ငါးဖမ္းလုပ္ငန္းအႏိုင္က်င့္မႈ ဆင္းရဲမြဲေတမႈနဲ႔ ဆက္စပ္ေန

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ အစင္ေက်း႐ြာအနီးက က်ားေဖာင္ေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ကမ္းနီး ပုဇြန္၊ ငါးဖမ္းလုပ္ငန္းက အလုပ္သမားေတြ အႏိုင္က်င့္ခံေနရတာဟာ ဆင္းရဲမြဲေတမႈနဲ႔ ဆက္စပ္ေနၿပီး အေသးစိတ္အေျခအေနေတြကို သိႏိုင္ဖို႔ က်ားေဖာင္ လုပ္ငန္းအမ်ားစုရွိရာ ဧရာဝတီတိုင္း ေဒသႀကီး၊ ဖ်ာပုံၿမိဳ႕နယ္အတြင္း ကြင္းဆင္းစစ္ေဆး သြားမယ္လို႔ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္ေရး ေကာ္မရွင္က ေျပာပါတယ္။

က်ားေဖာင္လုပ္သားေတြ လူ႔အခြင့္ေရးခ်ိဳးေဖာက္ခံရမႈအေျခအေနေတြ သိႏိုင္ဖို႔ အစိုးရဌာနဆိုင္ရာေတြျဖစ္တဲ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူကုန္ကူးမႈတိုက္ဖ်က္ေရးဦးစီးဌာနက တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေမးျမန္းမွာျဖစ္သလို က်ားေဖာင္လုပ္ငန္းလုပ္ကိုင္ရာ ေက်း႐ြာေတြကို သြားေရာက္ ေမးျမန္းစစ္ေဆးမယ္လို႔ လူ႔အခြင့္ေရးေကာ္မရွင္၊ အဖြဲ႕ဝင္ ဦးယုလြင္ေအာင္က ေျပာပါတယ္။

ဆင္းရဲမြဲေတမႈေတြေၾကာင့္ က်ားေဖာင္ငါးဖမ္းလုပ္ငန္းေတြမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈေတြ ရွိလာတာလို႔ ဦးယုလြင္ေအာင္က ေျပာပါတယ္။

“ကာကြယ္တားဆီးရမယ့္ အလုပ္ကေတာ့ ကာကြယ္တာဆီးရမယ့္အလုပ္ေပါ့။ ဒါေတြက ျဖစ္ေနတယ္ဆိုတာ ၾကားလည္းၾကားတယ္။ ေျပာရလို႔ရွိရင္ ဆင္းရဲမြဲေတမႈကေန စတာေပါ့ေနာ္။ လုပ္စရာ ကိုင္စရာမရွိ။ အလုပ္အကိုင္ကလို၊ ေငြကလည္းလို ဆိုတဲ့လူကို ဆြဲစိၿပီး က်ားေဖာင္ေပၚ တင္ေပးလိုက္တာေပါ့။ တင္ေပးလိုက္တဲ့အခါက်ေတာ့ အလုပ္အကိုင္ကလည္း လူသူမျမင္ရတဲ့ေနရာမွာဆိုေတာ့ ခိုင္းတဲ့သူကလည္း လူသူမျမင္ရတဲ့ေနရာမွာ ခိုင္းမရတဲ့အခါမွာ ရက္ရက္စက္စက္ လုပ္ရင္း လုပ္ရင္းကေန လက္ေတြ ယဥ္ၿပီးေတာ့ ျဖစ္သြားတယ္လို႔ ယူဆရတာေပါ့။”

စစ္ေဆးခ်က္နဲ႔ ေလ့လာေတြရွိခ်က္ေတြေပၚ အေျခခံၿပီး အလုပ္ရွင္နဲ႔ အလုပ္သမားေတြအေပၚ ပညာေပးမႈေတြ ဆက္လက္ လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ သူကေျပာပါတယ္။

ဖ်ာပုံၿမိဳ႕နယ္ကို ေကာ္မရွင္အဖြဲ႕ဝင္ ေဒါက္တာ ျမင့္ၾကည္  ဦးေဆာင္တဲ့ အဖြဲ႕က ဒီဇင္ဘာလ ၂ ရက္ေန႔ကေန ၄ ရက္ေန႔အထိ ၃ ရက္ၾကာ သြားေရာက္မယ္လို႔ သိရပါတယ္။

ေကာ္မရွင္ဥပေဒမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ေနၿပီး စနစ္တစ္ခုအျဖစ္ကို ဦးတည္ေနမယ္ဆိုရင္ ကြင္းဆင္းစစ္ေဆးရမယ္လို႔ သတ္မွတ္ထားပါတယ္။

က်ားေဖာင္လုပ္ငန္းထဲ ေရာင္းစားခံလိုက္ရတဲ့ ဒဂုံတကၠသိုလ္၊ စတုတၳႏွစ္ ေက်ာင္းသားတစ္ဦး ႏွိပ္စက္ ညႇဥ္းပန္းခံရမႈ အခုရက္ပိုင္းအတြင္း ေပၚထြက္လာခဲ့ၿပီးေနာက္ ေကာ္မရွင္က ကြင္းဆင္းစစ္ေဆးဖို႔ ဆုံးျဖတ္ခဲ့တာပါ။

စတုတၳႏွစ္ ဒဂုံတကၠသိုလ္ေက်ာင္းသား က်ားေဖာင္ေပၚမွာ ေရာင္းစားခံရတဲ့အမႈနဲ႔ ပတ္သက္ၿပီး သံသယတရားခံ  ခုႏွစ္ဦးထဲက ႏွစ္ဦးကို ဖမ္းဆီးထားၿပီး ရန္ကုန္၊ ေက်ာက္တံတားရဲ စခန္းမွာ အမႈဖြင့္ထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံက သိရပါတယ္။

က်န္ ငါးဦးကို ဖမ္းဆီးႏိုင္ေရး သက္ဆိုင္ရာ နယ္ေျမရဲစခန္းေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

ေဖာင္ေတြေပၚမွာ လူမိုက္ဆန္ဆန္ အုပ္ခ်ဳပ္မႈေတြ မျဖစ္ေအာင္ အလုပ္ရွင္ေတြကလည္း ႀကီးၾကပ္ကြပ္ကဲဖို႔ လိုအပ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ဒုရဲမႉးႀကီး ခင္ေမာင္ႂကြယ္က ေျပာပါတယ္။

“ပင္လယ္ထဲမွာ ေဘးပတ္ဝန္းက်င္လည္းမရွိ၊ တိုင္ရေတာရမယ့္ ႐ုံးေတြ ဌာနဆိုင္ရာေတြလည္း မရွိတဲ့ အခါက်ေတာ့ အႏိုင္က်င့္ၿပီး ခိုင္းေစတာေတြ ရွိႏိုင္တာေပါ့။ ေရေပၚမွာက်ေတာ့ တရားဥပေဒစိုးမိုးမႈ နည္းနည္း အလွမ္းေဝးတာလည္း ရွိႏိုင္တယ္။ လူမိုက္ဆန္ဆန္ အုပ္ခ်ဳပ္တာေတြလည္း ရွိႏိုင္တယ္။ ခိုင္းလိုမရတဲ့ဟာေတြက်ေတာ့ နည္းနည္း အႏိုင္က်င့္ၿပီး ခိုင္းတာရွိမယ္။ ကာယကံရွင္ကလည္း မလုပ္ႏိုင္တာရွိမယ္။ ေဖာင္ဆိုတာက သေဘၤာလည္းမဟုတ္ဘူး။ ဝါးေဖာင္ႀကီးနဲ႔ အဲေပၚမွာပဲ အိပ္ရတယ္။ အဲေပၚမွာပဲ ပိုက္ဆြဲတာလုပ္ရတယ္။ ဒီဟာေတြ ႀကီးၾကပ္ကြပ္ကဲဖို႔ကေတာ့ ဒါ လုပ္ငန္းပိုင္ရွင္ေတြမွာလည္း အထိုက္အေလွ်ာက္ေတာ့ တာဝန္ရွိမွာေပါ့။ အလုပ္ခ်ိန္ေတြဘာေတြ သတ္မွတ္မယ္။ ဒါေတြ ဥပေဒအရ ျဖစ္သြားပါလိမ့္မယ္။”

က်ားေဖာင္လုပ္ငန္းဟာ ဧရာဝတီတိုင္းေဒသႀကီး  ဖ်ာပုံနဲ႔ ေဒးဒရဲၿမိဳ႕နယ္ေတြမွာ အမ်ားဆုံးျဖစ္ၿပီး မြန္ျပည္နယ္၊ ေရးနဲ႔ သံျဖဴဇရပ္ၿမိဳ႕နယ္ က်ိက္ခမီၿမိဳ႕ေတြမွာ လုပ္ကိုင္မႈ အမ်ားဆုံးျဖစ္ပါတယ္။

က်ားေဖာင္လို႔ေခၚတဲ့ ဝါးေတြနဲ႔ေဖာင္လုပ္ၿပီး ႐ိုးရာနည္းအရ ငါးဖမ္းမႈေတြကို ေအာက္တိုဘာလကေန ဧၿပီလအထိ ခုႏွစ္လတာ လုပ္ၾကတာျဖစ္ပါတယ္။

လုပ္ငန္းသေဘာအရ ခက္ခဲၾကမ္းတမ္းတာေၾကာင့္ လုပ္သား ရွားပါးလာၿပီး ေနာက္ဆက္တြဲအေနနဲ႔ ပြဲစားေတြကတဆင့္ လုပ္သားရွာေဖြလာရတာပါ။

က်ားေဖာင္လုပ္ငန္းက ရလာတဲ့ ကုန္ၾကမ္းကို ပုဇြန္ေျခာက္၊ မွ်င္ငပိ၊ ငံျပာရည္တို႔ ထုတ္လုပ္ၿပီး ျပည္တြင္း စားသုံးမႈအျပင္ ျပည္ပကိုလည္း တင္ပို႔ပါတယ္။

ျပည္ပတင္ပို႔ခြင့္မွာ အထူးအခြင့္အေရးေတြ ရေနတဲ့ ျမန္မာႏိုင္ငံ ေရလုပ္ငန္းရွင္ေတြဟာ က်ားေဖာင္လုပ္ငန္းခြင္ နာမည္ပ်က္လာမႈေၾကာင့္ အခြင့္အေရးေတြ ျပန္႐ုပ္သိမ္းခံရမွာကို စိုးရိမ္တယ္လို႔ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္က  အေထြေထြ အတြင္းေရးမႉး ဦးဝင္းႀကိဳင္ ကေျပာပါတယ္။

“ကမာၻမွာ ျမန္မာျပည္ကို က်ားေခ်ာင္း ေခ်ာင္းေနတဲ့သူေတြ အမ်ားႀကီးရွိတယ္။ ဘယ္လိုနည္းနဲ႔ အေရးယူရမယ္ ဘယ္လိုအကြက္ေပၚရမယ္ဆိုတာ အဲဒီလိုအခ်ိတ္အဆက္ေတြ မိသြားလို႔ ရွိရင္ က်ေနာ္တို႔ တိုင္းျပည္ရဲ႕ ေရထြက္ကုန္ေတြ ျပည္ပကို တင္ပို႔ဖို႔အတြက္ အခက္အခဲေတြ အမ်ားႀကီး ေပၚသြားလိမ့္မယ္။ က်ေနာ္တို႔ ေရထြက္ကုန္နဲ႔ ပတ္သက္ၿပီးေတာ့ GSP လို႔ေခၚတဲ့ အထူးအခြင့္အေရးကို EU ကေပးတာ ၁၃.၇ ရာခိုင္ႏႈန္း၊ အေမရိကန္ဆို Tax ကို ဇီး႐ိုးခ်ေပးထားတယ္။ ေရလုပ္ငန္းထြက္ကုန္ ျမန္မာျပည္ကပို႔ခဲ့ရင္ အခြန္မေကာက္ဘူးဆိုၿပီးေတာ့ အဲ့ဒီအေၾကာင္းေၾကာင့္ ဒီဖန္တီးေပးထားတာေတြ ျပန္႐ုပ္သိမ္းခံရရင္ တိုင္းျပည္တစ္ခုလုံး နစ္နာၾကမယ္။”

ျမန္မာႏိုင္ငံမွာ လူကုန္ကူးမႈအမ်ားဆုံးျဖစ္တဲ့ကိစၥရပ္ဟာ တ႐ုတ္ႏိုင္ငံကို လက္ထပ္ထိမ္းျမားဖို႔  ေရာင္းစားခံရမႈ၊ ဒုတိယအမ်ားဆုံးက ျပည္တြင္းျပည့္တန္ဆာလုပ္ငန္းျဖစ္ၿပီး၊ တတိယအမ်ားဆုံးက ေရလုပ္ငန္းေတြမွာ လုပ္သားအျဖစ္ ေရာင္းစားခံရမႈေတြျဖစ္တယ္လို႔ လူကုန္ကူး ရဲတပ္ဖြဲ႕ထံက သိရပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ငါးဖမ်းလုပ်ငန်းအနိုင်ကျင့်မှု ဆင်းရဲမွဲတေမှုနဲ့ ဆက်စပ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာအနီးက ကျားဖောင်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - ကျော်လွင်ဦး/ RFA

ကမ်းနီး ပုဇွန်၊ ငါးဖမ်းလုပ်ငန်းက အလုပ်သမားတွေ အနိုင်ကျင့်ခံနေရတာဟာ ဆင်းရဲမွဲတေမှုနဲ့ ဆက်စပ်နေပြီး အသေးစိတ်အခြေအနေတွေကို သိနိုင်ဖို့ ကျားဖောင် လုပ်ငန်းအများစုရှိရာ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး သွားမယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်က ပြောပါတယ်။

ကျားဖောင်လုပ်သားတွေ လူ့အခွင့်ရေးချိုးဖောက်ခံရမှုအခြေအနေတွေ သိနိုင်ဖို့ အစိုးရဌာနဆိုင်ရာတွေဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းမှာဖြစ်သလို ကျားဖောင်လုပ်ငန်းလုပ်ကိုင်ရာ ကျေးရွာတွေကို သွားရောက် မေးမြန်းစစ်ဆေးမယ်လို့ လူ့အခွင့်ရေးကော်မရှင်၊ အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

ဆင်းရဲမွဲတေမှုတွေကြောင့် ကျားဖောင်ငါးဖမ်းလုပ်ငန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိလာတာလို့ ဦးယုလွင်အောင်က ပြောပါတယ်။

“ကာကွယ်တားဆီးရမယ့် အလုပ်ကတော့ ကာကွယ်တာဆီးရမယ့်အလုပ်ပေါ့။ ဒါတွေက ဖြစ်နေတယ်ဆိုတာ ကြားလည်းကြားတယ်။ ပြောရလို့ရှိရင် ဆင်းရဲမွဲတေမှုကနေ စတာပေါ့နော်။ လုပ်စရာ ကိုင်စရာမရှိ။ အလုပ်အကိုင်ကလို၊ ငွေကလည်းလို ဆိုတဲ့လူကို ဆွဲစိပြီး ကျားဖောင်ပေါ် တင်ပေးလိုက်တာပေါ့။ တင်ပေးလိုက်တဲ့အခါကျတော့ အလုပ်အကိုင်ကလည်း လူသူမမြင်ရတဲ့နေရာမှာဆိုတော့ ခိုင်းတဲ့သူကလည်း လူသူမမြင်ရတဲ့နေရာမှာ ခိုင်းမရတဲ့အခါမှာ ရက်ရက်စက်စက် လုပ်ရင်း လုပ်ရင်းကနေ လက်တွေ ယဉ်ပြီးတော့ ဖြစ်သွားတယ်လို့ ယူဆရတာပေါ့။”

စစ်ဆေးချက်နဲ့ လေ့လာတွေရှိချက်တွေပေါ် အခြေခံပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေအပေါ် ပညာပေးမှုတွေ ဆက်လက် လုပ်ဆောင်ရမှာဖြစ်တယ်လို့ သူကပြောပါတယ်။

ဖျာပုံမြို့နယ်ကို ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်ကြည်  ဦးဆောင်တဲ့ အဖွဲ့က ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာ သွားရောက်မယ်လို့ သိရပါတယ်။

ကော်မရှင်ဥပဒေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး စနစ်တစ်ခုအဖြစ်ကို ဦးတည်နေမယ်ဆိုရင် ကွင်းဆင်းစစ်ဆေးရမယ်လို့ သတ်မှတ်ထားပါတယ်။

ကျားဖောင်လုပ်ငန်းထဲ ရောင်းစားခံလိုက်ရတဲ့ ဒဂုံတက္ကသိုလ်၊ စတုတ္ထနှစ် ကျောင်းသားတစ်ဦး နှိပ်စက် ညှဉ်းပန်းခံရမှု အခုရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့ပြီးနောက် ကော်မရှင်က ကွင်းဆင်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

စတုတ္ထနှစ် ဒဂုံတက္ကသိုလ်ကျောင်းသား ကျားဖောင်ပေါ်မှာ ရောင်းစားခံရတဲ့အမှုနဲ့ ပတ်သက်ပြီး သံသယတရားခံ  ခုနှစ်ဦးထဲက နှစ်ဦးကို ဖမ်းဆီးထားပြီး ရန်ကုန်၊ ကျောက်တံတားရဲ စခန်းမှာ အမှုဖွင့်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံက သိရပါတယ်။

ကျန် ငါးဦးကို ဖမ်းဆီးနိုင်ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဖောင်တွေပေါ်မှာ လူမိုက်ဆန်ဆန် အုပ်ချုပ်မှုတွေ မဖြစ်အောင် အလုပ်ရှင်တွေကလည်း ကြီးကြပ်ကွပ်ကဲဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ခင်မောင်ကြွယ်က ပြောပါတယ်။

“ပင်လယ်ထဲမှာ ဘေးပတ်ဝန်းကျင်လည်းမရှိ၊ တိုင်ရတောရမယ့် ရုံးတွေ ဌာနဆိုင်ရာတွေလည်း မရှိတဲ့ အခါကျတော့ အနိုင်ကျင့်ပြီး ခိုင်းစေတာတွေ ရှိနိုင်တာပေါ့။ ရေပေါ်မှာကျတော့ တရားဥပဒေစိုးမိုးမှု နည်းနည်း အလှမ်းဝေးတာလည်း ရှိနိုင်တယ်။ လူမိုက်ဆန်ဆန် အုပ်ချုပ်တာတွေလည်း ရှိနိုင်တယ်။ ခိုင်းလိုမရတဲ့ဟာတွေကျတော့ နည်းနည်း အနိုင်ကျင့်ပြီး ခိုင်းတာရှိမယ်။ ကာယကံရှင်ကလည်း မလုပ်နိုင်တာရှိမယ်။ ဖောင်ဆိုတာက သင်္ဘောလည်းမဟုတ်ဘူး။ ဝါးဖောင်ကြီးနဲ့ အဲပေါ်မှာပဲ အိပ်ရတယ်။ အဲပေါ်မှာပဲ ပိုက်ဆွဲတာလုပ်ရတယ်။ ဒီဟာတွေ ကြီးကြပ်ကွပ်ကဲဖို့ကတော့ ဒါ လုပ်ငန်းပိုင်ရှင်တွေမှာလည်း အထိုက်အလျှောက်တော့ တာဝန်ရှိမှာပေါ့။ အလုပ်ချိန်တွေဘာတွေ သတ်မှတ်မယ်။ ဒါတွေ ဥပဒေအရ ဖြစ်သွားပါလိမ့်မယ်။”

ကျားဖောင်လုပ်ငန်းဟာ ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တွေမှာ အများဆုံးဖြစ်ပြီး မွန်ပြည်နယ်၊ ရေးနဲ့ သံဖြူဇရပ်မြို့နယ် ကျိက်ခမီမြို့တွေမှာ လုပ်ကိုင်မှု အများဆုံးဖြစ်ပါတယ်။

ကျားဖောင်လို့ခေါ်တဲ့ ဝါးတွေနဲ့ဖောင်လုပ်ပြီး ရိုးရာနည်းအရ ငါးဖမ်းမှုတွေကို အောက်တိုဘာလကနေ ဧပြီလအထိ ခုနှစ်လတာ လုပ်ကြတာဖြစ်ပါတယ်။

လုပ်ငန်းသဘောအရ ခက်ခဲကြမ်းတမ်းတာကြောင့် လုပ်သား ရှားပါးလာပြီး နောက်ဆက်တွဲအနေနဲ့ ပွဲစားတွေကတဆင့် လုပ်သားရှာဖွေလာရတာပါ။

ကျားဖောင်လုပ်ငန်းက ရလာတဲ့ ကုန်ကြမ်းကို ပုဇွန်ခြောက်၊ မျှင်ငပိ၊ ငံပြာရည်တို့ ထုတ်လုပ်ပြီး ပြည်တွင်း စားသုံးမှုအပြင် ပြည်ပကိုလည်း တင်ပို့ပါတယ်။

ပြည်ပတင်ပို့ခွင့်မှာ အထူးအခွင့်အရေးတွေ ရနေတဲ့ မြန်မာနိုင်ငံ ရေလုပ်ငန်းရှင်တွေဟာ ကျားဖောင်လုပ်ငန်းခွင် နာမည်ပျက်လာမှုကြောင့် အခွင့်အရေးတွေ ပြန်ရုပ်သိမ်းခံရမှာကို စိုးရိမ်တယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ်က  အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် ကပြောပါတယ်။

“ကမ္ဘာမှာ မြန်မာပြည်ကို ကျားချောင်း ချောင်းနေတဲ့သူတွေ အများကြီးရှိတယ်။ ဘယ်လိုနည်းနဲ့ အရေးယူရမယ် ဘယ်လိုအကွက်ပေါ်ရမယ်ဆိုတာ အဲဒီလိုအချိတ်အဆက်တွေ မိသွားလို့ ရှိရင် ကျနော်တို့ တိုင်းပြည်ရဲ့ ရေထွက်ကုန်တွေ ပြည်ပကို တင်ပို့ဖို့အတွက် အခက်အခဲတွေ အများကြီး ပေါ်သွားလိမ့်မယ်။ ကျနော်တို့ ရေထွက်ကုန်နဲ့ ပတ်သက်ပြီးတော့ GSP လို့ခေါ်တဲ့ အထူးအခွင့်အရေးကို EU ကပေးတာ ၁၃.၇ ရာခိုင်နှုန်း၊ အမေရိကန်ဆို Tax ကို ဇီးရိုးချပေးထားတယ်။ ရေလုပ်ငန်းထွက်ကုန် မြန်မာပြည်ကပို့ခဲ့ရင် အခွန်မကောက်ဘူးဆိုပြီးတော့ အဲ့ဒီအကြောင်းကြောင့် ဒီဖန်တီးပေးထားတာတွေ ပြန်ရုပ်သိမ်းခံရရင် တိုင်းပြည်တစ်ခုလုံး နစ်နာကြမယ်။”

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုအများဆုံးဖြစ်တဲ့ကိစ္စရပ်ဟာ တရုတ်နိုင်ငံကို လက်ထပ်ထိမ်းမြားဖို့  ရောင်းစားခံရမှု၊ ဒုတိယအများဆုံးက ပြည်တွင်းပြည့်တန်ဆာလုပ်ငန်းဖြစ်ပြီး၊ တတိယအများဆုံးက ရေလုပ်ငန်းတွေမှာ လုပ်သားအဖြစ် ရောင်းစားခံရမှုတွေဖြစ်တယ်လို့ လူကုန်ကူး ရဲတပ်ဖွဲ့ထံက သိရပါတယ်။

RFA Burmese
https://www.rfa.org
ငါးဖမ္းလုပ္ငန္းအႏိုင္က်င့္မႈ ဆင္းရဲမြဲေတမႈနဲ႔ ဆက္စပ္ေန ငါးဖမ္းလုပ္ငန္းအႏိုင္က်င့္မႈ ဆင္းရဲမြဲေတမႈနဲ႔ ဆက္စပ္ေန Reviewed by THITHTOOLWIN on 23:21 Rating: 5
Powered by Blogger.