နယ္သာလန္က ဒီဇင္ဘာ ၾကားနာပြဲ ျမန္မာဘာေတြ ရင္ဆိုင္ရဖို႔ ရွိလဲ

ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ စတင္ ၾကားနာမႈ လုပ္မယ္။
(Zawgyi)⤵⤵⤵
နယ္သာလန္ ႏိုင္ငံမွာ ဒီဇင္ဘာလ ၁၀ ရက္ေန႔ လုပ္မယ့္ ၾကားနာပြဲဟာ ဂမ္ဘီယာဘက္ က ICJ ကို တင္ထားတဲ့အထဲက ၾကားျဖတ္အေရးယူေဆာင္႐ြက္မႈ Provisional Measures ေတြ ျမန္မာဘက္ကလိုက္နာဖို႔ လိုမလို ဆုံးျဖတ္ဖို႔ အဓိက ျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီမွာ ICJ ကို ဂမ္ဘီယာ ဘက္ ကေတာင္းထားတာ ႏွစ္မ်ိဳးျဖစ္ၿပီးေတာ့ အၾကမ္းဖက္မႈ သတ္ျဖတ္မႈေတြရွိရင္ ဆက္မလုပ္ဖို႔ နဲ႔ ဒုတိယ အခ်က္ ကေတာ့ သက္ေသ အေထာက္အထားေတြကို မဖ်က္ဆီးဘဲ ထိမ္းသိန္းထားဖို႔ ျဖစ္တယ္လို႔ Harvard Law School မွာ ႏိုင္ငံတကာ ဥပေဒေတြကို သင္ၾကားေပးေနတဲ့ ကထိက ေဒၚ ရည္မြန္ထြန္းက ဘီဘီစီကို ေျပာပါတယ္။

အရပ္သားေတြ အေပၚ ပစ္မွတ္ထားတဲ့ စစ္ဆင္ေရးေတြ အားလုံး ျမန္မာႏိုင္ငံထဲမွာ ခ်က္ျခင္းရပ္ေရး အေရးေပၚ တားဆီးမိန႔္ တစ္ရပ္ ICJ ဘက္က ထုတ္ျပန္ေပးဖို႔ ဂမ္ဘီယာက ထည့္သြင္း ေလွ်ာက္ထားခဲ့တာကို ဒီဇင္ဘာ ၾကားနာမႈေတြထဲ ICJ က အဓိက အာ႐ုံစိုက္ ၾကားနာမွာ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္ထဲ ေတြ႕ရပါတယ္။

တရားသူႀကီးေတြက ဂမ္ဘီယာဘက္က တင္တာေတြကို ဘာေၾကာင့္တင္တာတာလဲဆိုတာကို နားေထာင္မယ္၊ ျမန္မာဘက္က ဒီဟာကို လက္မခံဘူးဆိုရင္ ဘာေၾကာင့္ လက္မခံဘူး ဆိုတာကိုလည္း နားေထာင္မယ္၊ ေနာက္ၿပီးေတာ့ ေပးသင့္တယ္ထင္ရင္ ေပးလိမ့္မယ္လို႔လည္း ေဒၚ ရည္မြန္ထြန္းက ေျပာပါတယ္။

အဲဒီ့ ၾကားျဖတ္အေရးယူေဆာင္႐ြက္မႈ ကို ဆုံးျဖတ္ဖို႔ဟာက ရက္ပိုင္းျဖစ္ႏိုင္သလို လနဲ႔ခ်ီၾကာႏိုင္ၿပီးေတာ့ တကယ္ အမႈ ႀကီးျဖစ္တဲ့ ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းကို ျမန္မာ ခ်ိဳးေဖာက္သလား ဆိုတာကို စစ္ေဆးတာ ကေတာ့ ႏွစ္နဲ႔ခ်ီၾကာလိမ့္မယ္လို႔ သူကေျပာပါတယ္။

အဲဒီ ဒီဇင္ဘာ ၾကားနာမႈ ၃ ရက္ အတြင္းမွာ ဂမ္ဘီယာေရာ ျမန္မာပါ၊ ICJ ႐ုံးစိုက္ရာ နယ္သာလန္ ႏိုင္ငံ သေဟ့ဂ္ၿမိဳ႕မွာ ရွိတဲ့ ၿငိမ္းခ်မ္းေရးနန္းေတာ္ the Peace Palace ႐ုံး အေဆာက္အအုံမွာ လာေရာက္ ထြက္ဆိုၾကရမွာ ျဖစ္ပါတယ္။
OIC ကိုယ္စား ဂမ္ဘီယာက ျမန္မာႏိုင္ငံကို တရားစြဲတဲ့သူ အဘူဘာကာ တမ္ဘာဒူး

ဂမ္ဘီယာဘက္က ဘယ္အေထာက္ထားေတြတင္ႏိုင္သလဲ

ဂမ္ဘီယာဘက္က ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး မစ္ရွင္က ေတြ႕ရွိခ်က္ေတြနဲ႔ ၿဂိဳဟ္တုက႐ိုက္ထားတဲ့ ဓာတ္ပုံေတြကို တင္ဖို႔ရွိပါတယ္။

ဂမ္ဘီယာဘက္ကတင္မယ့္ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး မစ္ရွင္က ေတြ႕ရွိခ်က္ အခ်က္အလက္ေတြကို ျမန္မာက ျငင္းပယ္ထားပါတယ္။ ဒါေပမယ့္ ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံ ေပါင္း ၁၀၀ ေက်ာ္က လက္ခံထားလို႔ တရား႐ုံးက အေလးအနက္ထားဖို႔ ရွိႏိုင္တယ္လို႔လည္း ေဒၚရည္မြန္ထြန္းက ေျပာပါတယ္။

ျမန္မာဘက္ကလည္း ျမန္မာအစိုးရရဲ႕ မူဝါဒေတြ အေထာက္အထားေတြ ျပည္တြင္းလႈပ္ရွားမႈေတြကို ျပန္လည္တင္ျပလို႔ ရႏိုင္တယ္လို႔လည္း သူက ေျပာပါတယ္။

ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းလို႔ ေခၚတဲ့ လူမ်ိဳးျပဳန္းတီးေစမႈ တားဆီးေရးနဲ႔ အျပစ္ေပး အေရးယူေရး ဆိုင္ရာ ႏိုင္ငံတကာ ပဋိညာဥ္ကို ျမန္မာ အေနနဲ႔ ဝင္ၿပီး လက္မွတ္ထိုးခဲ့တဲ့ အခ်ိန္က စလို႔ ဒီေန႔အထိ လိုက္နာ ေဆာင္႐ြက္လ်က္ရွိတယ္ ဆိုၿပီး ျမန္မာ ႏိုင္ငံျခားေရး ဌာနက ႏိုဝင္ဘာလ ၂၇ ရက္ေန႔က ထုတ္ျပန္ပါတယ္။

ကုလသမဂၢ ႏိုင္ငံတကာ တရား႐ုံး ICJ မွာ ႐ိုဟင္ဂ်ာ အေရးနဲ႔ ပတ္သက္ၿပီး ဂမ္ဘီယာက ျမန္မာကို တရားစြဲထားတာကို တစ္ႏိုင္ငံလုံးနဲ႔ ဆိုင္တဲ့ အေရး ကိစၥျဖစ္တဲ့ အတြက္ ျပည္သူလူထု တစ္ရပ္လုံး ေသြးစည္း ညီၫြတ္ၾကပါ ဆိုၿပီး အဲဒီ ထုတ္ျပန္ခ်က္ထဲ တိုက္တြန္းထားပါတယ္။
 ျမန္မာကို တရားစြဲထားတာကို တႏိုင္ငံလုံးနဲ႔ ဆိုင္တဲ့ အေရး ကိစၥျဖစ္တဲ့ အတြက္၊ ညီၫြတ္ၾကပါလို႔ အစိုးရထုတ္ျပန္

ဂမ္ဘီယာစြဲတဲ့ ဂ်ီႏိုဆိုက္ဆိုတာကို ဘယ္လိုသတ္မွတ္သလဲ

ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းလို႔ ေခၚတဲ့ လူမ်ိဳးျပဳန္းတီးေစမႈ တားဆီးေရးက တကမာၻလုံးနဲ႔ ပတ္သက္ၿပီးေတာ့ ဒီအခ်က္ကို လိုက္နာပါမယ္လို႔ ျမန္မာႏိုင္ငံက လက္မွတ္ထိုးခဲ့ပါတယ္။

လူမ်ိဳးတစ္မ်ိဳးလုံး ျပဳန္းေအာင္ သတ္ျဖတ္မႈ တခုတည္းက ဂ်ီႏိုဆိုက္ မဟုတ္ပါဘူ၊ လူမ်ိဳးထဲက အေရအတြက္တခ်ိဳ႕ကို သတ္ျဖတ္မႈကလည္း ဂ်ီႏိုဆိုက္ျဖစ္ပါတယ္လို႔ ေဒၚရည္မြန္ထြန္းက ဘီဘီစီကို ေျပာပါတယ္။

၁။ အဖြဲ႕အစည္း လူမ်ိဳးတစ္မ်ိဳး အဖြဲ႕တစ္ဖြဲ႕ ရဲ႕ လူတခ်ိဳ႕ကို သတ္ရင္

၂၊ အဲဒီလူမ်ိဳးအစုအဖြဲ႕ ကို စိတ္ထိခိုက္နာက်င္ေအာင္လုပ္ရင္

၃။ တမင္သက္သက္သိလ်က္သားနဲ႔ အဲဒီလူမ်ိဳးအစုဖြဲ႕ ေတြ ဘဝရပ္တည္ေရးကို ခက္ခဲေအာင္လုပ္ထားရင္၊ ဘဝထူေထာင္လို႔ ရေအာင္ မလုပ္ရင္

၄ ။ လူမ်ိဳး မပြားႏိုင္ေအာင္ ဥပေဒေတြနဲ႔ ခ်ဳပ္ထားရင္

၅။ တမင္သက္သက္ သူတို႔ရဲ႕ ကေလးေတြကို သီးျခားခြဲထုတ္ထားရင္

စတဲ့အခ်က္ေတြက ဂ်ီႏိုဆိုက္ ျဖစ္တယ္လို႔လည္း ေဒၚရည္မြန္ထြန္းကေျပာပါတယ္ ။

အဲဒီသတ္မွတ္ခ်က္ထဲက အခ်က္အလက္အခ်ိဳ႕ ၿငိတာနဲ႔ ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းလို႔ ေခၚတဲ့ လူမ်ိဳးျပဳန္းတီးေစမႈကို တားဆီးေရးခ်ိဳးေဖာက္တယ္လို႔ ေျပာလို႔ရတယ္လို႔ ေဒၚရည္မြန္ထြန္းက ေျပာပါတယ္။
ႏိုင္ငံတကာတရား႐ုံး (ICJ) ဟာ ႏိုင္ငံအခ်င္းခ်င္းၾကား ျဖစ္တဲ့ အျငင္းပြားမႈေတြကို ေျဖရွင္းေပးရတဲ့ ကုလသမဂၢရဲ႕ အဓိက တရားေရးအဖြဲ႕အစည္းလည္း ျဖစ္ပါတယ္။
ၾကားျဖတ္အေရးယူေဆာင္႐ြက္မႈအႏိုင္အရႈံးက ဘယ္ေတာ့ေလာက္ထြက္မလဲ

ပထမဆုံးထြက္လာမယ့္ ၾကားျဖတ္ အေရးယူ ေဆာင္႐ြက္မႈ အႏိုင္အရႈံးကလည္း ျမန္မာအတြက္ အေရးႀကီးပါတယ္။

အဲဒီမွာ တရား႐ုံးက သက္ေသအေထာက္အထားေတြကို မဖ်က္ပါနဲ႔လို႔ေျပာရင္ ျမန္မာဘက္က အဲဒီသက္ေသေတြကို ဘယ္လို ထိန္းသိမ္းထားတယ္ဆိုတာကို ၄ လ အတြင္း ျပန္ၿပီး ေတာ့ ICJ ကို တင္ျပရဖို႔ရွိပါတယ္။

ပထမဆုံး ထြက္လာမယ့္ ၾကားျဖတ္ အေရးယူ ေဆာင္႐ြက္မႈ အႏိုင္အရႈံး ရလဒ္ဟာ ရက္ပိုင္း၊လပိုင္းအတြင္းလည္း ထြက္ေလ့ရွိပါတယ္။ အမႈႀကီးကေတာ့ႏွစ္နဲ႔ ခ်ီၿပီးၾကာေလ့ရွိတယ္လို႔ လည္းေဒၚရည္မြန္ထြန္းကေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
နယ်သာလန်က ဒီဇင်ဘာ ကြားနာပွဲ မြန်မာဘာတွေ ရင်ဆိုင်ရဖို့ ရှိလဲ

Image caption ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင် ကြားနာမှု လုပ်မယ်။

နယ်သာလန် နိုင်ငံမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ လုပ်မယ့် ကြားနာပွဲဟာ ဂမ်ဘီယာဘက် က ICJ ကို တင်ထားတဲ့အထဲက ကြားဖြတ်အရေးယူဆောင်ရွက်မှု Provisional Measures တွေ မြန်မာဘက်ကလိုက်နာဖို့ လိုမလို ဆုံးဖြတ်ဖို့ အဓိက ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမှာ ICJ ကို ဂမ်ဘီယာ ဘက် ကတောင်းထားတာ နှစ်မျိုးဖြစ်ပြီးတော့ အကြမ်းဖက်မှု သတ်ဖြတ်မှုတွေရှိရင် ဆက်မလုပ်ဖို့ နဲ့ ဒုတိယ အချက် ကတော့ သက်သေ အထောက်အထားတွေကို မဖျက်ဆီးဘဲ ထိမ်းသိန်းထားဖို့ ဖြစ်တယ်လို့ Harvard Law School မှာ နိုင်ငံတကာ ဥပဒေတွေကို သင်ကြားပေးနေတဲ့ ကထိက ဒေါ် ရည်မွန်ထွန်းက ဘီဘီစီကို ပြောပါတယ်။

အရပ်သားတွေ အပေါ် ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ အားလုံး မြန်မာနိုင်ငံထဲမှာ ချက်ခြင်းရပ်ရေး အရေးပေါ် တားဆီးမိန့် တစ်ရပ် ICJ ဘက်က ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာက ထည့်သွင်း လျှောက်ထားခဲ့တာကို ဒီဇင်ဘာ ကြားနာမှုတွေထဲ ICJ က အဓိက အာရုံစိုက် ကြားနာမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

တရားသူကြီးတွေက ဂမ်ဘီယာဘက်က တင်တာတွေကို ဘာကြောင့်တင်တာတာလဲဆိုတာကို နားထောင်မယ်၊ မြန်မာဘက်က ဒီဟာကို လက်မခံဘူးဆိုရင် ဘာကြောင့် လက်မခံဘူး ဆိုတာကိုလည်း နားထောင်မယ်၊ နောက်ပြီးတော့ ပေးသင့်တယ်ထင်ရင် ပေးလိမ့်မယ်လို့လည်း ဒေါ် ရည်မွန်ထွန်းက ပြောပါတယ်။

အဲဒီ့ ကြားဖြတ်အရေးယူဆောင်ရွက်မှု ကို ဆုံးဖြတ်ဖို့ဟာက ရက်ပိုင်းဖြစ်နိုင်သလို လနဲ့ချီကြာနိုင်ပြီးတော့ တကယ် အမှု ကြီးဖြစ်တဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို မြန်မာ ချိုးဖောက်သလား ဆိုတာကို စစ်ဆေးတာ ကတော့ နှစ်နဲ့ချီကြာလိမ့်မယ်လို့ သူကပြောပါတယ်။

အဲဒီ ဒီဇင်ဘာ ကြားနာမှု ၃ ရက် အတွင်းမှာ ဂမ်ဘီယာရော မြန်မာပါ၊ ICJ ရုံးစိုက်ရာ နယ်သာလန် နိုင်ငံ သဟေ့ဂ်မြို့မှာ ရှိတဲ့ ငြိမ်းချမ်းရေးနန်းတော် the Peace Palace ရုံး အဆောက်အအုံမှာ လာရောက် ထွက်ဆိုကြရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption OIC ကိုယ်စား ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲတဲ့သူ အဘူဘာကာ တမ်ဘာဒူး
ဂမ်ဘီယာဘက်က ဘယ်အထောက်ထားတွေတင်နိုင်သလဲ

ဂမ်ဘီယာဘက်က ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က တွေ့ရှိချက်တွေနဲ့ ဂြိုဟ်တုကရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်ဖို့ရှိပါတယ်။

ဂမ်ဘီယာဘက်ကတင်မယ့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က တွေ့ရှိချက် အချက်အလက်တွေကို မြန်မာက ငြင်းပယ်ထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၀၀ ကျော်က လက်ခံထားလို့ တရားရုံးက အလေးအနက်ထားဖို့ ရှိနိုင်တယ်လို့လည်း ဒေါ်ရည်မွန်ထွန်းက ပြောပါတယ်။

မြန်မာဘက်ကလည်း မြန်မာအစိုးရရဲ့ မူဝါဒတွေ အထောက်အထားတွေ ပြည်တွင်းလှုပ်ရှားမှုတွေကို ပြန်လည်တင်ပြလို့ ရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးပြုန်းတီးစေမှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူရေး ဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်ကို မြန်မာ အနေနဲ့ ဝင်ပြီး လက်မှတ်ထိုးခဲ့တဲ့ အချိန်က စလို့ ဒီနေ့အထိ လိုက်နာ ဆောင်ရွက်လျက်ရှိတယ် ဆိုပြီး မြန်မာ နိုင်ငံခြားရေး ဌာနက နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဂမ်ဘီယာက မြန်မာကို တရားစွဲထားတာကို တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ အရေး ကိစ္စဖြစ်တဲ့ အတွက် ပြည်သူလူထု တစ်ရပ်လုံး သွေးစည်း ညီညွတ်ကြပါ ဆိုပြီး အဲဒီ ထုတ်ပြန်ချက်ထဲ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption မြန်မာကို တရားစွဲထားတာကို တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အရေး ကိစ္စဖြစ်တဲ့ အတွက်၊ ညီညွတ်ကြပါလို့ အစိုးရထုတ်ပြန်
ဂမ်ဘီယာစွဲတဲ့ ဂျီနိုဆိုက်ဆိုတာကို ဘယ်လိုသတ်မှတ်သလဲ

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးပြုန်းတီးစေမှု တားဆီးရေးက တကမ္ဘာလုံးနဲ့ ပတ်သက်ပြီးတော့ ဒီအချက်ကို လိုက်နာပါမယ်လို့ မြန်မာနိုင်ငံက လက်မှတ်ထိုးခဲ့ပါတယ်။

လူမျိုးတစ်မျိုးလုံး ပြုန်းအောင် သတ်ဖြတ်မှု တခုတည်းက ဂျီနိုဆိုက် မဟုတ်ပါဘူ၊ လူမျိုးထဲက အရေအတွက်တချို့ကို သတ်ဖြတ်မှုကလည်း ဂျီနိုဆိုက်ဖြစ်ပါတယ်လို့ ဒေါ်ရည်မွန်ထွန်းက ဘီဘီစီကို ပြောပါတယ်။

၁။ အဖွဲ့အစည်း လူမျိုးတစ်မျိုး အဖွဲ့တစ်ဖွဲ့ ရဲ့ လူတချို့ကို သတ်ရင်

၂၊ အဲဒီလူမျိုးအစုအဖွဲ့ ကို စိတ်ထိခိုက်နာကျင်အောင်လုပ်ရင်

၃။ တမင်သက်သက်သိလျက်သားနဲ့ အဲဒီလူမျိုးအစုဖွဲ့ တွေ ဘဝရပ်တည်ရေးကို ခက်ခဲအောင်လုပ်ထားရင်၊ ဘဝထူထောင်လို့ ရအောင် မလုပ်ရင်

၄ ။ လူမျိုး မပွားနိုင်အောင် ဥပဒေတွေနဲ့ ချုပ်ထားရင်

၅။ တမင်သက်သက် သူတို့ရဲ့ ကလေးတွေကို သီးခြားခွဲထုတ်ထားရင်

စတဲ့အချက်တွေက ဂျီနိုဆိုက် ဖြစ်တယ်လို့လည်း ဒေါ်ရည်မွန်ထွန်းကပြောပါတယ် ။

အဲဒီသတ်မှတ်ချက်ထဲက အချက်အလက်အချို့ ငြိတာနဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးပြုန်းတီးစေမှုကို တားဆီးရေးချိုးဖောက်တယ်လို့ ပြောလို့ရတယ်လို့ ဒေါ်ရည်မွန်ထွန်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံတကာတရားရုံး (ICJ) ဟာ နိုင်ငံအချင်းချင်းကြား ဖြစ်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးရတဲ့ ကုလသမဂ္ဂရဲ့ အဓိက တရားရေးအဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
ကြားဖြတ်အရေးယူဆောင်ရွက်မှုအနိုင်အရှုံးက ဘယ်တော့လောက်ထွက်မလဲ

ပထမဆုံးထွက်လာမယ့် ကြားဖြတ် အရေးယူ ဆောင်ရွက်မှု အနိုင်အရှုံးကလည်း မြန်မာအတွက် အရေးကြီးပါတယ်။

အဲဒီမှာ တရားရုံးက သက်သေအထောက်အထားတွေကို မဖျက်ပါနဲ့လို့ပြောရင် မြန်မာဘက်က အဲဒီသက်သေတွေကို ဘယ်လို ထိန်းသိမ်းထားတယ်ဆိုတာကို ၄ လ အတွင်း ပြန်ပြီး တော့ ICJ ကို တင်ပြရဖို့ရှိပါတယ်။

ပထမဆုံး ထွက်လာမယ့် ကြားဖြတ် အရေးယူ ဆောင်ရွက်မှု အနိုင်အရှုံး ရလဒ်ဟာ ရက်ပိုင်း၊လပိုင်းအတွင်းလည်း ထွက်လေ့ရှိပါတယ်။ အမှုကြီးကတော့နှစ်နဲ့ ချီပြီးကြာလေ့ရှိတယ်လို့ လည်းဒေါ်ရည်မွန်ထွန်းကပြောပါတယ်။

BBC Burmese
https://www.bbc.com
နယ္သာလန္က ဒီဇင္ဘာ ၾကားနာပြဲ ျမန္မာဘာေတြ ရင္ဆိုင္ရဖို႔ ရွိလဲ နယ္သာလန္က ဒီဇင္ဘာ ၾကားနာပြဲ ျမန္မာဘာေတြ ရင္ဆိုင္ရဖို႔ ရွိလဲ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.