လန္ဒန္မွာတိုက္ခိုက္သူကို ရဲသိၿပီ

ဓားျဖင့္ တိုက္ခုိက္ခံရသည့္ လန္ဒန္တံတားေပၚတြင္ စစ္ေဆးေနသည့္ မႈခင္းေဆးပညာရွင္မ်ား။

(Zawgyi / Unicode)

လန္ဒန္တံတားေပၚမွာ လမ္းသြားလမ္းလာေတြကို ဓားနဲ႔တိုက္ခိုက္သူဟာ အရင္တုန္းကလည္း အၾကမ္းဖက္၀ါဒနဲ႔ ဆက္စပ္တဲ့ျပစ္မႈနဲ႔ စြဲခ်က္တင္ခံရဘူးေၾကာင္း ၿဗိတိန္ရဲတပ္ဖြဲ႔က ေျပာပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ Usman Khan ဟာ ၂၀၁၂ ခုႏွစ္က အဖမ္းခံရဘူးေသးေၾကာင္းနဲ႔ ၂၀၁၈ ဒီဇင္ဘာမွာ ခံ၀န္ခ်က္နဲ႔ ျပန္လႊတ္ၿပီး သူ႔ကို ေစာင့္ၾကည့္ေနခဲ့တာပါ။

လန္ဒန္တံတားေပၚမွာ ဓားနဲ႔တိုက္ခိုက္ခံရသူ ၂ ဦးကေတာ့ ေသဆံုးသြားသလို တျခားလမ္းသြားလမ္းလာေတြက Usman Khan ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားခဲ့ၿပီးတဲ့ေနာက္ ရဲေတြက တံတားေပၚမွာပဲ သူ႔ကို ပစ္သတ္လိုက္ပါတယ္။

အၾကမ္းဖက္၀ါဒစြဲ တုိက္ခိုက္မႈအျဖစ္ သတ္မွတ္ခဲ့တဲ့ ဒီအမႈမွာ လူေသဆံုးမႈေတြ ရွိေၾကာင္းနဲ႔ ၃ ဦး ထိခိုက္ဒဏ္ရာရတဲ့အေၾကာင္း ရဲေကာ္မရွင္နာမင္းႀကီး Cressida Dick က ေသာၾကာေန႔ ညေနပိုင္းမွာ အတည္ျပဳ ေျပာၾကားပါတယ္။

အထင္ကရ လန္ဒန္တံတားႀကီး ေျမာက္ဘက္အစြန္မွာ ဓားနဲ႔တုိက္ခိုက္ခ်ိန္ Usman Khan ဟာ အေသခံေဖာက္ခြဲေရးဗံုးလို႔ ထင္ရတာကို ခႏၶာကိုယ္မွာ ၀တ္ဆင္ထားၿပီး ဒါဟာ တကယ့္ဗံုးမဟုတ္ဘူးလို႔လည္း ရဲေတြက ေျပာပါတယ္။

ဓားနဲ႔တုိက္ခုိက္သူကို လမ္းသြားလမ္းလာတခ်ဳိ႕က ၀င္လံုး ဖမ္းဆီးၿပီး သူ႔လက္ထဲက ဓားကို ယူလိုက္ႏိုင္ပါတယ္။ လူမႈကြန္ရက္က ဗီြဒီယိုေတြမွာလည္း ၀င္ဖမ္းသူ တေယာက္ကို ရဲက အတင္းဆြဲဖယ္ၿပီးတဲ့ေနာက္ Usman Khan ကိုု ပစ္သတ္လိုက္တာကို ေတြ႔ရပါတယ္။

ေသာၾကာေန႔ ညေနမွာပဲ နယ္သာလန္ႏုိင္ငံ The Hague ၿမိဳ႕က ေစ်း၀ယ္ထြက္သူေတြနဲ႔ စည္ကားတဲ့ လမ္းေပၚမွာ ဓားနဲ႔တိုက္ခိုက္မႈေၾကာင့္ လူ ၃ ဦး ဒဏ္ရာရသြားပါတယ္။ ဓားနဲ႔တုိက္ခိုက္သူေတြကို ရဲေတြက ဖမ္းဆီးဖို႔ ရွာေဖြေနၿပီး လက္ရွိအေနအထားအရ အၾကမ္းဖက္၀ါဒစြဲ တုိက္ခုိက္မႈဆိုတာမ်ဳိး မေတြ႔ရေသးဘူးလို႔ ေျပာပါတယ္။ ဒဏ္ရာရသူေတြကိုေတာ့ ေဆး႐ုံမွာ ကုသမႈေပးေနပါတယ္။

--------------------------------

(Unicode)

လန်ဒန်မှာတိုက်ခိုက်သူကို ရဲသိပြီ

လန်ဒန်တံတားပေါ်မှာ လမ်းသွားလမ်းလာတွေကို ဓားနဲ့တိုက်ခိုက်သူဟာ အရင်တုန်းကလည်း အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်တဲ့ပြစ်မှုနဲ့ စွဲချက်တင်ခံရဘူးကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၂၈ နှစ်အရွယ် Usman Khan ဟာ ၂၀၁၂ ခုနှစ်က အဖမ်းခံရဘူးသေးကြောင်းနဲ့ ၂၀၁၈ ဒီဇင်ဘာမှာ ခံဝန်ချက်နဲ့ ပြန်လွှတ်ပြီး သူ့ကို စောင့်ကြည့်နေခဲ့တာပါ။

လန်ဒန်တံတားပေါ်မှာ ဓားနဲ့တိုက်ခိုက်ခံရသူ ၂ ဦးကတော့ သေဆုံးသွားသလို တခြားလမ်းသွားလမ်းလာတွေက Usman Khan ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် ရဲတွေက တံတားပေါ်မှာပဲ သူ့ကို ပစ်သတ်လိုက်ပါတယ်။

အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခဲ့တဲ့ ဒီအမှုမှာ လူသေဆုံးမှုတွေ ရှိကြောင်းနဲ့၃ ဦး ထိခိုက်ဒဏ်ရာရတဲ့အကြောင်း ရဲကော်မရှင်နာမင်းကြီး Cressida Dick က သောကြာနေ့ ညနေပိုင်းမှာ အတည်ပြု ပြောကြားပါတယ်။

အထင်ကရ လန်ဒန်တံတားကြီး မြောက်ဘက်အစွန်မှာ ဓားနဲ့တိုက်ခိုက်ချိန် Usman Khan ဟာ အသေခံဖောက်ခွဲရေးဗုံးလို့ ထင်ရတာကို ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားပြီး ဒါဟာ တကယ့်ဗုံးမဟုတ်ဘူးလို့လည်း ရဲတွေက ပြောပါတယ်။

ဓားနဲ့တိုက်ခိုက်သူကို လမ်းသွားလမ်းလာတချို့က ဝင်လုံး ဖမ်းဆီးပြီး သူ့လက်ထဲက ဓားကို ယူလိုက်နိုင်ပါတယ်။ လူမှုကွန်ရက်က ဗွီဒီယိုတွေမှာလည်း ဝင်ဖမ်းသူ တယောက်ကို ရဲက အတင်းဆွဲဖယ်ပြီးတဲ့နောက် Usman Khan ကို ပစ်သတ်လိုက်တာကို တွေ့ရပါတယ်။

သောကြာနေ့ ညနေမှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့က ဈေးဝယ်ထွက်သူတွေနဲ့ စည်ကားတဲ့ လမ်းပေါ်မှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရသွားပါတယ်။ ဓားနဲ့တိုက်ခိုက်သူတွေကို ရဲတွေက ဖမ်းဆီးဖို့ ရှာဖွေနေပြီး လက်ရှိအနေအထားအရ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုဆိုတာမျိုး မတွေ့ရသေးဘူးလို့ ပြောပါတယ်။ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံမှာ ကုသမှုပေးနေပါတယ်။

VOA Burmese
https://burmese.voanews.com
လန္ဒန္မွာတိုက္ခိုက္သူကို ရဲသိၿပီ လန္ဒန္မွာတိုက္ခိုက္သူကို ရဲသိၿပီ Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.