တပ္ကဖမ္းထားတဲ့ အိုးထိန္းဆရာေတာ္နဲ႔ အရပ္သားေတြကို ရဲတပ္ဖြံထံလႊဲေျပာင္း

 ဖမ္ဆီးခံရသူေတြ မိသားစုနဲ႔ ေတြ႕ခြင့္မရေသး
(Zawgyi)⤵⤵⤵
တပ္မေတာ္လက္ထဲမွာ သံသယရွိသူအျဖစ္ ႏွစ္လေက်ာ္ၾကာ စစ္ေၾကာခံခဲ့ရတဲ့ အိုးထိန္းေက်း႐ြာ ဆရာေတာ္နဲ႔ အုပ္ခ်ဳပ္ေရးမႉး အပါအဝင္ အရပ္သား ၅ ဦးတို႔ကို ႏိုဝင္ဘာ ၂၂ ရက္ ေသာၾကာေန႔ က ရဲတပ္ဖြဲ႕ကို လႊဲေျပာင္းေပးလိုက္ၿပီ လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

အိုးထိန္းေက်း႐ြာ ဆရာေတာ္ ဘဒၵႏၲ ဦးကဝိဓဇ၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေဝစိုးထြန္းနဲ႔ ႐ြာသားတစ္ဦးျဖစ္တဲ့ ယာဥ္ေမာင္း ဦးေမာင္သာစိန္တို႔ သုံးဦးကို စက္တင္ဘာ ၂၀ ရက္ ညေနပိုင္းမွာ ေက်း႐ြာအနီး လင္းေႁမြေတာင္ ဘုရားေတာင္ေျခရင္းကေန ကားတစ္စီး နဲ႔ အတူ တပ္မေတာ္ စစ္ေၾကာင္းတစ္ခုကေန ဖမ္းဆီးသြားတာ ျဖစ္ပါတယ္။

ဖမ္းဆီးခံလိုက္ရတဲ့ အခ်ိန္ကေန ၆၂ ရက္အၾကာထိ မိသားစုေတြနဲ႔ အဆက္အသြယ္ မရဘဲ ျဖစ္ေနခဲ့ရာက ႏိုဝင္ဘာ ၂၂ ရက္ မွာေတာ့ စစ္ေတြၿမိဳ႕မ ရဲစခန္းကို ထပ္မံ လႊဲေျပာင္းလိုက္ၿပီလို႔ မိသားစုေတြက သတင္းရခဲ့ပါတယ္။

ဒါေၾကာင့္ ႏိုဝင္ဘာ ၂၅ ရက္ မွာ မိသားစုေတြ လာေရာက္ၿပီး ေတြ႕ဆုံ ခြင့္ေတာင္းဆိုခဲ့ၾကေပမယ့္ ေတြ႕ခြင့္မရခဲ့ဘူးလို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေဝစိုးထြန္းရဲ႕ ညီမက ဘီဘီစီကို ေျပာပါတယ္။

စစ္ေတြၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ကို တပ္မေတာ္ဘက္က လႊဲေျပာင္းေပးခဲ့တဲ့ အထဲမွာ သံသယနဲ႔ ဖမ္းဆီးခံေနရတဲ့ အိုးထိန္းေက်း႐ြာ ဆရာေတာ္၊ ဆရာေတာ္နဲ႔အတူ ဖမ္းဆီးခံရသူ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး အပါအဝင္ ေနာက္ထပ္ အရပ္သား ၃ ဦးတို႔ ပါဝင္ၿပီး အဲဒီလူေတြကေတာ့ ေက်ာက္ေတာ္၊ စစ္ေတြၿမိဳ႕နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ကလူေတြ ျဖစ္ပါတယ္။

ႏိုဝင္ဘာ၂၅ ရက္က မိသားစုေတြ သြားေရာက္ ေတြ႕ဆုံခဲ့ရာမွာ ေတြ႕ဆုံခြင့္မရရွိခဲ့ေပမယ့္ လိုအပ္တဲ့ အသုံးအေဆာင္ ပစၥည္းေတြနဲ႔ ေဆးဝါးေတြကို ရဲတပ္ဖြဲ႕ကေန တစ္ဆင့္ ေပးခဲ့ရၿပီး အုပ္ခ်ဳပ္ေရးမႉး ဦးေဝစိုးထြန္းက အစာအိမ္ေရာဂါကို ခံစားေနရတယ္လို႔ သူ႔ရဲ႕ညီမက ေျပာပါတယ္။

ဖမ္းဆီးခံရသူေတြအနက္ ဆရာေတာ္နဲ႔အတူဖမ္းဆီးခံရတဲ့ ဦးေမာင္သာစိန္ ေပ်ာက္ဆုံးေနဆဲ ျဖစ္ၿပီး ရဲတပ္ဖြဲ႕ကို တပ္က လႊဲေျပာင္းေပးရာမွာ စုစုေပါင္း ၅ ဦးသာ ျဖစ္တယ္လို႔ ရဲစခန္းမႉးက မိသားစုကို ေျပာခဲ့ပါတယ္။

တပ္ဘက္က ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းေပးလိုက္သူေတြထဲမွာ တစ္ဦးေပ်ာက္ေနတယ္လို႔ မိသားစုေတြေျပာ

တပ္ဘက္က လႊဲေျပာင္းေပးလိုက္တဲ့ အထဲမွာ ဦးေမာင္သာစိန္ဆိုသူ မပါလာဘဲ ေပ်ာက္ဆုံးေနတဲ့အတြက္ အခုလို မိသားစုဘက္က စိုးရိမ္ေနတာ ျဖစ္ပါတယ္။

ဆရာေတာ္ အပါအဝင္ ဖမ္းဆီးထားသူ ၅ ဦးကို အၾကမ္းဖက္ ဥပေဒပုဒ္မ ၅၀ နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ မိသားစုေတြက ဆိုပါတယ္။

ဒီလူေတြနဲ႔ ပတ္သက္လို႔ လက္ရွိတပ္မေတာ္နဲ႔ တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြား ေနၾကတဲ့ ေအေအ အေပၚ အကူအညီေပးသူေတြ ျဖစ္တယ္လို႔ စစ္ေဆးေပၚေပါက္ခ်က္အရ အၾကမ္းဖက္ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူဖို႔ ရဲတပ္ဖြဲ႕ဆီ လႊဲေျပာင္းလိုက္တာ ျဖစ္တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာန ခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ဆိုပါတယ္။

ေပ်ာက္ဆုံးေနတဲ့ ဦးေမာင္သာစိန္နဲ႔ ပတ္သက္လို႔ေတာ့တပ္မေတာ္က ဖမ္းဆီး ထားသူေတြ အားလုံး ရဲတပ္ဖြဲ႕ကို လႊဲေျပာင္းထားတယ္လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

ႏိုဝင္ဘာ ၂၆ ရက္ မနက္ပိုင္းကလည္း အိုးထိန္းေက်း႐ြာကို တပ္မေတာ္စစ္ေၾကာင္းတစ္ခု ေသနတ္ပစ္ေဖာက္ ဝင္ေရာက္ၿပီး ေနအိမ္တစ္ခ်ိဳ႕ကို ရွာေဖြခဲ့တယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

ဒါ့အျပင္ ႐ြာသား ၃၀ ေလာက္ကို ေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္းမွာ ေခၚယူထားၿပီး ေန႔လယ္ပိုင္းအထိ မလႊတ္ေပးေသးဘူးလို႔ အိုးထိန္း႐ြာသူတစ္ဦးက ေျပာပါတယ္။

ဒီစစ္ေၾကာင္းဟာ ရန္ကုန္- စစ္ေတြကားလမ္း၊ ေျမာက္ဦး- ေက်ာက္ေတာ္လမ္းပိုင္း အိုးထိန္းေက်း႐ြာနဲ႔ တစ္မိုင္ေက်ာ္အကြာ မက်ည္းကုန္းမွာ စခန္းခ်ေနတဲ့ စစ္ေၾကာင္းျဖစ္ၿပီး တပ္မ ၂၂ နဲ႔တပ္မ ၅၅ တို႔ပါဝင္တယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

အခုလို တပ္မေတာ္စစ္ေၾကာင္းေတြဝင္လာတဲ့အတြက္ ေက်း႐ြာသားေတြ စိုးရိမ္ ေၾကာက္႐ြံ႕ေနၾက တာေၾကာင့္ နီးစပ္ရာ႐ြာေတြကို ထြက္ေျပးေနၾကရပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
တပ်ကဖမ်းထားတဲ့ အိုးထိန်းဆရာတော်နဲ့ အရပ်သားတွေကို ရဲတပ်ဖွံထံလွှဲပြောင်း

Image caption ဖမ်ဆီးခံရသူတွေ မိသားစုနဲ့ တွေ့ခွင့်မရသေး

တပ်မတော်လက်ထဲမှာ သံသယရှိသူအဖြစ် နှစ်လကျော်ကြာ စစ်ကြောခံခဲ့ရတဲ့ အိုးထိန်းကျေးရွာ ဆရာတော်နဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်သား ၅ ဦးတို့ကို နိုဝင်ဘာ ၂၂ ရက် သောကြာနေ့ က ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ပြီ လို့ မိသားစုဝင်တွေက ပြောပါတယ်။

အိုးထိန်းကျေးရွာ ဆရာတော် ဘဒ္ဒန္တ ဦးကဝိဓဇ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနဲ့ ရွာသားတစ်ဦးဖြစ်တဲ့ ယာဉ်မောင်း ဦးမောင်သာစိန်တို့ သုံးဦးကို စက်တင်ဘာ ၂၀ ရက် ညနေပိုင်းမှာ ကျေးရွာအနီး လင်းမြွေတောင် ဘုရားတောင်ခြေရင်းကနေ ကားတစ်စီး နဲ့ အတူ တပ်မတော် စစ်ကြောင်းတစ်ခုကနေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အချိန်ကနေ ၆၂ ရက်အကြာထိ မိသားစုတွေနဲ့ အဆက်အသွယ် မရဘဲ ဖြစ်နေခဲ့ရာက နိုဝင်ဘာ ၂၂ ရက် မှာတော့ စစ်တွေမြို့မ ရဲစခန်းကို ထပ်မံ လွှဲပြောင်းလိုက်ပြီလို့ မိသားစုတွေက သတင်းရခဲ့ပါတယ်။

ဒါကြောင့် နိုဝင်ဘာ ၂၅ ရက် မှာ မိသားစုတွေ လာရောက်ပြီး တွေ့ဆုံ ခွင့်တောင်းဆိုခဲ့ကြပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းရဲ့ ညီမက ဘီဘီစီကို ပြောပါတယ်။

စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ကို တပ်မတော်ဘက်က လွှဲပြောင်းပေးခဲ့တဲ့ အထဲမှာ သံသယနဲ့ ဖမ်းဆီးခံနေရတဲ့ အိုးထိန်းကျေးရွာ ဆရာတော်၊ ဆရာတော်နဲ့အတူ ဖမ်းဆီးခံရသူ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် နောက်ထပ် အရပ်သား ၃ ဦးတို့ ပါဝင်ပြီး အဲဒီလူတွေကတော့ ကျောက်တော်၊ စစ်တွေမြို့နဲ့ မြောက်ဦးမြို့နယ်ကလူတွေ ဖြစ်ပါတယ်။

နိုဝင်ဘာ၂၅ ရက်က မိသားစုတွေ သွားရောက် တွေ့ဆုံခဲ့ရာမှာ တွေ့ဆုံခွင့်မရရှိခဲ့ပေမယ့် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ ဆေးဝါးတွေကို ရဲတပ်ဖွဲ့ကနေ တစ်ဆင့် ပေးခဲ့ရပြီး အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းက အစာအိမ်ရောဂါကို ခံစားနေရတယ်လို့ သူ့ရဲ့ညီမက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေအနက် ဆရာတော်နဲ့အတူဖမ်းဆီးခံရတဲ့ ဦးမောင်သာစိန် ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ရဲတပ်ဖွဲ့ကို တပ်က လွှဲပြောင်းပေးရာမှာ စုစုပေါင်း ၅ ဦးသာ ဖြစ်တယ်လို့ ရဲစခန်းမှူးက မိသားစုကို ပြောခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption တပ်ဘက်က ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်သူတွေထဲမှာ တစ်ဦးပျောက်နေတယ်လို့ မိသားစုတွေပြော

တပ်ဘက်က လွှဲပြောင်းပေးလိုက်တဲ့ အထဲမှာ ဦးမောင်သာစိန်ဆိုသူ မပါလာဘဲ ပျောက်ဆုံးနေတဲ့အတွက် အခုလို မိသားစုဘက်က စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဆရာတော် အပါအဝင် ဖမ်းဆီးထားသူ ၅ ဦးကို အကြမ်းဖက် ဥပဒေပုဒ်မ ၅၀ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မိသားစုတွေက ဆိုပါတယ်။

ဒီလူတွေနဲ့ ပတ်သက်လို့ လက်ရှိတပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွား နေကြတဲ့ အေအေ အပေါ် အကူအညီပေးသူတွေ ဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ချက်အရ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူဖို့ ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းလိုက်တာ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ဦးမောင်သာစိန်နဲ့ ပတ်သက်လို့တော့တပ်မတော်က ဖမ်းဆီး ထားသူတွေ အားလုံး ရဲတပ်ဖွဲ့ကို လွှဲပြောင်းထားတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းကလည်း အိုးထိန်းကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခု သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး နေအိမ်တစ်ချို့ကို ရှာဖွေခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒါ့အပြင် ရွာသား ၃၀ လောက်ကို ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ခေါ်ယူထားပြီး နေ့လယ်ပိုင်းအထိ မလွှတ်ပေးသေးဘူးလို့ အိုးထိန်းရွာသူတစ်ဦးက ပြောပါတယ်။

ဒီစစ်ကြောင်းဟာ ရန်ကုန်- စစ်တွေကားလမ်း၊ မြောက်ဦး- ကျောက်တော်လမ်းပိုင်း အိုးထိန်းကျေးရွာနဲ့ တစ်မိုင်ကျော်အကွာ မကျည်းကုန်းမှာ စခန်းချနေတဲ့ စစ်ကြောင်းဖြစ်ပြီး တပ်မ ၂၂ နဲ့တပ်မ ၅၅ တို့ပါဝင်တယ်လို့ ရွာသားတွေက ပြောပါတယ်။

အခုလို တပ်မတော်စစ်ကြောင်းတွေဝင်လာတဲ့အတွက် ကျေးရွာသားတွေ စိုးရိမ် ကြောက်ရွံ့နေကြ တာကြောင့် နီးစပ်ရာရွာတွေကို ထွက်ပြေးနေကြရပါတယ်။

BBC Burmese
https://www.bbc.com
တပ္ကဖမ္းထားတဲ့ အိုးထိန္းဆရာေတာ္နဲ႔ အရပ္သားေတြကို ရဲတပ္ဖြံထံလႊဲေျပာင္း တပ္ကဖမ္းထားတဲ့ အိုးထိန္းဆရာေတာ္နဲ႔ အရပ္သားေတြကို ရဲတပ္ဖြံထံလႊဲေျပာင္း Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.