မဂၤလာဒုံက ျပန္စြန႔္လႊတ္တဲ့ ေျမေတြကို ရန္ကုန္အစိုးရ ဘာေၾကာင့္ ပိုင္ရွင္ထံ ျပန္ေပးဖို႔ ၾကာေနရလဲ

ႏိုင္ငံတကာအဆင့္မီ ယာဥ္ရပ္နားဝင္းနဲ႔ တျခားစီမံကိန္းေတြအတြက္ ေျမေတြယူဖို႔ ႀကိဳးပမ္းေနတယ္လို႔ဆို
(Zawgyi)⤵⤵⤵
ေအာင္မဂၤလာအေဝးေျပးဝင္း နဲ႔ ဆက္စပ္ေနတဲ့တဲ့ မဂၤလာဒုံ စက္မႈဥယ်ာဥ္ရဲ႕ မ်က္ႏွာခ်င္းဆိုင္၊ အမွတ္ ၃လမ္းမႀကီးေဘးက ေျမဧရိယာ ၃၁၅ ဧကကို တပ္မေတာ္က ၂၀၁၄ ခုႏွစ္ကတည္းက ျပန္လည္စြန႔္လႊတ္ လိုက္ေပမယ့္ ရန္ကုန္တိုင္းအစိုးရက လက္ရွိအခ်ိန္အထိ မူလပိုင္ရွင္ေတြထံ ျပန္မေပးေသးဘူးလို႔ ႏိုဝင္ဘာ ၁၉ ရက္ က ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွတ္တမ္းအရ သိရပါတယ္။

မင္းကင္းၿမိဳ႕နယ္ အမတ္ ဦးေမာင္ျမင့္က '……..ရန္ကုန္အစိုးရက တပ္ကေန ျပန္အပ္ထားတဲ့ ေျမ တဧက ကိုမွ ပိုင္ရွင္ထံကို ျပန္မေပးေသးပါဘူး။ သမၼတ႐ုံးက မူအားျဖင့္ ခြင့္ျပဳထားတဲ့ ေျမပိုင္ရွင္ ၂၀၊ တိုင္းအစိုးရ ၈၀၊ ခြဲေဝယူမယ္ဆိုတဲ့အစီအစဥ္ကို သြတ္သြင္းၿပီးေတာ့မွ လုပ္ပိုင္ခြင့္ကို အျမတ္ထုတ္အသုံးခ်ေနတယ္…..' စတာေတြကို ေမးျမန္းသြားပါတယ္။

အဲဒီေျမ ၃၁၅ ဧကအပါအင္ ဧက ၁၀၀၀ ေလာက္ကို တပ္ရိကၡာစိုက္ပ်ိဳးေျမ အျဖစ္ ၁၉၉၂ခုႏွစ္မွာ သိမ္းဆည္းခဲ့ၿပီး ၂၀၁၄ခုႏွစ္မွာ ဦးသိန္းစိန္အစိုးရထံကို ျပန္လည္စြန႔္လႊတ္ထားခဲ့ပါတယ္။

အဲဒီလို စြန႔္လႊတ္လိုက္တဲ့ေျမေတြကို မူလပိုင္ရွင္ထံ ျပန္ေပးဖို႔ စိစစ္ခဲ့ေပမဲ့ မၿပီးျပတ္ခဲ့ဘဲ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အစိုးရလက္ထက္အထိ ေရာက္ရွိလာခဲ့တာ ျဖစ္တယ္၊ ၂၀၁၈ခုႏွစ္မွာ ပိုင္ရွင္ ၅၃ဦး ပိုင္ဆိုင္တယ္လို႔ ေပၚေပါက္ေတြ႕ရွိခဲ့တယ္၊ ဒါေပမဲ့၂၀ရာခိုင္ႏႈန္းပဲ ျပန္ေပးႏိုင္မယ့္ အေျခအေနေၾကာင့္ လက္ရွိအခ်ိန္အထိ ျပန္မေပးႏိုင္တာလို႔ မဂၤလာဒုံ ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လႈိင္ဝင္း က ဘီဘီစီကို ေျပာပါတယ္။

အခုဆိုရင္ တပ္က ျပန္စြန႔္လႊတ္ခဲ့တာ ၅ ႏွစ္ေက်ာ္လာၿပီ ျဖစ္ေပမယ့္လည္း မူလပိုင္ရွင္ေတြထံကို ရန္ကုန္တိုင္းအစိုးရက ျပန္မအပ္ႏိုင္ေသးပါဘူး။

အဲဒီေျမေနရာမွာ ႏိုင္ငံတကာအဆင့္မီယာဥ္ရပ္နားဝင္းနဲ႔ တျခားစီမံကိန္းေတြေဖာ္ေဆာင္ဖို႔ ရည္မွန္းထားတယ္၊ ျပန္စြန႔္လႊတ္တဲ့ ေျမထဲက ၈၀ရာခိုင္ႏႈန္းကို ရယူဖို႔ ႀကိဳးပမ္းေနတာကို ရန္ကုန္တိုင္းလႊတ္ေတာ္ စီမံ၊ ဘ႑ာနဲ႔ စီးပြား ေရးေကာ္မတီအေနနဲ႔ သိထားရတယ္လို႔ ေကာ္မတီ အတြင္းေရးမႉး ဦးေက်ာ္ေဇယ်က ဘီဘီစီကို ေျပာ ပါတယ္။

 တပ္ကစြန႔္လႊတ္လိုက္တဲ့ ေျမတခ်ိဳ႕ရဖို႔ တိုင္းအစိုးရက လယ္သမားေတြနဲ႔ ေဆြးေႏြးခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

စြန႔္လႊတ္ေျမကို ျပန္သိမ္းဖို႔ ညႇိႏႈိင္းခဲ့မႈ

တပ္ကစြန႔္လႊတ္လိုက္တဲ့ ေျမကို တိုင္းအစိုးရက အဲဒီလိုစီမံကိန္းေတြလုပ္ဖို႔အတြက္ ၈၀ ရာခိုင္ႏႈန္း ရဖို႔ လယ္သမား ေတြနဲ႔ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလတုန္းက ညႇိႏႈိင္းေဆြးေႏြးခဲ့ေပမယ့္ လယ္သမားေတြဘက္က လက္မခံလို႔ မေအာင္ျမင္ခဲ့ပါဘူး။

အဲဒီလိုညႇိႏႈိင္းရာမွာ ရန္ကုန္အစိုးရက ခန႔္အပ္ထားတဲ့ တိုင္းလယ္ယာေျမ စီမံခန႔္ခြဲေရးအဖြဲ႕ ကိုယ္စားလွယ္ေတြ၊ သက္ဆိုင္ရာ အင္းစိန္နဲ႔ မဂၤလာဒုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၂ဦး၊ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္၊ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ၂ဦး၊ လယ္သမားကိုယ္စားလွယ္ေတြလည္း ပါခဲ့ၾကပါတယ္။အဲဒီအစည္းအေဝးကို အင္းစိန္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ လုပ္ခဲ့ၾကတာပါ။

အဲဒီလိုေဆြးေႏြးၾကတဲ့အခ်ိန္မွာ ရန္ကုန္အစိုးရရဲ႕ လယ္ယာေျမစီမံခန႔္ခြဲေရးအဖြဲ႕က သမၼတ႐ုံးက ၫႊန္ၾကား ထားတယ္လို႔ ဆိုၿပီး ေျမ ၈၀ရာခိုင္ႏႈန္းကို သိမ္းယူလိုေၾကာင္း၊ က်န္တဲ့ ၂၀ရာခိုင္ႏႈန္းကို ျပန္ေပးမယ္၊ မလိုခ်င္ပါက ေလ်ာ္ေၾကးေငြ ေပးႏိုင္တယ္လို႔ တက္ေရာက္လာတဲ့ ကိုယ္စားလွယ္ေတြနဲ႔ လယ္သမား ေတြကို ေျပာခဲ့တယ္လို႔ မဂၤလာဒုံ ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လႈိင္ဝင္းက ဘီဘီစီ ကိုေျပာပါတယ္။

"လယ္သမားေတြက အစိုးရကို အဲဒီေျမမွာ လုပ္ငန္းလုပ္ပါ၊သေဘာတူပါတယ္ဆိုတဲ့ လက္မွတ္ထိုးခိုင္းတယ္။ ေနာက္ၿပီးမွာ က်န္တဲ့ ၂၀ရာခိုင္ႏႈန္းကို စဥ္းစားေပးမယ္၊ တစ္ဖက္သတ္ဆန္လို႔ လက္မခံခဲ့ၾကဘူး" လို႔ အဲဒီအစည္းအေဝးမွာ ရန္ကုန္အစိုးရရဲ႕ လယ္ယာေျမစီမံခန႔္ခြဲေရးအဖြဲ႕က ေျပာခဲ့ တာလို႔ သူကဆိုပါတယ္။

ေျမ ၈၀ရာခိုင္ႏႈန္းကို ယူႏိုင္တယ္ဆိုတဲ့ သမၼတ႐ုံးက ၫႊန္ၾကားထားတယ္ဆိုတဲ့ အခ်က္အလက္ကိုလည္း လယ္သမားေတြနဲ႔ ကိုယ္စားလွယ္ေတြကို ခ်ျပခဲ့တာမရွိဘဲ၊ ညႇိႏႈိင္းမႈအစည္းအေဝးက တစုံတရာ သေဘာတူခဲ့မႈ မရွိဘဲ ၿပီးဆုံးခဲ့ပါတယ္။

တိုင္းလယ္ယာေျမ စီမံခန႔္ခြဲေရးအဖြဲ႕ကို ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္က တိုင္းဌာနဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ ဖြဲ႕စည္း ေပးထားတာပါ။ ျပင္ပပုဂၢိဳလ္အေနနဲ႔ေတာ့ လွည္းကူးၿမိဳ႕နယ္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယ ဥကၠ႒ ဦးေမာင္ေမာင္ကို ထည့္သြင္းထားပါတယ္။

အဲဒီအခ်ိန္က ျပဳလုပ္ခဲ့တဲ့ အစည္းအေဝးမွာ လယ္သမားေတြနဲ႔ ညႇိႏႈိင္းခဲ့ရပုံကို ေမးျမန္းဖို႔ ဦးေမာင္ေမာင္ကို ဘီဘီစီက ဖုန္းနဲ႔ ဆက္သြယ္ထားေပမယ့္ ဆက္သြယ္လို႔ မရေသးပါဘူး။

သိမ္းဆည္းခဲ့တဲ့ ေျမေတြကို စိစစ္ၿပီး မူလပိုင္ရွင္ေတြကိုျပန္ေပးတဲ့ေနရာမွာ သိမ္းဆည္းေျမေတြရဲ႕ ၈၀ရာခိုင္ ႏႈန္းကို ႏိုင္ငံေတာ္ ဖြံၿဖိဳးတိုးတက္ေရးအတြက္ အသုံးျပဳဖို႔ သတ္မွတ္ထားတာ မရွိဘူးလို႔ ျပည္ေထာင္စု အစိုးရအဖြဲ႕ ဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးတင္ျမင့္က ႏိုဝင္ဘာ ၁၉ရက္ ေန႔၊ ျပည္သူ႔လႊတ္ေတာ္မွာ ေျဖၾကားခဲ့ ပါတယ္။

လက္ရွိကာလမွာ သိမ္းဆည္းတဲ့ေျမယာေတြအေပၚသာ ေတာင္သူလယ္သမားေတြနဲ႔ ညႇိႏႈိင္းၿပီး သေဘာတူမွ ၈၀ရာခိုင္ႏႈန္းကို ရယူဖို႔ သတ္မွတ္ထားတာလို႔လည္း ဦးတင္ျမင့္က ေျပာပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ အဲဒီေျမေတြကို မူလပိုင္ရွင္ထံကို လုံးဝျပန္လည္ေပးအပ္တာမ်ိဳး မရွိေသးပါဘူး။

အဲဒီေျမနဲ႔ ပတ္သက္ၿပီး ရန္ကုန္အစိုးရကို အခ်ိဳးက် ရယူခြင့္ ေပးထားတာ မရွိေပမယ့္လည္း ဒဂုံအေရွ႕၊ ဒဂုံေတာင္နဲ႔ ဒဂုံဆိပ္ကမ္းတို႔မွာ လုပ္မယ့္ စက္မႈဥယ်ာဥ္ စီမံကိန္းေတြမွာ ေျမယာရရွိဖို႔ ၈၀၊ ၂၀ အခ်ိဳးနဲ႔ ေတာင္သူလယ္သမားေတြ သေဘာတူရင္ ရယူႏိုင္တယ္လို႔ ၂၀၁၈ခုႏွစ္ ၾသဂုတ္လမွာ မူအားျဖင့္ သေဘာတူ တယ္လို႔ ရန္ကုန္ အစိုးရကို ျပည္ေထာင္စုအစိုးရက ၫႊန္ၾကားထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရန္ကုန္အစိုးရက အခုတပ္က စြန႔္လႊတ္ေပးထားတဲ့ ေျမကိုပါ ၈၀၊ ၂၀ အခ်ိဳးနဲ႔ ရယူဖို႔ ႀကိဳးပမ္း ေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။

စီမံကိန္းေတြ ေဖာ္ဖို႔ အဲဒီလိုေျမရဖို႔အတြက္ကိုလည္း အျခားတိုင္းနဲ႔ ျပည္နယ္အစိုးရအဖြဲ႕ေတြက လုပ္ေလ့မရွိဘဲ ရန္ကုန္အစိုးရ ကသာ လုပ္ေဆာင္ေနတာလို႔ ရန္ကုန္တိုင္းလႊတ္ေတာ္ စီမံ၊ ဘ႑ာနဲ႔ စီးပြား ေရးေကာ္မတီ အတြင္းေရးမႉး ဦးေက်ာ္ေဇယ်က ဘီဘီစီကိုေျပာပါတယ္။

၂၇ႏွစ္ၾကာ သိမ္းဆည္းခံထားရတဲ့ လယ္ေျမေတြမွာ ပိုင္ရွင္လယ္သမားေတြ စိုက္ပ်ိဳးခြင့္ျပန္မရေသးဘူးလို႔ဆို

အသိမ္းခံရတဲ့ လယ္သမားေတြ ဘာေတြနစ္နာေနလဲ

၂၇ႏွစ္ၾကာ သိမ္းဆည္းခံထားရတဲ့ အဲဒီလယ္ေျမေတြမွာ ပိုင္ရွင္လယ္သမားေတြ အခုခ်ိန္ထိ စိုက္ပ်ိဳးခြင့္၊ ေျမအသုံးခ်ခြင့္ တခါမွမရေသးဘူးလို႔ လယ္သမား ၅၃ဦးရဲ႕ ကိုယ္စားလွယ္အဖြဲ႕ဝင္ျဖစ္သူ ဦးသန္းထိုက္က ဘီဘီစီကိုေျပာပါတယ္။

တပ္က စြန႔္လႊတ္လိုက္ေပမယ့္ ရန္ကုန္တိုင္းအစိုးရက ျပန္မေပးေသးတဲ့ လယ္ဧက ၃၀၀ ေက်ာ္ထဲမွာ ဦးသန္းထိုက္ရဲ႕ လယ္ေျမေတြလည္း ပါပါတယ္။

အခုႏွစ္ပိုင္းအတြင္းမွာပဲ ကုမၸဏီတခုက အဲဒီလယ္ေျမ ၃၀၀ ေက်ာ္အေပၚမွာ ဂ်ီပီအက္စ္ (ေျမျပင္တည္ ေနရာကို အလြယ္တကူရွာေဖြသိရွိႏိုင္တဲ့စနစ္) စနစ္ကို လာတပ္ဆင္သြားၿပီး ပိုင္ရွင္ေတြကို လယ္လုပ္ပိုင္ခြင့္လည္း မေပးဘူးလို႔ သူကဆိုပါတယ္။

"၈၀၊ ၂၀ ဆိုတာက မတရားသျဖင့္ႀကီး လုပ္ထားတာဗ်။ အာဏာရွင္အစိုးရကေတာင္ ျပန္စြန႔္ေပးလိုက္ၿပီ ကြၽန္ေတာ္တို႔ တင္ထားတဲ့ ျပည္သူ႔အစိုးရက ဘာလို႔ျပန္မစြန႔္တာလဲဆိုတာ စဥ္းစားဖို႔ကေတာ့ လိုေနၿပီ" လို႔ ဦးသန္းထိုက္က ေျပာပါတယ္။

အဲဒီေျမေနရာေတြမွာ ႏိုင္ငံတကာအဆင့္မီ ကားရပ္နားဝန္းလို စီမံကိန္းကို ေဖာ္ေဆာင္ဖို႔ ရန္ကုန္တိုင္း အစိုးရက စီမံေနေပမယ့္ လုပ္ငန္းတစုံတရာ အေကာင္အထည္ေဖာ္တာ မရွိေသးဘဲ၊ ေျမေတြကို ဆက္ထိန္းသိမ္းထား တာလည္း ျဖစ္ပါတယ္။

ရန္ကုန္အစိုးရ လုပ္ေနတဲ့ ၈၀၊ ၂၀ ညႇိႏႈိင္းမႈ အဆင္မေျပတဲ့အခါ တိုင္းအစိုးရက အဲဒီလိုေျမေတြကို တသက္လုံး အျခားနည္းေျပာင္းသုံးလို႔မရေအာင္ လုပ္ေနတဲ့ ပုံေတြ၊ ၿခိမ္းေျခာက္မႈေတြလုပ္ေနတာေတြရွိ တယ္လို႔ ေျမျပန္ရရွိေရး ေမးျမန္းခဲ့တဲ့ မင္းကင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ျမင့္က ေဝဖန္ ေျပာဆိုခဲ့ပါတယ္။

ရန္ကုန္အစိုးရကလုပ္မယ့္ စီမံကိန္းတခ်ိဳ႕ကိုလည္း အခ်က္အလက္ အျပည့္အစုံနဲ႔ တင္ျပရွင္းလင္းႏိုင္တာ မရွိတာေၾကာင့္ ရန္ကုန္တိုင္းလႊတ္ေတာ္က မွတ္တမ္းအျဖစ္လည္း ထားရွိထားတာလည္း ရွိေနပါေသးတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
မင်္ဂလာဒုံက ပြန်စွန့်လွှတ်တဲ့ မြေတွေကို ရန်ကုန်အစိုးရ ဘာကြောင့် ပိုင်ရှင်ထံ ပြန်ပေးဖို့ ကြာနေရလဲ


ဓာတ်ပုံ မူပိုင် EPA
Image caption နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားဝင်းနဲ့ တခြားစီမံကိန်းတွေအတွက် မြေတွေယူဖို့ ကြိုးပမ်းနေတယ်လို့ဆို

အောင်မင်္ဂလာအဝေးပြေးဝင်း နဲ့ ဆက်စပ်နေတဲ့တဲ့ မင်္ဂလာဒုံ စက်မှုဥယျာဉ်ရဲ့ မျက်နှာချင်းဆိုင်၊ အမှတ် ၃လမ်းမကြီးဘေးက မြေဧရိယာ ၃၁၅ ဧကကို တပ်မတော်က ၂၀၁၄ ခုနှစ်ကတည်းက ပြန်လည်စွန့်လွှတ် လိုက်ပေမယ့် ရန်ကုန်တိုင်းအစိုးရက လက်ရှိအချိန်အထိ မူလပိုင်ရှင်တွေထံ ပြန်မပေးသေးဘူးလို့ နိုဝင်ဘာ ၁၉ ရက် က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှတ်တမ်းအရ သိရပါတယ်။

မင်းကင်းမြို့နယ် အမတ် ဦးမောင်မြင့်က '……..ရန်ကုန်အစိုးရက တပ်ကနေ ပြန်အပ်ထားတဲ့ မြေ တဧက ကိုမှ ပိုင်ရှင်ထံကို ပြန်မပေးသေးပါဘူး။ သမ္မတရုံးက မူအားဖြင့် ခွင့်ပြုထားတဲ့ မြေပိုင်ရှင် ၂၀၊ တိုင်းအစိုးရ ၈၀၊ ခွဲဝေယူမယ်ဆိုတဲ့အစီအစဉ်ကို သွတ်သွင်းပြီးတော့မှ လုပ်ပိုင်ခွင့်ကို အမြတ်ထုတ်အသုံးချနေတယ်…..' စတာတွေကို မေးမြန်းသွားပါတယ်။

အဲဒီမြေ ၃၁၅ ဧကအပါအင် ဧက ၁၀၀၀ လောက်ကို တပ်ရိက္ခာစိုက်ပျိုးမြေ အဖြစ် ၁၉၉၂ခုနှစ်မှာ သိမ်းဆည်းခဲ့ပြီး ၂၀၁၄ခုနှစ်မှာ ဦးသိန်းစိန်အစိုးရထံကို ပြန်လည်စွန့်လွှတ်ထားခဲ့ပါတယ်။

အဲဒီလို စွန့်လွှတ်လိုက်တဲ့မြေတွေကို မူလပိုင်ရှင်ထံ ပြန်ပေးဖို့ စိစစ်ခဲ့ပေမဲ့ မပြီးပြတ်ခဲ့ဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်အထိ ရောက်ရှိလာခဲ့တာ ဖြစ်တယ်၊ ၂၀၁၈ခုနှစ်မှာ ပိုင်ရှင် ၅၃ဦး ပိုင်ဆိုင်တယ်လို့ ပေါ်ပေါက်တွေ့ရှိခဲ့တယ်၊ ဒါပေမဲ့၂၀ရာခိုင်နှုန်းပဲ ပြန်ပေးနိုင်မယ့် အခြေအနေကြောင့် လက်ရှိအချိန်အထိ ပြန်မပေးနိုင်တာလို့ မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ဘီဘီစီကို ပြောပါတယ်။

အခုဆိုရင် တပ်က ပြန်စွန့်လွှတ်ခဲ့တာ ၅ နှစ်ကျော်လာပြီ ဖြစ်ပေမယ့်လည်း မူလပိုင်ရှင်တွေထံကို ရန်ကုန်တိုင်းအစိုးရက ပြန်မအပ်နိုင်သေးပါဘူး။

အဲဒီမြေနေရာမှာ နိုင်ငံတကာအဆင့်မီယာဉ်ရပ်နားဝင်းနဲ့ တခြားစီမံကိန်းတွေဖော်ဆောင်ဖို့ ရည်မှန်းထားတယ်၊ ပြန်စွန့်လွှတ်တဲ့ မြေထဲက ၈၀ရာခိုင်နှုန်းကို ရယူဖို့ ကြိုးပမ်းနေတာကို ရန်ကုန်တိုင်းလွှတ်တော် စီမံ၊ ဘဏ္ဍာနဲ့ စီးပွား ရေးကော်မတီအနေနဲ့ သိထားရတယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ဘီဘီစီကို ပြော ပါတယ်။
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တပ်ကစွန့်လွှတ်လိုက်တဲ့ မြေတချို့ရဖို့ တိုင်းအစိုးရက လယ်သမားတွေနဲ့ ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

တပ်ကစွန့်လွှတ်လိုက်တဲ့ မြေကို တိုင်းအစိုးရက အဲဒီလိုစီမံကိန်းတွေလုပ်ဖို့အတွက် ၈၀ ရာခိုင်နှုန်း ရဖို့ လယ်သမား တွေနဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် လယ်သမားတွေဘက်က လက်မခံလို့ မအောင်မြင်ခဲ့ပါဘူး။

အဲဒီလိုညှိနှိုင်းရာမှာ ရန်ကုန်အစိုးရက ခန့်အပ်ထားတဲ့ တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ အင်းစိန်နဲ့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ၂ဦး၊ လယ်သမားကိုယ်စားလှယ်တွေလည်း ပါခဲ့ကြပါတယ်။အဲဒီအစည်းအဝေးကို အင်းစိန်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ လုပ်ခဲ့ကြတာပါ။

အဲဒီလိုဆွေးနွေးကြတဲ့အချိန်မှာ ရန်ကုန်အစိုးရရဲ့ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က သမ္မတရုံးက ညွှန်ကြား ထားတယ်လို့ ဆိုပြီး မြေ ၈၀ရာခိုင်နှုန်းကို သိမ်းယူလိုကြောင်း၊ ကျန်တဲ့ ၂၀ရာခိုင်နှုန်းကို ပြန်ပေးမယ်၊ မလိုချင်ပါက လျော်ကြေးငွေ ပေးနိုင်တယ်လို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ လယ်သမား တွေကို ပြောခဲ့တယ်လို့ မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဘီဘီစီ ကိုပြောပါတယ်။

"လယ်သမားတွေက အစိုးရကို အဲဒီမြေမှာ လုပ်ငန်းလုပ်ပါ၊သဘောတူပါတယ်ဆိုတဲ့ လက်မှတ်ထိုးခိုင်းတယ်။ နောက်ပြီးမှာ ကျန်တဲ့ ၂၀ရာခိုင်နှုန်းကို စဉ်းစားပေးမယ်၊ တစ်ဖက်သတ်ဆန်လို့ လက်မခံခဲ့ကြဘူး" လို့ အဲဒီအစည်းအဝေးမှာ ရန်ကုန်အစိုးရရဲ့ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က ပြောခဲ့ တာလို့ သူကဆိုပါတယ်။

မြေ ၈၀ရာခိုင်နှုန်းကို ယူနိုင်တယ်ဆိုတဲ့ သမ္မတရုံးက ညွှန်ကြားထားတယ်ဆိုတဲ့ အချက်အလက်ကိုလည်း လယ်သမားတွေနဲ့ ကိုယ်စားလှယ်တွေကို ချပြခဲ့တာမရှိဘဲ၊ ညှိနှိုင်းမှုအစည်းအဝေးက တစုံတရာ သဘောတူခဲ့မှု မရှိဘဲ ပြီးဆုံးခဲ့ပါတယ်။

တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်က တိုင်းဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်း ပေးထားတာပါ။ ပြင်ပပုဂ္ဂိုလ်အနေနဲ့တော့ လှည်းကူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ကို ထည့်သွင်းထားပါတယ်။

အဲဒီအချိန်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ လယ်သမားတွေနဲ့ ညှိနှိုင်းခဲ့ရပုံကို မေးမြန်းဖို့ ဦးမောင်မောင်ကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်ထားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပြန်စွန့်လွှတ်တဲ့မြေကို ၈၀ရာခိုင်နှုန်းပြန်ယူဖို့ တကယ်ညွှန်ကြားခဲ့လား

သိမ်းဆည်းခဲ့တဲ့ မြေတွေကို စိစစ်ပြီး မူလပိုင်ရှင်တွေကိုပြန်ပေးတဲ့နေရာမှာ သိမ်းဆည်းမြေတွေရဲ့ ၈၀ရာခိုင် နှုန်းကို နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် အသုံးပြုဖို့ သတ်မှတ်ထားတာ မရှိဘူးလို့ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်မြင့်က နိုဝင်ဘာ ၁၉ရက် နေ့၊ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ ပါတယ်။

လက်ရှိကာလမှာ သိမ်းဆည်းတဲ့မြေယာတွေအပေါ်သာ တောင်သူလယ်သမားတွေနဲ့ ညှိနှိုင်းပြီး သဘောတူမှ ၈၀ရာခိုင်နှုန်းကို ရယူဖို့ သတ်မှတ်ထားတာလို့လည်း ဦးတင်မြင့်က ပြောပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ အဲဒီမြေတွေကို မူလပိုင်ရှင်ထံကို လုံးဝပြန်လည်ပေးအပ်တာမျိုး မရှိသေးပါဘူး။

အဲဒီမြေနဲ့ ပတ်သက်ပြီး ရန်ကုန်အစိုးရကို အချိုးကျ ရယူခွင့် ပေးထားတာ မရှိပေမယ့်လည်း ဒဂုံအရှေ့၊ ဒဂုံတောင်နဲ့ ဒဂုံဆိပ်ကမ်းတို့မှာ လုပ်မယ့် စက်မှုဥယျာဉ် စီမံကိန်းတွေမှာ မြေယာရရှိဖို့ ၈၀၊ ၂၀ အချိုးနဲ့ တောင်သူလယ်သမားတွေ သဘောတူရင် ရယူနိုင်တယ်လို့ ၂၀၁၈ခုနှစ် သြဂုတ်လမှာ မူအားဖြင့် သဘောတူ တယ်လို့ ရန်ကုန် အစိုးရကို ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရန်ကုန်အစိုးရက အခုတပ်က စွန့်လွှတ်ပေးထားတဲ့ မြေကိုပါ ၈၀၊ ၂၀ အချိုးနဲ့ ရယူဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

စီမံကိန်းတွေ ဖော်ဖို့ အဲဒီလိုမြေရဖို့အတွက်ကိုလည်း အခြားတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက လုပ်လေ့မရှိဘဲ ရန်ကုန်အစိုးရ ကသာ လုပ်ဆောင်နေတာလို့ ရန်ကုန်တိုင်းလွှတ်တော် စီမံ၊ ဘဏ္ဍာနဲ့ စီးပွား ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ဘီဘီစီကိုပြောပါတယ်။
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ၂၇နှစ်ကြာ သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေမှာ ပိုင်ရှင်လယ်သမားတွေ စိုက်ပျိုးခွင့်ပြန်မရသေးဘူးလို့ဆို
အသိမ်းခံရတဲ့ လယ်သမားတွေ ဘာတွေနစ်နာနေလဲ

၂၇နှစ်ကြာ သိမ်းဆည်းခံထားရတဲ့ အဲဒီလယ်မြေတွေမှာ ပိုင်ရှင်လယ်သမားတွေ အခုချိန်ထိ စိုက်ပျိုးခွင့်၊ မြေအသုံးချခွင့် တခါမှမရသေးဘူးလို့ လယ်သမား ၅၃ဦးရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်သူ ဦးသန်းထိုက်က ဘီဘီစီကိုပြောပါတယ်။

တပ်က စွန့်လွှတ်လိုက်ပေမယ့် ရန်ကုန်တိုင်းအစိုးရက ပြန်မပေးသေးတဲ့ လယ်ဧက ၃၀၀ ကျော်ထဲမှာ ဦးသန်းထိုက်ရဲ့ လယ်မြေတွေလည်း ပါပါတယ်။

အခုနှစ်ပိုင်းအတွင်းမှာပဲ ကုမ္ပဏီတခုက အဲဒီလယ်မြေ ၃၀၀ ကျော်အပေါ်မှာ ဂျီပီအက်စ် (မြေပြင်တည် နေရာကို အလွယ်တကူရှာဖွေသိရှိနိုင်တဲ့စနစ်) စနစ်ကို လာတပ်ဆင်သွားပြီး ပိုင်ရှင်တွေကို လယ်လုပ်ပိုင်ခွင့်လည်း မပေးဘူးလို့ သူကဆိုပါတယ်။

"၈၀၊ ၂၀ ဆိုတာက မတရားသဖြင့်ကြီး လုပ်ထားတာဗျ။ အာဏာရှင်အစိုးရကတောင် ပြန်စွန့်ပေးလိုက်ပြီ ကျွန်တော်တို့ တင်ထားတဲ့ ပြည်သူ့အစိုးရက ဘာလို့ပြန်မစွန့်တာလဲဆိုတာ စဉ်းစားဖို့ကတော့ လိုနေပြီ" လို့ ဦးသန်းထိုက်က ပြောပါတယ်။

    မင်္ဂလာဒုံ ပျဉ်းမပင် ကျူးကျော်တွေကို ဖယ်ရှား

အဲဒီမြေနေရာတွေမှာ နိုင်ငံတကာအဆင့်မီ ကားရပ်နားဝန်းလို စီမံကိန်းကို ဖော်ဆောင်ဖို့ ရန်ကုန်တိုင်း အစိုးရက စီမံနေပေမယ့် လုပ်ငန်းတစုံတရာ အကောင်အထည်ဖော်တာ မရှိသေးဘဲ၊ မြေတွေကို ဆက်ထိန်းသိမ်းထား တာလည်း ဖြစ်ပါတယ်။

ရန်ကုန်အစိုးရ လုပ်နေတဲ့ ၈၀၊ ၂၀ ညှိနှိုင်းမှု အဆင်မပြေတဲ့အခါ တိုင်းအစိုးရက အဲဒီလိုမြေတွေကို တသက်လုံး အခြားနည်းပြောင်းသုံးလို့မရအောင် လုပ်နေတဲ့ ပုံတွေ၊ ခြိမ်းခြောက်မှုတွေလုပ်နေတာတွေရှိ တယ်လို့ မြေပြန်ရရှိရေး မေးမြန်းခဲ့တဲ့ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဝေဖန် ပြောဆိုခဲ့ပါတယ်။

ရန်ကုန်အစိုးရကလုပ်မယ့် စီမံကိန်းတချို့ကိုလည်း အချက်အလက် အပြည့်အစုံနဲ့ တင်ပြရှင်းလင်းနိုင်တာ မရှိတာကြောင့် ရန်ကုန်တိုင်းလွှတ်တော်က မှတ်တမ်းအဖြစ်လည်း ထားရှိထားတာလည်း ရှိနေပါသေးတယ်။

BBC Burmese
https://www.bbc.com
မဂၤလာဒုံက ျပန္စြန႔္လႊတ္တဲ့ ေျမေတြကို ရန္ကုန္အစိုးရ ဘာေၾကာင့္ ပိုင္ရွင္ထံ ျပန္ေပးဖို႔ ၾကာေနရလဲ မဂၤလာဒုံက ျပန္စြန႔္လႊတ္တဲ့ ေျမေတြကို ရန္ကုန္အစိုးရ ဘာေၾကာင့္ ပိုင္ရွင္ထံ ျပန္ေပးဖို႔ ၾကာေနရလဲ Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.