နမၼတူၿမိဳ႕နယ္အတြင္း လက္နက္ႀကီးက် အမ်ိဳးသမီး ၁ဦးေသ၊ ၂ဦး ဒဏ္ရာရ

(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၂၉ ၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္ မန္ဝါေက်း႐ြာ အနီး၌ ယေန႔ မနက္တြင္ လက္နက္ႀကီးက်ကာ အမ်ိဳးသမီး ၂ဦး ဒဏ္ရာရရွိ၊ တဦးေသဆုံးသြားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ မနက္ ၈နာရီ တြင္ နမၼတူၿမိဳ႕နယ္ မန္ဝါေက်း႐ြာ အနီးတြင္ လက္နက္ႀကီး က်ကာ အသက္ ၂၀ အ႐ြယ္ရွိ မအို ေသဆုံးၿပီး၊ အမ်ိဳးသမီး ၂ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း တအာင္းအမ်ိဳးသား ပါတီ (TNP) ဥကၠဌ တာအိုက္ထိုက္ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ ေသဆုံးသူ ကိုေတာ့ က်ေနာ္တို႔ အခု နမၼတူ ရင္ခြဲ႐ုံမွာ ထားထားတယ္။ ခဏေနရင္ သၿဂိဳလ္မယ္။ေနာက္ ေျခေထာက္က်ည္စ ထိမွန္သူ အသက္ ၃၀ေက်ာ္ကို က်ေနာ္တို႔ လားရႈိးေဆး႐ုံပို႔ထားတယ္။ က်န္တေယာက္ကေတာ့ ဒဏ္ရာ သိပ္မျပင္းေတာ့ နမၼတူေဆး႐ုံမွာပဲ” ဟု တာအိုက္ထိုက္ က ဆိုသည္။

ေျခေထာက္ က်ည္စ ထိမွန္သည့္ သူကို လားရႈိးေဆး႐ုံသို႔ ပို႔ေဆာင္ကာ က်ည္စ၊ ယမ္းစ ရွိ၊ မရွိ ဓာတ္မွန္ ႐ိုက္မည္ျဖစ္ၿပီး၊ ဒဏ္ရာမွာ အနည္းငယ္ ျပင္းထန္သည္ဟုလည္း တာအိုက္ထိုက္ က ေျပာသည္။

“က်ေနာ္တို႔ ဒဏ္ရာရတဲ့သူေတြကို သြားေခၚတုန္းက တိုက္ပြဲေတြ က ျဖစ္ေနတုန္းပဲ၊ အခုလည္း ျဖစ္ေနတယ္”ဟု တာအိုက္ထိုက္ က ေျပာသည္။

ယေန႔ ျဖစ္ပြားသည့္ တိုက္ပြဲသည္ ျမန္မာ့တပ္မေတာ္ ႏွင့္ သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS/SSA) တို႔ ျဖစ္ပြားသည့္ တိုက္ပြဲ ဟု ေဒသခံမ်ား ေျပာၾကားခ်က္ အရသိရသည္။

“ တိုက္ပြဲကေတာ့ အခုထိ ျဖစ္ေနတုန္းပဲ။ မနက္ကေတာ့ ေတာ္ေတာ္ျပင္းတယ္။ စစ္ေရွာင္ေတြကေတာ့ မထြက္လာေသးဘူး” ဟု မန္စံ ေဒသခံ စိုင္းေစာလွ က သွ်မ္းသံေတာ္ဆင့္သို႔ေျပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ RCSS/SSA သည္ နမၼတူၿမိဳ႕နယ္ အတြင္း ယမန္ေန႔ မနက္ မွစတင္ကာ ယေန႔ထိ တိုက္ပြဲမ်ားျပင္းထန္ေနေၾကာင္း သိရသည္။

တိုက္ပြဲ ျဖစ္ပြားမႈႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာတပ္မ်ားကို သွ်မ္းသံေတာ္ဆင့္ မွ စုံစမ္းေမးျမန္းရာ ျပန္လည္ ေျဖၾကားျခင္း မရွိေပ။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
----------------
(Unicode)⤵⤵⤵
နမ္မတူမြို့နယ်အတွင်း လက်နက်ကြီးကျ အမျိုးသမီး ၁ဦးသေ၊ ၂ဦး ဒဏ်ရာရ

သျှမ်းသံတော်ဆင့်၊နန်းဆိုင်နွမ်

နိုဝင်ဘာ ၂၉ ၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဝါကျေးရွာ အနီး၌ ယနေ့ မနက်တွင် လက်နက်ကြီးကျကာ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိ၊ တဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ မနက် ၈နာရီ တွင် နမ္မတူမြို့နယ် မန်ဝါကျေးရွာ အနီးတွင် လက်နက်ကြီး ကျကာ အသက် ၂၀ အရွယ်ရှိ မအို သေဆုံးပြီး၊ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသား ပါတီ (TNP) ဥက္ကဌ တာအိုက်ထိုက် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ သေဆုံးသူ ကိုတော့ ကျနော်တို့ အခု နမ္မတူ ရင်ခွဲရုံမှာ ထားထားတယ်။ ခဏနေရင် သဂြိုလ်မယ်။နောက် ခြေထောက်ကျည်စ ထိမှန်သူ အသက် ၃၀ကျော်ကို ကျနော်တို့ လားရှိုးဆေးရုံပို့ထားတယ်။ ကျန်တယောက်ကတော့ ဒဏ်ရာ သိပ်မပြင်းတော့ နမ္မတူဆေးရုံမှာပဲ” ဟု တာအိုက်ထိုက် က ဆိုသည်။

ခြေထောက် ကျည်စ ထိမှန်သည့် သူကို လားရှိုးဆေးရုံသို့ ပို့ဆောင်ကာ ကျည်စ၊ ယမ်းစ ရှိ၊ မရှိ ဓာတ်မှန် ရိုက်မည်ဖြစ်ပြီး၊ ဒဏ်ရာမှာ အနည်းငယ် ပြင်းထန်သည်ဟုလည်း တာအိုက်ထိုက် က ပြောသည်။

“ကျနော်တို့ ဒဏ်ရာရတဲ့သူတွေကို သွားခေါ်တုန်းက တိုက်ပွဲတွေ က ဖြစ်နေတုန်းပဲ၊ အခုလည်း ဖြစ်နေတယ်”ဟု တာအိုက်ထိုက် က ပြောသည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲသည် မြန်မာ့တပ်မတော် နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ ဖြစ်ပွားသည့် တိုက်ပွဲ ဟု ဒေသခံများ ပြောကြားချက် အရသိရသည်။

“ တိုက်ပွဲကတော့ အခုထိ ဖြစ်နေတုန်းပဲ။ မနက်ကတော့ တော်တော်ပြင်းတယ်။ စစ်ရှောင်တွေကတော့ မထွက်လာသေးဘူး” ဟု မန်စံ ဒေသခံ စိုင်းစောလှ က သျှမ်းသံတော်ဆင့်သို့ပြောသည်။

မြန်မာ့တပ်မတော်နှင့် RCSS/SSA သည် နမ္မတူမြို့နယ် အတွင်း ယမန်နေ့ မနက် မှစတင်ကာ ယနေ့ထိ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတပ်များကို သျှမ်းသံတော်ဆင့် မှ စုံစမ်းမေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
နမၼတူၿမိဳ႕နယ္အတြင္း လက္နက္ႀကီးက် အမ်ိဳးသမီး ၁ဦးေသ၊ ၂ဦး ဒဏ္ရာရ နမၼတူၿမိဳ႕နယ္အတြင္း လက္နက္ႀကီးက် အမ်ိဳးသမီး ၁ဦးေသ၊ ၂ဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.