သိမ္းဆည္းေျမကိစၥ ရန္ကုန္တိုင္းအစိုးရ ေမးခြန္းထုတ္ခံရ

ရန္ကုန္တိုင္းေဒသႀကီးအတြင္းက ေျမယာတခ်ိဳ႕ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ဝန္ႀကီးဌာနေတြက ျပန္လည္စြန႔္လႊတ္တဲ့ေျမေတြကို ရန္ကုန္တိုင္းအစိုးရက မူလပိုင္ရွင္ေတြထံ တိုက္႐ိုက္ျပန္လည္ ေပးအပ္တာမ်ိဳးမရွိဘဲ မူလက လယ္ေျမေတြကို အျခားနည္းသုံးစြဲခြင့္ျပဳၿပီး ၂၀ ရာခိုင္ႏႈန္းကို ေတာင္သူေတြ အက်ိဳး ခံစားခြင့္ေပးၿပီး က်န္ ၈၀ ရာခိုင္ႏႈန္းကို ႏိုင္ငံေတာ္စီမံကိန္းအသုံးျပဳရန္ေျမအျဖစ္ ေဆာင္႐ြက္ေနတာေတြ ရွိေနတယ္လို႔ မင္းကင္းမဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ျမင့္က ဒီေန႔ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေျပာခဲ့ပါတယ္။

မဂၤလာဒုံၿမိဳ႕နယ္အတြင္းမွာရွိတဲ့ စမ္းႀကီး၀နဲ႔ ေထာက္ႀကံ့ကြင္းမွာ တပ္မေတာ္က ျပန္လည္စြန႔္လႊတ္ေပးထားတဲ့ ေျမဧက တစ္ေထာင္ေက်ာ္ကို သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရလက္ထက္မွာ တခ်ိဳ႕ကို  ျပန္ေပးအပ္ခဲ့ေပမယ့္ က်န္ေနတဲ့ ဧက ၆၀၀ ေက်ာ္ကို မူလပိုင္ရွင္ေတြဆီ ျပန္မေပးဘဲ ရန္ကုန္တိုင္းအစိုးရက စီမံကိန္းေျမအျဖစ္ ေဆာင္႐ြက္ေနတဲ့အေပၚ ေမးခြန္းထုတ္ခဲ့တာပါ။

ဦးေမာင္ျမင့္ရဲ႕ ေမးခြန္းအေပၚမွာ ျပည္ေထာင္စုအစိုးရအဖြဲ႕က ဒုတိယဝန္ႀကီး ဦးတင္ျမင့္က ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ကို  လက္ရွိ အေကာင္အထည္ေဖာ္မယ့္ စီမံကိန္းေတြအတြက္ ထပ္မံ သိမ္းဆည္းမယ့္ေျမေတြကိုသာ ေတာင္သူ ၂၀ ၊ ႏိုင္ငံေတာ္က ၈၀ ရာခိုင္ႏႈန္းနဲ႔ ခြင့္ျပဳထားတာသာျဖစ္ၿပီး အဲလို ေဆာင္႐ြက္ရာမွာလည္း ေတာင္သူေတြ သေဘာတူမွသာ ေဆာင္႐ြက္ဖို႔နဲ႔ အရင္က သိမ္းဆည္းထားတဲ့ ေျမေတြကို ခြင့္ျပဳထားခဲ့တာမ်ိဳး မရွိေၾကာင္း ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီမံကိန္းေတြ ေဆာင္႐ြက္ဖို႔အတြက္ တြံေတးၿမိဳ႕နယ္မွာ  ဧက ၁၈၀၀၀ ေက်ာ္၊ တြံေတးကားလမ္းေဘးမွာ ဧက ၃ ေထာင္ေက်ာ္၊ လွည္းကူးၿမိဳ႕နယ္မွာ ဧက တစ္ေထာင္၊ ရန္ကုန္အေရွ႕ပိုင္း ဒဂုံမွာ  ဧက ၉၀၀၀ ေက်ာ္ သိမ္းဆည္းခြင့္ ျပည္ေထာင္စုအစိုးရကို ေတာင္းခံခဲ့တယ္လို႔ သိရေၾကာင္း  ေျမသိမ္းဖို႔ တင္ျပ တဲ့အခါ  ေဆာင္႐ြက္မယ့္ စီမံကိန္းေတြနဲ႔ ဒါေတြကို ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ကို တင္ျပခဲ့တာေတြ ရွိသလားလို႔  ဆက္စပ္ေမးခြန္းေမးရာမွာေတာ့ ျပည္ေထာင္စုအစိုးရအဖြဲ႕ တာဝန္ရွိသူကေျဖၾကားႏိုင္ခဲ့ျခင္း မရွိပါဘူး။

ဒါ့အျပင္ ေတာင္သူ ၂၀ ရာခိုင္ႏႈန္း၊ ႏိုင္ငံေတာ္ ၈၀ ရာခိုင္ႏႈန္းဆိုၿပီး စီမံကိန္းေျမအျဖစ္  ေဆာင္႐ြက္မွာကို မလိုက္နာရင္ လယ္ယာေျမကို အျခားနည္းအသုံးျပဳခြင့္ မရေစရဘူးလို႔ ေအာက္ေျခမွာ ၿခိမ္းေျခာက္မႈေတြ ရွိေနတာကို သမၼတ႐ုံးအေနနဲ႔ သိသလား ဦးေမာင္ျမင့္က  ေမးခြန္းထုတ္ခဲ့ပါတယ္။

မႈလပိုင္ရွင္ေတြကို ျပန္ေပးရမယ့္ လယ္ယာေျမေတြကို ရန္ကုန္တိုင္းအစိုးရအေနနဲ႔ ဘာေၾကာင့္ ျပန္မေပးႏိုင္ တာလဲနဲ႔ ဘယ္ေတာ့ျပန္ေပးမလဲ ဆိုတာ သိခ်င္ေၾကာင္း ေမးခြန္းေပၚမွာလည္း ျပည္ေထာင္စုအစိုးရအေနနဲ႔ ျပန္လည္ေျဖၾကားႏိုင္ျခင္းမရွိခဲ့ပါဘူး။

မဂၤလာဒုံ မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လႈိင္ဝင္းကေတာ့ ရန္ကုန္တိုင္းအစိုးရအေနနဲ႔  ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး လက္ေတြ႕ေျမျပင္မွာ အစည္းအေဝးေတြေဆာင္႐ြက္ရာမွာလည္း အာဏာကို အလြဲသုံးစားလုပ္ၿပီး ေတာင္သူေတြကို ၿခိမ္းေျခာက္သေဘာတူေစတဲ့ပုံစံေတြ ရွိေနတယ္လို႔ ေျပာပါတယ္။

ရန္ကုန္တိုင္းအစိုးရကို သမၼတ႐ုံးက ၫႊန္ၾကားရာမွာေတာ့ ေျမသိမ္းကိစၥေတြ ေဆာင္႐ြက္ရာမွာ ေျမပိုင္ရွင္ေတြရဲ႕ သေဘာတူညီခ်က္ရယူၿပီး အခုမွ  စတင္သိမ္းဆည္းတာ ဟုတ္ မဟုတ္ စိစစ္ဖို႔နဲ႔ ျပန္လည္စြန႔္လႊတ္ေပးရမည့္ ေျမေတြကို ျပန္လည္စြန႔္ လႊတ္ေပးျခင္းမရွိဘဲ ထပ္မံသိမ္းယူတာမ်ိဳးမျဖစ္ေစဖို႔ အထူးဂ႐ုစိုက္ရန္နဲ႔ သိမ္းဆည္းခံ လယ္ယာေျမေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြ နစ္နာမႈမရွိေစဖို႔ ႏိုင္ငံေတာ္ကခ်မွတ္ထားသည့္ ျပန္လည္စြန႔္လႊတ္ ရမည့္ မူဝါဒေတြနဲ႔ ညီၫႊတ္မႈရွိေစဖို႔ ၫႊန္ၾကားထားတယ္လို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဒုတိယဝန္ႀကီး ဦးတင္ျမင့္က လႊတ္ေတာ္မွာ ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကို RFA က ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အရင္ ဦးသိန္းစိန္ အစိုးရလက္ထက္နဲ႔ အခုအစိုးရလက္ထက္ကာလ ႏွစ္ခုအတြင္း ဝန္ႀကီးဌာနေတြက  ျပန္လည္စြန႔္လႊတ္ေျမ ဧက  ၅၂၀၀၀ေက်ာ္ ရွိခဲ့ၿပီး စိုက္ပ်ိဳးေျမအျဖစ္ လႊဲေျပာင္းေပးအပ္သည့္ေျမ ဧက ၂ သိန္း ၆ ေသာင္းေက်ာ္နဲ႔  စိုက္ပ်ိဳးေျမမဟုတ္သည့္ မူလပိုင္ရွင္ေတြကို လႊဲေျပာင္းေပးတဲ့ ဧက ၂ သိန္း ၄ ေသာင္းေက်္ာ လႊဲေျပာင္းေပးခဲ့သလို လႊဲေျပာင္းေပးရန္စိစစ္ဆဲေျမဧက ၁၇၀၀၀ ေက်ာ္ရွိတယ္လို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးက စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
သိမ်းဆည်းမြေကိစ္စ ရန်ကုန်တိုင်းအစိုးရ မေးခွန်းထုတ်ခံရ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြေယာတချို့ကို တွေ့ရစဉ်
Photo: RFA
ဝန်ကြီးဌာနတွေက ပြန်လည်စွန့်လွှတ်တဲ့မြေတွေကို ရန်ကုန်တိုင်းအစိုးရက မူလပိုင်ရှင်တွေထံ တိုက်ရိုက်ပြန်လည် ပေးအပ်တာမျိုးမရှိဘဲ မူလက လယ်မြေတွေကို အခြားနည်းသုံးစွဲခွင့်ပြုပြီး ၂၀ ရာခိုင်နှုန်းကို တောင်သူတွေ အကျိုး ခံစားခွင့်ပေးပြီး ကျန် ၈၀ ရာခိုင်နှုန်းကို နိုင်ငံတော်စီမံကိန်းအသုံးပြုရန်မြေအဖြစ် ဆောင်ရွက်နေတာတွေ ရှိနေတယ်လို့ မင်းကင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ စမ်းကြီးဝနဲ့ ထောက်ကြံ့ကွင်းမှာ တပ်မတော်က ပြန်လည်စွန့်လွှတ်ပေးထားတဲ့ မြေဧက တစ်ထောင်ကျော်ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ တချို့ကို  ပြန်ပေးအပ်ခဲ့ပေမယ့် ကျန်နေတဲ့ ဧက ၆၀၀ ကျော်ကို မူလပိုင်ရှင်တွေဆီ ပြန်မပေးဘဲ ရန်ကုန်တိုင်းအစိုးရက စီမံကိန်းမြေအဖြစ် ဆောင်ရွက်နေတဲ့အပေါ် မေးခွန်းထုတ်ခဲ့တာပါ။

ဦးမောင်မြင့်ရဲ့ မေးခွန်းအပေါ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ဒုတိယဝန်ကြီး ဦးတင်မြင့်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို  လက်ရှိ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် ထပ်မံ သိမ်းဆည်းမယ့်မြေတွေကိုသာ တောင်သူ ၂၀ ၊ နိုင်ငံတော်က ၈၀ ရာခိုင်နှုန်းနဲ့ ခွင့်ပြုထားတာသာဖြစ်ပြီး အဲလို ဆောင်ရွက်ရာမှာလည်း တောင်သူတွေ သဘောတူမှသာ ဆောင်ရွက်ဖို့နဲ့ အရင်က သိမ်းဆည်းထားတဲ့ မြေတွေကို ခွင့်ပြုထားခဲ့တာမျိုး မရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက် တွံတေးမြို့နယ်မှာ  ဧက ၁၈၀၀၀ ကျော်၊ တွံတေးကားလမ်းဘေးမှာ ဧက ၃ ထောင်ကျော်၊ လှည်းကူးမြို့နယ်မှာ ဧက တစ်ထောင်၊ ရန်ကုန်အရှေ့ပိုင်း ဒဂုံမှာ  ဧက ၉၀၀၀ ကျော် သိမ်းဆည်းခွင့် ပြည်ထောင်စုအစိုးရကို တောင်းခံခဲ့တယ်လို့ သိရကြောင်း  မြေသိမ်းဖို့ တင်ပြ တဲ့အခါ  ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ဒါတွေကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြခဲ့တာတွေ ရှိသလားလို့  ဆက်စပ်မေးခွန်းမေးရာမှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူကဖြေကြားနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် တောင်သူ ၂၀ ရာခိုင်နှုန်း၊ နိုင်ငံတော် ၈၀ ရာခိုင်နှုန်းဆိုပြီး စီမံကိန်းမြေအဖြစ်  ဆောင်ရွက်မှာကို မလိုက်နာရင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် မရစေရဘူးလို့ အောက်ခြေမှာ ခြိမ်းခြောက်မှုတွေ ရှိနေတာကို သမ္မတရုံးအနေနဲ့ သိသလား ဦးမောင်မြင့်က  မေးခွန်းထုတ်ခဲ့ပါတယ်။

မှုလပိုင်ရှင်တွေကို ပြန်ပေးရမယ့် လယ်ယာမြေတွေကို ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဘာကြောင့် ပြန်မပေးနိုင် တာလဲနဲ့ ဘယ်တော့ပြန်ပေးမလဲ ဆိုတာ သိချင်ကြောင်း မေးခွန်းပေါ်မှာလည်း ပြည်ထောင်စုအစိုးရအနေနဲ့ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိခဲ့ပါဘူး။

မင်္ဂလာဒုံ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကတော့ ရန်ကုန်တိုင်းအစိုးရအနေနဲ့  ဒီကိစ္စတွေနဲ့ပတ်သက်ပြီး လက်တွေ့မြေပြင်မှာ အစည်းအဝေးတွေဆောင်ရွက်ရာမှာလည်း အာဏာကို အလွဲသုံးစားလုပ်ပြီး တောင်သူတွေကို ခြိမ်းခြောက်သဘောတူစေတဲ့ပုံစံတွေ ရှိနေတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရကို သမ္မတရုံးက ညွှန်ကြားရာမှာတော့ မြေသိမ်းကိစ္စတွေ ဆောင်ရွက်ရာမှာ မြေပိုင်ရှင်တွေရဲ့ သဘောတူညီချက်ရယူပြီး အခုမှ  စတင်သိမ်းဆည်းတာ ဟုတ် မဟုတ် စိစစ်ဖို့နဲ့ ပြန်လည်စွန့်လွှတ်ပေးရမည့် မြေတွေကို ပြန်လည်စွန့် လွှတ်ပေးခြင်းမရှိဘဲ ထပ်မံသိမ်းယူတာမျိုးမဖြစ်စေဖို့ အထူးဂရုစိုက်ရန်နဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ နစ်နာမှုမရှိစေဖို့ နိုင်ငံတော်ကချမှတ်ထားသည့် ပြန်လည်စွန့်လွှတ် ရမည့် မူဝါဒတွေနဲ့ ညီညွှတ်မှုရှိစေဖို့ ညွှန်ကြားထားတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က လွှတ်တော်မှာ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အရင် ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက်ကာလ နှစ်ခုအတွင်း ဝန်ကြီးဌာနတွေက  ပြန်လည်စွန့်လွှတ်မြေ ဧက  ၅၂၀၀၀ကျော် ရှိခဲ့ပြီး စိုက်ပျိုးမြေအဖြစ် လွှဲပြောင်းပေးအပ်သည့်မြေ ဧက ၂ သိန်း ၆ သောင်းကျော်နဲ့  စိုက်ပျိုးမြေမဟုတ်သည့် မူလပိုင်ရှင်တွေကို လွှဲပြောင်းပေးတဲ့ ဧက ၂ သိန်း ၄ သောင်းကျေ်ာ လွှဲပြောင်းပေးခဲ့သလို လွှဲပြောင်းပေးရန်စိစစ်ဆဲမြေဧက ၁၇၀၀၀ ကျော်ရှိတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
သိမ္းဆည္းေျမကိစၥ ရန္ကုန္တိုင္းအစိုးရ ေမးခြန္းထုတ္ခံရ သိမ္းဆည္းေျမကိစၥ ရန္ကုန္တိုင္းအစိုးရ ေမးခြန္းထုတ္ခံရ Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.