန္႔ခ်ၿပီးေနာက္ ေအာင္ပြဲခံေနသည့္ ဟိႏၵဴဘာသာဝင္မ်ား။ (ႏုိဝင္ဘာ ၉၊ ၂၀၁၉)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံေျမာက္ပိုင္း Ayodhya ၿမိဳ႕က အျငင္းပြားေနတဲ့ ေျမေနရာကို ဟိႏၵဴေတြ ရသင့္တယ္လို႔ အိႏၵိယ တရား႐ံုးခ်ဳပ္က ဒီကေန႔ အမိန္႔ခ်လိုက္တဲ့အတြက္ အဲဒီမွာ ဟိႏၵဴဘုရားေက်ာင္းေဆာက္ဖုိ႔ လမ္းပြင့္သြားခဲ့ပါတယ္။

၁၆ ရာစုထဲက ေဆာက္ခဲ့တဲ့ ဗလီတခုကို လြန္ခဲ့တဲ့ ၂၅ ႏွစ္တုန္းက ဟိႏၵဴလူအုပ္ႀကီးက ဖ်က္ဆီးခဲ့တဲ့ေနရာ ျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံမွာ ဟိႏၵဴနဲ႔ မြတ္စလင္ၾကား အရွည္ၾကာဆံုး အျငင္းပြားမႈတခုမွာ တရား႐ံုးခ်ဳပ္ တရားသူႀကီး ၅ ေယာက္လံုးက ဟိႏဴၵေတြကို အႏုိင္ေပးခဲ့တာပါ။ မြတ္စလင္ေတြအေနနဲ႔ ဗလီတခုေဆာက္ဖုိ႔ တျခားမွာ ေနရာအစား ျပန္ေပးသင့္တယ္လို႔လည္း အမိန္႔ခ်ခဲ့ပါတယ္။

၃ ဧကနီးပါးရွိတဲ့ ေျမေနရာနဲ႔ပတ္သက္လို႔ ဆယ္စုႏွစ္နဲ႔ခ်ီ အျငင္းပြားမႈေတြ ျဖစ္ခဲ့တာမွာ ၁၉၉၂ ခုႏွစ္ကေတာ့ အထြတ္အထိပ္ေရာက္ခဲ့ၿပီး အဓိက႐ုဏ္းျဖစ္ခဲ့လို႔ အဲဒီတုန္းက လူေပါင္း ၂ ေထာင္ေလာက္ ေသဆံုးခဲ့ၾကပါတယ္။

ဒီကေန႔ တရား႐ံုးခ်ဳပ္ အမိန္႔ခ်မွတ္ခဲ့ၿပီးေနာက္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနၾကဖုိ႔ ဟိႏၵဴေခါင္းေဆာင္ေတြေရာ မြတ္စလင္ေခါင္းေဆာင္ေတြကပါ ပန္ၾကားခဲ့ၾကပါတယ္။

မြတ္စလင္ေတြဘက္က ေရွ႕ေနကေတာ့ တရား႐ံုးဆုံးျဖတ္ခ်က္ကို မေက်နပ္ေၾကာင္းေျပာေပမယ့္ ဆူဆူပူပူ မလုပ္ၾကဖုိ႔ တိုက္တြန္းခဲ့ပါတယ္။

ႏုိင္ငံတဝန္းမွာ လံုၿခံဳေရးေတြကို တင္းက်ပ္ထားၿပီး အထူးသျဖင့္ Ayodhya ၿမိဳ႕မွာ လံုၿခံဳေရးတပ္ဖဲြ႔ဝင္ ၅ ေထာင္ေလာက္ကို ျဖန္႔ခ်ထားခဲ့ၿပီး တရား႐ံုးၾကားနာပြဲကိုလည္း အမ်ားျပည္သူ လာေရာက္ၾကားနာခြင့္ မျပဳခဲ့ပါဘူး။

အျငင္းပြားေနတဲ့ေနရာဟာ ဟိႏၵဴ Rama နတ္ဘုရား ေမြးရပ္ေျမျဖစ္ၿပီး အဲဒီမွာ အရင္ရွိခဲ့တဲ့ ဟိႏၵဴဘုရားေက်ာင္း အပ်က္ေနရာမွာ ဗလီကို တည္ေဆာက္ထားတာလို႔ ဟိႏၵဴဘာသာဝင္ေတြက ယံုၾကည္ၾကပါတယ္။

------------------------------------------

(Unicode)

အိန္ဒိယအငြင်းပွားမြေ ဟိန္ဒူကိုပေး

အိန္ဒိယနိုင်ငံမြောက်ပိုင်း Ayodhya မြို့က အငြင်းပွားနေတဲ့ မြေနေရာကို ဟိန္ဒူတွေ ရသင့်တယ်လို့ အိန္ဒိယ တရားရုံးချုပ်က ဒီကနေ့ အမိန့်ချလိုက်တဲ့အတွက် အဲဒီမှာ ဟိန္ဒူဘုရားကျောင်းဆောက်ဖို့ လမ်းပွင့်သွားခဲ့ပါတယ်။

၁၆ ရာစုထဲက ဆောက်ခဲ့တဲ့ ဗလီတခုကို လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ဟိန္ဒူလူအုပ်ကြီးက ဖျက်ဆီးခဲ့တဲ့နေရာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဟိန္ဒူနဲ့ မွတ်စလင်ကြား အရှည်ကြာဆုံး အငြင်းပွားမှုတခုမှာ တရားရုံးချုပ် တရားသူကြီး ၅ ယောက်လုံးက ဟိနူ္ဒတွေကို အနိုင်ပေးခဲ့တာပါ။ မွတ်စလင်တွေအနေနဲ့ ဗလီတခုဆောက်ဖို့ တခြားမှာ နေရာအစား ပြန်ပေးသင့်တယ်လို့လည်း အမိန့်ချခဲ့ပါတယ်။

၃ ဧကနီးပါးရှိတဲ့ မြေနေရာနဲ့ပတ်သက်လို့ ဆယ်စုနှစ်နဲ့ချီ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာမှာ ၁၉၉၂ ခုနှစ်ကတော့ အထွတ်အထိပ်ရောက်ခဲ့ပြီး အဓိကရုဏ်းဖြစ်ခဲ့လို့ အဲဒီတုန်းက လူပေါင်း ၂ ထောင်လောက် သေဆုံးခဲ့ကြပါတယ်။

ဒီကနေ့ တရားရုံးချုပ် အမိန့်ချမှတ်ခဲ့ပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ ဟိန္ဒူခေါင်းဆောင်တွေရော မွတ်စလင်ခေါင်းဆောင်တွေကပါ ပန်ကြားခဲ့ကြပါတယ်။

မွတ်စလင်တွေဘက်က ရှေ့နေကတော့ တရားရုံးဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်းပြောပေမယ့် ဆူဆူပူပူ မလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတဝန်းမှာ လုံခြုံရေးတွေကို တင်းကျပ်ထားပြီး အထူးသဖြင့် Ayodhya မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ထောင်လောက်ကို ဖြန့်ချထားခဲ့ပြီး တရားရုံးကြားနာပွဲကိုလည်း အများပြည်သူ လာရောက်ကြားနာခွင့် မပြုခဲ့ပါဘူး။

အငြင်းပွားနေတဲ့နေရာဟာ ဟိန္ဒူ Rama နတ်ဘုရား မွေးရပ်မြေဖြစ်ပြီး အဲဒီမှာ အရင်ရှိခဲ့တဲ့ ဟိန္ဒူဘုရားကျောင်း အပျက်နေရာမှာ ဗလီကို တည်ဆောက်ထားတာလို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။

VOA Burmese
https://burmese.voanews.com
အိႏိၵယအျငင္းပြားေျမ ဟိႏၵဴကိုေပး အိႏိၵယအျငင္းပြားေျမ ဟိႏၵဴကိုေပး Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.