တရားမဝင္ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ ထိုင္းက ဖမ္းၿပီးျပန္ပို႔


(Zawgyi / Unicode)

ထိုင္းႏုိင္ငံထဲကို တရားမဝင္ ဝင္ေရာက္တာ၊ ခုိင္လံုတဲ့ အေထာက္အထား မျပႏုိင္တာေတြေၾကာင့္ လူကုန္ကူးခံရသူေတြ အပါအဝင္ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြက ႏုိဝင္ဘာလ ၈ ရက္ေန႔မွာ ရေနာင္း-ေကာ့ေသာင္း နယ္စပ္ကေနတဆင့္ ျပန္ပို႔လိုက္ပါတယ္။ အျပည့္အစုံကုိ ထိုင္းအေျခစိုက္္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံကုိ တရားမ၀င္ ၀င္ေရာက္လာတဲ့ ျမန္မာႏို္င္ငံသားေတြကုိ ဖမ္းဆီးၿပီး ရေနာင္း-ေကာ့ေသာင္း နယ္စပ္ကေန ျပည္ႏွင္ဒဏ္ ေပးခဲ့တာပါ။ ဒီထဲမွာ မေလးရွားကုိ သြားၾကမယ့္ လူကုန္ကူးခံရသူေတြလည္း ပါ၀င္တယ္လို႔ ေကာ့ေသာင္းၿမိဳ႕ ေရႊ႕ေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာရဲ႕ တာ၀န္ခံ ဦးမိုးေ၀က အခုလိုေျပာပါတယ္။

“၈ ရက္ေန႔ကေပါ့ ျပန္လဲႊတာ၊ ေယာက္်ားေလးက ၉၅ ေယာက္ မိန္းကေလးက ၁၃ ေယာက္၊ ၂ ႏွစ္အရြယ္ကေလးက ၂ ေယာက္ အားလံုး ၁၁၀ ပါ၀င္ပါတယ္။ ဒီၾကားထဲမွာ ၁၃ ဦးက ရခိုင္ျပည္နယ္ကေန လူကုန္ကူးခံရၿပီး ခ်ံဳဖြန္ေရာ္ဘာၿခံထဲမွာ ဖမ္းမိတဲ့ လူအုပ္စုပါတယ္။ သူတုိ႔ကေတာ့ ၂ လေက်ာ္ေနရၿပီး အေထာက္အထားမဲ့နဲ႔အတူ ျပန္ပို႔တာ ခံရတယ္။ တရား႐ုံးကို တက္ရတယ္။ သူတို႔က သူတုိ႔ေဒသမွာ အလုပ္အကုိင္ ရွားပါးမႈနဲ႔ စား၀တ္ေနေရး အဆင္မေျပလို႔ ပဲြစားနဲ႔လာၾကတယ္။ ပဲြစားကုိ ၁၅ သိန္းေပးရမယ္ ေျပာတယ္။ သူတို႔က ၄ သိန္းေပးရတယ္။ ရန္ကုန္အထိအေရာက္ ရန္ကုန္ကေန ေကာ့ေသာင္း၊ ေကာ့ေသာင္းကေန ရေနာင္း၊ ရေနာင္းကေန မေလးရွားကို သြားဖို႔အတြက္ လုပ္ေနတာ။ ေရာ္ဘာၿခံထဲမွာ ပဲြစားကိုေစာင့္ေနတုန္း အဖဲြ႔စံုနဲ႔ ဖမ္းမိတာျဖစ္တယ္။”

ဖမ္းမိသူေတြထဲမွာ တရား၀င္ အေထာက္အထားျဖစ္တဲ့ မည္သူမည္၀ါျဖစ္ေၾကာင္း အေထာက္အထားစာအုပ္ ကုိင္ေဆာင္ထားတဲ့ သူေတြလည္း ပါ၀င္တယ္လို႔ ဆိုပါတယ္။

“အလုပ္လုပ္ခြင့္ လက္မွတ္လည္းရွိတယ္၊ စီအိုင္ အစိမ္းေရာင္စာအုပ္လည္း ရွိတယ္၊ စက္႐ုံပိတ္လိုက္ေတာ့ အလုပ္ေျပာင္းတယ္။ တျခားအလုပ္႐ုံကုိ ၀င္တယ္။ ၃ ရက္ပဲ ရွိေသးတယ္။ စာရြက္စာတမ္း အလႊဲအေျပာင္း လုပ္တဲ့အခ်ိန္မွာ ရဲက၀င္စစ္ၿပီး ဖမ္းမိတယ္။”

သူတို႔ကုိေတာ့ ဖမ္းဆီးၿပီးတဲ့အခ်ိန္ တရား႐ုံးက ေငြဒဏ္ခ်မွတ္ၿပီး အလုပ္ျပန္လုပ္လို႔ ရတယ္လို႔ ဆိုေပမယ့္ ရဲေတြက ထပ္ဖမ္းဆီးၿပီး ေငြေတာင္းတာကို မေပးႏိုင္တာေၾကာင့္ တရားမ၀င္ ခုိး၀င္သူေတြနဲ႔အတူ နယ္စပ္ကုိ ျပန္ပုိ႔ထားခံရတယ္လို႔ ဆိုပါတယ္။ တရား၀င္ အေထာက္အထားေတြရွိၿပီး ျပည္ႏွင္ဒဏ္ေပးခံရတာမို႔ ျမန္မာအာဏာပုိင္ေတြအေနနဲ႔ ေျဖရွင္းေပးေစလိုတယ္လို႔လည္း ဦးမုိးေ၀က ေျပာပါတယ္။

“က်ေနာ္တို႔ႏိုင္ငံက တာ၀န္ရွိတဲ့သူေတြ သံ႐ုံးကုိယ္တုိင္ ႏိုင္ငံျခားေရး၀န္ႀကီးက ဒီအခ်က္အလက္ေတြကုိ ေသခ်ာသိဖို႔လိုတယ္။ ႏွစ္ႏိုင္ငံ ညႇိႏႈိင္းၿပီး ဒီလူေတြ ဘယ္လိုလုပ္ၾကမလဲ ဆုိတာကို က်ေနာ္တုိ႔လည္း ေျပာေနတာပဲ။ အခုအထိ ဒီအတုိင္းပဲရွိေနတုန္း၊ ေျဖရွင္းေပးတယ္ဆုိတာ သိ္ပ္မေတြ႔ဘူး။”

အခုဆိုရင္ ထုိင္းေတာင္ပိုင္းမွာ ဖမ္းမိတဲ့ ျမန္မာေတြကို ျပည္ႏွင္ဒဏ္ေပးၿပီး တပတ္ကို လူ ၁၀၀ ေက်ာ္ ျပန္ပို႔ေနတာပါ။ ထိုင္းေတာင္ပုိင္းမွာ ၂၀၁၉ ခုႏွစ္အတြင္း လူ ၇,၀၀၀ ေလာက္ ဖမ္းဆီးမိၿပီး ဒီထဲမွာ ထုိင္း-မေလး နယ္စပ္ကေန မေလးရွားကို ခုိး၀င္ဖုိ႔ ႀကိဳးစားတဲ့ လူကုန္ကူးခံရသူေတြ အမ်ားဆံုး ပါ၀င္တယ္လို႔လည္း ထုိင္းအာဏာပုိင္ေတြက ေျပာပါတယ္။

-----------------------------

(Unicode)

တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် ထိုင်းက ဖမ်းပြီးပြန်ပို့

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တာ၊ ခိုင်လုံတဲ့ အထောက်အထား မပြနိုင်တာတွေကြောင့် လူကုန်ကူးခံရသူတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၈ ရက်နေ့မှာ ရနောင်း-ကော့သောင်း နယ်စပ်ကနေတဆင့် ပြန်ပို့လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး ရနောင်း-ကော့သောင်း နယ်စပ်ကနေ ပြည်နှင်ဒဏ် ပေးခဲ့တာပါ။ ဒီထဲမှာ မလေးရှားကို သွားကြမယ့် လူကုန်ကူးခံရသူတွေလည်း ပါဝင်တယ်လို့ ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာရဲ့ တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပါတယ်။

“၈ ရက်နေ့ကပေါ့ ပြန်လွဲှတာ၊ ယောက်ျားလေးက ၉၅ ယောက် မိန်းကလေးက ၁၃ ယောက်၊ ၂ နှစ်အရွယ်ကလေးက ၂ ယောက် အားလုံး ၁၁၀ ပါဝင်ပါတယ်။ ဒီကြားထဲမှာ ၁၃ ဦးက ရခိုင်ပြည်နယ်ကနေ လူကုန်ကူးခံရပြီး ချုံဖွန်ရော်ဘာခြံထဲမှာ ဖမ်းမိတဲ့ လူအုပ်စုပါတယ်။ သူတို့ကတော့ ၂ လကျော်နေရပြီး အထောက်အထားမဲ့နဲ့အတူ ပြန်ပို့တာ ခံရတယ်။ တရားရုံးကို တက်ရတယ်။ သူတို့က သူတို့ဒေသမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ စားဝတ်နေရေး အဆင်မပြေလို့ ပွဲစားနဲ့လာကြတယ်။ ပွဲစားကို ၁၅ သိန်းပေးရမယ် ပြောတယ်။ သူတို့က ၄ သိန်းပေးရတယ်။ ရန်ကုန်အထိအရောက် ရန်ကုန်ကနေ ကော့သောင်း၊ ကော့သောင်းကနေ ရနောင်း၊ ရနောင်းကနေ မလေးရှားကို သွားဖို့အတွက် လုပ်နေတာ။ ရော်ဘာခြံထဲမှာ ပွဲစားကိုစောင့်နေတုန်း အဖွဲ့စုံနဲ့ ဖမ်းမိတာဖြစ်တယ်။”

ဖမ်းမိသူတွေထဲမှာ တရားဝင် အထောက်အထားဖြစ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ် ကိုင်ဆောင်ထားတဲ့ သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“အလုပ်လုပ်ခွင့် လက်မှတ်လည်းရှိတယ်၊ စီအိုင် အစိမ်းရောင်စာအုပ်လည်း ရှိတယ်၊ စက်ရုံပိတ်လိုက်တော့ အလုပ်ပြောင်းတယ်။ တခြားအလုပ်ရုံကို ဝင်တယ်။ ၃ ရက်ပဲ ရှိသေးတယ်။ စာရွက်စာတမ်း အလွှဲအပြောင်း လုပ်တဲ့အချိန်မှာ ရဲကဝင်စစ်ပြီး ဖမ်းမိတယ်။”

သူတို့ကိုတော့ ဖမ်းဆီးပြီးတဲ့အချိန် တရားရုံးက ငွေဒဏ်ချမှတ်ပြီး အလုပ်ပြန်လုပ်လို့ ရတယ်လို့ ဆိုပေမယ့် ရဲတွေက ထပ်ဖမ်းဆီးပြီး ငွေတောင်းတာကို မပေးနိုင်တာကြောင့် တရားမဝင် ခိုးဝင်သူတွေနဲ့အတူ နယ်စပ်ကို ပြန်ပို့ထားခံရတယ်လို့ ဆိုပါတယ်။ တရားဝင် အထောက်အထားတွေရှိပြီး ပြည်နှင်ဒဏ်ပေးခံရတာမို့ မြန်မာအာဏာပိုင်တွေအနေနဲ့ ဖြေရှင်းပေးစေလိုတယ်လို့လည်း ဦးမိုးဝေက ပြောပါတယ်။

“ကျနော်တို့နိုင်ငံက တာဝန်ရှိတဲ့သူတွေ သံရုံးကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးက ဒီအချက်အလက်တွေကို သေချာသိဖို့လိုတယ်။ နှစ်နိုင်ငံ ညှိနှိုင်းပြီး ဒီလူတွေ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကျနော်တို့လည်း ပြောနေတာပဲ။ အခုအထိ ဒီအတိုင်းပဲရှိနေတုန်း၊ ဖြေရှင်းပေးတယ်ဆိုတာ သိပ်မတွေ့ဘူး။”

အခုဆိုရင် ထိုင်းတောင်ပိုင်းမှာ ဖမ်းမိတဲ့ မြန်မာတွေကို ပြည်နှင်ဒဏ်ပေးပြီး တပတ်ကို လူ ၁၀၀ ကျော် ပြန်ပို့နေတာပါ။ ထိုင်းတောင်ပိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း လူ ၇,၀၀၀ လောက် ဖမ်းဆီးမိပြီး ဒီထဲမှာ ထိုင်း-မလေး နယ်စပ်ကနေ မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားတဲ့ လူကုန်ကူးခံရသူတွေ အများဆုံး ပါဝင်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မေအးေအးမာ/ VOA Burmese
https://burmese.voanews.com
တရားမဝင္ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ ထိုင္းက ဖမ္းၿပီးျပန္ပို႔ တရားမဝင္ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ ထိုင္းက ဖမ္းၿပီးျပန္ပို႔ Reviewed by THITHTOOLWIN on 10:15 Rating: 5
Powered by Blogger.