ေတာင္ကုိရီးယားသမၼတနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ၂ ႏုိင္ငံအေရး သီးသန္႔ေဆြးေႏြး


(Zawgyi/Unicode)

ျမန္မာနဲ႔ ေတာင္ကိုရီးယား ႏွစ္ႏုိင္ငံေခါင္းေဆာင္ေတြ ဒီကေန႔ သီးျခား ေတြ႔ဆုံၿပီး ႏွစ္ႏုိင္ငံနားလည္မႈ စာခၽြန္လႊာေတြကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ “ငါးလုပ္ငန္းဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး” ၊ “အသက္ေမြး၀မ္းေက်ာင္းဆုိင္ရာ သင္တန္းမ်ား ပူးေပါင္းေဆာင္ရြက္ေရး” နဲ႔ “သဘာ၀ပတ္၀န္းက်င္ထိန္း သိမ္းေရးက႑ ပူးေပါင္း ေဆာင္ရြက္ေရး” ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး နားလည္မႈစာခၽြန္လႊာ ၃ ရပ္ကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံ၊ ဘူဆန္ၿမိဳ ႔မွာ က်င္းပတဲ့ အာဆီယံ-ကုိရီးယားေဆြးေႏြး ဖက္ဆက္ဆံေရး ႏွစ္ ၃၀ ျပည့္အထိမ္းအမွတ္ ညီလာခံ ေဘးပန္းမွာ ျမန္မာႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢ္ိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတာင္ကိုရီးယားသမၼတ Moon Jae -in တို႔ ဒီကေန႔ ေသီးသန္႔ေတြ႔ဆုံခဲ့ၾကၿပီး နားလည္မႈစာခၽြန္လႊာေတြကို ခုလို လက္မွတ္ေရးထ္ိုးခဲ့ၾကတာလည္းျဖစ္ပါတယ္။

ျမန္မာ-ကိုရီးယား ၂ ႏုိင္ငံေတြ႔ဆုံပြဲမွာေတာ့ သမၼတ မြန္းေဂ်းအင္းက ႏွစ္ႏုိင္ငံဆက္ဆံေရး တိုးတက္လာတဲ့အေပၚ အလြန္ တန္ဖိုးထားပါ ေၾကာင္းနဲ႔ ဒီထက္မက ေရွ ႔ဆက္တိုးတက္ဖို႔ သူ႔ရဲ ႔ေမွ်ာ္လင့္ခ်က္ေတြကို ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏုိင္ငံကို စက္တင္ဘာလက လာေရာက္ခဲ့တဲ့ ကိုရီးယားသမၼတရဲ ႔ ခရီးစဥ္အတြင္း ႏွစ္ႏုိင္ငံၾကား သေဘာတူညီခဲ့တ့ဲကိစၥရပ္ေတြ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ တိုးတက္မႈေတြရရွိခဲ့တဲ့့အေပၚမွာ ႏွစ္ေတာင္းအားရျဖစ္ရေၾကာင္း ေတာင္ကိုရီးယားသမၼတက အေလးေပး ေျပာဆိုသြားပါတယ္။

ဒါ့အျပင္ ယဥ္ေက်းမႈ၊ ပညာေရး၊ စုိက္ပ်ိဳးေရး၊ ေရလုပ္ငန္း၊ သဘာ၀ ပတ္၀န္း က်င္ထိန္းသိမ္းေရး၊ အေျခခံအေဆာက္အအုံေတြနဲ႔ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးေရးက႑ေတြမွာ အက်ိဳးတူ ပူးေပါင္းေဆာင္ရြက္ေရးလုပ္ငန္းေတြ တုိးျမႇင့္သြားေရး၊ ျပည္သူအခ်င္းခ်င္းထိေတြ႕ ဆက္ဆံမႈ ပုိမို တုိးတက္ေရးကိစၥေတြကိုလည္း ဒီ သီးသန္႔ေတြ႔ဆုံပြဲမွာ ေဆြးေႏြးခဲ့ၾကတယ္လို႔ ႏုိင္ငံေတာ္အတုိင္ပင္ခံ႐ုံးရဲ ႔ ေဖ့ဘုတ္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

[Unicode Version]

တောင်ကိုရီးယားသမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂ နိုင်ငံအရေး သီးသန့်ဆွေးနွေး

မြန်မာနဲ့ တောင်ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေ ဒီကနေ့ သီးခြား တွေ့ဆုံပြီး နှစ်နိုင်ငံနားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ “ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး” ၊ “အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေး” နဲ့ “သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး” ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နားလည်မှုစာချွန်လွှာ ၃ ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပတဲ့ အာဆီယံ-ကိုရီးယားဆွေးနွေး ဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် ညီလာခံ ဘေးပန်းမှာ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae -in တို့ ဒီကနေ့ သေီးသန့်တွေ့ဆုံခဲ့ကြပြီး နားလည်မှုစာချွန်လွှာတွေကို ခုလို လက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။

မြန်မာ-ကိုရီးယား ၂ နိုင်ငံတွေ့ဆုံပွဲမှာတော့ သမ္မတ မွန်းဂျေးအင်းက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာတဲ့အပေါ် အလွန် တန်ဖိုးထားပါ ကြောင်းနဲ့ ဒီထက်မက ရှေ့ဆက်တိုးတက်ဖို့ သူ့ရဲ့မျှော်လင့်ချက်တွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို စက်တင်ဘာလက လာရောက်ခဲ့တဲ့ ကိုရီးယားသမ္မတရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား သဘောတူညီခဲ့တဲ့ကိစ္စရပ်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုတွေရရှိခဲ့တဲ့အပေါ်မှာ နှစ်တောင်းအားရဖြစ်ရကြောင်း တောင်ကိုရီးယားသမ္မတက အလေးပေး ပြောဆိုသွားပါတယ်။

ဒါ့အပြင် ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာ၀ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ အခြေခံအဆောက်အအုံတွေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍတွေမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ တိုးမြှင့်သွားရေး၊ ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံမှု ပိုမို တိုးတက်ရေးကိစ္စတွေကိုလည်း ဒီ သီးသန့်တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

VOA Burmese
https://burmese.voanews.com
ေတာင္ကုိရီးယားသမၼတနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ၂ ႏုိင္ငံအေရး သီးသန္႔ေဆြးေႏြး ေတာင္ကုိရီးယားသမၼတနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ၂ ႏုိင္ငံအေရး သီးသန္႔ေဆြးေႏြး Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.