က်ဳံးဒိုး လွည့္ကင္း ရဲကားတိုက္ခိုက္ခံရမႈ ကရင္လက္နက္ကိုင္အဖြဲ႕ေတြ သေဘာထားေျပာ

ဒီတိုက္ခိုက္မႈေၾကာင့္ ၿငိမ္းခ်မ္းေရးထိခိုက္မွာကို စိုးရိမ္
(Zawgyi)⤵⤵⤵
ကရင္ျပည္နယ္ က်ဳံဒိုးမွာ လွည့္ကင္းရဲကား လက္ပစ္ဗုံးနဲ႔ တိုက္ခိုက္ခံရမႈနဲ႔ပတ္သက္ၿပီး ကရင္လက္နက္ကိုင္အဖြဲ႕ေတြက ဒီတိုက္ခိုက္မႈကို ရႈတ္ခ်လိုက္ၾကပါတယ္။

က်ဳံဒိုးတန္ေဆာင္တိုင္ ႏိုဝင္ဘာ၁၁ ရက္ညက လက္ပစ္ဗုံးနဲ႔ ရဲကားကို တိုက္ခိုက္ခံရမႈမွာ ရဲတပ္ဖြဲ႕ ဝင္သုံးဦး အပါအဝင္ အနည္းဆုံး လူ၄ ဦးေသဆုံးခဲ့ၿပီး ၁၀ ဦး ခန႔္ဒဏ္ရာရွိခဲ့ပါတယ္။

လက္ပစ္ဗုံးနဲ႔ တိုက္ခိုက္သြားလို႔ ဒဏ္ရာရထားတဲ့သူေတြကို ႏိုဝင္ဘာလ ၁၂ ရက္ မွာ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္ ဦးေဆာင္ၿပီး အသုံးအေဆာင္ပစၥည္းေတြ သြားေပးရင္း အားေပးစကား ေျပာခဲ့ပါတယ္။

ေကအန္ယူ အပါအဝင္ ကရင္လက္နက္ကိုင္ အဖြဲ႕ေတြက ဒီတိုက္ခိုက္မႈေၾကာင့္ သူတို႔ ေဆာင္႐ြက္ထားတဲ့ ၿငိမ္းခ်မ္းေရး ထိခိုက္မွာကိုလည္း စိုးရိမ္ေနၾကပါတယ္။

ဆိုင္ကယ္သမားတစ္ဦးက ရဲကားေပၚ လက္ပစ္ဗုံးလို႔ယူဆရတဲ့အရာနဲ႔ ပစ္သြင္းခဲ့
ကရင္ျပည္နယ္ က်ဳံဒိုးၿမိဳ႕မွာ ႏိုဝင္ဘာ ၁၁ ရက္ ည ၈နာရီခြဲေလာက္က တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပေနခ်ိန္ လုံၿခဳံေရးယူေပးေနတဲ့ ရဲကားေပၚ လက္ပစ္ဗုံး ပစ္သြင္းခံရလို႔ ေသဆုံးဒဏ္ရာရသူေတြ ရွိခဲ့ပါတယ္ ။

က်ဳံဒိုးၿမိဳ႕ရဲစခန္းက ရဲကင္းလွည့္ကားနဲ႔ တန္ေဆာင္တိုင္ပြဲေတာ္ကို လုံၿခဳံေရးယူေပးေနခ်ိန္မွာ ဆိုင္ကယ္သမားတစ္ဦးက ရဲကားေပၚ လက္ပစ္ဗုံးလို႔ ယူဆရတဲ့ အရာနဲ႔ ပစ္သြင္းခဲ့လို႔ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕နဲ႔ အရပ္သားတခ်ိဳ႕ အခင္းျဖစ္ေနရာမွာ ေသဆုံးသြားခဲ့ပါတယ္

"လုံၿခဳံေရးယူေပးေနတဲ့ ကားေပၚ လက္ပစ္ဗုံးက်တယ္။ ထိခိုက္ဒဏ္ရာရတာေတြ ရွိတယ္။ ေသဆုံးအေရအတြက္ေတာ့ ေသခ်ာမသိရေသးပါဘူး"လို႔ ကရင္ျပည္နယ္အစိုးရ အဖြဲ႕က စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏိုင္က ႏိုဝင္ဘာ လ ၁၁ ရက္ေန႔က ဘီဘီစီကို ေျပာခဲ့ပါတယ္။

"ဒဏ္ရာျပင္းထန္တဲ့သူေတြ၊ စိုးရိမ္ရတဲ့သူေတြကို ဘားအံကို ေခၚလာေနပါတယ္။ လုံၿခဳံေရးအပိုင္းကို ရဲတပ္ဖြဲ႕ေတြနဲ႔ ဆက္လုပ္ေနပါတယ္" လို႔ စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏိုင္က ရဲကားေပၚ လက္ပစ္ဗုံးတိုက္ခိုက္ခံရမႈ အၿပီးမွာ ဘီဘီစီကို ေျပာခဲ့ပါတယ္။

တရားခံကို ဖမ္းမိတာ မရွိေသး

ဒီအမႈကို ေဖာ္ထုတ္ဖို႔ အခ်က္အလက္ေတြနဲ႔ ကြင္းဆက္ေတြကို အေတာ္ေလးရရွိထားၿပီလို႔ ကရင္ျပည္နယ္အစိုးရ လူဝင္မႈ ႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီး ဦးမင္းကိုခိုင္က ဘီဘီစီကို ေျပာပါတယ္။

ဒါေပမယ့္ အခုထိေတာ့ တရားခံကို ဖမ္းမိတာ မရွိေသးပါဘူး။

တန္ေဆာင္တိုင္ပြဲေတာ္ လုံၿခဳံေရးအတြက္ ေဆာင္႐ြက္ေပးေနတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို အခုလို တိုက္ခိုက္သြားတာကို လက္မခံေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး ေကအန္ယူအတြင္းေရးမႉးခ်ဳပ္ ပဒိုတာဒိုမူးက ဘီဘီစီကို ေျပာပါတယ္။

ဒီေကဘီေအ ဆက္ဆံေရး႐ုံးမ်ား တာဝန္ခံ ဗိုလ္မႉးႀကီး ေစာေက်ာ္သန္းေဌးက အစိုးရဝန္ထမ္းေတြကို ဒီလို တိုက္ခိုက္တာကို ကန႔္ကြက္တယ္လို႔ ေျပာပါတယ္။

 ဘားအံမွာလုပ္တဲ့ ကရင္ျပည္နယ္ေန႔ အခမ္းအနားကို ႏိုင္ငံေတာ္သမၼတနဲ႔ ဇနီး တက္ေရာက္
ကရင္ျပည္နယ္ထဲက ကရင္လက္နက္ကိုင္အဖြဲ႕အစည္းေတြျဖစ္တဲ့ ေကအန္ယူ၊ ၿငိမ္းခ်မ္းေရးေကာင္စီနဲ႔ ဒီေကဘီေအအဖြဲ႕ေတြအျပင္ တျခားအဖြဲ႕အစည္းေတြပါ NCA အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ကို လက္မွတ္ေရးထိုးၿပီးေနာက္ပိုင္း ကရင္ျပည္နယ္ထဲမွာ တိုက္ပြဲေတြမရွိေတာ့ဘူးလို႔ ေဒသခံေတြက ေပ်ာ္႐ႊင္ေနတယ္လို႔ ဘီဘီစီသတင္းေထာက္က ေျပာပါတယ္။

အခုလို တိုက္ခိုက္မႈ ျဖစ္တာကို ေဒသခံလူထုေတြေရာ စီးပြားေရးလုပ္ငန္းရွင္ေတြပါ မႏွစ္သက္ၾကဘူးလို႔လည္း ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ကျုံးဒိုး လှည့်ကင်း ရဲကားတိုက်ခိုက်ခံရမှု ကရင်လက်နက်ကိုင်အဖွဲ့တွေ သဘောထားပြော

ဓာတ်ပုံ မူပိုင် Aung Cho Oo
Image caption ဒီတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေးထိခိုက်မှာကို စိုးရိမ်

ကရင်ပြည်နယ် ကျုံဒိုးမှာ လှည့်ကင်းရဲကား လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့တွေက ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ကြပါတယ်။

ကျုံဒိုးတန်ဆောင်တိုင် နိုဝင်ဘာ၁၁ ရက်ညက လက်ပစ်ဗုံးနဲ့ ရဲကားကို တိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ ဝင်သုံးဦး အပါအဝင် အနည်းဆုံး လူ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ခန့်ဒဏ်ရာရှိခဲ့ပါတယ်။

လက်ပစ်ဗုံးနဲ့ တိုက်ခိုက်သွားလို့ ဒဏ်ရာရထားတဲ့သူတွေကို နိုဝင်ဘာလ ၁၂ ရက် မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ဦးဆောင်ပြီး အသုံးအဆောင်ပစ္စည်းတွေ သွားပေးရင်း အားပေးစကား ပြောခဲ့ပါတယ်။

ကေအန်ယူ အပါအဝင် ကရင်လက်နက်ကိုင် အဖွဲ့တွေက ဒီတိုက်ခိုက်မှုကြောင့် သူတို့ ဆောင်ရွက်ထားတဲ့ ငြိမ်းချမ်းရေး ထိခိုက်မှာကိုလည်း စိုးရိမ်နေကြပါတယ်။
ဓာတ်ပုံ မူပိုင် Aung Cho Oo
Image caption ဆိုင်ကယ်သမားတစ်ဦးက ရဲကားပေါ် လက်ပစ်ဗုံးလို့ယူဆရတဲ့အရာနဲ့ ပစ်သွင်းခဲ့

ကရင်ပြည်နယ် ကျုံဒိုးမြို့မှာ နိုဝင်ဘာ ၁၁ ရက် ည ၈နာရီခွဲလောက်က တန်ဆောင်တိုင်ပွဲတော် ကျင်းပနေချိန် လုံခြုံရေးယူပေးနေတဲ့ ရဲကားပေါ် လက်ပစ်ဗုံး ပစ်သွင်းခံရလို့ သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ် ။

ကျုံဒိုးမြို့ရဲစခန်းက ရဲကင်းလှည့်ကားနဲ့ တန်ဆောင်တိုင်ပွဲတော်ကို လုံခြုံရေးယူပေးနေချိန်မှာ ဆိုင်ကယ်သမားတစ်ဦးက ရဲကားပေါ် လက်ပစ်ဗုံးလို့ ယူဆရတဲ့ အရာနဲ့ ပစ်သွင်းခဲ့လို့ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ အရပ်သားတချို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်

"လုံခြုံရေးယူပေးနေတဲ့ ကားပေါ် လက်ပစ်ဗုံးကျတယ်။ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ သေဆုံးအရေအတွက်တော့ သေချာမသိရသေးပါဘူး"လို့ ကရင်ပြည်နယ်အစိုးရ အဖွဲ့က စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က နိုဝင်ဘာ လ ၁၁ ရက်နေ့က ဘီဘီစီကို ပြောခဲ့ပါတယ်။

"ဒဏ်ရာပြင်းထန်တဲ့သူတွေ၊ စိုးရိမ်ရတဲ့သူတွေကို ဘားအံကို ခေါ်လာနေပါတယ်။ လုံခြုံရေးအပိုင်းကို ရဲတပ်ဖွဲ့တွေနဲ့ ဆက်လုပ်နေပါတယ်" လို့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ရဲကားပေါ် လက်ပစ်ဗုံးတိုက်ခိုက်ခံရမှု အပြီးမှာ ဘီဘီစီကို ပြောခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Aung Cho Oo
Image caption တရားခံကို ဖမ်းမိတာ မရှိသေး

ဒီအမှုကို ဖော်ထုတ်ဖို့ အချက်အလက်တွေနဲ့ ကွင်းဆက်တွေကို အတော်လေးရရှိထားပြီလို့ ကရင်ပြည်နယ်အစိုးရ လူဝင်မှု ကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် အခုထိတော့ တရားခံကို ဖမ်းမိတာ မရှိသေးပါဘူး။

တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အခုလို တိုက်ခိုက်သွားတာကို လက်မခံကြောင်း ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူအတွင်းရေးမှူးချုပ် ပဒိုတာဒိုမူးက ဘီဘီစီကို ပြောပါတယ်။

ဒီကေဘီအေ ဆက်ဆံရေးရုံးများ တာဝန်ခံ ဗိုလ်မှူးကြီး စောကျော်သန်းဌေးက အစိုးရဝန်ထမ်းတွေကို ဒီလို တိုက်ခိုက်တာကို ကန့်ကွက်တယ်လို့ ပြောပါတယ်။
Image caption ဘားအံမှာလုပ်တဲ့ ကရင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတနဲ့ ဇနီး တက်ရောက်

ကရင်ပြည်နယ်ထဲက ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကေအန်ယူ၊ ငြိမ်းချမ်းရေးကောင်စီနဲ့ ဒီကေဘီအေအဖွဲ့တွေအပြင် တခြားအဖွဲ့အစည်းတွေပါ NCA အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေမရှိတော့ဘူးလို့ ဒေသခံတွေက ပျော်ရွှင်နေတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အခုလို တိုက်ခိုက်မှု ဖြစ်တာကို ဒေသခံလူထုတွေရော စီးပွားရေးလုပ်ငန်းရှင်တွေပါ မနှစ်သက်ကြဘူးလို့လည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC Burmese
https://www.bbc.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား