ပမာဏႀကီးတဲ့ တစ္ေက်ာ့ျပန္ငလ်င္ေတြ လႈပ္ခတ္ႏိုင္ေျခရွိလို႔ သတိျပဳဖို႔လို

ႏိုဝင္ဘာ ၁၂ ရက္ေန႔က လႈပ္ခတ္ခဲ့တဲ့ငလ်င္ေၾကာင့္ တာေမြမွာ အထပ္ျမင့္တိုက္ ငါးလုံး တိမ္းေစာင္းခဲ့ၿပီး အဲဒီထဲမွာ ႏွစ္လုံးက အသစ္ျဖစ္
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းအတြင္းေနထိုင္သူေတြအေနနဲ႔ တစ္ေက်ာ့ျပန္ငလ်င္ႀကီးေတြရဲ႕အႏၲရာယ္ကို သတိျပဳေနထိုင္ဖို႔ လိုအပ္တယ္လို႔ ငလ်င္ေကာ္မတီ ဒုတိယဥကၠ႒ ဦးေစာေထြးေဇာ္ကဘီဘီစီကိုေျပာပါတယ္။

ငလ်င္ပညာရွင္ေတြရဲ႕တိုင္းတာတြက္ခ်က္မႈေတြအရ ငလ်င္ႀကီးေတြဟာ လြန္ခဲ့တဲ့ ႏွစ္ ေပါင္း ၈၀ေက်ာ္၊ ၁၀၀ ဝန္းက်င္အတြင္းမွာ လႈပ္ခတ္ခဲ့ၿပီးေနာက္ တစ္ေက်ာ့ျပန္လည္လႈပ္ခတ္ေလ့ရွိတယ္လို႔ သိရပါတယ္။

ငလ်င္ဆိုင္ရာမွတ္တမ္းေတြအရ ၁၈၃၀ခုႏွစ္မွာစစ္ကိုင္းျပတ္ေ႐ြ႕ေၾကာင့္ ပဲခူးမွာ ငလ်င္အႀကီးႀကီးလႈပ္ၿပီး ေနာက္ ႏွစ္၁၀၀ တိတိျပည့္တဲ့အခ်ိန္၁၉၃၀ခုႏွစ္မွာပဲ ပဲခူး ေ႐ႊေမာ္ေဓာ ေစတီႀကီး စိန္ဖူးေတာ္ေျမခတဲ့ ငလ်င္ႀကီးထပ္လႈပ္ခဲ့ပါတယ္။

ခုဆို ဒီျပတ္ေ႐ြ႕မွာ ငလ်င္ႀကီး မလႈပ္တာဟာ၁၉၃၀ ၈၉ ႏွစ္အထိၾကာခဲ့ၿပီျဖစ္ပါတယ္။

'' စစ္ကိုင္းျပတ္ေ႐ြ႕ကလႈပ္တဲ့ငလ်င္ေတြဆိုရင္ ပမာဏႀကီးႀကီးေတြလာဖို႔ရွိတယ္။ ဥပမာ ပဲခူးငလ်င္ဆိုရင္ တြက္ခ်က္ထားတာ တေက်ာ့ျပန္လႈပ္ရမယ့္အခ်ိန္ကို ေက်ာ္ေနၿပီ။ အဲဒီတုံးက ပဲခူးငလ်င္နဲ႔အတူ မတိမ္းမယိမ္း ခတၱမတၱဴ မွာ လႈပ္ခဲ့တယ္။ အခုဒီႏွစ္ပိုင္းေတြအတြင္းမွာ နီေပါက ငလ်င္ႀကီး ျပန္လႈပ္ခဲ့တယ္။ ပဲခူးကေတာ့ ခုထိ မလႈပ္ေသးဘူး။အဲဒီဘက္ျခမ္းေတြလႈပ္ရင္ ပမာဏ ခပ္ႀကီးႀကီးေတြလာႏိုင္လို႔ ရန္ကုန္အေနနဲ႔ေတာ့ သတိျပဳဖို႔လိုတယ္။အခုလႈပ္သြားတဲ့ငလ်င္က ပမာဏ ေသးေပမယ့္ ဗဟိုခ်က္က နီးလို႔ အခုလို သိသိသာသာခံစားရတာ။ လူထုၾကားမွာ ဒီရက္ပိုင္းလႈပ္သြားတဲ့ ငလ်င္ေၾကာင့္ သတိထားမိသြားတာ ပိုေကာင္းပါတယ္''လို႔ ဦးေစာေထြးေဇာ္ကေျပာပါ တယ္။

ဒါ့အျပင္ ရန္ကုန္တိုင္းအတြင္းရွိ တည္ေဆာက္ထားတဲ့အေဆာက္အအုံအမ်ားစုမွာ ငလ်င္ဒဏ္ခံႏိုင္ရည္ကို ထည့္သြင္းတည္ေဆာက္ထားတာမ်ိဳးမရွိဘဲ၊ ၈ထပ္နဲ႔အထက္၊ ၁၂ ထပ္နဲ႔အထက္ အေဆာက္အဦေတြ မွာသာ ငလ်င္ဒဏ္ခံႏိုင္ရည္ကို ထည့္သြင္းတည္ေဆာက္ဖို႔ ၫြန္ၾကားေလ့ရွိတယ္လို႔လည္း ရန္ကုန္တိုင္း အထပ္ျမင့္ေကာ္မတီမွာ တာဝန္ယူေဆာက္႐ြက္ခဲ့ဖူးသူလည္းျဖစ္တဲ့ ဦးေစာေထြးေဇာ္ကေျပာျပပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
နိုဝင်ဘာ ၁၂ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် တာမွေမှာ အထပ်မြင့်တိုက် ငါးလုံး တိမ်းစောင်းခဲ့ပြီး အဲဒီထဲမှာ နှစ်လုံးက အသစ်ဖြစ်
ပမာဏကြီးတဲ့ တစ်ကျော့ပြန်ငလျင်တွေ လှုပ်ခတ်နိုင်ခြေရှိလို့ သတိပြုဖို့လို

ရန်ကုန်တိုင်းအတွင်းနေထိုင်သူတွေအနေနဲ့ တစ်ကျော့ပြန်ငလျင်ကြီးတွေရဲ့အန္တရာယ်ကို သတိပြုနေထိုင်ဖို့ လိုအပ်တယ်လို့ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်ကဘီဘီစီကိုပြောပါတယ်။

ငလျင်ပညာရှင်တွေရဲ့တိုင်းတာတွက်ချက်မှုတွေအရ ငလျင်ကြီးတွေဟာ လွန်ခဲ့တဲ့ နှစ် ပေါင်း ၈၀ကျော်၊ ၁၀၀ ဝန်းကျင်အတွင်းမှာ လှုပ်ခတ်ခဲ့ပြီးနောက် တစ်ကျော့ပြန်လည်လှုပ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။

ငလျင်ဆိုင်ရာမှတ်တမ်းတွေအရ ၁၈၃၀ခုနှစ်မှာစစ်ကိုင်းပြတ်ရွေ့ကြောင့် ပဲခူးမှာ ငလျင်အကြီးကြီးလှုပ်ပြီး နောက် နှစ်၁၀၀ တိတိပြည့်တဲ့အချိန်၁၉၃၀ခုနှစ်မှာပဲ ပဲခူး ရွှေမော်ဓော စေတီကြီး စိန်ဖူးတော်မြေခတဲ့ ငလျင်ကြီးထပ်လှုပ်ခဲ့ပါတယ်။

ခုဆို ဒီပြတ်ရွေ့မှာ ငလျင်ကြီး မလှုပ်တာဟာ၁၉၃၀ ၈၉ နှစ်အထိကြာခဲ့ပြီဖြစ်ပါတယ်။

'' စစ်ကိုင်းပြတ်ရွေ့ကလှုပ်တဲ့ငလျင်တွေဆိုရင် ပမာဏကြီးကြီးတွေလာဖို့ရှိတယ်။ ဥပမာ ပဲခူးငလျင်ဆိုရင် တွက်ချက်ထားတာ တကျော့ပြန်လှုပ်ရမယ့်အချိန်ကို ကျော်နေပြီ။ အဲဒီတုံးက ပဲခူးငလျင်နဲ့အတူ မတိမ်းမယိမ်း ခတ္တမတ္တူ မှာ လှုပ်ခဲ့တယ်။ အခုဒီနှစ်ပိုင်းတွေအတွင်းမှာ နီပေါက ငလျင်ကြီး ပြန်လှုပ်ခဲ့တယ်။ ပဲခူးကတော့ ခုထိ မလှုပ်သေးဘူး။အဲဒီဘက်ခြမ်းတွေလှုပ်ရင် ပမာဏ ခပ်ကြီးကြီးတွေလာနိုင်လို့ ရန်ကုန်အနေနဲ့တော့ သတိပြုဖို့လိုတယ်။အခုလှုပ်သွားတဲ့ငလျင်က ပမာဏ သေးပေမယ့် ဗဟိုချက်က နီးလို့ အခုလို သိသိသာသာခံစားရတာ။ လူထုကြားမှာ ဒီရက်ပိုင်းလှုပ်သွားတဲ့ ငလျင်ကြောင့် သတိထားမိသွားတာ ပိုကောင်းပါတယ်''လို့ ဦးစောထွေးဇော်ကပြောပါ တယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းရှိ တည်ဆောက်ထားတဲ့အဆောက်အအုံအများစုမှာ ငလျင်ဒဏ်ခံနိုင်ရည်ကို ထည့်သွင်းတည်ဆောက်ထားတာမျိုးမရှိဘဲ၊ ၈ထပ်နဲ့အထက်၊ ၁၂ ထပ်နဲ့အထက် အဆောက်အဦတွေ မှာသာ ငလျင်ဒဏ်ခံနိုင်ရည်ကို ထည့်သွင်းတည်ဆောက်ဖို့ ညွန်ကြားလေ့ရှိတယ်လို့လည်း ရန်ကုန်တိုင်း အထပ်မြင့်ကော်မတီမှာ တာဝန်ယူဆောက်ရွက်ခဲ့ဖူးသူလည်းဖြစ်တဲ့ ဦးစောထွေးဇော်ကပြောပြပါတယ်။

BBC Burmese
https://www.bbc.com
ပမာဏႀကီးတဲ့ တစ္ေက်ာ့ျပန္ငလ်င္ေတြ လႈပ္ခတ္ႏိုင္ေျခရွိလို႔ သတိျပဳဖို႔လို ပမာဏႀကီးတဲ့ တစ္ေက်ာ့ျပန္ငလ်င္ေတြ လႈပ္ခတ္ႏိုင္ေျခရွိလို႔ သတိျပဳဖို႔လို Reviewed by THITHTOOLWIN on 05:49 Rating: 5
Powered by Blogger.