ဖားကန္႔၌ က်င္းေဟာင္းကမ္းပါးယံမွ ေျမစာမ်ားၿပိဳက်၍ တစ္ဦးေသဆုံး၊ သုံးဦးဒဏ္ရာရ

(Zawgyi)⤵⤵⤵
ဖားကန္႔ ႏိုဝင္ဘာ ၇

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအုပ္စု စေပါ့ေက်း႐ြာ ဧရိယာအစပ္ရွိ ေအာင္ဟိန္းမင္း ေက်ာက္မ်က္ကုမၸဏီ လုပ္ကြက္ အတြင္း ႏိုဝင္ဘာ ၆ ရက္ ည ၁၀ နာရီခြဲခန္႔က အျမင့္ေပ ၂၅၀ ခန္႔ က်င္းေဟာင္းကမ္းပါးယံမွ ေျမစာမ်ား ၿပိဳက်မႈျဖစ္ပြားရာ က်င္းေဟာင္း၏ ေအာက္ဘက္ျခမ္းတြင္ တရားမဝင္ ေရမေဆးေက်ာက္ တူးေဖာ္ေနသူ ေလးဦးအား ထိခိုက္မိၿပီး တစ္ဦး ေသဆုံးကာ သုံးဦး ျပင္းထန္ဒဏ္ရာ မ်ား ရရွိခဲ့ေၾကာင္း သိရသည္။

က်င္းေဟာင္းကမ္းပါးယံမွ ေျမစာ ၿပိဳက်မႈျဖစ္စဥ္ေၾကာင့္ ဖားကန္႔ ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအုပ္စု ေတာင္းေကာ့ေက်း႐ြာတြင္ ေနထိုင္ ၾကသူမ်ားျဖစ္သည့္ မ်ိဳးထက္ေအာင္၊ ေဝလႈိင္ဦးႏွင့္ ျမင့္ဝင္းတို႔တြင္ ဒဏ္ရာ မ်ားရရွိခဲ့ၾကၿပီး ေအာင္ဆန္းဝင္းမွာ ေနရာတြင္ ေသဆုံးခဲ့သည္။

ေျမစာၿပိဳက်ရာေနရာသို႔ ဆိပ္မူ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ မီးသတ္ တပ္ဖြဲ႕ဝင္မ်ား၊ လူမႈကူညီေရးအသင္း အဖြဲ႕မ်ားမွ ကယ္ဆယ္ေရးလုပ္ငန္း မ်ား ေဆာင္႐ြက္ခဲ့ၿပီး ေသဆုံးသူႏွင့္ ဒဏ္ရာရရွိသူမ်ားအား ေတာင္းေကာ့ ေက်း႐ြာႏွင့္ ေကာင္ဆန္ေက်း႐ြာတို႔မွ လူမႈကူညီေရးယာဥ္မ်ားျဖင့္ ဖားကန္႔ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပး ခဲ့သည္။

အဆိုပါ က်င္းေဟာင္းကမ္းပါးယံ မွ ေျမစာၿပိဳက်မႈျဖစ္ပြားရာေနရာ သည္ ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၂၈ ရက္ နံနက္ ၁ နာရီ ၄၅ မိနစ္ခန္႔က အျမင့္ ေပ ၅၀၀ ခန္႔ရွိသည့္ ေျမမွန္ေက်ာက္ ေၾကာ ကမ္းပါးယံႀကီးမွ ေအာက္ဘက္ ႏြံကန္အတြင္း ၿပိဳက်ခဲ့မႈျဖစ္စဥ္ တစ္ခု ျဖစ္ပြားခဲ့သည့္ေနရာလည္း ျဖစ္သည္။

အဆိုပါ ဇူလိုင္ ၂၈ ရက္က ျဖစ္စဥ္ေၾကာင့္ လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ေနေသာ ရဲဝန္ထမ္းသုံးဦး၊ ကုမၸဏီလုံၿခဳံေရးဝန္ထမ္း ၁၅ ဦးႏွင့္ ေကာင္ဆန္ေက်း႐ြာမွ ေရမေဆး ေက်ာက္ လာေရာက္ရွာေဖြသူတစ္ဦး ေသဆုံးခဲ့သည္။

တာလင္းေမာင္(ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
--------------
(Unicode)⤵⤵⤵
ဖားကန့်၌ ကျင်းဟောင်းကမ်းပါးယံမှ မြေစာများပြိုကျ၍ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ဖားကန့် နိုဝင်ဘာ ၇
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာ ဧရိယာအစပ်ရှိ အောင်ဟိန်းမင်း ကျောက်မျက်ကုမ္ပဏီ လုပ်ကွက် အတွင်း နိုဝင်ဘာ ၆ ရက် ည ၁၀ နာရီခွဲခန့်က အမြင့်ပေ ၂၅၀ ခန့် ကျင်းဟောင်းကမ်းပါးယံမှ မြေစာများ ပြိုကျမှုဖြစ်ပွားရာ ကျင်းဟောင်း၏ အောက်ဘက်ခြမ်းတွင် တရားမဝင် ရေမဆေးကျောက် တူးဖော်နေသူ လေးဦးအား ထိခိုက်မိပြီး တစ်ဦး သေဆုံးကာ သုံးဦး ပြင်းထန်ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။

ကျင်းဟောင်းကမ်းပါးယံမှ မြေစာ ပြိုကျမှုဖြစ်စဉ်ကြောင့် ဖားကန့် မြို့နယ် ဆိပ်မူကျေးရွာအုပ်စု တောင်းကော့ကျေးရွာတွင် နေထိုင် ကြသူများဖြစ်သည့် မျိုးထက်အောင်၊ ဝေလှိုင်ဦးနှင့် မြင့်ဝင်းတို့တွင် ဒဏ်ရာ များရရှိခဲ့ကြပြီး အောင်ဆန်းဝင်းမှာ နေရာတွင် သေဆုံးခဲ့သည်။

မြေစာပြိုကျရာနေရာသို့ ဆိပ်မူ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း အဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား တောင်းကော့ ကျေးရွာနှင့် ကောင်ဆန်ကျေးရွာတို့မှ လူမှုကူညီရေးယာဉ်များဖြင့် ဖားကန့် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေး ခဲ့သည်။
အဆိုပါ ကျင်းဟောင်းကမ်းပါးယံ မှ မြေစာပြိုကျမှုဖြစ်ပွားရာနေရာ သည် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၈ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က အမြင့် ပေ ၅၀၀ ခန့်ရှိသည့် မြေမှန်ကျောက် ကြော ကမ်းပါးယံကြီးမှ အောက်ဘက် နွံကန်အတွင်း ပြိုကျခဲ့မှုဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည့်နေရာလည်း ဖြစ်သည်။

အဆိုပါ ဇူလိုင် ၂၈ ရက်က ဖြစ်စဉ်ကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲဝန်ထမ်းသုံးဦး၊ ကုမ္ပဏီလုံခြုံရေးဝန်ထမ်း ၁၅ ဦးနှင့် ကောင်ဆန်ကျေးရွာမှ ရေမဆေး ကျောက် လာရောက်ရှာဖွေသူတစ်ဦး သေဆုံးခဲ့သည်။

တာလင်းမောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖားကန္႔၌ က်င္းေဟာင္းကမ္းပါးယံမွ ေျမစာမ်ားၿပိဳက်၍ တစ္ဦးေသဆုံး၊ သုံးဦးဒဏ္ရာရ ဖားကန္႔၌ က်င္းေဟာင္းကမ္းပါးယံမွ ေျမစာမ်ားၿပိဳက်၍ တစ္ဦးေသဆုံး၊ သုံးဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.