ပါကစၥတန္ႏိုင္ငံ အေရွ႕ပိုင္းတြင္ ရထားမီးေလာင္မႈေၾကာင့္ ေသဆုံးသူအေရအတြက္ ၇၄ ဦးအထိျမင့္တက္လာ

ပါကစၥတန္ႏိုင္ငံ ရာဟင္မ္ယာခန္ခ႐ိုင္တြင္ မီးေလာင္မႈျဖစ္ပြားသည့္ရထားအား မီးျငႇိမ္းသတ္ေနသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
အစၥလာမ္မာဘတ္၊ ႏိုဝင္ဘာ ၁ ရက္ (ဆင္ဟြာ)

ပါကစၥတန္ႏိုင္ငံ အေရွ႕ပိုင္း ပန္ဂ်ပ္ျပည္နယ္၌ ရထားမီးေလာင္မႈေၾကာင့္ ေသဆုံးသူအေရအတြက္မွာ ၇၄ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္းႏွင့္ အဆိုပါ ေၾကာက္မက္ဖြယ္ျဖစ္ရပ္အတြက္တာဝန္ရွိေသာ လူတစ္ဦးဦး (သို႔မဟုတ္) အေၾကာင္းရင္းမ်ားကို ဆုံးျဖတ္ရန္ စုံစမ္းစစ္ေဆးမႈလုပ္ေဆာင္ေနေၾကာင္း မီးရထားဝန္ႀကီး ရွိတ္ ရာရွိဒ္အာမတ္ (Sheikh Rasheed Ahmad) က ေအာက္တိုဘာ ၃၁ ရက္တြင္ ေျပာၾကားခဲ့သည္။

၎က အဆိုပါ ရထားမီးေလာင္မႈမွာ ေျပးဆြဲေနသည့္ရထားအတြင္း ခရီးသည္မ်ားက နံနက္စာအတြက္ ျပင္ဆင္ေနသည့္ ဓာတ္ေငြ႕အိုးႏွစ္လုံးႏွင့္ မီးဖိုတစ္ခု ေပါက္ကြဲျခင္းေၾကာင့္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့သည္။

“ရထားေစာင့္တစ္ဦးက ခရီးသည္ေတြ ရထားတြဲအတြင္း ခ်က္ျပဳတ္ေနတာကို သတိျပဳမိၿပီး တားဆီးခဲ့တယ္။ ဒါေပမဲ့ အဲဒီအေစာင့္ ထြက္သြားတဲ့အခါ ခရီးသည္ေတြက ထပ္ၿပီးခ်က္ျပဳတ္ၾကတဲ့အခ်ိန္ ဓာတ္ေငြ႕အိုးတစ္ခုက ေပါက္ကြဲသြားခဲ့တယ္” ဟု မီးရထားဝန္ႀကီးက ျဖည့္စြက္ေျပာၾကားခဲ့သည္။

ကနဦးတြင္ လူစီးတြဲမ်ားအနက္ တစ္ခုသာ မီးေလာင္ခဲ့ေသာ္လည္း ရထားေျပးဆြဲေနသျဖင့္ ေလတိုက္ႏႈန္းေၾကာင့္ အျခားလူစီးတြဲႏွစ္တြဲပါ မီးကူးစက္ေလာင္ကြၽမ္းသြားခဲ့ျခင္းျဖစ္ေၾကာင္း၊ အကယ္၍ ရထားေမာင္းသူကသာ မီးေလာင္မႈျဖစ္ၿပီးၿပီးခ်င္း ရထားကို မရပ္တန႔္ပါက ဆုံးရႈံးမႈမွာ ပို၍မ်ားျပားႏိုင္ေၾကာင္း သိရသည္။

ရထားမီးေလာင္မႈတြင္ ေလ်ာ္ေၾကးေငြအျဖစ္ ေသဆုံးသူမ်ား၏ မိသားစုဝင္မ်ားအား ႐ူပီး ၁ ဒသမ ၅ သန္း (အေမရိကန္ေဒၚလာ ၉၆၃၆ခန႔္) ႏွင့္ ဒဏ္ရာရသူမ်ားအတြက္မူ ႐ူပီး သုည ဒသမ ၅ သန္း (အေမရိကန္ေဒၚလာ ၃၂၁၂) ေပးအပ္ေၾကာင္း ေၾကညာခဲ့သည္။

ရထားမီးေလာင္မႈေၾကာင့္ ဒဏ္ရာရရွိသူမ်ားမွာ ရာဟင္မ္ယာခန္ခ႐ိုင္ႏွင့္ ဘဟာဝါလ္ပူခ႐ိုင္မ်ားရွိ ေဆး႐ုံသုံး႐ုံသို႔ တက္ေရာက္ကာေဆးကုသမႈခံယူလ်က္ရွိေၾကာင္း၊ အခင္းျဖစ္ပြားရာေနရာအား ေဒသခံအာဏာပိုင္မ်ားက အေရးေပၚအေျခအေနေၾကညာခဲ့ေၾကာင္း ပါကစၥတန္ႏိုင္ငံ မီးရထားလုပ္ငန္း၊ ခ႐ိုင္ ညႇိႏႈိင္းေရးမႉး နာဘီလာ အက္စ္လမ္ (Nabila Aslam) က ဆင္ဟြာသို႔ေျပာသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ရထားမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၇၄ ဦးအထိမြင့်တက်လာ


ပါကစ္စတန်နိုင်ငံ ရာဟင်မ်ယာခန်ခရိုင်တွင် မီးလောင်မှုဖြစ်ပွားသည့်ရထားအား မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) Asia

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၌ ရထားမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၇၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်းနှင့် အဆိုပါ ကြောက်မက်ဖွယ်ဖြစ်ရပ်အတွက်တာဝန်ရှိသော လူတစ်ဦးဦး (သို့မဟုတ်) အကြောင်းရင်းများကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း မီးရထားဝန်ကြီး ရှိတ် ရာရှိဒ်အာမတ် (Sheikh Rasheed Ahmad) က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

၎င်းက အဆိုပါ ရထားမီးလောင်မှုမှာ ပြေးဆွဲနေသည့်ရထားအတွင်း ခရီးသည်များက နံနက်စာအတွက် ပြင်ဆင်နေသည့် ဓာတ်ငွေ့အိုးနှစ်လုံးနှင့် မီးဖိုတစ်ခု ပေါက်ကွဲခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

“ရထားစောင့်တစ်ဦးက ခရီးသည်တွေ ရထားတွဲအတွင်း ချက်ပြုတ်နေတာကို သတိပြုမိပြီး တားဆီးခဲ့တယ်။ ဒါပေမဲ့ အဲဒီအစောင့် ထွက်သွားတဲ့အခါ ခရီးသည်တွေက ထပ်ပြီးချက်ပြုတ်ကြတဲ့အချိန် ဓာတ်ငွေ့အိုးတစ်ခုက ပေါက်ကွဲသွားခဲ့တယ်” ဟု မီးရထားဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ကနဦးတွင် လူစီးတွဲများအနက် တစ်ခုသာ မီးလောင်ခဲ့သော်လည်း ရထားပြေးဆွဲနေသဖြင့် လေတိုက်နှုန်းကြောင့် အခြားလူစီးတွဲနှစ်တွဲပါ မီးကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ အကယ်၍ ရထားမောင်းသူကသာ မီးလောင်မှုဖြစ်ပြီးပြီးချင်း ရထားကို မရပ်တန့်ပါက ဆုံးရှုံးမှုမှာ ပို၍များပြားနိုင်ကြောင်း သိရသည်။

ရထားမီးလောင်မှုတွင် လျော်ကြေးငွေအဖြစ် သေဆုံးသူများ၏ မိသားစုဝင်များအား ရူပီး ၁ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၉၆၃၆ခန့်) နှင့် ဒဏ်ရာရသူများအတွက်မူ ရူပီး သုည ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၃၂၁၂) ပေးအပ်ကြောင်း ကြေညာခဲ့သည်။

ရထားမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများမှာ ရာဟင်မ်ယာခန်ခရိုင်နှင့် ဘဟာဝါလ်ပူခရိုင်များရှိ ဆေးရုံသုံးရုံသို့ တက်ရောက်ကာဆေးကုသမှုခံယူလျက်ရှိကြောင်း၊ အခင်းဖြစ်ပွားရာနေရာအား ဒေသခံအာဏာပိုင်များက အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ မီးရထားလုပ်ငန်း၊ ခရိုင် ညှိနှိုင်းရေးမှူး နာဘီလာ အက်စ်လမ် (Nabila Aslam) က ဆင်ဟွာသို့ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com
ပါကစၥတန္ႏိုင္ငံ အေရွ႕ပိုင္းတြင္ ရထားမီးေလာင္မႈေၾကာင့္ ေသဆုံးသူအေရအတြက္ ၇၄ ဦးအထိျမင့္တက္လာ ပါကစၥတန္ႏိုင္ငံ အေရွ႕ပိုင္းတြင္ ရထားမီးေလာင္မႈေၾကာင့္ ေသဆုံးသူအေရအတြက္ ၇၄ ဦးအထိျမင့္တက္လာ Reviewed by THITHTOOLWIN on 00:56 Rating: 5
Powered by Blogger.