အေတြးမ်ားၿပီး ညည အိပ္မေပ်ာ္ျဖစ္ေနပါသလား

(Zawgyi)⤵⤵⤵
အိပ္ခါနီး ေတာင္ေတြးေျမာက္ေတြးနဲ႔ ေတာ္ေတာ္နဲ႔ အိပ္မရတဲ့သူေတြ ရွိပါသလား။ အိပ္ရာထဲေရာက္ၿပီဆိုတာနဲ႔ နဖူးေပၚလက္တင္ၿပီး စဥ္းစားခန္းဖြင့္တဲ့ သူအမ်ားစုဟာ ညဘက္အိပ္မေပ်ာ္တဲ့ ေဝဒနာကို အျခားသူေတြထက္ ပိုခံစားရေလ့ရွိပါတယ္။ ဒီလိုနဲ႔ အိပ္မေပ်ာ္တဲ့ ေဝဒနာကို ခံစားရၿပီးအိပ္ရာထဲ လူးလြန္ေနရတဲ့သူေတြအတြက္ ေကာင္းေကာင္းအိပ္ေပ်ာ္ေစမယ့္ နည္းလမ္းေကာင္းေလးေတြ ေဝမွ် ေပးခ်င္ပါတယ္ ။ ။

ဒီလို အေတြးလြန္ၿပီး အိပ္ခ်င္စိတ္ေတြ ေပ်ာက္ကုန္တဲ့အခါ

အိပ္ရာထဲက ထြက္လိုက္ပါ။ ။

အိပ္ရာထဲမွာ လူးလြန္႔ၿပီး အတင္းအိပ္ေပ်ာ္ေအာင္ ႀကိဳးစားေနမယ့္အစား အိပ္ရာထဲက ထြက္ၿပီး သက္ေတာင့္သက္သာရွိတဲ့ ခုံတစ္ခုမွာ သီခ်င္း ေအးေအးေလးေတြ နားေထာင္လိုက္ပါ။ အိပ္ရာထဲမွာ မရွိေလ အခ်ိန္ၾကာလာတာနဲ႔ အိပ္ခ်င္လာေလျဖစ္မွာပါ။

အိပ္ခါနီး အလုပ္အေၾကာင္းလုံးဝ မစဥ္းစားပါနဲ႔ ။ ။

သင့္ကို စိတ္ဖိစီးေစတဲ့ အလုပ္အေၾကာင္၊ အေႂကြးအေၾကာင္း ေငြေရးေၾကးေရး အ ေၾကာင္းကို အိပ္ခါနီးလုံးဝကို မစဥ္းစားပါနဲ႔။ လုပ္စရာ အားလုံးကို အိပ္ရာ မဝင္ခင္ ၂ နာရီ ေလာက္အလိုတည္းက အကုန္ျဖတ္ခဲ့ပါ။

ဖုန္းကို အိပ္ရာနဲ႔ အေဝးဆုံးမွာထားပါ။ ။

အိပ္မေပ်ာ္လို႔ဆိုၿပီး ဖုန္းပြတ္၊ ဖုန္းပြတ္ေတာ့ ပိုၿပီး အိပ္ခ်င္စိတ္ေပ်ာက္နဲ႔ သံသရာလည္ေန တတ္ပါတယ္။ ဒါေၾကာင့္ အိပ္ရာဝင္ခါနီး အင္တာနက္လုံးဝ မသုံးပါနဲ႔။ ေၾကာက္စရာ ေကာင္းတဲ့႐ုပ္ရွင္ေတြကိုလည္း မၾကည့္ပါနဲ႔။ ။

ေယာဂ ကစားၾကည့္ပါ။

သက္ေတာင့္သက္တာရွိေစဖို႔နဲ႔ ေကာင္းေကာင္းအိပ္ေပ်ာ္ေစဖို႔အတြက္ အိပ္ခါနီး ေယာဂလိုမ်ိဳး မျပင္းထန္တဲ့ ကိုယ္လက္ေလ့က်င့္ခန္း တစ္ခုခု လုပ္လိုက္ပါ။ ေတြးလက္စ အေတြးေတြ ေျပေလ်ာ့သြားၿပီး ေကာင္းေကာင္းလည္း အိပ္ေပ်ာ္ေစမွာပါ။

အသက္ကို ျဖည္းျဖည္းခ်င္း ရႉသြင္း ရႉထုတ္လုပ္ၿပီးမွ အိပ္ပါ။ ။

အိပ္ခါနီး မြန္းၾကပ္ေနတဲ့ စိတ္ေတြကို ေျပေလ်ာ့ေစဖို႔အတြက္ အသက္ကို ျဖည္းျဖည္းခ်င္း ရႉသြင္း ရႉထုတ္ပါ။ ဒီလိုနဲ႔ သင့္ရဲ႕ မြန္းၾကပ္မႈေတြ အေဝးေရာက္သြားလို႔ တျဖည္းျဖည္းနဲ႔ အိပ္ခ်င္လာမွာပါ။ ဒီလို လုပ္ၾကည့္ပါ။ ရင္ဘတ္ေပၚလက္တင္ထားၿပီး ႏွလုံးခုန္သံ ကို နားေထာင္ပါ။ ၿပီးရင္ အသက္ကို ၄ စကၠန္႔ေလာက္ေအာင့္ထားၿပီး အရွည္ႀကီးရႉထုတ္လိုက္ပါ။

အိပ္ခန္းထဲမွာ TV မထားပါနဲ႔။ ။

ဘယ္ေလာက္ပဲ ဇိမ္ခံတတ္ပါေစ ညည အိပ္မေပ်ာ္တဲ့သူေတြ အေနနဲ႔ အိပ္ခန္းထဲ TV ထားကို မထားသင့္ပါဘူး။ ဖုန္းတို႔ TV တို႔ကေန ထြက္လာတဲ့ အျပာေရာင္ အလင္းတန္းေတြေၾကာင့္ သင့္ကို အိပ္ခ်င္ေအာင္ လႈံ႕ေဆာ္ေပးတဲ့ melatonin ေဟာ္မုန္း ထြက္ႏႈန္းက်သြားၿပီး သင့္ဦးေႏွာက္ကလည္း အလုပ္ေတြ ဆက္လုပ္ေနမွာ ျဖစ္တာေၾကာင့္ ေတာ္ေတာ္နဲ႔ သင္အိပ္လို႔ ေပ်ာ္ေတာ့မွာ မဟုတ္ပါဘူး။

တရားထိုင္ပါ။ ။

တရားစခန္းဝင္ရင္ ေန႔ခင္းဘက္ေတြ မွာေတာင္ တရားထိုင္ရင္ အိပ္ေပ်ာ္တာ၊ ညဘက္ဆို ပိုေတာင္မွ အိပ္ေပ်ာ္ႏိုင္ေသး။ တစ္ခုေတာ့ရွိတယ္။ တရားထိုင္တာနဲ႔ လွဲေနရင္း တရားမွတ္တာနဲ႔ဆို ထိုင္ရင္း တရားမွတ္တာက ပိုၿပီး အိပ္ခ်င္စိတ္ကို ျဖစ္ေစပါတယ္။ မလွဲရေလ လွဲခ်င္ေလ၊ မရေလ ပိုလိုခ်င္ေလဆိုတာ လူ႔သဘာဝပဲ မဟုတ္လား။

စိတ္ထဲမွာ တစ္ခုခုမြန္းၾကပ္ေနရင္ ေအာ္ထုတ္လိုက္ပါ။

တစ္ခုခု ဖိစီးေနလို႔ စိတ္ထဲမြန္းၾကပ္ၿပီး အိပ္လို႔မရရင္ ကိုယ့္ကို မြန္းၾကပ္ေစတဲ့အေၾကာင္းကို ပါးစပ္ကေန ႐ြတ္ေနလိုက္ပါ။ ဒါမွမဟုတ္ နံပါတ္စဥ္ေတြကို ေရ႐ြတ္တာျဖစ္ျဖစ္၊ အကၡရာေတြကိုပဲ ျဖစ္ျဖစ္ အသံထြက္ၿပီးေရ႐ြတ္ေနလိုက္ပါ။

ဒါေတြကေတာ့ အိပ္ခ်ိန္ေရာက္ေနရက္ အေတြးလြန္ေနလို႔ အိပ္မေပ်ာ္ဘဲ လူးလြန္႔ေနရတဲ့ ညေတြ ကုန္ဆုံးေစဖို႔အတြက္ လိုက္နာသင့္တဲ့အခ်က္ေတြပဲ ျဖစ္ပါတယ္။ ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
အတွေးများပြီး ညည အိပ်မပျော်ဖြစ်နေပါသလား

အိပ်ခါနီး တောင်တွေးမြောက်တွေးနဲ့ တော်တော်နဲ့ အိပ်မရတဲ့သူတွေ ရှိပါသလား။ အိပ်ရာထဲရောက်ပြီဆိုတာနဲ့ နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဖွင့်တဲ့ သူအများစုဟာ ညဘက်အိပ်မပျော်တဲ့ ဝေဒနာကို အခြားသူတွေထက် ပိုခံစားရလေ့ရှိပါတယ်။ ဒီလိုနဲ့ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရပြီးအိပ်ရာထဲ လူးလွန်နေရတဲ့သူတွေအတွက် ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှ ပေးချင်ပါတယ် ။ ။

ဒီလို အတွေးလွန်ပြီး အိပ်ချင်စိတ်တွေ ပျောက်ကုန်တဲ့အခါ

အိပ်ရာထဲက ထွက်လိုက်ပါ။ ။

အိပ်ရာထဲမှာ လူးလွန့်ပြီး အတင်းအိပ်ပျော်အောင် ကြိုးစားနေမယ့်အစား အိပ်ရာထဲက ထွက်ပြီး သက်တောင့်သက်သာရှိတဲ့ ခုံတစ်ခုမှာ သီချင်း အေးအေးလေးတွေ နားထောင်လိုက်ပါ။ အိပ်ရာထဲမှာ မရှိလေ အချိန်ကြာလာတာနဲ့ အိပ်ချင်လာလေဖြစ်မှာပါ။

အိပ်ခါနီး အလုပ်အကြောင်းလုံးဝ မစဉ်းစားပါနဲ့ ။ ။

သင့်ကို စိတ်ဖိစီးစေတဲ့ အလုပ်အကြောင်၊ အကြွေးအကြောင်း ငွေရေးကြေးရေး အ ကြောင်းကို အိပ်ခါနီးလုံးဝကို မစဉ်းစားပါနဲ့။ လုပ်စရာ အားလုံးကို အိပ်ရာ မဝင်ခင် ၂ နာရီ လောက်အလိုတည်းက အကုန်ဖြတ်ခဲ့ပါ။

ဖုန်းကို အိပ်ရာနဲ့ အဝေးဆုံးမှာထားပါ။ ။

အိပ်မပျော်လို့ဆိုပြီး ဖုန်းပွတ်၊ ဖုန်းပွတ်တော့ ပိုပြီး အိပ်ချင်စိတ်ပျောက်နဲ့ သံသရာလည်နေ တတ်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီး အင်တာနက်လုံးဝ မသုံးပါနဲ့။ ကြောက်စရာ ကောင်းတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ပါနဲ့။ ။

ယောဂ ကစားကြည့်ပါ။

သက်တောင့်သက်တာရှိစေဖို့နဲ့ ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် အိပ်ခါနီး ယောဂလိုမျိုး မပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခု လုပ်လိုက်ပါ။ တွေးလက်စ အတွေးတွေ ပြေလျော့သွားပြီး ကောင်းကောင်းလည်း အိပ်ပျော်စေမှာပါ။

အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ်လုပ်ပြီးမှ အိပ်ပါ။ ။

အိပ်ခါနီး မွန်းကြပ်နေတဲ့ စိတ်တွေကို ပြေလျော့စေဖို့အတွက် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ်ပါ။ ဒီလိုနဲ့ သင့်ရဲ့ မွန်းကြပ်မှုတွေ အဝေးရောက်သွားလို့ တဖြည်းဖြည်းနဲ့ အိပ်ချင်လာမှာပါ။ ဒီလို လုပ်ကြည့်ပါ။ ရင်ဘတ်ပေါ်လက်တင်ထားပြီး နှလုံးခုန်သံ ကို နားထောင်ပါ။ ပြီးရင် အသက်ကို ၄ စက္ကန့်လောက်အောင့်ထားပြီး အရှည်ကြီးရှူထုတ်လိုက်ပါ။

အိပ်ခန်းထဲမှာ TV မထားပါနဲ့။ ။

ဘယ်လောက်ပဲ ဇိမ်ခံတတ်ပါစေ ညည အိပ်မပျော်တဲ့သူတွေ အနေနဲ့ အိပ်ခန်းထဲ TV ထားကို မထားသင့်ပါဘူး။ ဖုန်းတို့ TV တို့ကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းတွေကြောင့် သင့်ကို အိပ်ချင်အောင် လှုံ့ဆော်ပေးတဲ့ melatonin ဟော်မုန်း ထွက်နှုန်းကျသွားပြီး သင့်ဦးနှောက်ကလည်း အလုပ်တွေ ဆက်လုပ်နေမှာ ဖြစ်တာကြောင့် တော်တော်နဲ့ သင်အိပ်လို့ ပျော်တော့မှာ မဟုတ်ပါဘူး။

တရားထိုင်ပါ။ ။

တရားစခန်းဝင်ရင် နေ့ခင်းဘက်တွေ မှာတောင် တရားထိုင်ရင် အိပ်ပျော်တာ၊ ညဘက်ဆို ပိုတောင်မှ အိပ်ပျော်နိုင်သေး။ တစ်ခုတော့ရှိတယ်။ တရားထိုင်တာနဲ့ လှဲနေရင်း တရားမှတ်တာနဲ့ဆို ထိုင်ရင်း တရားမှတ်တာက ပိုပြီး အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ မလှဲရလေ လှဲချင်လေ၊ မရလေ ပိုလိုချင်လေဆိုတာ လူ့သဘာဝပဲ မဟုတ်လား။

စိတ်ထဲမှာ တစ်ခုခုမွန်းကြပ်နေရင် အော်ထုတ်လိုက်ပါ။

တစ်ခုခု ဖိစီးနေလို့ စိတ်ထဲမွန်းကြပ်ပြီး အိပ်လို့မရရင် ကိုယ့်ကို မွန်းကြပ်စေတဲ့အကြောင်းကို ပါးစပ်ကနေ ရွတ်နေလိုက်ပါ။ ဒါမှမဟုတ် နံပါတ်စဉ်တွေကို ရေရွတ်တာဖြစ်ဖြစ်၊ အက္ခရာတွေကိုပဲ ဖြစ်ဖြစ် အသံထွက်ပြီးရေရွတ်နေလိုက်ပါ။

ဒါတွေကတော့ အိပ်ချိန်ရောက်နေရက် အတွေးလွန်နေလို့ အိပ်မပျော်ဘဲ လူးလွန့်နေရတဲ့ ညတွေ ကုန်ဆုံးစေဖို့အတွက် လိုက်နာသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အေတြးမ်ားၿပီး ညည အိပ္မေပ်ာ္ျဖစ္ေနပါသလား အေတြးမ်ားၿပီး ညည အိပ္မေပ်ာ္ျဖစ္ေနပါသလား Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.