ဆႏၵျပပြဲေတြျဖစ္ေနတဲ႔ အီရန္မွာ အင္တာနက္ျဖတ္ေတာက္


(Zawgyi/Unicode)

ေသာၾကာေန႔က စၿပီး ျပည္သူေတြရဲ႕ ဆႏၵျပမႈေတြကို ရင္ဆိုင္ေနရတဲ့ အီရန္ အာဏာပိုင္ေတြဟာ ႏုိင္ငံတြင္း အင္တာနက္လိုင္းေတြကို တနလၤာေန႔မွာလည္း တတိယေျမာက္ေန႔အျဖစ္ ဆက္လက္ ျဖတ္ေတာက္ ပိတ္ပင္ ခဲ့ပါတယ္။

လန္ဒန္ၿမိဳ႕ အေျခစိုက္ အင္တာနက္ ေလ့လာေစာင့္ၾကည္ေရး အဖြဲ႕ NetBlocks အဖြဲ႕ရဲ႕ ညႊန္ၾကားေရးမွဴး Tlp Toker အီရန္ အစၥလာမ္မစ္ ႏိုင္ငံမွာ ေဒသစံေတာ္ခ်ိန္ စေနေန႔ ေႏွာင္းပိုင္း စျပီး အင္တာနက္ေတြ ပိတ္ပင္ခဲ့တာေၾကာင့္ အင္တာနက္လိုင္း ျပတ္ေတာက္မႈေတြ ဆိုးဆိုးရြားရြား ၾကံဳေတြ႕ေနရတယ္လို႔ ေျပာပါတယ္။ အခုလို အင္တာနက္လိုင္း လုံး၀နီးပါး ျပတ္ေတာက္ေနတာေၾကာင့္ အီရန္က ဆႏၵျပသူေတြ အေနနဲ႔ ဆႏၵျပပြဲ ဓါတ္ပုံေတြနဲ႔ သတင္း အခ်က္အလက္ ေတြကို အမ်ား သိရွိေအာင္ မွ်ေ၀ေပးဖို႔ အခက္ၾကံဳေနရပါတယ္။

အီရန္ႏုိင္ငံမွာ ေသာၾကာေန႔က အစိုးရ ေထာက္ပံ့ေၾကး ေပးေနတဲ့ ေလာင္စာဆီေစ်းႏွဳန္းကို ၅၀ ရာခိုင္ႏွဳန္း ျမွင့္တင္ခဲ့တာေၾကာင္း စေန၊ တနဂၤေႏြ႐ုံးပိတ္ရက္အတြင္း ေသဆုံးမႈတဲ့ရွိတဲ့အထိ ဆႏၵျပပြဲေတြျဖစ္ခဲ့ပါတယ္။ တစ္လီတာကို ၁၃ ဆင့္သာရွိတဲ့ ဓါတ္ဆီ ေစ်းႏွဳန္း သစ္ဟာ ကမၻာေပၚက တစ္ျခား ႏုိင္ငံေတြမွာ ရွိတဲ့ ေစ်းႏွဳန္းေတြနဲ႔ ႏွိဳင္းယွဥ္ရင္ေတာ့ အသက္သာဆုံး အဆင့္မွာပဲ ရွိပါေသးတယ္။

မႏွစ္က အေမရိကန္ႏုိင္ငံက အီရန္အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ တင္းက်ပ္လိုက္ျပီး ေနာက္ပိုင္းမွာ အီရန္ ႏုိင္ငံအတြင္း ကုန္ေစ်းႏွဳန္း ျမင့္တက္မႈ ျပႆနာနဲ႕ အလုပ္လက္မဲ့ တိုးပြားလာေနတဲ့ ျပႆနာေတြကို ၾကံဳေတြ႔ေနရသလို အီရန္ႏိုင္ငံသုံး Rial ေငြေၾကးဟာလည္း တစ္ရွိန္ထိုး က်ဆင္းျပီး ေငြေဖာင္းပြမႈ ျပႆနာနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။

....................

ဆန္ဒပြပွဲတွေဖြစ်နေတဲ့ အီရန်မှာ အင်တာနက်ဖြတ်တောက်

(Unicode)

သောကြာနေ့က စပြီး ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို ရင်ဆိုင်နေရတဲ့ အီရန် အာဏာပိုင်တွေဟာ နိုင်ငံတွင်း အင်တာနက်လိုင်းတွေကို တနင်္လာနေ့မှာလည်း တတိယမြောက်နေ့အဖြစ် ဆက်လက် ဖြတ်တောက် ပိတ်ပင် ခဲ့ပါတယ်။ လန်ဒန်မြို့ အခြေစိုက် အင်တာနက် လေ့လာစောင့်ကြည်ရေး အဖွဲ့ NetBlocks အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Tlp Toker အီရန် အစ္စလာမ်မစ် နိုင်ငံမှာ ဒေသစံတော်ချိန် စနေနေ့ နှောင်းပိုင်း စပြီး အင်တာနက်တွေ ပိတ်ပင်ခဲ့တာကြောင့် အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ အခုလို အင်တာနက်လိုင်း လုံးဝနီးပါး ပြတ်တောက်နေတာကြောင့် အီရန်က ဆန္ဒပြသူတွေ အနေနဲ့ ဆန္ဒပြပွဲ ဓါတ်ပုံတွေနဲ့ သတင်း အချက်အလက် တွေကို အများ သိရှိအောင် မျှဝေပေးဖို့ အခက်ကြုံနေရပါတယ်။

အီရန်နိုင်ငံမှာ သောကြာနေ့က အစိုးရ ထောက်ပံ့ကြေး ပေးနေတဲ့ လောင်စာဆီဈေးနှုန်းကို ၅၀ ရာခိုင်နှုန်း မြှင့်တင်ခဲ့တာကြောင်း စနေ၊ တနင်္ဂနွေရုံးပိတ်ရက်အတွင်း သေဆုံးမှုတဲ့ရှိတဲ့အထိ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။ တစ်လီတာကို ၁၃ ဆင့်သာရှိတဲ့ ဓါတ်ဆီ ဈေးနှုန်း သစ်ဟာ ကမ္ဘာပေါ်က တစ်ခြား နိုင်ငံတွေမှာ ရှိတဲ့ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ အသက်သာဆုံး အဆင့်မှာပဲ ရှိပါသေးတယ်။

မနှစ်က အမေရိကန်နိုင်ငံက အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တင်းကျပ်လိုက်ပြီး နောက်ပိုင်းမှာ အီရန် နိုင်ငံအတွင်း ကုန်ဈေးနှုန်း မြင့်တက်မှု ပြဿနာနဲ့ အလုပ်လက်မဲ့ တိုးပွားလာနေတဲ့ ပြဿနာတွေကို ကြုံတွေ့နေရသလို အီရန်နိုင်ငံသုံး Rial ငွေကြေးဟာလည်း တစ်ရှိန်ထိုး ကျဆင်းပြီး ငွေဖောင်းပွမှု ပြဿနာနဲ့လည်း ရင်ဆိုင်နေရပါတယ်။

 VOA Burmese
https://burmese.voanews.com
ဆႏၵျပပြဲေတြျဖစ္ေနတဲ႔ အီရန္မွာ အင္တာနက္ျဖတ္ေတာက္ ဆႏၵျပပြဲေတြျဖစ္ေနတဲ႔ အီရန္မွာ အင္တာနက္ျဖတ္ေတာက္ Reviewed by THITHTOOLWIN on 14:48 Rating: 5
Powered by Blogger.