
(Zawgyi)⤵⤵⤵
တာချီလိတ်၊ နိုဝင်ဘာ ၁၀



မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများက သက်သေများနဲ့အတူ မူးယစ်သတင်းအရ နိုဝင်ဘာလ (၉)ရက်နေ့၊ ည(၇)နာရီခွဲကျော်က မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟွေလုကျေးရွာအထွက်မှာ စောင့်ဆိုင်းနေစဉ် TOYOTA HILUX အနက်ရောင်မော်တော်ယာဉ်(၁)စီးကို စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲပစ်ခတ်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့ဝင်များက မော်တော်ယာဉ်ရပ်ပေးဖို့ ခြောက်လှန့် ​ပြန်လည်ပစ်ခတ်စဉ် ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးအနက် ယာဉ်မောင်းဖြစ်သူ စိုင်းတစ် (၄၆)နှစ်မှာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့​သေဆုံးခဲ့ပြီး ကျန် (၂)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရပြီး မော်တော်ယာဉ်အား စစ်ဆေးရာ သေဆုံးသူနဲ့အတူ ဝဲဘက်ဘေးမှ သေနတ်(၁)လက်ကိုလည်း တွေ့ရရှိရတယ်လို့ သိရပါတယ်။


------------
(Unicode)⤵⤵⤵
 ဟွေလုကျေးရွာအထွက်မှာ မူးယစ်ဆေးဝါးသတင်းအရ တားဆီးစဉ် သေနတ်နဲ့ပစ်ခတ်သဖြင့် ပြန်လည်ပတ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး နှစ်ဦးထွက်ပြေးလွတ်မြောက်

တာချီလိတ်၊ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟွေလုကျေးရွာ အထွက်မှာ နိုဝင်ဘာလ (၉)ရက်နေ့၊ ညပိုင်းက မူးယစ်ဆေးဝါးသတင်းအရ မော်တော်ယာဉ် (၁)စီးကို တားဆီးစဉ်ရပ်တန့်မပေးဘဲ သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားလို့ ပစ်ခတ်ဖမ်းဆီးရာ (၁)ဦးကို အသေဖမ်းမိပြီး နှစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများက သက်သေများနဲ့အတူ မူးယစ်သတင်းအရ နိုဝင်ဘာလ (၉)ရက်နေ့၊ ည(၇)နာရီခွဲကျော်က မိုငဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟွေလုကျေးရွာအထွက်မှာ စောင့်ဆိုင်းနေစဉ် TOYOTA HILUX အနက်ရောင်မော်တော်ယာဉ်(၁)စီးကို စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲပစ်ခတ်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့ဝင်များက မော်တော်ယာဉ်ရပ်ပေးဖို့ ခြောက်လှန့် ပြန်လည်ပစ်ခတ်စဉ် ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးအနက် ယာဉ်မောင်းဖြစ်သူ စိုင်းတစ် (၄၆)နှစ်မှာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့သေဆုံးခဲ့ပြီး ကျန် (၂)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရပြီး မော်တော်ယာဉ်အား စစ်ဆေးရာ သေဆုံးသူနဲ့အတူ ဝဲဘက်ဘေးမှ သေနတ်(၁)လက်ကိုလည်း တွေ့ရရှိရတယ်လို့ သိရပါတယ်

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝမ်ပုံနယ်မြေရဲစခန်းမှာ (ပ) ၂၃/၂၀၁၉ ရှမ်းလက်နက် ၁၂(က)/(၈)နဲ့ အမှုဖွင့်ဆောင်ရွက်ထားကြောင်းနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံ အမျိုးသား (၂)ဦးကို ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း-ဇင်လတ်(ရွှေတြိဂံ)
ဓါတ်ပုံ-တာချီလိတ်နာရေးကူညီမှုအသင်း
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဟွေလုကျေးရွာအထွက်မှာ မူးယစ်ဆေးဝါးသတင်းအရ တားဆီးစဉ် သေနတ်နဲ့ပစ်ခတ်သဖြင့် ပြန်လည်ပတ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး နှစ်ဦးထွက်ပြေးလွတ်မြောက်  ဟွေလုကျေးရွာအထွက်မှာ မူးယစ်ဆေးဝါးသတင်းအရ တားဆီးစဉ် သေနတ်နဲ့ပစ်ခတ်သဖြင့် ပြန်လည်ပတ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး နှစ်ဦးထွက်ပြေးလွတ်မြောက် Reviewed by THITHTOOLWIN on 00:12 Rating: 5
Powered by Blogger.