ေရြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒမူၾကမ္း ေဝဖန္ခ်က္မ်ားနဲ႔ ရင္ဆုိင္ေနရ


(Zawgyi/Unicode)

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ (UEC) က လႊတ္ေတာ္ကိုတင္သြင္းထားတဲ့ ေရြးေကာက္ပြဲဆုိင္ရာ နည္း ဥပေဒ ျပင္ဆင္ခ်က္မူၾကမ္းကို ေဝဖန္ေျပာဆိုတာေတြ ရွိေနပါတယ္။ အထူးသျဖင့္ေတာ့ တပ္စခန္းေတြအတြင္းက မဲ႐ံုေတြကို တပ္အျပင္မွာထားမယ္ဆိုတဲ့ အခ်က္အေပၚ အဓိက ေဝဖန္ေထာက္ျပၾကတာပါ။

ဒီအေတာအတြင္းမွာပဲ ႏုိင္ငံေရးပါတီ ၂၀ ကလည္း ကန္႔ကြက္စာတခု ထုတ္ထားပါတယ္။ ေဝဖန္ခ်က္ေတြအေပၚ ေကာ္မရွင္ဘက္က ဘယ္လိုတုံ႔ျပန္ပါသလဲ၊ ႏုိင္ငံေရးပါတီေတြ ကေရာ ဘယ္ကိစၥကို ကန္႔ကြက္ၾကတာပါလဲ …. ဆက္သြယ္ေမးျမန္းထားတဲ့ ဗီြအိုေအသတင္းေထာက္ မေမခက သတင္းေပးပို႔ ထားပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၃ရက္ေန႔က စစ္တပ္အတြင္းက မဲ႐ုံေတြကို အျပင္မွာ ထားမယ္ဆိုတဲ့ ေရြးေကာက္ပြဲ ဆိုင္ရာ နည္းဥပေဒ ျပင္ဆင္ခ်က္ပါဝင္တဲ့ ဥပေဒၾကမ္းကို ေရြးေကာက္ပြဲေကာ္မရွင္ UEC က လႊတ္ေတာ္ကို ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။ ေရြးေကာက္ပြဲနည္းဥပေဒကို ၅ ႀကိမ္ေျမာက္ ျပင္ဆင္ခ်ိန္မွာ ပါလာတဲ့ ထပ္မံျဖည့္စြက္ခ်က္ တခ်က္ျဖစ္ပါတယ္။ စစ္တပ္အတြင္းက မဲ႐ုံေတြကို တပ္ျပင္ပေနရာခ်ဖို႔ လုပ္ေဆာင္တာနဲ႔ ပတ္သတ္ၿပီး အျမင္အမ်ိဳးမ်ိဳးေတြရွိေနသလို ေကာ္မရွင္ လုပ္ေဆာင္ခ်က္နဲ႔ ပတ္သတ္လို႔ ေမးခြန္းထုတ္ေနတာေတြ ရွိပါတယ္။ ဒီအေပၚမွာေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္နိုင္က အခုလို တံု႔ျပန္ ေျပာဆိုလိုက္ပါတယ္။

“က်ေနာ္တို႔ကေတာ့ နည္းဥေပဒအတိုင္းဘဲေဆာင္ရြက္ေနပါတယ္။”

ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ဦးေသာင္းေအးကေတာ့ အခုထုတ္ျပန္ဖို႔လုပ္ေနတဲ့ နည္းဥပေဒဟာ တပ္မေတာ္ရဲ႕ သေဘာသဘာဝနဲ႔ တည္ေဆာက္ပုံကို ေသခ်ာမေလ့လာဘဲ လုပ္ေဆာင္ထားတာ ျဖစ္တယ္လို႔ ေဝဖန္လိုက္ပါတယ္။

“တပ္မေတာ္ရဲ႕ သေဘာ သဘာ၀နဲ႔ တပ္မေတာ္ရဲ႕ တည္ေဆာက္ပံု တပ္မေတာ္ရဲ႕ ဖြဲ႔စည္းပံု တပ္မေတာ္ရဲ႕ လုပ္ငန္းတာ၀န္ ၊ ဒါေတြကို ေသေသခ်ာခ်ာ ထဲထဲ၀င္၀င္ သိၿပီးမွ ဒီ နည္းဥပေဒ ထုတ္ျပန္သင့္တယ္လို႔ အန္ကယ္ကေတာ့ ဒီလိုျမင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ တပ္ေတြက တခ်ိဳ႕တပ္ေတြဆိုရင္ ရပ္ရြာေတြနဲ႔ အရမ္းေ၀းတယ္။ သူ႔ ထမ္းေဆာင္ရတဲ့ တာ၀န္ေတြကလည္း အင္မတန္ ႀကီးေလးတဲ့ ကိစၥေတြျဖစ္တယ္။ အဲဒီတပ္အ၀န္းအ၀ိုင္းလည္း လုပ္ငန္းတာ၀န္ ပစ္ပယ္ၿပီးေတာ့ ေ၀းလံတဲ့ေနရာမွာ သြားၿပီးေတာ့ မဲရံုမွာ မဲဆႏၵေပးရမယ္ဆိုေတာ့ ေတာ္ေတာ္ေလးေတာ့ အခက္အခဲေတြ ရွိသြားႏိုင္တယ္။ လံုၿခံဳေရးလည္း ထိခိုက္ႏိုင္တယ္၊ ဒါေၾကာင့္မို႔လို႔ ဒါေတြကေတာ့ ညိွႏႈိင္းေဆာင္ရြက္မွ အဆင္ေျပမယ္လို႔ ထင္ပါတယ္။”

အခုလို တပ္တြင္းမဲ႐ုံေတြနဲ႔ပတ္သတ္ၿပီး ေကာ္မရွင္လုပ္ေဆာင္ခ်က္ကို ေဝဖန္မႈေတြရွိေနခ်ိန္နဲ႔ တခ်ိန္ထဲမွာဘဲ အေမရိကန္အေျခစိုက္ ကုမၸဏီတခုျဖစ္တဲ့ International Foundation for Electoral Systems(IFES) ကေန ေရြးေကာက္ပြဲေကာ္မရွင္ အသီးသီးမွာ အသုံးျပဳမယ့္ အိုင္တီ ပစၥည္းေတြအတြက္ တင္ဒါေအာင္ျမင္ခဲ့တာနဲ႔ ပတ္သတ္လို႔ အျငင္းပြားဖြယ္ရာေတြ ရွိလို႔ဆိုၿပီး ႀကံ့ခိုင္ေရးပါတီ အပါအဝင္ နိုင္ငံေရးပါတီ ၂၀ က ေကာ္မရွင္ရဲ႕ လုပ္ေဆာင္ခ်က္အေပၚ ကန႔္ကြက္စာ ထုတ္ျပန္ခဲ့ပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ မတူကြဲျပားျခင္းနဲ႔ ၿငိမ္းခ်မ္းေရးပါတီဥကၠဌ ေဒၚစႏၵာဦးက ဘာေၾကာင့္ ကန္႔ကြက္ရသလဲဆိုတာ အခုလို ေျပာပါတယ္။

“ အဲဒီ သူ႔ရဲ႕ အေမရိကန္က ၀ယ္တဲ့ အီလက္ထေရာနစ္ေတြကို သြင္းလာတာ ဒီလိုမ်ိဳး တျခားႏိုင္ငံေတြမွာလည္း မဲမသမာမႈေတြျဖစ္တယ္ အဲဒါေၾကာင့္မို႔လို႔ ကန္႔ကြက္တာေပါ့ေနာ္။”

အခု နိုင္ငံေရးပါတီ ၂၀ က ကန႔္ကြက္တဲ့ကိစၥဟာ သူတို႔နဲ႔ သက္ဆိုင္ျခင္းမရွိသလို စာရြက္နဲ႔သာ မဲေပးတာျဖစ္လို႔ ကန႔္ကြက္လႊာမွာပါတဲ့အတိုင္း မဲစာရင္းေတြ မသမာမႈျဖစ္ေစနိုင္တယ္ဆိုတာ မျဖစ္နိုင္တာေၾကာင့္ အဲဒီအတြက္ စိတ္ပူစရာ မလိုဘူးလို႔ ေရြးေကာက္ပြဲေကာ္မရွင္ တာဝန္ရွိသူေတြက ေျပာပါတယ္။

အခုလို စစ္တပ္မဲ႐ုံေတြကို တပ္ျပင္ထားမယ္ဆိုတဲ့ ေကာ္မရွင္ရဲ႕ လုပ္ေဆာင္မႈဟာ တရားမၽွတရဲ့လားလို႔ ေမးခြန္းထုတ္ခံေနရတာ၊ နိုင္ငံေရးပါတီ ၂၀က ကန႔္ကြက္ေနတာေတြဟာ ေကာ္မရွင္ရဲ့ ပြင့္လင္းျမင္သာမႈ အားနည္းခ်က္ေၾကာင့္လို႔ ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ PACE ရဲ႕ အမႈေဆာင္ဒါရိုက္တာ စိုင္းရဲေက်ာ္စြာျမင့္က ေျပာပါတယ္။

“တပ္ထဲမဲထည္႔ရင္ပါတီတခုထဲကိုမဲထည္႔မွာဘဲဆိုတဲ့အေပၚအေျခခံလုပ္တာလို႔ က်ေနာ္ျမင္တယ္ေလ။ ဒါကေတာ့ မဲရံုေရႊ႕တာနဲ႔ ဒါေျပာင္းမယ္လို႔ အဲဒီတခုတည္းနဲ႔ေတာ့ မလံုေလာက္ဘူး ။ ဆိုေတာ့ အေရးႀကီးတဲ့ ျဖစ္စဥ္က ဘာလဲဆိုေတာ့ ေကာင္းတဲ့ ဥပေဒျဖစ္ျဖစ္ဆိုးတာျဖစ္ျဖစ္ ပါဝင္ယွဥ္ၿပိဳင္မယ့္ ပါတီေတြအားလံုး၊ကိုယ္စားလွယ္ အားလံုးသေဘာတူတဲ့ ျပဳျပင္ေျပာင္းလဲမႈ ျဖစ္ရင္ ၊ ေရြးေကာက္ပြဲျဖစ္စဥ္ကို ပိုယံုၾကည္မယ္။ ခုကက်ေတာ့ ေကာ္မရွင္ကသူ႔စဥ္းစားခ်က္ တခုထဲနဲ႔ လုပ္တာျဖစ္ေနတယ္။ ဟိုတေန႔က ထုတ္တဲ့ ျပည္ေထာင္စု ႀကံ႕ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ အပါအ၀င္ ပါတီ၂၀ထုတ္တဲ့ ဒီေၾကညာခ်က္က ပြင့္လင္းျမင္သာမႈအေပၚ အေျခခံၿပီးေတာ့ ျဖစ္လာတဲ့ အေၾကာင္းအရင္းလို႔ က်ေနာ္တို႔ေျပာလို႔ရတယ္။ ဆိုေတာ့ လက္ရွိ Process ေတြဘယ္လိုလုပ္ေနသလဲဆိုတာကို ပါတီေတြရဲ႕ စိုးရိမ္ပူပန္မႈေတြကို ပံုမွန္ေလးက်ေနာ္တို႔ ေတြ႔ဆံုတာမ်ိဳး ေဆြးေႏြးတာမ်ိဳးမလုပ္တဲ့အတြက္ အဲဒီအက်ိဳးဆက္ေၾကာင့္ ဒီလိုျဖစ္တယ္လို႔ ယူဆတယ္။ ေကာ္မရွင္ရဲ႕ ျပင္ပ ဆက္ဆံေရးေတြကို ေျပာင္းဖို႔လိုတယ္။”

ဒီလို ပြင့္လင္းျမင္သာမႈအားနည္းတယ္လို႔ ေဝဖန္ေနမႈအေပၚ ေကာ္မရွင္ဘက္ကေတာ့ အခုလို တုံ႔ျပန္ပါတယ္။

“ ပြင့္လင္းျမင္သာစြာ ေဆာင္ရြက္ေနပါတယ္။ ေမးသမွ်လည္း ေျဖေပးေနပါတယ္။ အခုလည္းေမးတာ အခု က်ေနာ္တို႔ ေျဖတာပါပဲ။ ပြင့္လင္းျမင္သာစြာနဲ႔ က်ေနာ္တို႔ ေဆာင္ရြက္ေနပါတယ္။ ဘာမွထိန္ခ်န္ လုပ္တာမရွိပါဘူး။”

ေကာ္မရွင္က တင္သြင္းထားတဲ့ ေရြးေကာက္ပြဲ ဆိုင္ရာျပင္ဆင္ေရး နည္းဥပေဒၾကမ္း ကိုရက္ေပါင္း ၉၀ အတြင္း ေဆြးေႏြးရမွာ ျဖစ္ပါတယ္။ တကယ္လို႔ ကန႔္ကြက္တဲ့သူရွိခဲ့ရင္ေတာ့ ေဆြးေႏြးၿပီး မဲခြဲ ဆုံးျဖတ္ရမွာျဖစ္ပါတယ္။

.................

ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေမူကြမ်း ဝေဖန်ချက်များနဲ့ ရင်ဆိုင်နေရ

(Unicode)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က လွှတ်တော်ကိုတင်သွင်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်း ဥပဒေ ပြင်ဆင်ချက်မူကြမ်းကို ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။ အထူးသဖြင့်တော့ တပ်စခန်းတွေအတွင်းက မဲရုံတွေကို တပ်အပြင်မှာထားမယ်ဆိုတဲ့ အချက်အပေါ် အဓိက ဝေဖန်ထောက်ပြကြတာပါ။ ဒီအတောအတွင်းမှာပဲ နိုင်ငံရေးပါတီ ၂၀ ကလည်း ကန့်ကွက်စာတခု ထုတ်ထားပါတယ်။ ဝေဖန်ချက်တွေအပေါ် ကော်မရှင်ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ၊ နိုင်ငံရေးပါတီတွေ ကရော ဘယ်ကိစ္စကို ကန့်ကွက်ကြတာပါလဲ …. ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက်နေ့က စစ်တပ်အတွင်းက မဲရုံတွေကို အပြင်မှာ ထားမယ်ဆိုတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက်ပါဝင်တဲ့ ဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်ကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနည်းဥပဒေကို ၅ ကြိမ်မြောက် ပြင်ဆင်ချိန်မှာ ပါလာတဲ့ ထပ်မံဖြည့်စွက်ချက် တချက်ဖြစ်ပါတယ်။ စစ်တပ်အတွင်းက မဲရုံတွေကို တပ်ပြင်ပနေရာချဖို့ လုပ်ဆောင်တာနဲ့ ပတ်သတ်ပြီး အမြင်အမျိုးမျိုးတွေရှိနေသလို ကော်မရှင် လုပ်ဆောင်ချက်နဲ့ ပတ်သတ်လို့ မေးခွန်းထုတ်နေတာတွေ ရှိပါတယ်။ ဒီအပေါ်မှာရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က အခုလို တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ကတော့ နည်းဥပေဒအတိုင်းဘဲဆောင်ရွက်နေပါတယ်။”

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ဦးသောင်းအေးကတော့ အခုထုတ်ပြန်ဖို့လုပ်နေတဲ့ နည်းဥပဒေဟာ တပ်မတော်ရဲ့ သဘောသဘာဝနဲ့ တည်ဆောက်ပုံကို သေချာမလေ့လာဘဲ လုပ်ဆောင်ထားတာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

“တပ်မတော်ရဲ့ သဘော သဘာဝနဲ့ တပ်မတော်ရဲ့ တည်ဆောက်ပုံ တပ်မတော်ရဲ့ ဖွဲ့စည်းပုံ တပ်မတော်ရဲ့ လုပ်ငန်းတာဝန် ၊ ဒါတွေကို သေသေချာချာ ထဲထဲဝင်ဝင် သိပြီးမှ ဒီ နည်းဥပဒေ ထုတ်ပြန်သင့်တယ်လို့ အန်ကယ်ကတော့ ဒီလိုမြင်တယ်။ ဘာကြောင့်လဲဆိုတော့ တပ်တွေက တချို့တပ်တွေဆိုရင် ရပ်ရွာတွေနဲ့ အရမ်းဝေးတယ်။ သူ့ ထမ်းဆောင်ရတဲ့ တာဝန်တွေကလည်း အင်မတန် ကြီးလေးတဲ့ ကိစ္စတွေဖြစ်တယ်။ အဲဒီတပ်အဝန်းအဝိုင်းလည်း လုပ်ငန်းတာဝန် ပစ်ပယ်ပြီးတော့ ဝေးလံတဲ့နေရာမှာ သွားပြီးတော့ မဲရုံမှာ မဲဆန္ဒပေးရမယ်ဆိုတော့ တော်တော်လေးတော့ အခက်အခဲတွေ ရှိသွားနိုင်တယ်။ လုံခြုံရေးလည်း ထိခိုက်နိုင်တယ်၊ ဒါကြောင့်မို့လို့ ဒါတွေကတော့ ညှိနှိုင်းဆောင်ရွက်မှ အဆင်ပြေမယ်လို့ ထင်ပါတယ်။”

အခုလို တပ်တွင်းမဲရုံတွေနဲ့ပတ်သတ်ပြီး ကော်မရှင်လုပ်ဆောင်ချက်ကို ဝေဖန်မှုတွေရှိနေချိန်နဲ့ တချိန်ထဲမှာဘဲ အမေရိကန်အခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ International Foundation for Electoral Systems(IFES) ကနေ ရွေးကောက်ပွဲကော်မရှင် အသီးသီးမှာ အသုံးပြုမယ့် အိုင်တီ ပစ္စည်းတွေအတွက် တင်ဒါအောင်မြင်ခဲ့တာနဲ့ ပတ်သတ်လို့ အငြင်းပွားဖွယ်ရာတွေ ရှိလို့ဆိုပြီး ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ က ကော်မရှင်ရဲ့ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဌ ဒေါ်စန္ဒာဦးက ဘာကြောင့် ကန့်ကွက်ရသလဲဆိုတာ အခုလို ပြောပါတယ်။

“ အဲဒီ သူ့ရဲ့ အမေရိကန်က ဝယ်တဲ့ အီလက်ထရောနစ်တွေကို သွင်းလာတာ ဒီလိုမျိုး တခြားနိုင်ငံတွေမှာလည်း မဲမသမာမှုတွေဖြစ်တယ် အဲဒါကြောင့်မို့လို့ ကန့်ကွက်တာပေါ့နော်။”

အခု နိုင်ငံရေးပါတီ ၂၀ က ကန့်ကွက်တဲ့ကိစ္စဟာ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိသလို စာရွက်နဲ့သာ မဲပေးတာဖြစ်လို့ ကန့်ကွက်လွှာမှာပါတဲ့အတိုင်း မဲစာရင်းတွေ မသမာမှုဖြစ်စေနိုင်တယ်ဆိုတာ မဖြစ်နိုင်တာကြောင့် အဲဒီအတွက် စိတ်ပူစရာ မလိုဘူးလို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလို စစ်တပ်မဲရုံတွေကို တပ်ပြင်ထားမယ်ဆိုတဲ့ ကော်မရှင်ရဲ့ လုပ်ဆောင်မှုဟာ တရားမျှတရဲ့လားလို့ မေးခွန်းထုတ်ခံနေရတာ၊ နိုင်ငံရေးပါတီ ၂၀က ကန့်ကွက်နေတာတွေဟာ ကော်မရှင်ရဲ့ ပွင့်လင်းမြင်သာမှု အားနည်းချက်ကြောင့်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

“တပ်ထဲမဲထည့်ရင်ပါတီတခုထဲကိုမဲထည့်မှာဘဲဆိုတဲ့အပေါ်အခြေခံလုပ်တာလို့ ကျနော်မြင်တယ်လေ။ ဒါကတော့ မဲရုံရွှေ့တာနဲ့ ဒါပြောင်းမယ်လို့ အဲဒီတခုတည်းနဲ့တော့ မလုံလောက်ဘူး ။ ဆိုတော့ အရေးကြီးတဲ့ ဖြစ်စဉ်က ဘာလဲဆိုတော့ ကောင်းတဲ့ ဥပဒေဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ် ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေအားလုံး၊ကိုယ်စားလှယ် အားလုံးသဘောတူတဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်ရင် ၊ ရွေးကောက်ပွဲဖြစ်စဉ်ကို ပိုယုံကြည်မယ်။ ခုကကျတော့ ကော်မရှင်ကသူ့စဉ်းစားချက် တခုထဲနဲ့ လုပ်တာဖြစ်နေတယ်။ ဟိုတနေ့က ထုတ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ၂၀ထုတ်တဲ့ ဒီကြေညာချက်က ပွင့်လင်းမြင်သာမှုအပေါ် အခြေခံပြီးတော့ ဖြစ်လာတဲ့ အကြောင်းအရင်းလို့ ကျနော်တို့ပြောလို့ရတယ်။ ဆိုတော့ လက်ရှိ Process တွေဘယ်လိုလုပ်နေသလဲဆိုတာကို ပါတီတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ပုံမှန်လေးကျနော်တို့ တွေ့ဆုံတာမျိုး ဆွေးနွေးတာမျိုးမလုပ်တဲ့အတွက် အဲဒီအကျိုးဆက်ကြောင့် ဒီလိုဖြစ်တယ်လို့ ယူဆတယ်။ ကော်မရှင်ရဲ့ ပြင်ပ ဆက်ဆံရေးတွေကို ပြောင်းဖို့လိုတယ်။”

ဒီလို ပွင့်လင်းမြင်သာမှုအားနည်းတယ်လို့ ဝေဖန်နေမှုအပေါ် ကော်မရှင်ဘက်ကတော့ အခုလို တုံ့ပြန်ပါတယ်။

“ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေပါတယ်။ မေးသမျှလည်း ဖြေပေးနေပါတယ်။ အခုလည်းမေးတာ အခု ကျနော်တို့ ဖြေတာပါပဲ။ ပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဘာမှထိန်ချန် လုပ်တာမရှိပါဘူး။”

ကော်မရှင်က တင်သွင်းထားတဲ့ ရွေးကောက်ပွဲ ဆိုင်ရာပြင်ဆင်ရေး နည်းဥပဒေကြမ်း ကိုရက်ပေါင်း ၉၀ အတွင်း ဆွေးနွေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကန့်ကွက်တဲ့သူရှိခဲ့ရင်တော့ ဆွေးနွေးပြီး မဲခွဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

 ေမခ / VOA Burmese
https://burmese.voanews.com
ေရြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒမူၾကမ္း ေဝဖန္ခ်က္မ်ားနဲ႔ ရင္ဆုိင္ေနရ ေရြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒမူၾကမ္း ေဝဖန္ခ်က္မ်ားနဲ႔ ရင္ဆုိင္ေနရ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.