ခရီးသည္တင္အျမန္ယာဥ္နဲ႔ ဆိုင္ကယ္တိုက္မိလို႔ ဆရာဝန္တစ္ဦးေသဆုံး


(Zawgyi)⤵⤵⤵
ဇီးကုန္း ႏိုဝင္ဘာ ၁၁-၂၀၁၉

ပဲခူးတိုင္း သာယာဝတီ ခ႐ိုင္ဇီးကုန္းၿမိဳ႕နယ္ ရန္ကုန္-ျပည္ကားလမ္းမွာ ဒီေန႔မနက္ ၃နာရီဝန္းက်င္အခ်ိန္က ခရီးသည္တင္အျမန္ယာဥ္ႏွင့္ ဆိုင္ကယ္ တိုက္မိၿပီးျပင္ပဆရာဝန္တစ္ဦးေသဆုံးသြားတယ္လို႔ ဇီးကုန္းၿမိဳ႕မရဲစခန္းကသိရပါတယ္။

ရန္ကုန္-ျပည္ကားလမ္း မိုင္တိုင္အမွတ္ (၁၂၉/၁နဲ႔၁၂၉/၃)ၾကားမွာ ရန္ကုန္ကေန ျပည္ဘက္ကို အသက္(၃၅)ႏွစ္ရွိ ထြန္းဝင္းႏိုင္ေမာင္းႏွင္လာေသာ ASIA express ေအာင္လံခရီးသည္တင္ယာဥ္နဲ႔လားရာတူ ေရွ႕မွေမာင္းႏွင္ေနတဲ့ ျပည္ၿမိဳ႕ေက်ာင္းႀကီးအိုးရပ္ကြက္ ကမ္းနားလမ္းေနအသက္(၃၄)ႏွစ္ရွိ ျပင္ပဆရာဝန္စိုးမိုးေက်ာ္ေမာင္းႏွင္ၿပီး
ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္ေန အသက္(၂၃)ႏွစ္ရွိသူနာျပဳဆရာမ မၾကဴၾကဴဝင္း စီးနင္းလာတဲ့ CZI 125 အနက္ေရာင္ဆိုင္ကယ္ကို ေနာက္ကေန ဝင္တိုက္တာလို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားပါတယ္။

‟က်ေနာ္တို႔ေတြ႕ေတာ့ ႏွစ္ေယာက္စလုံး ဒဏ္ရာေတြနဲ႔ပါလူနာတင္ယာဥ္ကို ဖုန္းဆက္မရလို႔ ၿမိဳ႕ထဲက တုတ္တုတ္သုံးဘီးနဲ႔ေဆး႐ုံပို႔ေပးခဲ့ပါတယ္အမ်ိဳးသားဆရာဝန္ကေတာ့ေဆး႐ုံေရာက္ၿပီး တစ္နာရီေလာက္မွာေသဆုံးသြားပါတယ္လို႔” ကူညီေဆာင္႐ြက္ေပးတဲ့ ကိုသက္ခိုင္ထြန္းကေျပာပါတယ္။

ယာဥ္တိုက္မႈ ေၾကာင့္ ျပင္ပဆရာဝန္ မွာ ဦးေခါင္းေနာက္ေစ့ေပါက္ၿပဲဒဏ္ရာနဲ႔ေသဆုံးၿပီးျပင္ပသူနာျပဳဆရာမမွာ လက္ ေျခေထာက္ နာက်င္ဒဏ္ရာေတြနဲ႔ ဇီးကုန္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွာေဆးကုသခံယူေနရပါတယ္။

အဲဒီယာဥ္တိုက္မႈကို ဒုရဲအုပ္ လႈိင္မင္းမွတရားလိုျပဳလုပ္ၿပီး ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ ထြန္းဝင္းႏိုင္အားယာဥ္(ပ)၄၅/၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၃၇/၃၀၄-က နဲ႔အမႈဖြင့္ဖမ္းဆီးထားတယ္လို႔ဇီးကုန္းၿမိဳ႕မရဲစခန္းကသိရပါတယ္။

‟ညကတိုက္တဲ့ယာဥ္တိုက္မႈမွာ ျပင္ပဆရာဝန္ကေတာ့ေသဆုံးသြားပါတယ္ တိုက္တဲ့ယာဥ္ေမာင္းကို ဖမ္းဆီးထားပါၿပီလို႔”ဇီးကုန္းၿမိဳ႕မရဲစခန္း ေခတၱစခန္းမႉး ဒုရဲမႉးခင္ေမာင္ေက်ာ္က VOMကို အတည္ျပဳေျပာၾကားပါတယ္။

မိုးယံ(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------------
(Unicode)⤵⤵⤵
ခရီးသည်တင်အမြန်ယာဉ်နဲ့ ဆိုင်ကယ်တိုက်မိလို့ ဆရာဝန်တစ်ဦးသေဆုံး

ဇီးကုန်း နိုဝင်ဘာ ၁၁-၂၀၁၉

ပဲခူးတိုင်း သာယာဝတီ ခရိုင်ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းမှာ ဒီနေ့မနက် ၃နာရီဝန်းကျင်အချိန်က ခရီးသည်တင်အမြန်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိပြီးပြင်ပဆရာဝန်တစ်ဦးသေဆုံးသွားတယ်လို့ ဇီးကုန်းမြို့မရဲစခန်းကသိရပါတယ်။

ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၂၉/၁နဲ့၁၂၉/၃)ကြားမှာ ရန်ကုန်ကနေ ပြည်ဘက်ကို အသက်(၃၅)နှစ်ရှိ ထွန်းဝင်းနိုင်မောင်းနှင်လာသော ASIA express အောင်လံခရီးသည်တင်ယာဉ်နဲ့လားရာတူ ရှေ့မှမောင်းနှင်နေတဲ့ ပြည်မြို့ကျောင်းကြီးအိုးရပ်ကွက် ကမ်းနားလမ်းနေအသက်(၃၄)နှစ်ရှိ ပြင်ပဆရာဝန်စိုးမိုးကျော်မောင်းနှင်ပြီး
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နေ အသက်(၂၃)နှစ်ရှိသူနာပြုဆရာမ မကြူကြူဝင်း စီးနင်းလာတဲ့ CZI 125 အနက်ရောင်ဆိုင်ကယ်ကို နောက်ကနေ ဝင်တိုက်တာလို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

‟ကျနော်တို့တွေ့တော့ နှစ်ယောက်စလုံး ဒဏ်ရာတွေနဲ့ပါလူနာတင်ယာဉ်ကို ဖုန်းဆက်မရလို့ မြို့ထဲက တုတ်တုတ်သုံးဘီးနဲ့ဆေးရုံပို့ပေးခဲ့ပါတယ်အမျိုးသားဆရာဝန်ကတော့ဆေးရုံရောက်ပြီး တစ်နာရီလောက်မှာသေဆုံးသွားပါတယ်လို့” ကူညီဆောင်ရွက်ပေးတဲ့ ကိုသက်ခိုင်ထွန်းကပြောပါတယ်။

ယာဉ်တိုက်မှု ကြောင့် ပြင်ပဆရာဝန် မှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာနဲ့သေဆုံးပြီးပြင်ပသူနာပြုဆရာမမှာ လက် ခြေထောက် နာကျင်ဒဏ်ရာတွေနဲ့ ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံမှာဆေးကုသခံယူနေရပါတယ်။

အဲဒီယာဉ်တိုက်မှုကို ဒုရဲအုပ် လှိုင်မင်းမှတရားလိုပြုလုပ်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ထွန်းဝင်းနိုင်အားယာဉ်(ပ)၄၅/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၀၄-က နဲ့အမှုဖွင့်ဖမ်းဆီးထားတယ်လို့ဇီးကုန်းမြို့မရဲစခန်းကသိရပါတယ်။

‟ညကတိုက်တဲ့ယာဉ်တိုက်မှုမှာ ပြင်ပဆရာဝန်ကတော့သေဆုံးသွားပါတယ် တိုက်တဲ့ယာဉ်မောင်းကို ဖမ်းဆီးထားပါပြီလို့”ဇီးကုန်းမြို့မရဲစခန်း ခေတ္တစခန်းမှူး ဒုရဲမှူးခင်မောင်ကျော်က VOMကို အတည်ပြုပြောကြားပါတယ်။

မိုးယံ(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ခရီးသည္တင္အျမန္ယာဥ္နဲ႔ ဆိုင္ကယ္တိုက္မိလို႔ ဆရာဝန္တစ္ဦးေသဆုံး ခရီးသည္တင္အျမန္ယာဥ္နဲ႔ ဆိုင္ကယ္တိုက္မိလို႔ ဆရာဝန္တစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.